မိတ္ကပ္လိမ္းဖုိ႔အတြက္ အသက္ႀကီးတယ္ဆိုတာ လံုးဝ (လံုးဝ) မရွိပါဘူး။

လူတိုင္း အရြယ္တိုင္း လွပဖို႔အတြက္ အခြင့္အေရးရွိပါတယ္…

“အသက္ကိုလည္းၾကည့္ဦး ကိုယ့္ဘာသာ မိတ္ကပ္လိမ္းသင့္လား မလိမ္းသင့္လားစဥ္းစားေပါ့? အမေလး ဟိုမွာၾကည့္စမ္း ငါ့အေမအရြယ္ႀကီး မိတ္ကပ္လိမ္းထားလိုက္တာမ်ား ငါ့ထက္ေတာင္ မ်ားေသးတယ္…” စသည္ျဖင့္ ပတ္ဝန္းက်င္က အသက္အရြယ္ကို လိုက္ၿပီး ခြဲျခားလြန္းလို႔ စိတ္ညစ္ေနၿပီလား??? ကိုယ္ကိုယ္တိုင္ကေရာ မိတ္ကပ္ဘရပ္ရွ္ကို ကိုင္ၿပီး ငါလိမ္းတာ သင့္ေတာ္ပါ့မလားလို႔ ေတြးမိေနၿပီလား? အကယ္၍ အဲ့လိုမ်ိဳးေတြ ေတြးမိေနၿပီဆိုရင္ ဒီအေတြးေတြကို အေဝးဆံုးလႊတ္ပစ္လိုက္ဖို႔ အၾကံေပးခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဘယ္အလုပ္မဆို အသက္ႀကီးလို႔မလုပ္ရဘူး ဆိုတာမ်ိဳးမရွိဘဲ ကိုယ့္ခံယူခ်က္အေပၚမွာပဲ မူတည္ေနတာ မဟုတ္လား.. 

ခ်စ္တဲ့ေယာင္းေလးေတြေရ… ကိုယ့္ကိုယ္ကိုယ္ တင့္တယ္ေအာင္ ေနထိုင္တတ္ရင္ လူမႈပတ္ဝန္းက်င္မွာ အရမ္းကို အဆင္ေျပပါတယ္။ အထူးသျဖင့္ ကိုယ့္မ်က္ႏွာမွာ အေရာင္ေၾကာင္ၾကားေနတာမ်ိဳးမဟုတ္ဘဲ သင့္တင့္ေလ်ာ္ကန္တဲ့ မိတ္ကပ္အျပင္အဆင္ျခယ္သထားရင္ ခါတိုင္းထက္ပိုၿပီး တင့္တယ္တယ္လို႔ ခံစားရရင္ စိတ္ခ်လက္ခ်သာ လိမ္းလုိက္ပါ။ ဘာအေၾကာင္းေၾကာင့္နဲ႔မွ တြန္႔ဆုတ္မေနပါနဲ႔… ေနာက္ၿပီး လွခ်င္ပခ်င္စိတ္ရွိတယ္ဆိုတာ ရွက္စရာမဟုတ္ပါဘူး။ အသက္အရြယ္ေၾကာင့္ မိတ္ကပ္မလိမ္းသင့္ဘူး ဘာညာ ရံႈ႕ခ်ေနတဲ့ စိတ္ဓာတ္ေတြကသာ ရွက္စရာပါ။ 

Related Article >>> အလုပ္ေလွ်ာက္ခ်င္သူတုိင္း မျဖစ္မေန သိထားရမယ့္ Cover Letter

ေနာက္ၿပီးလူတိုင္းမွာ ကိုယ့္ယံုၾကည္ခ်က္ကိုယ္ တည္ေဆာက္ခြင့္ရွိၿပီး အဲဒီလိုတည္ေဆာက္ဖို႔အတြက္ လိုအပ္တာကို ကိုယ္တိုင္လုပ္ယူပိုင္ခြင့္ရွိပါတယ္။ အဲဒီထဲမွာ မိတ္ကပ္နဲ႔ အဝတ္အစားအျပင္အဆင္ေတြလည္း ပါတာေပါ့။ ေခတ္ကလည္း တကယ့္ဖလန္းဖလန္းေတြေခတ္ဆိုေတာ့ ကိုယ္ကအသက္ႀကီးေနလို႔ဆိုၿပီး ရိုးရိုးယဥ္ယဥ္တို႔ျပင္ဆင္ ဝါဒကိုလက္ကိုင္ထားရင္း မိတ္ကပ္ျပင္ခ်င္စိတ္ကို ေအာင့္အီးသည္းခံၿပီး ဒီအတိုင္း ေနေနမယ္ဆုိရင္ ၾကာလာတာနဲ႔အမွ် ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈ အားနည္းလာတာ၊ စိတ္ဓာတ္က်တာမ်ိဳး ျဖစ္လာႏုိင္ပါတယ္။ 

ခ်စ္တဲ့ေယာင္းေလးေတြေရ… ကိုယ့္ရဲ႕ပံုစံကိုေျပာင္းလဲျခင္းက ကိုယ့္ရဲ႕စိတ္နဲ႔ အေနအထားေတြကိုေျပာင္းလဲလိုက္ျခင္းပါပဲ။ ၾကည့္ေကာင္းေနတဲ့ ကိုယ့္ပံုစံက ကိုယ့္ရဲ႕စိတ္ဓာတ္ကို ပိုၿပီးတက္ႂကြစေတာမို႔ အားအင္အသစ္ေတြနဲ႔ ေန႔သစ္ေတြကို ေကာင္းေကာင္းျဖတ္သန္းခ်င္တယ္ဆိုရင္ကိုယ့္စိတ္တိုင္းက် ျပင္ဆင္ၿပီး ေနသင့္ပါတယ္။ ဘယ္အသက္အရြယ္တိုင္းမဆို ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈလို႔ေခၚတဲ့ Confidence ကို လိုအပ္ေနေသးတယ္ေလ။

Related Article >>> အသက္(၂၅)ႏွစ္ေက်ာ္လာၿပီဆို မျဖစ္မေန လုပ္ရမယ့္ မ်က္ႏွာအသားအေရ ထိန္းသိမ္းနည္း (၇) ခ်က္

အကယ္၍ႏွင္းေျပာတာ အရမ္းပိုနေတယ္လို႔ထင္ရင္ မိတ္ကပ္လိမ္းတဲ့အခ်ိန္ ကိုယ့္ကိုယ္ကိုယ္ မွန္ထဲၾကည့္ၾကည့္ပါ။ အားနဲ႕မာန္နဲ႔စစ္တိုက္ထြက္မယ့္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အသြင္ကိုေဆာင္ေနပါလိမ့္မယ္။ (မိတ္ကပ္ဘရပ္ရွ္ေတြကေတာ့ သူ႔ရဲ႕လက္နက္ေတြေပါ့။) မိတ္ကပ္လိမ္းျခယ္ျခင္းက ႀကီးမားတဲ့အားအင္တစ္ခုကို လက္ကိုင္ထားၿပီး အဲဒီအားအင္ရဲ႕ အစြမ္းကို ဘယ္သူကမွ တိုင္းတာလုိ႔မရႏိုင္ပါဘူးတဲ့။

စစ္ပြဲေတြႏႊဲဖို႔အတြက္ ျပင္ဆင္မႈေတြကိုလုပ္ရသလို ဘဝရဲ႕တိုက္ပြဲဝင္ဖို႔အတြက္လည္း တတ္ႏိုင္သေလာက္ လက္နက္ေတြကို စုေဆာင္းထားဖို႔လိုပါတယ္။ အထူးသျဖင့္ အက်ဘက္ကိုေရာက္လာတဲ့အခ်ိန္မွာ ဒီလိုအေထာက္အပံ့ေတြ၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေတြက ပိုၿပီးလိုအပ္တာမို႔ သူမ်ားအေျပာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ဖံုးကြယ္လိုက္ရတဲ့အျဖစ္မ်ိဳးေတြ လံုးဝမျဖစ္ပါေစနဲ႔လို႔… 

အရြယ္သံုးပါးမေရြး အလွဆံုးေသာပန္းေတြ ဖူးပြင့္ႏိုင္ၾကပါေစလို႔ ဆုေတာင္းရင္း…

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

လူတိုင်း အရွယ်တိုင်း လှပဖို့အတွက် အခွင့်အရေးရှိပါတယ်…

“အသက်ကိုလည်းကြည့်ဦး ကိုယ့်ဘာသာ မိတ်ကပ်လိမ်းသင့်လား မလိမ်းသင့်လားစဉ်းစားပေါ့? အမလေး ဟိုမှာကြည့်စမ်း ငါ့အမေအရွယ်ကြီး မိတ်ကပ်လိမ်းထားလိုက်တာများ ငါ့ထက်တောင် များသေးတယ်…” စသည်ဖြင့် ပတ်ဝန်းကျင်က အသက်အရွယ်ကို လိုက်ပြီး ခွဲခြားလွန်းလို့ စိတ်ညစ်နေပြီလား??? ကိုယ်ကိုယ်တိုင်ကရော မိတ်ကပ်ဘရပ်ရှ်ကို ကိုင်ပြီး ငါလိမ်းတာ သင့်တော်ပါ့မလားလို့ တွေးမိနေပြီလား? အကယ်၍ အဲ့လိုမျိုးတွေ တွေးမိနေပြီဆိုရင် ဒီအတွေးတွေကို အဝေးဆုံးလွှတ်ပစ်လိုက်ဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်အလုပ်မဆို အသက်ကြီးလို့မလုပ်ရဘူး ဆိုတာမျိုးမရှိဘဲ ကိုယ့်ခံယူချက်အပေါ်မှာပဲ မူတည်နေတာ မဟုတ်လား.. 

ချစ်တဲ့ယောင်းလေးတွေရေ… ကိုယ့်ကိုယ်ကိုယ် တင့်တယ်အောင် နေထိုင်တတ်ရင် လူမှုပတ်ဝန်းကျင်မှာ အရမ်းကို အဆင်ပြေပါတယ်။ အထူးသဖြင့် ကိုယ့်မျက်နှာမှာ အရောင်ကြောင်ကြားနေတာမျိုးမဟုတ်ဘဲ သင့်တင့်လျော်ကန်တဲ့ မိတ်ကပ်အပြင်အဆင်ခြယ်သထားရင် ခါတိုင်းထက်ပိုပြီး တင့်တယ်တယ်လို့ ခံစားရရင် စိတ်ချလက်ချသာ လိမ်းလိုက်ပါ။ ဘာအကြောင်းကြောင့်နဲ့မှ တွန့်ဆုတ်မနေပါနဲ့… နောက်ပြီး လှချင်ပချင်စိတ်ရှိတယ်ဆိုတာ ရှက်စရာမဟုတ်ပါဘူး။ အသက်အရွယ်ကြောင့် မိတ်ကပ်မလိမ်းသင့်ဘူး ဘာညာ ရှုံ့ချနေတဲ့ စိတ်ဓာတ်တွေကသာ ရှက်စရာပါ။ 

Related Article >>> အလုပ်လျှောက်ချင်သူတိုင်း မဖြစ်မနေ သိထားရမယ့် Cover Letter

နောက်ပြီးလူတိုင်းမှာ ကိုယ့်ယုံကြည်ချက်ကိုယ် တည်ဆောက်ခွင့်ရှိပြီး အဲဒီလိုတည်ဆောက်ဖို့အတွက် လိုအပ်တာကို ကိုယ်တိုင်လုပ်ယူပိုင်ခွင့်ရှိပါတယ်။ အဲဒီထဲမှာ မိတ်ကပ်နဲ့ အဝတ်အစားအပြင်အဆင်တွေလည်း ပါတာပေါ့။ ခေတ်ကလည်း တကယ့်ဖလန်းဖလန်းတွေခေတ်ဆိုတော့ ကိုယ်ကအသက်ကြီးနေလို့ဆိုပြီး ရိုးရိုးယဉ်ယဉ်တို့ပြင်ဆင် ဝါဒကိုလက်ကိုင်ထားရင်း မိတ်ကပ်ပြင်ချင်စိတ်ကို အောင့်အီးသည်းခံပြီး ဒီအတိုင်း နေနေမယ်ဆိုရင် ကြာလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အားနည်းလာတာ၊ စိတ်ဓာတ်ကျတာမျိုး ဖြစ်လာနိုင်ပါတယ်။ 

ချစ်တဲ့ယောင်းလေးတွေရေ… ကိုယ့်ရဲ့ပုံစံကိုပြောင်းလဲခြင်းက ကိုယ့်ရဲ့စိတ်နဲ့ အနေအထားတွေကိုပြောင်းလဲလိုက်ခြင်းပါပဲ။ ကြည့်ကောင်းနေတဲ့ ကိုယ့်ပုံစံက ကိုယ့်ရဲ့စိတ်ဓာတ်ကို ပိုပြီးတက်ကြွစတောမို့ အားအင်အသစ်တွေနဲ့ နေ့သစ်တွေကို ကောင်းကောင်းဖြတ်သန်းချင်တယ်ဆိုရင်ကိုယ့်စိတ်တိုင်းကျ ပြင်ဆင်ပြီး နေသင့်ပါတယ်။ ဘယ်အသက်အရွယ်တိုင်းမဆို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလို့ခေါ်တဲ့ Confidence ကို လိုအပ်နေသေးတယ်လေ။

Related Article >>> အသက်(၂၅)နှစ်ကျော်လာပြီဆို မဖြစ်မနေ လုပ်ရမယ့် မျက်နှာအသားအရေ ထိန်းသိမ်းနည်း (၇) ချက်

အကယ်၍နှင်းပြောတာ အရမ်းပိုနတေယ်လို့ထင်ရင် မိတ်ကပ်လိမ်းတဲ့အချိန် ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ကြည့်ပါ။ အားနဲ့မာန်နဲ့စစ်တိုက်ထွက်မယ့် အမျိုးသမီးတစ်ယောက်ရဲ့ အသွင်ကိုဆောင်နေပါလိမ့်မယ်။ (မိတ်ကပ်ဘရပ်ရှ်တွေကတော့ သူ့ရဲ့လက်နက်တွေပေါ့။) မိတ်ကပ်လိမ်းခြယ်ခြင်းက ကြီးမားတဲ့အားအင်တစ်ခုကို လက်ကိုင်ထားပြီး အဲဒီအားအင်ရဲ့ အစွမ်းကို ဘယ်သူကမှ တိုင်းတာလို့မရနိုင်ပါဘူးတဲ့။

စစ်ပွဲတွေနွှဲဖို့အတွက် ပြင်ဆင်မှုတွေကိုလုပ်ရသလို ဘဝရဲ့တိုက်ပွဲဝင်ဖို့အတွက်လည်း တတ်နိုင်သလောက် လက်နက်တွေကို စုဆောင်းထားဖို့လိုပါတယ်။ အထူးသဖြင့် အကျဘက်ကိုရောက်လာတဲ့အချိန်မှာ ဒီလိုအထောက်အပံ့တွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေက ပိုပြီးလိုအပ်တာမို့ သူများအပြောကြောင့် ကိုယ့်ကိုယ်ကိုယ်ဖုံးကွယ်လိုက်ရတဲ့အဖြစ်မျိုးတွေ လုံးဝမဖြစ်ပါစေနဲ့လို့… 

အရွယ်သုံးပါးမရွေး အလှဆုံးသောပန်းတွေ ဖူးပွင့်နိုင်ကြပါစေလို့ ဆုတောင်းရင်း…

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed