မိန္းကေလးေက်ာင္းတက္ဖူးသူမ်ားသာ သိႏုိင္တဲ့ခံစားခ်က္မ်ား

ႀကိဳက္ဖူးတဲ့ အခ်စ္ေတာ္ေလးေတြ ရွိခဲ့ဖူးတယ္မလား။ မညာခ်င္စမ္းပါနဲ႔ကြာ 😛

ဟိုးငယ္ဘဝကို တမ္းတမ္းတတနဲ႔ ျပန္ေတြးၾကည့္ရင္ တလြဲအမွတ္တရေတြက ခပ္မ်ားမ်ားရယ္။ ငယ္တုန္းရြယ္တုန္းဆိုေတာ့ ဘာမွလည္းမသိ၊ အထူးသျဖင့္ ေက်ာင္းတက္တုန္းက အမွတ္တရေတြဆို ပိုၿပီးေတာ့ေတာင္ ရယ္စရာေကာင္းေသးတယ္။ ႏွင္းတို႔ ဟိုးေက်ာင္းစတက္ကာစ အရြယ္ကတည္းက နာမည္ႀကီးမိန္းကေလးသီးသန္႔ေက်ာင္းမွာ တက္ခဲ့ရတာဆိုေတာ့ ခံစားခ်က္ေလးေတြကလည္း ထူးထူးဆန္းဆန္းေလးေတြေပါ့။ ေနာက္ၿပီး ဒီခံစားခ်က္ေတြကလည္း မိန္းကေလးသီးသန္႔ေက်င္းတက္ဖူးတဲ့လူေတြပဲ သိႏိုင္တာမဟုတ္လား….

(၁) အေနအထိုင္လြတ္လပ္တယ္

ထဘီစြန္ေတာင္ဆြဲၿပီး ေက်ာင္းပတ္ေနတဲ့ ဂန္းစတားဆန္ဆန္ ေကာင္မေလးအုပ္စုကို ေတြ႔ဖူးခ်င္လား? ေက်ာင္းမွာလာေခ်ာင္းၾကည့္ပါ 😛 ဒီလမ္းသြားလည္း ဒီမ်က္ႏွာ၊ ေက်ာင္းရဲ႕ ဘယ္ေနရာ ဘယ္အပိုင္းကိုသြားသြား ဒီမ်က္ႏွာေတြပဲ ျမင္ေနရတာဆိုေတာ့ အက်ႌၾကယ္သီးျပဳတ္ေနလည္း ဂရုမစိုက္၊ ထဘီခ်ိတ္ျပဳတ္ေနလည္း အစဆြဲၿပီး ေလွ်ာက္သြားရံုပဲေလ။ ဘယ္သူမွလည္း ကိုယ့္ကိုမၾကည့္သလို ကိုယ္ကလည္း ဘယ္သူ႔ကိုမွ လိုက္ၾကည့္ေနတာမွမဟုတ္တာ 😛 (အမယ္ ကိုယ္ႀကိဳက္ေနတဲ့ အေခ်႔ေတာ္နားျဖတ္ေလွ်ာက္သြားရင္ေတာ့ တစ္မ်ိဳးေပါ့ ငိငိ။)

(၂) ခ်စ္စရာေကာင္းတဲ့ ေယာက်္ားလ်ာေလးေတြ႐ွိတယ္

ေယာက်္ားေလးစတုိင္နဲ႔ ေကာင္မေလးေတြကလည္း ကိုယ့္အုပ္စုနဲ႔ကိုယ္ေနၾကေသးတာ။ မိန္းကေလးမ်က္ႏွာေပါက္ေခ်ာေခ်ာေလးကို ေယာက်ာ္းပံုစံေျပာင္းထားရင္ ဘယ္ေလာက္ စြဲမက္ခ်င္စရာေကာင္းတယ္ဆိုတာ ျမင္ဖူးတဲ့သူေတြပဲ နားလည္ႏိုင္မွာပါ။ တျခားေယာက်္ားေလး မိန္းကေလးေရာထားတဲ့ ေက်ာင္းေတြမွာ ေယာက်္ားလ်ာေလးေတြ႐ွိတယ္ဆုိေပမဲ့ မိန္းကေလးေက်ာင္းက အုပ္စုေလးေတြေလာက္ ရဲတင္းသြက္လက္ခ်စ္စရာေကာင္းမယ္မထင္ပါဘူး (ကိုယ့္ငါးခ်ဥ္ ကိုယ္ခ်ဥ္တာလည္းျဖစ္မွာပါ 😛 ) အဲဒီအခ်ိန္တုန္းက သူတို႔ေလးေတြ အုပ္စုလိုက္ဖြဲ႔ၿပီး ေက်ာင္းပတ္လို႔ကေတာ့ ေခ်ာင္းၾကည့္ရတာအေမာ။

Related Article >>> လက္ထပ္ျခင္းက အသက္အရြယ္နဲ႔ မဆိုင္ဘူးတဲ့လား

(၃) အခ်စ္ေတာ္ ဇာတ္ရႈပ္ေလးေတြက တစ္ေန႔တစ္မ်ိဳးမရိုးရဘူး။

မိန္းကေလးေက်ာင္းမုိ႔ ရည္းစားထားတဲ့ျပႆနာမ႐ွိဘူးမထင္နဲ႔ေနာ္။ အမယ္ မိန္းကေလးအခ်င္းခ်င္းအခ်စ္ေတာ္ထားတယ္ ဆိုတာ႐ွိတယ္။(အိုင္တုိ႔အဖြားေခတ္ကတည္းက ဒါမ်ိဳး႐ွိတာတဲ့) ေနာက္ၿပီး အခ်စ္ေတာ္ထားတယ္ဆိုတာကလည္း လိင္တူခ်င္းစိတ္ဝင္စားတယ္ဆိုတာထက္ စိတ္ကစားစ ဆန္႔က်င္ဘက္လိင္ကို စိတ္ဝင္စားတဲ့အရြယ္မွာ ကိုယ္နဲ႔နီးစပ္ရာ ဒီလိုပံုတူပြားေလးေတြကို စိတ္ညြတ္သြားတာမ်ိဳးေလာက္ပဲ။ (တကယ္ကို တည္ၿမဲသြားတဲ့လူေတြလည္း ရွိေပမဲ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ ေက်ာင္းၿပီးသြားတဲ့အခ်ိန္ နဂိုပံုစံေျပာင္းသြားၿပီး အိမ္ေထာင္ေတြဘာေတြ က်သြားတာမ်ိဳးေတာင္ ရွိတယ္ :P)

Related Article >>> ဆြဲေဆာင္မႈ ရွိေအာင္ ဘယ္လိုေနရမလဲ?

ႏွင္းကေတာ့ ငယ္ငယ္ေလးကတည္းက စာလည္းမေတာ္ဘူး၊ ရုပ္ကေလးကလည္း ဘဲဥပုပ္ဆိုေတာ့ ေက်ာင္းမွာထင္ေပၚေနတဲ့အထဲ မပါခဲ့ေတာ့ ဘယ္သူနဲ႔မွမၿပိဳင္သလို ဘယ္သူကမွလည္း လာမၿပိဳင္။ ၅ တန္းကတည္းက ေယာက်ာ္းေလးေတြနဲ႔ က်ဴရွင္အတူတက္လာေတာ့ ဇနဲ႔ေျပာရဲဆိုရဲ ရပ္ကြက္သူဆိုေတာ့ ဘယ္ေကာင္ေလးကမွလည္း ကဒီးကဒါးလာမလုပ္ရဲ။

ဒါေပမဲ့ ႀကိဳက္ခဲ့ဖူးတဲ့ ေကာင္မေလးေတာ့ရွိတယ္။ တြဲလည္းတြဲဖူးတယ္။ (ကေလးက ကိုယ့္ထက္ငယ္တယ္။ အစစအရာရာလည္း ေတာ္ေတာ္ကို ဂရုစိုက္ေပးတဲ့ ေကာင္မေလးပါ။) အခုေတာ့မေတြ႔ျဖစ္ေတာ့ပါဘူးေလ။ ခုေလာက္ဆိုသူလည္း မိန္းကေလးျပန္ျဖစ္ရင္ ျဖစ္ေနေလာက္ၿပီေပါ့ :P။ ဒီလိုပါပဲ အမွတ္တရေလးေတြေတာ့ ရွိခဲ့ပါတယ္ေပါ့ အယ္လဲ့။ ေယာင္းတို႔လည္း အထက္တန္းေက်ာင္းတုန္းက အမွတ္တရေလးေတြ မွ်ေဝေပးခဲ့ပါဦးေနာ္။

Hnin Ei Oo (For Her Myanmar)

ကြိုက်ဖူးတဲ့ အချစ်တော်လေးတွေ ရှိခဲ့ဖူးတယ်မလား။ မညာချင်စမ်းပါနဲ့ကွာ 😛

ဟိုးငယ်ဘဝကို တမ်းတမ်းတတနဲ့ ပြန်တွေးကြည့်ရင် တလွဲအမှတ်တရတွေက ခပ်များများရယ်။ ငယ်တုန်းရွယ်တုန်းဆိုတော့ ဘာမှလည်းမသိ၊ အထူးသဖြင့် ကျောင်းတက်တုန်းက အမှတ်တရတွေဆို ပိုပြီးတော့တောင် ရယ်စရာကောင်းသေးတယ်။ နှင်းတို့ ဟိုးကျောင်းစတက်ကာစ အရွယ်ကတည်းက နာမည်ကြီးမိန်းကလေးသီးသန့်ကျောင်းမှာ တက်ခဲ့ရတာဆိုတော့ ခံစားချက်လေးတွေကလည်း ထူးထူးဆန်းဆန်းလေးတွေပေါ့။ နောက်ပြီး ဒီခံစားချက်တွေကလည်း မိန်းကလေးသီးသန့်ကျေင်းတက်ဖူးတဲ့လူတွေပဲ သိနိုင်တာမဟုတ်လား….

(၁) အနေအထိုင်လွတ်လပ်တယ်

ထဘီစွန်တောင်ဆွဲပြီး ကျောင်းပတ်နေတဲ့ ဂန်းစတားဆန်ဆန် ကောင်မလေးအုပ်စုကို တွေ့ဖူးချင်လား? ကျောင်းမှာလာချောင်းကြည့်ပါ 😛 ဒီလမ်းသွားလည်း ဒီမျက်နှာ၊ ကျောင်းရဲ့ ဘယ်နေရာ ဘယ်အပိုင်းကိုသွားသွား ဒီမျက်နှာတွေပဲ မြင်နေရတာဆိုတော့ အင်္ကျီကြယ်သီးပြုတ်နေလည်း ဂရုမစိုက်၊ ထဘီချိတ်ပြုတ်နေလည်း အစဆွဲပြီး လျှောက်သွားရုံပဲလေ။ ဘယ်သူမှလည်း ကိုယ့်ကိုမကြည့်သလို ကိုယ်ကလည်း ဘယ်သူ့ကိုမှ လိုက်ကြည့်နေတာမှမဟုတ်တာ 😛 (အမယ် ကိုယ်ကြိုက်နေတဲ့ အချေ့တော်နားဖြတ်လျှောက်သွားရင်တော့ တစ်မျိုးပေါ့ ငိငိ။)

(၂) ချစ်စရာကောင်းတဲ့ ယောကျ်ားလျာလေးတွေရှိတယ်

ယောကျ်ားလေးစတိုင်နဲ့ ကောင်မလေးတွေကလည်း ကိုယ့်အုပ်စုနဲ့ကိုယ်နေကြသေးတာ။ မိန်းကလေးမျက်နှာပေါက်ချောချောလေးကို ယောကျာ်းပုံစံပြောင်းထားရင် ဘယ်လောက် စွဲမက်ချင်စရာကောင်းတယ်ဆိုတာ မြင်ဖူးတဲ့သူတွေပဲ နားလည်နိုင်မှာပါ။ တခြားယောကျ်ားလေး မိန်းကလေးရောထားတဲ့ ကျောင်းတွေမှာ ယောကျ်ားလျာလေးတွေရှိတယ်ဆိုပေမဲ့ မိန်းကလေးကျောင်းက အုပ်စုလေးတွေလောက် ရဲတင်းသွက်လက်ချစ်စရာကောင်းမယ်မထင်ပါဘူး (ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာလည်းဖြစ်မှာပါ 😛 ) အဲဒီအချိန်တုန်းက သူတို့လေးတွေ အုပ်စုလိုက်ဖွဲ့ပြီး ကျောင်းပတ်လို့ကတော့ ချောင်းကြည့်ရတာအမော။

Related Article >>> လက်ထပ်ခြင်းက အသက်အရွယ်နဲ့ မဆိုင်ဘူးတဲ့လား

(၃) အချစ်တော် ဇာတ်ရှုပ်လေးတွေက တစ်နေ့တစ်မျိုးမရိုးရဘူး။

မိန်းကလေးကျောင်းမို့ ရည်းစားထားတဲ့ပြဿနာမရှိဘူးမထင်နဲ့နော်။ အမယ် မိန်းကလေးအချင်းချင်းအချစ်တော်ထားတယ် ဆိုတာရှိတယ်။(အိုင်တို့အဖွားခေတ်ကတည်းက ဒါမျိုးရှိတာတဲ့) နောက်ပြီး အချစ်တော်ထားတယ်ဆိုတာကလည်း လိင်တူချင်းစိတ်ဝင်စားတယ်ဆိုတာထက် စိတ်ကစားစ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတဲ့အရွယ်မှာ ကိုယ်နဲ့နီးစပ်ရာ ဒီလိုပုံတူပွားလေးတွေကို စိတ်ညွတ်သွားတာမျိုးလောက်ပဲ။ (တကယ်ကို တည်မြဲသွားတဲ့လူတွေလည်း ရှိပေမဲ့ တော်တော်များများကတော့ ကျောင်းပြီးသွားတဲ့အချိန် နဂိုပုံစံပြောင်းသွားပြီး အိမ်ထောင်တွေဘာတွေ ကျသွားတာမျိုးတောင် ရှိတယ် :P)

Related Article >>> ဆွဲဆောင်မှု ရှိအောင် ဘယ်လိုနေရမလဲ?

နှင်းကတော့ ငယ်ငယ်လေးကတည်းက စာလည်းမတော်ဘူး၊ ရုပ်ကလေးကလည်း ဘဲဥပုပ်ဆိုတော့ ကျောင်းမှာထင်ပေါ်နေတဲ့အထဲ မပါခဲ့တော့ ဘယ်သူနဲ့မှမပြိုင်သလို ဘယ်သူကမှလည်း လာမပြိုင်။ ၅ တန်းကတည်းက ယောကျာ်းလေးတွေနဲ့ ကျူရှင်အတူတက်လာတော့ ဇနဲ့ပြောရဲဆိုရဲ ရပ်ကွက်သူဆိုတော့ ဘယ်ကောင်လေးကမှလည်း ကဒီးကဒါးလာမလုပ်ရဲ။

ဒါပေမဲ့ ကြိုက်ခဲ့ဖူးတဲ့ ကောင်မလေးတော့ရှိတယ်။ တွဲလည်းတွဲဖူးတယ်။ (ကလေးက ကိုယ့်ထက်ငယ်တယ်။ အစစအရာရာလည်း တော်တော်ကို ဂရုစိုက်ပေးတဲ့ ကောင်မလေးပါ။) အခုတော့မတွေ့ဖြစ်တော့ပါဘူးလေ။ ခုလောက်ဆိုသူလည်း မိန်းကလေးပြန်ဖြစ်ရင် ဖြစ်နေလောက်ပြီပေါ့ :P။ ဒီလိုပါပဲ အမှတ်တရလေးတွေတော့ ရှိခဲ့ပါတယ်ပေါ့ အယ်လဲ့။ ယောင်းတို့လည်း အထက်တန်းကျောင်းတုန်းက အမှတ်တရလေးတွေ မျှဝေပေးခဲ့ပါဦးနော်။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed