Letters From Heart

ေဝးသြားရတာ အခ်ိန္အခါမသင့္လို႔ပါလို႔ ကိုယ့္ကိုယ္ကိုယ္လွည့္စားေနဦးမွာလား ?

Right Person ကို Wrong Time မွာ ေတြ႕တယ္လို႔ တကယ္ႀကီး ထင္ေနတာလား?

လူေတြက ေျပာၾကတယ္ … အခ်ိန္ကိုက္ျဖစ္ဖို႔က အေရးအႀကီးဆံုးပဲတဲ့။ Stella ကေတာ့ ဒါကိုမွန္တယ္လို႔ထင္တယ္။ ဘယ္အရာမဆို အေျခအေနနဲ႔ အခ်ိန္အခါသင့္ဖို႔ သိပ္လိုအပ္တယ္။ အထူးသျဖင့္ အခ်စ္ေရးမွာေပါ့။

ကိုယ္က အရမ္းခ်စ္တဲ့သူတစ္ေယာက္၊ ကုိယ္နဲ႔ သက္ဆံုးတိုင္ အဆင္ေျပမယ္လို႔ ထင္ေနခဲ့သူ တစ္ေယာက္နဲ႔ ကိုယ္ေမွ်ာ္လင့္ထားသလို လက္မတြဲရဘဲ လမ္းခြဲခဲ့ရတဲ့အခါ၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏႈတ္ဆက္ခဲ့ၾကရတဲ့အခါမွာ Stella တို႔ေတြက “လူမွန္ကို အခ်ိန္မွန္မွာမေတြ႔ခဲ့လို႔ပါ”၊  “ငါတို႔ေစာေစာေတြ႔ခဲ့ၾကရင္ ေကာင္းမွာ” ၊ “ေနာက္ငါးႏွစ္ေလာက္မွ ငါတို႔ေတြ႔ျဖစ္ရင္ ဒီထက္ပိုအဆင္ေျပမွာ” စသျဖင့္ ကိုယ့္ကိုယ္ကိုယ္ ေျဖသိမ့္ေနတတ္ၾကတယ္။

မွန္ပါတယ္။ အခ်ိန္ကိုက္မျဖစ္တာေၾကာင့္ လြဲခဲ့ရတဲ့ ဖူးစာေတြ အမ်ားႀကီးပါ။ “Timing is a bitch” ေပါ့.. ဒါေပမဲ့ Stella တို႔က ကိုယ္ေတြ႔ခဲ့တဲ့သူက ကိုယ့္အတြက္ Right Person မဟုတ္တာကိုေတာ့ သိလ်က္နဲ႔ ဝန္မခံခ်င္ၾကဘူး။

Related article >>> ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိေစဖို႔ စိတ္ဓာတ္ျမွင့္တင္ေပးနိုင္မယ့္ နည္းလမ္း(၅)သြယ္

တစ္ခ်ိန္ ကိုယ့္ရဲ႕ ေပ်ာက္ဆံုးေနတဲ့ တစ္ျခမ္း(Right Person)နဲ႔ ဆံုျဖစ္တဲ့အခါ…

အဲဒီလူက ကိုယ့္ကို ပိုႀကိဳးစားခ်င္ေအာင္ တြန္းအားေပးတဲ့လူမ်ိဳး၊ ကိုယ့္အိပ္မက္ေတြ အေကာင္အထည္ေပၚလာေအာင္ ကူညီေပးမယ့္ လူမ်ိဳး၊ ကိုယ့္ရဲ႕အေကာင္းဆံုးေသာ အစိတ္အပိုင္းေတြကို ရွင္သန္လာေအာင္ ေပါင္းသင္ေရေလာင္းေပးမယ့္လူမ်ိဳး၊ အခက္အခဲေတြၾကံဳလာရင္ ေရွာင္သြားမွာမဟုတ္ဘဲ တူတူေက်ာ္ျဖတ္ဖို႔ ခြန္အားေတြေပးမယ့္လူမ်ိဳး၊ ကိုယ္ေလွ်ာက္တဲ့လမ္းမွာ အတားအဆီးမျဖစ္ေစတဲ့လူမ်ိဳးေပါ့။

ဒီလိုလူနဲ႔ေတြ႔တဲ့အခ်ိန္မွာ အရင္လူေတြနဲ႔ ဖူးစာမဆံုခဲ့တာကို ေက်းဇူးတင္လာလိမ့္မယ္။ ကိုယ့္ရဲ႕ အတိတ္က စိတ္ထိခိုက္စရာေတြကို ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားလိမ့္မယ္။ အရင္ကထက္ ေပ်ာ္ရႊင္လာရလိမ့္မယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လူတစ္ေယာက္နဲ႔ ေဝးကြာသြားတဲ့အခ်ိန္မ်ိဳးမွာ လူမွန္ကို အခ်ိန္မွန္မွာ မေတြ႔ရေလျခင္းဆိုၿပီး ဝမ္းနည္းပူေဆြးမေနပါနဲ႔။ အသိတရားဝင္ပါ။ လူမွန္ကို အခ်ိန္မွားမွာေတြ႔တယ္ဆိုေတာ့ တကယ္ေတာ့ ကိုယ့္ကိုယ္ကိုယ္ လွည့္စားမႈ တစ္ခုသက္သက္ပါပဲ။

Right person ကို ဘယ္ေတာ့မွ wrong time မွာ မေတြ႔ႏိုင္ဘူးေလ… ဘာေၾကာင့္ဆို Right person နဲ႔ဆိုရင္ ဘယ္အခ်ိန္မဆို ကိုယ့္အတြက္ Right time ပဲျဖစ္ေနမွာမို႔ေပါ့…

Stella (For Her Myanmar)

<<< Unicode >>>

Right Person ကို Wrong Time မှာ တွေ့တယ်လို့ တကယ်ကြီး ထင်နေတာလား?

လူတွေက ပြောကြတယ် … အချိန်ကိုက်ဖြစ်ဖို့က အရေးအကြီးဆုံးပဲတဲ့။ Stella ကတော့ ဒါကိုမှန်တယ်လို့ထင်တယ်။ ဘယ်အရာမဆို အခြေအနေနဲ့ အချိန်အခါသင့်ဖို့ သိပ်လိုအပ်တယ်။ အထူးသဖြင့် အချစ်ရေးမှာပေါ့။

ကိုယ်က အရမ်းချစ်တဲ့သူတစ်ယောက်၊ ကိုယ်နဲ့ သက်ဆုံးတိုင် အဆင်ပြေမယ်လို့ ထင်နေခဲ့သူ တစ်ယောက်နဲ့ ကိုယ်မျှော်လင့်ထားသလို လက်မတွဲရဘဲ လမ်းခွဲခဲ့ရတဲ့အခါ၊ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ဆက်ခဲ့ကြရတဲ့အခါမှာ Stella တို့တွေက “လူမှန်ကို အချိန်မှန်မှာမတွေ့ခဲ့လို့ပါ”၊ “ငါတို့စောစောတွေ့ခဲ့ကြရင် ကောင်းမှာ” ၊ “နောက်ငါးနှစ်လောက်မှ ငါတို့တွေ့ဖြစ်ရင် ဒီထက်ပိုအဆင်ပြေမှာ” စသဖြင့် ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေတတ်ကြတယ်။

မှန်ပါတယ်။ အချိန်ကိုက်မဖြစ်တာကြောင့် လွဲခဲ့ရတဲ့ ဖူးစာတွေ အများကြီးပါ။ “Timing is a bitch” ပေါ့.. ဒါပေမဲ့ Stella တို့က ကိုယ်တွေ့ခဲ့တဲ့သူက ကိုယ့်အတွက် Right Person မဟုတ်တာကိုတော့ သိလျက်နဲ့ ဝန်မခံချင်ကြဘူး။

Related article >>> ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့ စိတ်ဓာတ်မြှင့်တင်ပေးနိုင်မယ့် နည်းလမ်း(၅)သွယ်

တစ်ချိန် ကိုယ့်ရဲ့ ပျောက်ဆုံးနေတဲ့ တစ်ခြမ်းနဲ့ ဆုံဖြစ်တဲ့အခါ…

အဲဒီလူက ကိုယ့်ကို ပိုကြိုးစားချင်အောင် တွန်းအားပေးတဲ့လူမျိုး၊ ကိုယ့်အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် ကူညီပေးမယ့် လူမျိုး၊ ကိုယ့်ရဲ့အကောင်းဆုံးသော အစိတ်အပိုင်းတွေကို ရှင်သန်လာအောင် ပေါင်းသင်ရေလောင်းပေးမယ့်လူမျိုး၊ အခက်အခဲတွေကြုံလာရင် ရှောင်သွားမှာမဟုတ်ဘဲ တူတူကျော်ဖြတ်ဖို့ ခွန်အားတွေပေးမယ့်လူမျိုး၊ ကိုယ်လျှောက်တဲ့လမ်းမှာ အတားအဆီးမဖြစ်စေတဲ့လူမျိုးပေါ့။

ဒီလိုလူနဲ့တွေ့တဲ့အချိန်မှာ အရင်လူတွေနဲ့ ဖူးစာမဆုံခဲ့တာကို ကျေးဇူးတင်လာလိမ့်မယ်။ ကိုယ့်ရဲ့ အတိတ်က စိတ်ထိခိုက်စရာတွေကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားလိမ့်မယ်။ အရင်ကထက် ပျော်ရွှင်လာရလိမ့်မယ်။

အကြောင်းအမျိုးမျိုးကြောင့် လူတစ်ယောက်နဲ့ ဝေးကွာသွားတဲ့အချိန်မျိုးမှာ လူမှန်ကို အချိန်မှန်မှာ မတွေ့ရလေခြင်းဆိုပြီး ဝမ်းနည်းပူဆွေးမနေပါနဲ့။ အသိတရားဝင်ပါ။ လူမှန်ကို အချိန်မှားမှာတွေ့တယ်ဆိုတော့ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် လှည့်စားမှု တစ်ခုသက်သက်ပါပဲ။

Right person ကို ဘယ်တော့မှ wrong time မှာ မတွေ့နိုင်ဘူးလေ… ဘာကြောင့်ဆို Right person နဲ့ဆိုရင် ဘယ်အချိန်မဆို ကိုယ့်အတွက် Right time ပဲဖြစ်နေမှာမို့ပေါ့…

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *