Letters From Heart

စိတ္သစ္ လူသစ္နဲ႔ ႏွစ္သစ္ကို ျဖတ္သန္းႏိုင္ေစဖို႔

ထံုထံုထိုင္းထိုင္းျဖစ္ေနရင္ ဝင္ဖတ္လိုက္ပါ၊ စိတ္ျပန္ၾကည္လာပါလိမ့္မယ္…

ကဲ အခု…၂၀၁၉ ဆိုတဲ့ႏွစ္သစ္ကို ေရာက္လာၿပီေနာ္။ ဘာလိုလုိနဲ႔ ႏွင္းေယာင္းတို႔နဲ႔အတူတူရွိခဲ့တာ ၁ ႏွစ္ေတာင္ျပည့္ေတာ့မယ္။ လူတစ္ေယာက္အေနနဲ႔ ပတ္ဝန္းက်င္မွာ ယံုၾကည္ခ်က္ရွိရွိနဲ႔ ေန႔ရက္တိုင္းကိုအားအင္အျပည့္ ျဖတ္သန္းႏို္င္ဖို႔အတြက္ အလွအပ၊ ဖက္ရွင္၊ ခ်စ္ေရးခ်စ္ရာ၊ ကိုယ္ကာယက်န္းမာေရး စတဲ့အေျခခံလုိအပ္ခ်က္ေတြကို ေဆာင္းပါးေလးကေနတစ္ဆင့္ ျဖည့္ဆည္းေပးႏိုင္ခဲ့လို႔ ႏွင္းကဝမ္းသာပီတိျဖစ္ရပါတယ္။

ေယာင္းေလးေရ… ေယာင္းေလးရဲ႕စိတ္ထဲမွာ ‘အခ်ိန္တစ္ႏွစ္ေတာင္ကုန္သြားၿပီ၊ ငါ့အတြက္ဘာမွလည္း မတိုးတက္လာပါလား’ ဆိုတဲ့စိတ္မ်ိဳး ျဖစ္ေနလား? ငါဒီေလာက္ႀကိဳးစားရဲ႕သားနဲ႔ ကိုယ္ထင္သေလာက္ အေနအထားအထိ ျဖစ္မလို႔ စိတ္ထဲမွာ ကိုယ့္ကိုယ္ကိုယ္ မေက်မနပ္ျဖစ္ေနလား? ကိုယ္ကအေကာင္းဆံုး တည္ေဆာက္ရဲ႕သားနဲ႔ ကိုယ့္အတြက္အေကာင္းဆံုးေတြျဖစ္မလာလို႔ စိတ္ပ်က္ေနလား? အခုေဆာင္းပါးေလးကို ဖတ္ေနတဲ့အခ်ိန္မွာေတာ့ ဒီစိတ္ေတြအားလံုးကို အေဝးခဏပို႔ထားၿပီး ႏွင္းနဲ႔အတူတူ ဘဝသစ္တစ္ခုကို ခဏေလာက္ပံုေဖာ္ၾကည့္လိုက္ရေအာင္ေနာ္။

Related Article >>> သိပၸံနည္းက် စိတ္အားတက္ႂကြေအာင္ ဘယ္လို လုပ္မလဲ?

လူတစ္ေယာက္မွာ အေရးႀကီးဆံုးက ဘာလဲလို႔ေမးရင္ ‘စိတ္’ ကအေရးႀကီးဆံုးပါပဲ။ ကိုယ့္စိတ္ရဲ႕ေစရာကို ေကာင္းသည္ျဖစ္ေစ၊ မေကာင္းသည္ျဖစ္ေစ ႏွင္းတို႔ေယာင္းတို႔ အားလံုးက လိုက္လုပ္ေနၾကတာပါပဲ။ ဒါေၾကာင့္ တျခားအရာေတြကို မျဖည့္ဆည္းေသးရင္ေတာင္ ကိုယ့္စိတ္ကိုယ္ အရင္ႏိုင္ေအာင္ ေသခ်ာတည္ေဆာက္ပါ။ ဘာပဲျဖစ္ျဖစ္၊ ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ ငါရေအာင္ လုပ္ႏိုင္တယ္၊ လုပ္မယ္ဆိုတဲ့ စိတ္မ်ိဳးပဲထားၿပီး အခက္အခဲေတြကို တံုးတိုက္တိုက္ က်ားကိုက္ကိုက္ရေအာင္ ရင္ဆိုင္လိုက္ပါ။ ခက္ခဲလည္း ခဏပဲဆိုတဲ့စိတ္မ်ိဳးထားၿပီး အသက္ကိုဝဝရႈရင္း ကိုယ့္ကိုယ္ကိုယ္ ျပန္စိန္ေခၚၾကည့္လိုက္ပါ။ ထင္သေလာက္မခက္ခဲမွန္း ေတြ႔လာပါလိမ့္မယ္။

ၿပီးေတာ့ အလွအပနဲ႔ပတ္သက္ၿပီးေတာ့လည္း ကိုယ့္မွာေတြ႔သမွ်ေဆာင္းပါးေတြဖတ္၊ ဗီဒီယိုေတြၾကည့္ၿပီး အေနာက္ကလိုက္ျပင္ေပမဲ့ ကိုယ္မွန္းသေလာက္လက္ရာမထြက္လို႔ စိတ္ပ်က္ေနၿပီလား။ ဘာမွစိတ္မပ်က္ပါနဲ႔ေယာင္းရဲ႕ ႏွင္းလည္းမိတ္ကပ္စျပင္တုန္းက ေမွ်ာ႔မ်က္ခံုး၊ သရဲမိတ္ကပ္၊ ပန္းသီးပါးနဲ႔ မည္းနက္ေနတဲ့ လိုင္နာဘဝကေန စခဲ့ရတာပါ။ အရင္တုန္းကဘယ္လိုအထိ ထင္လဲဆိုရင္ မိတ္ကပ္ဆိုတာကပန္းခ်ီအမ်ိဳးအစားပဲဆိုေတာ့ ငါ့မွာမ်ဥ္းေတာင္ေျဖာင့္ေအာင္ မတားႏိုင္တာကို ဘယ္လိုလုပ္ျဖစ္ထြန္းမွာလဲဆိုၿပီး စိတ္ဓာတ္ေတြ တဖံုးဖံုးက်ခဲ့ဖူးပါတယ္။ ဒါေပမဲ့လည္း စာေတြဖတ္၊ ဗီဒီယိုၾကည့္တဲ့အျပင္ သူတို႔နည္းကို ဘယ္လိုကြန္႔လိုက္ရင္ေတာ့ ကိုယ္နဲ႔ပိုအဆင္ေျပမလဲ ဆိုတဲ့နည္းလမ္းေလးေတြကိုပါ ရွာတတ္လာေတာ့ ျဖည္းျဖည္းနဲ႔သူ႔ဘာသာ ၾကည့္ေကာင္းတဲ့အေနအထားေလးတစ္ခုအထိေတာ့ ျပင္တတ္သြားတာပဲ။ အာ့ေၾကာင့္ ေယာင္းေလး ဘာမွစိတ္ဓာတ္မက်နဲ႔။ မွားရင္း ေလ့က်င့္ရင္းပဲ သူ႔ဘာသာအခ်ိန္တစ္ခုၾကာရင္ အဆင္ေျပသြားလိမ့္မယ္။

Related Article >>> ေအာင္ျမင္တဲ့ အမ်ိဳးသမီးေတြ ေပးတဲ့ ဘဝသင္ခန္းစာ (၅)ခု

အခ်စ္ေရးနဲ႔ပတ္သက္ၿပီးေတာ့ေတာ့ ဘာမွအေထြအထူး ေျပာေနစရာမရွိပါဘူး။ ဘဝမွာ အခ်စ္ထက္အမ်ားႀကီး အေရးႀကီးတဲ့ ကိစၥေတြ ရွိေနတယ္ဆိုတာ ေယာင္းစိတ္ထဲမွာ သိေနရင္ကို ေတာ္ေတာ္အေျခအေနေကာင္းေနပါၿပီ။ ကိုယ္ကာယေလ့က်င့္ခန္းကေတာ့ လွဖို႔အထိမသြားႏိုင္ေသးရင္ေတာင္ ေယာင္းခ်စ္တဲ့လူေတြနဲ႔ အခ်ိန္အၾကာႀကီး အတူရွိေနႏိုင္ေအာင္ တစ္ေန႔တစ္နာရီေလာက္ျဖစ္ျဖစ္ အခ်ိန္ေပးၿပီး ကိုယ္လက္လႈပ္ရွားမႈေလးေတာ့ လုပ္ေပးပါ။ ကိုယ္က်န္းမာမွ စိတ္ခ်မ္းသာဖို႔အတြက္ နည္းလမ္းေကာင္းေတြကို ပိုၿပီးရွာႏိုင္မွာေပါ့လို႔။

ႏွစ္ေဟာင္းမွာရွိသမွ်စိတ္ညစ္စရာေတြကို ဒီရက္ပိုင္းအတြင္း အကုန္လက္ခံႏိုင္ေအာင္ ႀကိဳးစားၿပီး ႏွစ္သစ္အထိမယူသြားဘဲ ထားရစ္ခဲ့ပါ။ အညစ္အေၾကးေတြကိုလည္း အမိႈက္ထုပ္စြန္႔သလို စြန္႔ထုတ္ၿပီး ဘယ္အရာမဆို ကိုယ္လုပ္ကိုလုပ္ႏိုင္တယ္ ဆိုတဲ့စိတ္မ်ိဳးထားၿပီး အခက္အခဲေတြကို ေက်ာ္လႊားရင္းအႏိုင္ယူပါ။ ေနာက္ၿပီး ကိုယ္မွားခဲ့တဲ့ အမွားေတြအတြက္လည္း ကိုယ့္ကိုယ္ကိုယ္ ျပန္ခြင့္လႊတ္တတ္ပါေစေနာ္။ ဒါမွလည္း စိတ္သစ္၊ လူသစ္နဲ႔ ႏွစ္သစ္မွာ ျပႆနာအသစ္ေတြကို စိန္ေခၚႏိုင္မွာေပါ့။ အယ္လဲ့ 😛

Hnin Ei Oo (For Her Myanmar)

> Unicode >>>

ထုံထုံထိုင်းထိုင်းဖြစ်နေရင် ဝင်ဖတ်လိုက်ပါ၊ စိတ်ပြန်ကြည်လာပါလိမ့်မယ်…

ကဲ အခု…၂၀၁၉ ဆိုတဲ့နှစ်သစ်ကို ရောက်လာပြီနော်။ ဘာလိုလိုနဲ့ နှင်းယောင်းတို့နဲ့အတူတူရှိခဲ့တာ ၁ နှစ်တောင်ပြည့်တော့မယ်။ လူတစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်မှာ ယုံကြည်ချက်ရှိရှိနဲ့ နေ့ရက်တိုင်းကိုအားအင်အပြည့် ဖြတ်သန်းနိုင်ဖို့အတွက် အလှအပ၊ ဖက်ရှင်၊ ချစ်ရေးချစ်ရာ၊ ကိုယ်ကာယကျန်းမာရေး စတဲ့အခြေခံလိုအပ်ချက်တွေကို ဆောင်းပါးလေးကနေတစ်ဆင့် ဖြည့်ဆည်းပေးနိုင်ခဲ့လို့ နှင်းကဝမ်းသာပီတိဖြစ်ရပါတယ်။

ယောင်းလေးရေ… ယောင်းလေးရဲ့စိတ်ထဲမှာ ‘အချိန်တစ်နှစ်တောင်ကုန်သွားပြီ၊ ငါ့အတွက်ဘာမှလည်း မတိုးတက်လာပါလား’ ဆိုတဲ့စိတ်မျိုး ဖြစ်နေလား? ငါဒီလောက်ကြိုးစားရဲ့သားနဲ့ ကိုယ်ထင်သလောက် အနေအထားအထိ ဖြစ်မလို့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်နေလား? ကိုယ်ကအကောင်းဆုံး တည်ဆောက်ရဲ့သားနဲ့ ကိုယ့်အတွက်အကောင်းဆုံးတွေဖြစ်မလာလို့ စိတ်ပျက်နေလား? အခုဆောင်းပါးလေးကို ဖတ်နေတဲ့အချိန်မှာတော့ ဒီစိတ်တွေအားလုံးကို အဝေးခဏပို့ထားပြီး နှင်းနဲ့အတူတူ ဘဝသစ်တစ်ခုကို ခဏလောက်ပုံဖော်ကြည့်လိုက်ရအောင်နော်။

Related Article >>> သိပ္ပံနည်းကျ စိတ်အားတက်ကြွအောင် ဘယ်လို လုပ်မလဲ?

လူတစ်ယောက်မှာ အရေးကြီးဆုံးက ဘာလဲလို့မေးရင် ‘စိတ်’ ကအရေးကြီးဆုံးပါပဲ။ ကိုယ့်စိတ်ရဲ့စေရာကို ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နှင်းတို့ယောင်းတို့ အားလုံးက လိုက်လုပ်နေကြတာပါပဲ။ ဒါကြောင့် တခြားအရာတွေကို မဖြည့်ဆည်းသေးရင်တောင် ကိုယ့်စိတ်ကိုယ် အရင်နိုင်အောင် သေချာတည်ဆောက်ပါ။ ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ငါရအောင် လုပ်နိုင်တယ်၊ လုပ်မယ်ဆိုတဲ့ စိတ်မျိုးပဲထားပြီး အခက်အခဲတွေကို တုံးတိုက်တိုက် ကျားကိုက်ကိုက်ရအောင် ရင်ဆိုင်လိုက်ပါ။ ခက်ခဲလည်း ခဏပဲဆိုတဲ့စိတ်မျိုးထားပြီး အသက်ကိုဝဝရှုရင်း ကိုယ့်ကိုယ်ကိုယ် ပြန်စိန်ခေါ်ကြည့်လိုက်ပါ။ ထင်သလောက်မခက်ခဲမှန်း တွေ့လာပါလိမ့်မယ်။

ပြီးတော့ အလှအပနဲ့ပတ်သက်ပြီးတော့လည်း ကိုယ့်မှာတွေ့သမျှဆောင်းပါးတွေဖတ်၊ ဗီဒီယိုတွေကြည့်ပြီး အနောက်ကလိုက်ပြင်ပေမဲ့ ကိုယ်မှန်းသလောက်လက်ရာမထွက်လို့ စိတ်ပျက်နေပြီလား။ ဘာမှစိတ်မပျက်ပါနဲ့ယောင်းရဲ့ နှင်းလည်းမိတ်ကပ်စပြင်တုန်းက မျှော့မျက်ခုံး၊ သရဲမိတ်ကပ်၊ ပန်းသီးပါးနဲ့ မည်းနက်နေတဲ့ လိုင်နာဘဝကနေ စခဲ့ရတာပါ။ အရင်တုန်းကဘယ်လိုအထိ ထင်လဲဆိုရင် မိတ်ကပ်ဆိုတာကပန်းချီအမျိုးအစားပဲဆိုတော့ ငါ့မှာမျဉ်းတောင်ဖြောင့်အောင် မတားနိုင်တာကို ဘယ်လိုလုပ်ဖြစ်ထွန်းမှာလဲဆိုပြီး စိတ်ဓာတ်တွေ တဖုံးဖုံးကျခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း စာတွေဖတ်၊ ဗီဒီယိုကြည့်တဲ့အပြင် သူတို့နည်းကို ဘယ်လိုကွန့်လိုက်ရင်တော့ ကိုယ်နဲ့ပိုအဆင်ပြေမလဲ ဆိုတဲ့နည်းလမ်းလေးတွေကိုပါ ရှာတတ်လာတော့ ဖြည်းဖြည်းနဲ့သူ့ဘာသာ ကြည့်ကောင်းတဲ့အနေအထားလေးတစ်ခုအထိတော့ ပြင်တတ်သွားတာပဲ။ အာ့ကြောင့် ယောင်းလေး ဘာမှစိတ်ဓာတ်မကျနဲ့။ မှားရင်း လေ့ကျင့်ရင်းပဲ သူ့ဘာသာအချိန်တစ်ခုကြာရင် အဆင်ပြေသွားလိမ့်မယ်။

Related Article >>> အောင်မြင်တဲ့ အမျိုးသမီးတွေ ပေးတဲ့ ဘဝသင်ခန်းစာ (၅)ခု

အချစ်ရေးနဲ့ပတ်သက်ပြီးတော့တော့ ဘာမှအထွေအထူး ပြောနေစရာမရှိပါဘူး။ ဘဝမှာ အချစ်ထက်အများကြီး အရေးကြီးတဲ့ ကိစ္စတွေ ရှိနေတယ်ဆိုတာ ယောင်းစိတ်ထဲမှာ သိနေရင်ကို တော်တော်အခြေအနေကောင်းနေပါပြီ။ ကိုယ်ကာယလေ့ကျင့်ခန်းကတော့ လှဖို့အထိမသွားနိုင်သေးရင်တောင် ယောင်းချစ်တဲ့လူတွေနဲ့ အချိန်အကြာကြီး အတူရှိနေနိုင်အောင် တစ်နေ့တစ်နာရီလောက်ဖြစ်ဖြစ် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုလေးတော့ လုပ်ပေးပါ။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာဖို့အတွက် နည်းလမ်းကောင်းတွေကို ပိုပြီးရှာနိုင်မှာပေါ့လို့။

နှစ်ဟောင်းမှာရှိသမျှစိတ်ညစ်စရာတွေကို ဒီရက်ပိုင်းအတွင်း အကုန်လက်ခံနိုင်အောင် ကြိုးစားပြီး နှစ်သစ်အထိမယူသွားဘဲ ထားရစ်ခဲ့ပါ။ အညစ်အကြေးတွေကိုလည်း အမှိုက်ထုပ်စွန့်သလို စွန့်ထုတ်ပြီး ဘယ်အရာမဆို ကိုယ်လုပ်ကိုလုပ်နိုင်တယ် ဆိုတဲ့စိတ်မျိုးထားပြီး အခက်အခဲတွေကို ကျော်လွှားရင်းအနိုင်ယူပါ။ နောက်ပြီး ကိုယ်မှားခဲ့တဲ့ အမှားတွေအတွက်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ခွင့်လွှတ်တတ်ပါစေနော်။ ဒါမှလည်း စိတ်သစ်၊ လူသစ်နဲ့ နှစ်သစ်မှာ ပြဿနာအသစ်တွေကို စိန်ခေါ်နိုင်မှာပေါ့။ အယ်လဲ့ 😛

Hnin Ei Oo (For Her Myanmar)

 

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *