လိုသံုးေတြနားပါ ငါ့ဘဝထဲကထြက္သြားၾက

ယူတို႔ဘာသာ ကိုယ့္အသိစိတ္နဲ႔ ထြက္သြားရင္ထြက္သြားေနာ္ မသြားရင္ေတာ့….

<<< Zawgyi >>>

ဘဝမွာ စိတ္အညစ္စရာအေကာင္းဆံုး ကိစၥက ကိုယ့္ဘက္ကသူငယ္ခ်င္းလို႔ ေကာင္းေကာင္းသတ္မွတ္ၿပီး ေအးအတူအပူမွ် အရာရာအတူျဖတ္ေက်ာ္ၿပီး ေဖးမေပးခဲ့တဲ့ အဲဒီလူက ကိုယ့္ကိုလိုသံုးလုပ္သြားတဲ့ ကိစၥပဲ။ ကိုယ့္မွာေတာ့ သူ႔ရဲ႕အပူေတြကို ကိုယ့္အလုပ္ခ်ိန္ေတြကေနျဖစ္ေစ ဖယ္ၿပီးေပးခဲ့ အတူစဥ္းစားေပးခဲ့ေပမဲ့ သူ႔ဘက္ကေတာ့ ေကာင္းတဲ့ကိစၥဆို တစ္ခုတစ္ေလေလးေတာင္ ကိုယ့္ကိုအသိမေပးဘဲ သူမ်ားဆီကေနမွတဆင့္ သိလိုက္ရေသာအခါ… ေကာင္းျခင္းေတြကို မွ်ေဝခံစားရမွ မဟုတ္ပါဘူး.. အသိေလးေပးရင္ေတာင္ ေက်နပ္ေနၿပီဟာကို… ဒီလိုအေျခအေနမ်ိဳးက် ေပၚမလာဇာတ္ေတြခင္း.. ျပႆနာတက္ၿပီဆိုေတာ့မွ ေရာက္လာေတာ့… 

တကယ္ဆိုရင္ေလ ယူတို႔ေတြ ကိုယ့္ရဲ႕ေကာင္းသတင္းေတြကို မမွ်ွ်ေပးခ်င္တဲ့ လူတစ္ေယာက္ကို အပူေတြလည္း လာလာမေပးသင့္ဘူးေလ.. ဘယ္ေလာက္ပဲ သည္းခံႏုိင္တယ္ေျပာေျပာ ကိုယ္သည္လည္း လူထဲက လူပဲမဟုတ္လား။ တစ္ခါ ႏွစ္ခါ ေလာက္ဆို စိတ္ကအဆင္ေျပေသးတယ္။ ဒါေပမဲ့ အပူရွိတိုင္းေတာ့ လာလာကပ္ၿပီး ေကာင္းသတင္းက်ေတာ့ သူမ်ားဆီကေနပဲ တစ္ဆင့္တစ္ဆင့္ သိရတဲ့အႀကိမ္ေရမ်ားလာေတာ့ ဘယ္သူကသည္းခံႏိုင္ေတာ့မွာလဲ။ ၿပီးရင္ မိေအးေအာ္တာပဲ လူကၾကားတာ ေအာက္မွာ ကဏန္းညွပ္ေနတာေတာ့ ဘယ္သူမွမျမင္ၾကဘူးေလ။ သည္းမခံႏိုင္ဘဲ ေျပာမိဆိုမိေတာ့ ကိုယ္ကလူဆိုးႀကီးပဲျဖစ္ေရာ။

Related Article >>> အိမ္ေထာင္က်ၿပီး ကေလးေတြပါ ရေနၿပီျဖစ္တဲ့ BFF နဲ႕ ခင္မင္မႈ တည္ၿမဲေစမယ့္ လမ္းညႊန္ (၇) ခ်က္

သူမ်ားေတြ အခ်စ္ဆံုးသူငယ္ခ်င္းဆိုတာကို ဘယ္လိုသတ္မွတ္ထားလဲေတာ့ မသိဘူး။ အိုင္ကေတာ့ ကိုယ့္ရဲ႕အေအး၊ အပူမွန္သမွ်ကို အတူမွ်ေဝၿပီး အခ်ိန္တိုင္းမွာ အတူမရွိႏိုင္၊ စကားေတြမေျပာေနႏိုင္ရင္ေတာင္ ကိုယ္သြားေျပာတဲ့အခ်ိန္တိုင္းမွာ ကိုယ့္အေၾကာင္းကို အူမေခ်းခါးကအစသိၿပီး အစကေနျပန္ျပန္မေဖာ္ရေလာက္တဲ့အထိ ကိုယ့္စိတ္ကို ေကာင္းေကာင္းနားလည္တဲ့လူမ်ိဳး၊ ကိုယ့္အပူေတြကို ယံုယံုၾကည္ၾကည္မွ်ေဝလို႔ရၿပီး သူ႔အပူေတြကိုလည္း ကိုယ့္ကိုတစ္လံုးမက်န္ ဖြင့္ေျပာတတ္တဲ့လူမ်ိဳး၊ ေပ်ာ္စရာရွိရင္လည္း ကိုယ့္ထက္သူက ပိုၿပီးေပ်ာ္ေပးႏိုင္တဲ့ လူမ်ိဳးကို အခ်စ္ဆံုးသူငယ္ခ်င္းအေနနဲ႔ သတ္မွတ္တာပါ။

ျပႆနာရွိမွဒီကို ေခါင္းလာတည္ၿပီး က်န္တဲ့အခ်ိန္က်ရင္ ဘယ္ေရာက္လို႔ဘယ္ေပါက္ေနမွန္း မသိတဲ့လူမ်ိဳးကို သူငယ္ခ်င္းအဆင့္မဟုတ္ဘဲ လိုသံုးလို႔ပဲသတ္မွတ္ပါတယ္ေနာ္။ အာ့ကို BFF (Best Friend Forever = တစ္သက္လံုးအတူ မခြဲမခြာေပါင္းသြားမယ့္ အခ်စ္ဆံုးသူငယ္ခ်င္း လုိ႔နာမည္မတပ္ပစ္ပါနဲ႔။ အဇမ္းရြံၿပီး အားႀကီးစိတ္ဆိုးပါတယ္ေနာ္။)

Related Article >>> မေတြ႕ခ်င္ဘူးေျပာတာ မခင္လုိ႔မဟုတ္ပါဘူး သူငယ္ခ်င္း

အဲ့ေတာ့ လိုသံုးမမတို႔ရယ္ ျဖစ္ႏိုင္ရင္ ဘဝထဲကိုဝင္ဝင္မလာၾကပါနဲ႔လား။ ကိုယ္ကေတာ့ အားနာရင္းနာရင္း ခါးကပါလို႔ပါမွန္းကို မသိတတ္ေပမဲ့ ပါတာမ်ားလာေတာ့ လူကသိပ္စိတ္မရွည္ခ်င္ေတာ့ဘူး။ ေျပာဖို႔ပါးစပ္က ျပင္လာေရာေလ။ ၿပီးေတာ့ အိုင္တို႔လိုလူမ်ိဳးေတြက ကူညီရင္လည္း အစြမ္းကုန္ကူညီတတ္သလို ေျပာၿပီဆိုၿပီဆိုရင္လည္း ဘယ္သူ႔မ်က္ႏွာမွ ေထြေထြထူးထူးလွည့္ၾကည့္ေနမွာမဟုတ္ဘဲ ေျပာလိုက္ဆိုလိုက္မွာမို႔ အဲဒီလို စကားေတြမထြက္ခင္ အျမန္ဆံုးေဘးနားကေနထြက္သြားေပးၾကပါလုိ႔ ေတာင္းဆိုပါတယ္ေနာ္။ ၿပီးမွ ႏႈတ္သီးေကာင္းတယ္၊ လွ်ာပါးတယ္လုိ႔ လာလာလက္ညွိဳးမထိုးပါနဲ႔။ အဂၤုလိမာလဇာတ္ ခင္းပစ္လိုက္မွာပါလုိ႔ ဟုတ္ :3

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ယူတို့ဘာသာ ကိုယ့်အသိစိတ်နဲ့ ထွက်သွားရင်ထွက်သွားနော် မသွားရင်တော့….

ဘဝမှာ စိတ်အညစ်စရာအကောင်းဆုံး ကိစ္စက ကိုယ့်ဘက်ကသူငယ်ချင်းလို့ ကောင်းကောင်းသတ်မှတ်ပြီး အေးအတူအပူမျှ အရာရာအတူဖြတ်ကျော်ပြီး ဖေးမပေးခဲ့တဲ့ အဲဒီလူက ကိုယ့်ကိုလိုသုံးလုပ်သွားတဲ့ ကိစ္စပဲ။ ကိုယ့်မှာတော့ သူ့ရဲ့အပူတွေကို ကိုယ့်အလုပ်ချိန်တွေကနေဖြစ်စေ ဖယ်ပြီးပေးခဲ့ အတူစဉ်းစားပေးခဲ့ပေမဲ့ သူ့ဘက်ကတော့ ကောင်းတဲ့ကိစ္စဆို တစ်ခုတစ်လေလေးတောင် ကိုယ့်ကိုအသိမပေးဘဲ သူများဆီကနေမှတဆင့် သိလိုက်ရသောအခါ… ကောင်းခြင်းတွေကို မျှဝေခံစားရမှ မဟုတ်ပါဘူး.. အသိလေးပေးရင်တောင် ကျေနပ်နေပြီဟာကို… ဒီလိုအခြေအနေမျိုးကျ ပေါ်မလာဇာတ်တွေခင်း.. ပြဿနာတက်ပြီဆိုတော့မှ ရောက်လာတော့…

တကယ်ဆိုရင်လေ ယူတို့တွေ ကိုယ့်ရဲ့ကောင်းသတင်းတွေကို မမျှျှပေးချင်တဲ့ လူတစ်ယောက်ကို အပူတွေလည်း လာလာမပေးသင့်ဘူးလေ.. ဘယ်လောက်ပဲ သည်းခံနိုင်တယ်ပြောပြော ကိုယ်သည်လည်း လူထဲက လူပဲမဟုတ်လား။ တစ်ခါ နှစ်ခါ လောက်ဆို စိတ်ကအဆင်ပြေသေးတယ်။ ဒါပေမဲ့ အပူရှိတိုင်းတော့ လာလာကပ်ပြီး ကောင်းသတင်းကျတော့ သူများဆီကနေပဲ တစ်ဆင့်တစ်ဆင့် သိရတဲ့အကြိမ်ရေများလာတော့ ဘယ်သူကသည်းခံနိုင်တော့မှာလဲ။ ပြီးရင် မိအေးအော်တာပဲ လူကကြားတာ အောက်မှာ ကဏန်းညှပ်နေတာတော့ ဘယ်သူမှမမြင်ကြဘူးလေ။ သည်းမခံနိုင်ဘဲ ပြောမိဆိုမိတော့ ကိုယ်ကလူဆိုးကြီးပဲဖြစ်ရော။

Related Article >>> အိမ်ထောင်ကျပြီး ကလေးတွေပါ ရနေပြီဖြစ်တဲ့ BFF နဲ့ ခင်မင်မှု တည်မြဲစေမယ့် လမ်းညွှန် (၇) ချက်

သူများတွေ အချစ်ဆုံးသူငယ်ချင်းဆိုတာကို ဘယ်လိုသတ်မှတ်ထားလဲတော့ မသိဘူး။ အိုင်ကတော့ ကိုယ့်ရဲ့အအေး၊ အပူမှန်သမျှကို အတူမျှဝေပြီး အချိန်တိုင်းမှာ အတူမရှိနိုင်၊ စကားတွေမပြောနေနိုင်ရင်တောင် ကိုယ်သွားပြောတဲ့အချိန်တိုင်းမှာ ကိုယ့်အကြောင်းကို အူမချေးခါးကအစသိပြီး အစကနေပြန်ပြန်မဖော်ရလောက်တဲ့အထိ ကိုယ့်စိတ်ကို ကောင်းကောင်းနားလည်တဲ့လူမျိုး၊ ကိုယ့်အပူတွေကို ယုံယုံကြည်ကြည်မျှဝေလို့ရပြီး သူ့အပူတွေကိုလည်း ကိုယ့်ကိုတစ်လုံးမကျန် ဖွင့်ပြောတတ်တဲ့လူမျိုး၊ ပျော်စရာရှိရင်လည်း ကိုယ့်ထက်သူက ပိုပြီးပျော်ပေးနိုင်တဲ့ လူမျိုးကို အချစ်ဆုံးသူငယ်ချင်းအနေနဲ့ သတ်မှတ်တာပါ။

ပြဿနာရှိမှဒီကို ခေါင်းလာတည်ပြီး ကျန်တဲ့အချိန်ကျရင် ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်း မသိတဲ့လူမျိုးကို သူငယ်ချင်းအဆင့်မဟုတ်ဘဲ လိုသုံးလို့ပဲသတ်မှတ်ပါတယ်နော်။ အာ့ကို BFF (Best Friend Forever = တစ်သက်လုံးအတူ မခွဲမခွာပေါင်းသွားမယ့် အချစ်ဆုံးသူငယ်ချင်း လို့နာမည်မတပ်ပစ်ပါနဲ့။ အဇမ်းရွံပြီး အားကြီးစိတ်ဆိုးပါတယ်နော်။)

Related Article >>> မတွေ့ချင်ဘူးပြောတာ မခင်လို့မဟုတ်ပါဘူး သူငယ်ချင်း

အဲ့တော့ လိုသုံးမမတို့ရယ် ဖြစ်နိုင်ရင် ဘဝထဲကိုဝင်ဝင်မလာကြပါနဲ့လား။ ကိုယ်ကတော့ အားနာရင်းနာရင်း ခါးကပါလို့ပါမှန်းကို မသိတတ်ပေမဲ့ ပါတာများလာတော့ လူကသိပ်စိတ်မရှည်ချင်တော့ဘူး။ ပြောဖို့ပါးစပ်က ပြင်လာရောလေ။ ပြီးတော့ အိုင်တို့လိုလူမျိုးတွေက ကူညီရင်လည်း အစွမ်းကုန်ကူညီတတ်သလို ပြောပြီဆိုပြီဆိုရင်လည်း ဘယ်သူ့မျက်နှာမှ ထွေထွေထူးထူးလှည့်ကြည့်နေမှာမဟုတ်ဘဲ ပြောလိုက်ဆိုလိုက်မှာမို့ အဲဒီလို စကားတွေမထွက်ခင် အမြန်ဆုံးဘေးနားကနေထွက်သွားပေးကြပါလို့ တောင်းဆိုပါတယ်နော်။ ပြီးမှ နှုတ်သီးကောင်းတယ်၊ လျှာပါးတယ်လို့ လာလာလက်ညှိုးမထိုးပါနဲ့။ အင်္ဂုလိမာလဇာတ် ခင်းပစ်လိုက်မှာပါလို့ ဟုတ် :3

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed