Letters From Heart

ေဆာရီး ရွင္တို႔အခုထိ တူညီတဲ့အခြင့္အေရးမရေသးပါဘူး!!!

တူညီတဲ့အခြင့္အေရးဆိုတာကို နားလည္ေနေပမဲ့ လက္ဆုပ္လက္ကိုင္ မရေသးတဲ့အခါ….. 

 မိန္းကေလးမွန္ရင္ အိမ္ေထာင္ျပဳ၊ ကေလးေမြး၊ အိမ္မႈကိစၥလုပ္ စတဲ့ အေတြးေတြ ရွိေနတုန္းပဲလား? ရုန္းထြက္လိုက္ပါေတာ့… ခုေခတ္ရဲ႕ မိန္းကေလးေတြဟာ အဲဒီအေျခအေနေတြကေန တစ္ဆင့္တက္လို႔ ကိုယ္ပိုင္ဝင္ေငြကို ကိုယ္တိုင္ရွာေဖြ ရပ္တည္ႏိုင္တဲ့ အေျခအေနကို ေရာက္လာပါၿပီ။

အစစအရာရာ ကိုယ့္ေျခကိုယ့္လက္နဲ႔ လုပ္ခြင့္ရလာၿပီး တစ္ခုခုဆို ေယာက်ာ္းက သူ႔လုပ္စာထိုင္စားေနရတာဆိုတဲ့ စကားမ်ိဳးနဲ႔ ကိုယ့္ကို ေစာ္ကားလို႔ မရေတာ့တဲ့ အေနအထားကို စြမ္းေဆာင္ႏိုင္ခဲ့ၿပီဆိုေပမဲ့ တကယ္တမ္းက်ေတာ့ တူညီတဲ့ အခြင့္အေရးကို အျပည့္အဝမရေသးတဲ့အျပင္ ဒီလိုအခြင့္အေရးမ်ိဳးရွိလို႔ရွိမွန္း တခ်ိဳ႕မိန္းကေလးေတြ သိေတာင္ မသိၾကပါဘူး။ တခ်ိဳ႕က်ေတာ့လည္း သိေနပါလ်က္နဲ႔ ေၾသာ္.. ငါ့အရင္ကလူေတြလည္း ဒီလို အေျခအေနမ်ိဳး ႀကံဳေတြ႕ခဲ့ရတာပဲဆိုၿပီး ေရလိုက္ငါးလိုက္ ေနလိုက္ၾကရာက ကိုယ့္ရဲ႕ အခြင့္အေရးေတြ ဆံုး႐ံႈးလို႔ ဆံုး႐ံႈးေနမွန္းမသိဆိုတဲ့ အေျခအေနမ်ိဳးကို ေရာက္ရွိလာတာပါ။ 

Related Article >>> ကိုယ့္ဆႏၵသည္သာအဓိက

ႏွင္း အစခ်ီလိုက္တာႀကီးက ႀကီးသြားမလားမသိဘူး… ဒါေပမဲ့ေလ ႏွင္းပတ္ဝန္းက်င္မွာ ဒီေလာက္ေျပာဆိုၿပီး အသိပညာေတြ ေပးေနတာေတာင္ ဘုမသိဘမသိနဲ႔ ႀကိတ္ခံသြားရတဲ့ သူငယ္ခ်င္းေတြ ရွိေနပါေသးတယ္။ 

ဟိုးတေလာတုန္းက ႏွင္းသူငယ္ခ်င္းေလး မဂၤလာေဆာင္တယ္။ အသက္က ၁၈ ႏွစ္၊ တစ္ခါမွ ယင္ဖိုေတာင္မသမ္းဖူးတဲ့ ေကာင္မေလး။ သူနဲ႔ယူတဲ့ သတို႔သားက အသက္ ၂၈ ႏွစ္။ မိဘခ်င္းသေဘာတူၿပီး သတို႔သားက ႀကိဳက္လြန္းလို႔ဆိုၿပီး လာေတာင္းေတာ့ သူငယ္ခ်င္းကလည္း ယံုၿပီးအေမတို႔သေဘာဆိုၿပီး ေခါင္းညိတ္ခ်တာ။

တကယ္လည္းယူၿပီးေရာ သတို႔သားက သူ႔အေပၚေအးတိေအးစက္ ဆက္ဆံတဲ့အျပင္ ယူၿပီးကာစ အသစ္စက္စက္ လင္မယားက ထမင္းလက္ဆံုစားဖို႔ေတာင္ မနည္းပင့္ဖိတ္ေနရတယ္တဲ့။ တစ္ေနကုန္ သူငယ္ခ်င္းေတြနဲ႔ပဲ ေလွ်ာက္သြားေနေတာ့ ႏွင္းသူငယ္ခ်င္းခမ်ာလည္း ေမးရၿပီေလ နီးစပ္ရာသူ႔ပတ္ဝန္းက်င္က လူေတြကို။ ျဖစ္ပံုက အဲဒီသတို႔သားမွာ ရည္းစားရွိႏွင့္ၿပီးသား မိဘကသေဘာမတူ အတင္းခြဲလို႔ ကဲ ဒီေလာက္ျဖစ္လွတာ အေမတို႔ေပးစားတဲ့လူနဲ႔ပဲ ယူမယ္ဗ်ာဆိုၿပီး ယူသာယူလိုက္တာ ဘာခံစားခ်က္မွမပါဘူးတဲ့။

ေၾသာ္ ကိုယ့္မွာေလ ႏွေျမာလြန္းလို႔ ရင္ကြဲပက္လက္။ မယူခင္တုန္းက နင္ေသခ်ာစံုစမ္းပါဦး ဟုတ္ရဲ႕လားဆိုၿပီး ခဏခဏစံုစမ္းခိုင္းခဲ့ေပမဲ့ သူကလည္း မိဘကိုယံု၊ သူ႔ကို ျမင္ျမင္ခ်င္းသေဘာက်သြားလို႔ဆိုၿပီး ရင္ေတြခုန္ရင္း မဂၤလာေဆာင္ဖို႔ရက္ကို ထိုင္တြက္ေနခဲ့ေတာ့ ဘာမွလည္း မသိ စံုမွိတ္ၿပီး ယူခ်လိုက္ေရာ။ အခုညတိုင္း ႏွင္းကို စကားေတြလာေျပာ ရင္ဖြင့္ရင္း ငိုပဲငိုေနရွာတယ္ေလ။ အကယ္၍ သူသာအရင္ကတည္းက မိဘေပးစားတာပဲ ေကာင္းမွာပါဆိုတဲ့စိတ္၊ သတို႔သားမိဘရဲ႕ သည္းသည္းလႈပ္ျဖစ္ျပတဲ့ အမူအရာေတြကို ခ်င့္ယံုၿပီး သူ႔ဘာသာေနာက္ကြယ္မွာ ေသခ်ာစံုစမ္းခဲ့ရင္ ဒီလိုကိစၥေတြက ျဖစ္လာမွာမဟုတ္ဘူးေလ။ ဒီကိစၥကေတာ့ အယံုလြယ္လို႔လို႔ ထားလိုက္ပါေတာ့… ေနာက္ဆက္တြဲ ထပ္ျဖစ္လာတဲ့ဟာကို ႏွင္း ေျပာခ်င္တာပါ။

Related Article >>> မွီခိုသူဆိုတဲ့ နာမည္ေအာက္က ရုန္းထြက္မရႏုိင္ေသးတဲ့ ျမန္မာအမ်ိဳးသမီးမ်ား

သူက သူ႔ေယာက်ာ္းနဲ႔ စကားေျပာဖို႔ ႀကိဳးစားေပမဲ့ ဟိုက လံုးဝအေျပာမခံတဲ့အျပင္ အဆိုးဆံုးက အဲဒီလိုစကားေျပာဖို႔ ႀကိဳးစားလည္း ကာမကိစၥဆီကိုပဲ ဦးတည္ၿပီး သူလုပ္ခ်င္ရာလုပ္ ျပန္ဆင္းသြားေရာတဲ့။

ႏွင္းက ေျပာတယ္ ‘ဟဲ့ လင္မယားမွာလည္း အလိုမတူရင္ မုဒိန္းမႈပဲ။ နင့္ကို ဒီလိုလုပ္လို႔မရဘူး’ ဆိုေတာ့ ‘အခုခ်ိန္မွကြဲရင္ ငါကလည္း အပ်ိဳျပန္ျဖစ္ေတာ့တာမွ မဟုတ္တာတဲ့’ တစ္သက္လံုး ရိုက္သြင္းခဲ့တဲ့ ဓေလ့ထံုးတမ္း၊ အသိ၊ ယဥ္ေက်းမႈ ၊ လူမႈေရး၊ ပတ္ဝန္းက်င္၊ အသိုင္းအဝိုင္း စတဲ့ အရာေတြအားလံုးက မိန္းကေလးတစ္ေယာက္ရဲ႕ဘဝကို ဒီေလာက္အထိ ဆြဲခ်ရိုက္ခ်ိဳးႏိုင္လိမ့္မယ္လို႔ တစ္ခါမွ ထင္ေတာင္ မထင္ခဲ့ဖူးဘူး။ ၿပီးေတာ့ ဥပေဒအရ ဒီလိုမ်ိဳးအလိုမတူဘဲ ကာမကိစၥျပဳတယ္ဆိုတာ လင္မယားျဖစ္သည့္တိုင္ေအာင္ အဓမၼမႈျဖစ္တယ္ဆိုတာကိုလည္း သူတို႔ခမ်ာမသိရွာဘူး။

တကယ္ဆို သူ႔ေဘးနားမွာ သူ႔ကို နားခ်ေျပာဆိုမယ့္လူလည္းရွိတယ္၊ ေျပာလည္းေျပာျပရဲ႕သားနဲ႔ ဒါျဖစ္တတ္ပါတယ္ဆိုၿပီး ျဖစ္သြားေတာ့ ဘယ္သူ႔ကို အျပစ္သြားတင္ရမလဲ?

တူညီတဲ့ အခြင့္အေရး ရေနေပမဲ့ ဒီလို ရေနတဲ့အေၾကာင္းကို အေမွာင္ခ်ထားခံရတဲ့ ပတ္ဝန္းက်င္က မိန္းကေလးေတြကိုေရာ ဘယ္သို႔ဘယ္ပံု ေျပာဆိုေပးရမလဲ?

ေျပာဆိုေပးသည့္တိုင္ေအာင္ လက္ခံလာတဲ့အထိ ဘယ္လိုလုပ္ေပးရမလဲ?

အုပ္ထိန္းသူေတြကိုေရာ မိန္းကေလးတစ္ေယာက္ အိမ္ေထာင္မက်ခင္ အိမ္မႈကိစၥနဲ႔ ေယာက္်ားအပါအဝင္ ေဆြမ်ိဳးအေပါင္းသူေတာ္ေကာင္းေတြေရွ႕မွာ မီးေသၿပီး ျပားျပားဝပ္ေနေအာင္ ေနဖို႔အတြက္ သင္ေပးေနမယ့္အစား သူတို႔ေတြမွာ ဘယ္လိုအခြင့္အေရးေတြရွိတယ္၊ ဘယ္လိုညွိႏိႈင္းရမယ္၊ ၿပီးေတာ့ေနာက္ဆံုးဘယ္လိုမွ ဆြဲေခၚလို႔မရေတာ့ရင္ ေရာက္တဲ့အရပ္မွာထားခဲ့ၿပီး ကိုယ့္ဘဝကိုယ္ ပံုမွန္အတိုင္းျဖစ္ေအာင္ ဘယ္လိုရုန္းကန္ရမလဲဆိုတာကို သင္ေပးႏိုင္ေအာင္ ဘယ္လိုပညာေပးရမွာလဲ?

ဒီလိုနဲ႔ ႏွင္းတို႔အမ်ိဳးသမီးေတြရဲ႕ ေျခလွမ္းကို ေနာက္ဆုတ္ေနရဦးမွာလား?

Related Article >>> တစ္ခုလပ္ဆိုတာနဲ႕ တန္ဖိုးမဲ့သြားၿပီလား

အခြင့္အေရးဆိုတာ ရွိမွန္းသိေနရဲ႕သားနဲ႔ ဒီအခြင့္အေရးကို လက္ဝယ္မဆုပ္ႏိုင္တာကလည္း တူညီတဲ့အခြင့္အေရးရေနပါၿပီလို႔ တစ္ထစ္ခ်မဆိုႏိုင္ေသးပါဘူး။ ျမင္သာျမင္ရ မၾကင္ရဘဝမွာပဲရွိေနပါေသးတယ္။

ဆိုလိုတာကေလ ဘယ္ဟာက ကိုယ့္အခြင့္အေရးလဲ ဆုိတာမွန္းသိေနတယ္၊ ဒါေတြ ႀကံဳလာရင္ ဘယ္လို ရင္ဆိုင္ရမယ္ဆိုတာလည္း သိေနတယ္၊ ဒါေပမဲ့ ပတ္ဝန္းက်င္ေၾကာင့္၊ ဓေလ့ထံုးတမ္းေတြေၾကာင့္၊ ဘာေၾကာင့္ ၊ ညာေၾကာင့္.. အမ်ိဳးမ်ိဳးေသာ ေၾကာင့္ေတြေၾကာင့္ အခြင့္အေရးဆိုတာကို သိလ်က္နဲ႔ မပိုင္ဆိုင္ရတာပါ။

ဆိုေတာ့ ကိုယ့္အခြင့္အေရးကို အပိုင္ရဖို႔ ကိုယ္တိုင္ တိုက္ယူရမွာပါ။ အခြင့္အေရးေတြ တူညီစြာရရွိႏိုင္ဖို႔ ေတာင္းႏိုင္ေသးတယ္ဆိုရင္ တူညီတဲ့ တာဝန္ယူမႈ တာဝန္ခံမႈဆိုတာက ေနာက္က လိုက္လာဖို႔လည္း မေမ့ပါနဲ႔…

ဒီလို ျမင္သာ ျမင္ရ၊ မၾကင္ရတဲ့ လူ႕အခြင့္အေရး၊ အမ်ိဳးသမီးအခြင့္အေရးနဲ႔ ပတ္သက္တဲ့ ကိစၥေတြျမင္ရတုိင္း ရင္နာရေပါင္းလည္း မနည္းေတာ့ပါဘူး… ဒီအခ်ိန္ေတြတိုင္းမွာ ေျပာခ်င္တဲ့ စကားကလည္း တစ္ခုတည္းပါပဲ.. ေဆာရီး ရွင္တို႔အခုထိ တူညီတဲ့အခြင့္အေရးမရေသးပါဘူးလို႔… 

Hnin Ei Oo (For Her Myannmar)

<<< Unicode >>>

တူညီတဲ့အခွင့်အရေးဆိုတာကို နားလည်နေပေမဲ့ လက်ဆုပ်လက်ကိုင် မရသေးတဲ့အခါ….. 

 မိန်းကလေးမှန်ရင် အိမ်ထောင်ပြု၊ ကလေးမွေး၊ အိမ်မှုကိစ္စလုပ် စတဲ့ အတွေးတွေ ရှိနေတုန်းပဲလား? ရုန်းထွက်လိုက်ပါတော့… ခုခေတ်ရဲ့ မိန်းကလေးတွေဟာ အဲဒီအခြေအနေတွေကနေ တစ်ဆင့်တက်လို့ ကိုယ်ပိုင်ဝင်ငွေကို ကိုယ်တိုင်ရှာဖွေ ရပ်တည်နိုင်တဲ့ အခြေအနေကို ရောက်လာပါပြီ။

အစစအရာရာ ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်ခွင့်ရလာပြီး တစ်ခုခုဆို ယောကျာ်းက သူ့လုပ်စာထိုင်စားနေရတာဆိုတဲ့ စကားမျိုးနဲ့ ကိုယ့်ကို စော်ကားလို့ မရတော့တဲ့ အနေအထားကို စွမ်းဆောင်နိုင်ခဲ့ပြီဆိုပေမဲ့ တကယ်တမ်းကျတော့ တူညီတဲ့ အခွင့်အရေးကို အပြည့်အဝမရသေးတဲ့အပြင် ဒီလိုအခွင့်အရေးမျိုးရှိလို့ရှိမှန်း တချို့မိန်းကလေးတွေ သိတောင် မသိကြပါဘူး။ တချို့ကျတော့လည်း သိနေပါလျက်နဲ့ သြော်.. ငါ့အရင်ကလူတွေလည်း ဒီလို အခြေအနေမျိုး ကြုံတွေ့ခဲ့ရတာပဲဆိုပြီး ရေလိုက်ငါးလိုက် နေလိုက်ကြရာက ကိုယ့်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးလို့ ဆုံးရှုံးနေမှန်းမသိဆိုတဲ့ အခြေအနေမျိုးကို ရောက်ရှိလာတာပါ။ 

Related Article >>> ကိုယ့်ဆန္ဒသည်သာအဓိက

နှင်း အစချီလိုက်တာကြီးက ကြီးသွားမလားမသိဘူး… ဒါပေမဲ့လေ နှင်းပတ်ဝန်းကျင်မှာ ဒီလောက်ပြောဆိုပြီး အသိပညာတွေ ပေးနေတာတောင် ဘုမသိဘမသိနဲ့ ကြိတ်ခံသွားရတဲ့ သူငယ်ချင်းတွေ ရှိနေပါသေးတယ်။ 

ဟိုးတလောတုန်းက နှင်းသူငယ်ချင်းလေး မင်္ဂလာဆောင်တယ်။ အသက်က ၁၈ နှစ်၊ တစ်ခါမှ ယင်ဖိုတောင်မသမ်းဖူးတဲ့ ကောင်မလေး။ သူနဲ့ယူတဲ့ သတို့သားက အသက် ၂၈ နှစ်။ မိဘချင်းသဘောတူပြီး သတို့သားက ကြိုက်လွန်းလို့ဆိုပြီး လာတောင်းတော့ သူငယ်ချင်းကလည်း ယုံပြီးအမေတို့သဘောဆိုပြီး ခေါင်းညိတ်ချတာ။

တကယ်လည်းယူပြီးရော သတို့သားက သူ့အပေါ်အေးတိအေးစက် ဆက်ဆံတဲ့အပြင် ယူပြီးကာစ အသစ်စက်စက် လင်မယားက ထမင်းလက်ဆုံစားဖို့တောင် မနည်းပင့်ဖိတ်နေရတယ်တဲ့။ တစ်နေကုန် သူငယ်ချင်းတွေနဲ့ပဲ လျှောက်သွားနေတော့ နှင်းသူငယ်ချင်းခမျာလည်း မေးရပြီလေ နီးစပ်ရာသူ့ပတ်ဝန်းကျင်က လူတွေကို။ ဖြစ်ပုံက အဲဒီသတို့သားမှာ ရည်းစားရှိနှင့်ပြီးသား မိဘကသဘောမတူ အတင်းခွဲလို့ ကဲ ဒီလောက်ဖြစ်လှတာ အမေတို့ပေးစားတဲ့လူနဲ့ပဲ ယူမယ်ဗျာဆိုပြီး ယူသာယူလိုက်တာ ဘာခံစားချက်မှမပါဘူးတဲ့။

သြော် ကိုယ့်မှာလေ နှမြောလွန်းလို့ ရင်ကွဲပက်လက်။ မယူခင်တုန်းက နင်သေချာစုံစမ်းပါဦး ဟုတ်ရဲ့လားဆိုပြီး ခဏခဏစုံစမ်းခိုင်းခဲ့ပေမဲ့ သူကလည်း မိဘကိုယုံ၊ သူ့ကို မြင်မြင်ချင်းသဘောကျသွားလို့ဆိုပြီး ရင်တွေခုန်ရင်း မင်္ဂလာဆောင်ဖို့ရက်ကို ထိုင်တွက်နေခဲ့တော့ ဘာမှလည်း မသိ စုံမှိတ်ပြီး ယူချလိုက်ရော။ အခုညတိုင်း နှင်းကို စကားတွေလာပြော ရင်ဖွင့်ရင်း ငိုပဲငိုနေရှာတယ်လေ။ အကယ်၍ သူသာအရင်ကတည်းက မိဘပေးစားတာပဲ ကောင်းမှာပါဆိုတဲ့စိတ်၊ သတို့သားမိဘရဲ့ သည်းသည်းလှုပ်ဖြစ်ပြတဲ့ အမူအရာတွေကို ချင့်ယုံပြီး သူ့ဘာသာနောက်ကွယ်မှာ သေချာစုံစမ်းခဲ့ရင် ဒီလိုကိစ္စတွေက ဖြစ်လာမှာမဟုတ်ဘူးလေ။ ဒီကိစ္စကတော့ အယုံလွယ်လို့လို့ ထားလိုက်ပါတော့… နောက်ဆက်တွဲ ထပ်ဖြစ်လာတဲ့ဟာကို နှင်း ပြောချင်တာပါ။

Related Article >>> မှီခိုသူဆိုတဲ့ နာမည်အောက်က ရုန်းထွက်မရနိုင်သေးတဲ့ မြန်မာအမျိုးသမီးများ

သူက သူ့ယောကျာ်းနဲ့ စကားပြောဖို့ ကြိုးစားပေမဲ့ ဟိုက လုံးဝအပြောမခံတဲ့အပြင် အဆိုးဆုံးက အဲဒီလိုစကားပြောဖို့ ကြိုးစားလည်း ကာမကိစ္စဆီကိုပဲ ဦးတည်ပြီး သူလုပ်ချင်ရာလုပ် ပြန်ဆင်းသွားရောတဲ့။

နှင်းက ပြောတယ် ‘ဟဲ့ လင်မယားမှာလည်း အလိုမတူရင် မုဒိန်းမှုပဲ။ နင့်ကို ဒီလိုလုပ်လို့မရဘူး’ ဆိုတော့ ‘အခုချိန်မှကွဲရင် ငါကလည်း အပျိုပြန်ဖြစ်တော့တာမှ မဟုတ်တာတဲ့’ တစ်သက်လုံး ရိုက်သွင်းခဲ့တဲ့ ဓလေ့ထုံးတမ်း၊ အသိ၊ ယဉ်ကျေးမှု ၊ လူမှုရေး၊ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း စတဲ့ အရာတွေအားလုံးက မိန်းကလေးတစ်ယောက်ရဲ့ဘဝကို ဒီလောက်အထိ ဆွဲချရိုက်ချိုးနိုင်လိမ့်မယ်လို့ တစ်ခါမှ ထင်တောင် မထင်ခဲ့ဖူးဘူး။ ပြီးတော့ ဥပဒေအရ ဒီလိုမျိုးအလိုမတူဘဲ ကာမကိစ္စပြုတယ်ဆိုတာ လင်မယားဖြစ်သည့်တိုင်အောင် အဓမ္မမှုဖြစ်တယ်ဆိုတာကိုလည်း သူတို့ခမျာမသိရှာဘူး။

တကယ်ဆို သူ့ဘေးနားမှာ သူ့ကို နားချပြောဆိုမယ့်လူလည်းရှိတယ်၊ ပြောလည်းပြောပြရဲ့သားနဲ့ ဒါဖြစ်တတ်ပါတယ်ဆိုပြီး ဖြစ်သွားတော့ ဘယ်သူ့ကို အပြစ်သွားတင်ရမလဲ?

တူညီတဲ့ အခွင့်အရေး ရနေပေမဲ့ ဒီလို ရနေတဲ့အကြောင်းကို အမှောင်ချထားခံရတဲ့ ပတ်ဝန်းကျင်က မိန်းကလေးတွေကိုရော ဘယ်သို့ဘယ်ပုံ ပြောဆိုပေးရမလဲ?

ပြောဆိုပေးသည့်တိုင်အောင် လက်ခံလာတဲ့အထိ ဘယ်လိုလုပ်ပေးရမလဲ?

အုပ်ထိန်းသူတွေကိုရော မိန်းကလေးတစ်ယောက် အိမ်ထောင်မကျခင် အိမ်မှုကိစ္စနဲ့ ယောက်ျားအပါအဝင် ဆွေမျိုးအပေါင်းသူတော်ကောင်းတွေရှေ့မှာ မီးသေပြီး ပြားပြားဝပ်နေအောင် နေဖို့အတွက် သင်ပေးနေမယ့်အစား သူတို့တွေမှာ ဘယ်လိုအခွင့်အရေးတွေရှိတယ်၊ ဘယ်လိုညှိနှိုင်းရမယ်၊ ပြီးတော့နောက်ဆုံးဘယ်လိုမှ ဆွဲခေါ်လို့မရတော့ရင် ရောက်တဲ့အရပ်မှာထားခဲ့ပြီး ကိုယ့်ဘဝကိုယ် ပုံမှန်အတိုင်းဖြစ်အောင် ဘယ်လိုရုန်းကန်ရမလဲဆိုတာကို သင်ပေးနိုင်အောင် ဘယ်လိုပညာပေးရမှာလဲ?

Related Article >>> တစ်ခုလပ်ဆိုတာနဲ့ တန်ဖိုးမဲ့သွားပြီလား

ဒီလိုနဲ့ နှင်းတို့အမျိုးသမီးတွေရဲ့ ခြေလှမ်းကို နောက်ဆုတ်နေရဦးမှာလား?

အခွင့်အရေးဆိုတာ ရှိမှန်းသိနေရဲ့သားနဲ့ ဒီအခွင့်အရေးကို လက်ဝယ်မဆုပ်နိုင်တာကလည်း တူညီတဲ့အခွင့်အရေးရနေပါပြီလို့ တစ်ထစ်ချမဆိုနိုင်သေးပါဘူး။ မြင်သာမြင်ရ မကြင်ရဘဝမှာပဲရှိနေပါသေးတယ်။

ဆိုလိုတာကလေ ဘယ်ဟာက ကိုယ့်အခွင့်အရေးလဲ ဆိုတာမှန်းသိနေတယ်၊ ဒါတွေ ကြုံလာရင် ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာလည်း သိနေတယ်၊ ဒါပေမဲ့ ပတ်ဝန်းကျင်ကြောင့်၊ ဓလေ့ထုံးတမ်းတွေကြောင့်၊ ဘာကြောင့် ၊ ညာကြောင့်.. အမျိုးမျိုးသော ကြောင့်တွေကြောင့် အခွင့်အရေးဆိုတာကို သိလျက်နဲ့ မပိုင်ဆိုင်ရတာပါ။

ဆိုတော့ ကိုယ့်အခွင့်အရေးကို အပိုင်ရဖို့ ကိုယ်တိုင် တိုက်ယူရမှာပါ။ အခွင့်အရေးတွေ တူညီစွာရရှိနိုင်ဖို့ တောင်းနိုင်သေးတယ်ဆိုရင် တူညီတဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုတာက နောက်က လိုက်လာဖို့လည်း မမေ့ပါနဲ့…

ဒီလို မြင်သာ မြင်ရ၊ မကြင်ရတဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမြင်ရတိုင်း ရင်နာရပေါင်းလည်း မနည်းတော့ပါဘူး… ဒီအချိန်တွေတိုင်းမှာ ပြောချင်တဲ့ စကားကလည်း တစ်ခုတည်းပါပဲ.. ဆောရီး ရှင်တို့အခုထိ တူညီတဲ့အခွင့်အရေးမရသေးပါဘူးလို့… 

Hnin Ei Oo (For Her Myannmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *