ကိုယ့္ကိုယ္ကိုယ္ လွတယ္ထင္လုိ႔ ဝတ္တာလား ႏွင့္ အျမစ္တြယ္ေနေသာ ႏွိမ့္ခ်မႈမ်ား

ႀကံဳဖူးလား ကိုယ့္ခႏၶာကိုယ္အားနည္းခ်က္ကို ကိုယ့္ေရွ႕တင္ေျပာၿပီး အဟားခံရတာမ်ိဳး..

လူမႈဝန္းက်င္မွာ ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီး ေလွာင္တာေျပာင္တာေတြက အရမ္းကို အသားက်လြန္းေနတာ ေယာင္းတို႔လည္း သတိထားမိမွာပါ။ အေပါင္းအသင္းမိတ္ေတြေတြၾကားမွာဆိုလည္း တစ္ေယာက္ခ်င္းစီရဲ႕ ခႏၶာကိုယ္နဲ႔ ပတ္သက္တဲ့ ႐ုပ္ရည္သြင္ျပင္အားနည္းခ်က္ေတြကို ေလွာင္ေျပာင္ ဟာသလုပ္ၾကတာ အက်င့္ျဖစ္ေနပါၿပီ။

ဥပမာ – အသားမည္းသူတစ္ေယာက္ ဆုိပါေတာ့။ အေပါင္းအသင္းေတြ စုမိတိုင္း သူ႔ရဲ႕အသားအေရာင္နဲ႔ ပတ္သက္တဲ့ဟာသေတြကို အခ်င္းခ်င္းေလွာင္ေျပာင္ၾကမယ္။ ဥပမာ နင့္အသားအေရာင္က သပိတ္ႏုေရာင္ေလး ဆိုတာမ်ိိဳး။ မရယ္ရဘူးလားဆုိေတာ့ ဟုတ္ပါတယ္။ ရယ္ရပါတယ္။ ဒါေပမဲ့ အဲဒီလို ေလွာင္ေျပာင္ရယ္ေမာလိုက္လို႔ ကာယကံ႐ွင္ရဲ႕ ရင္ထဲမွာ ဘယ္လုိခံစားရလဲဆိုတာကိုေတာ့ ကိုယ္ခ်င္းစာေပးသင့္တယ္ မဟုတ္ဘူးလား…

ေလွာင္ေျပာင္ခံရသူက စိတ္ဆိုးရင္လည္း အေပါင္းအသင္းေတြက ခ်စ္လို႔ ခင္လို႔ စတာကို စိတ္ဆိုးတယ္ အျဖစ္သည္းလုိက္တာလို႔ အျပစ္တင္တတ္ၾကပါေသးတယ္။ ဒီေတာ့လည္း ေလွာင္ေျပာင္ခံရသူက သူ႔အေၾကာင္းကို လူေတြ ဟာသလုပ္ ရယ္ေမာၾကတိုင္း ေရာေယာင္ရယ္ေမာေနေပမဲ့ ရင္ထဲမေကာင္းျဖစ္ေနမိမွာပါ။

လူတိုင္းေတာ့ ငယ္စဥ္ကတည္းက အားနည္းခ်က္႐ွိသူကို မေလွာင္ေျပာင္ရဘူးဆုိတာ မိဘဆရာေတြက သင္ၾကားတာ ခံခဲ့ရပါတယ္။ ဒါေပမဲ့ အမ်ားထင္မွတ္တာက မသန္စြမ္းသူေတြ၊ စကားထစ္သူေတြ၊ နဲ႔ အျခားအားနည္းခ်က္ ႀကီးႀကီးမားမား ႐ွိသူေတြကိုပဲ ေလွာင္ေျပာင္ဟာသ လုပ္တာမ်ိဳးကိုသာ ေရွာင္သင့္တာလုိ႔ ထင္ၾကပါတယ္။ (ဒါေတာင္ ဒီလိုအားနည္းခ်က္ေတြရွိတဲ့သူေတြကိုေတာင္ ေလွာင္ၾကတာ အမ်ားအျပားပါပဲ)

Related Article >>> မိန္းမလွနဲ ့မိန္းမေကာင္း

တကယ္ေတာ့ လူတိုင္းမွာ ခႏၶာကိုယ္႐ုပ္ရည္သြင္ျပင္နဲ႔ ပတ္သက္ရင္ အားနည္းခ်က္တစ္ခုမဟုတ္ေတာ့ တစ္ခုေတာ့ ႐ွိတတ္ၾကပါတယ္။ ျဖဴတာ၊ မည္းတာ၊ ဝတာ၊ ပိန္တာ၊ ပုတာ၊ ႐ွည္တာ ေတြအျပင္ ႏႈတ္ခမ္းေလးေထာ္ေနတာ၊ သြားေခါေနတာ၊ မ်က္စိေပါက္က်ဥ္းတာ၊ က်ယ္တာ၊ ႏွာေခါင္းက ပြလြန္းတာ၊ သြားေတြမညီညာတာ၊ ေျခသလံုးက တုတ္ေနတာ၊ ခႏၶာကိုယ္မွာ အမာ႐ြတ္ေတြ႐ွိတာ အစ႐ွိသျဖင့္ေပါ့။

ဒီလုိခ်ိဳ႕ယြင္းခ်က္ေတြက လူတိုင္းမွာ တစ္ခုမဟုတ္တစ္ခု ႐ွိၾကတာပါပဲ။ ဒါေတြဟာ ႐ွက္စရာ၊ သိမ္ငယ္စရာမဟုတ္သလုိ ေလွာင္ေျပာင္စရာလည္း မဟုတ္ပါဘူး။ ခ်စ္လို႔ ခင္လို႔ စခ်င္ ေနာက္ခ်င္ရင္လည္း ဒီလိုအရာမ်ိဳးနဲ႔ မစသင့္ မေနာက္သင့္ပါဘူး။ အစခံရသူ အေနာက္ခံရသူေတြကလည္း စိတ္မခ်မ္းသာပါဘူး။

ေနာက္တစ္ခုကေတာ့ အဝတ္အစားဝတ္တာနဲ႔ ပတ္သက္ပါတယ္။

ဥပမာ –

ေပါင္က ဒီေလာက္အဆီေတြမ်ားေနတာ ဘာလုိ႔ အတို ေတြဝတ္တာလဲ မလုိက္မဖက္ဟယ္

နင့္ကိုယ္နင္ လွတယ္ထင္လုိ႔ အဲဒီ ဝတ္စံု ဝတ္ထားတာလား။ လူက ငါးေဖာင္႐ိုးေျခာက္ကို

အမေလး ဗိုက္ေခါက္ႀကီး ထြက္ေနတာေတာင္ ေရကူးဝတ္စံုဝတ္ထားေသးတယ္ အံ့ၾသပါ့

အသားက မည္းရတဲ့အထဲ ဝတ္ထားတဲ့အေရာင္က ၾကည့္ဦး။

Related Article >>> ရုပ္မလွေပမယ့္ စိတ္လွရင္ေတာ့ ဂုဏ္ယူလုိက္ပါ

ဒီလို ေလွာင္ေျပာင္ကဲ့ရဲ႕မႈမ်ိဳးကို ကာယကံ႐ွင္ရဲ႕ ေ႐ွ႕မွာေရာ၊ ေနာက္မွာပါ ေျပာဆုိၾကတာကို ၾကားဖူးၾကမွာပါ။ ကိုယ္တုိင္လည္း အေျပာအဆုိခံခဲ့ဖူးၾကမွာပါ။

တကယ္ေတာ့ ဒါဟာလည္း မေျပာဆုိသင့္တဲ့ အရာပါ။ လူတိုင္းက အျပစ္ေျပာစရာမ႐ွိေအာင္ လွပတဲ့ ခႏၶာကိုယ္႐ွိမွ ဝတ္ခ်င္တာ ဝတ္ရမယ္ဆုိတဲ့ ဥပေဒ ဘယ္ေခတ္မွာမွ မေပၚေပါက္ဖူးသလုိ ႐ွိလာမွာလည္း မဟုတ္ပါဘူး။ ဘယ္သူမဆုိ လြတ္လပ္စြာ ဝတ္စားဆင္ယင္ခြင့္႐ွိပါတယ္။ ဒါကို ကိုယ့္ခႏၶာကိုယ္မွာ အားနည္းခ်က္ေတြ႐ွိတာေတာင္ ဒီလုိဝတ္ရစားရလားလုိ႔ ေလွာင္ေျပာင္စရာအေၾကာင္းလည္းမ႐ွိပါဘူး။

ဖက္႐ွင္အျမင္နဲ႔ ၾကည့္ရင္ေတာ့ ခႏၶာကိုယ္၊ အသားအေရာင္နဲ႔ လုိက္ဖက္တင့္တယ္ေအာင္ ဘယ္လုိ ဝတ္စားဆင္ယင္သင့္တယ္ဆုိတဲ့ အခ်က္ေလးေတြေတာ့ ႐ွိပါတယ္။ ဒါဟာ စည္းမ်ဥး္စည္းကမ္းဥပေဒမဟုတ္တဲ့အတြက္ လိုက္နာခ်င္လည္း ရသလုိ မလိုက္နာခ်င္လည္း ရပါတယ္ေနာ္။ လူတစ္ေယာက္ ဝတ္စားဆင္ယင္ထားတာ မလွဘူး၊ ၾကည့္မေကာင္းဘူးဆိုရင္ ဒီလိုေလး ဝတ္ပါလားလုိ႔ အႀကံေပးသင့္တာပါ။ မေလွာင္ေျပာင္သင့္သလို ေလွာင္ေျပာင္ခြင့္လည္း မ႐ွိပါဘူး။

ခပ္စြာစြာေလးေျပာရမယ္ဆုိရင္ လူတုိင္းမွာ လြတ္လပ္စြာ မလွပိုင္ခြင့္႐ွိပါတယ္။ မလွျခင္းဟာ အားနည္းခ်က္ မဟုတ္သလို ေလွာင္ေျပာင္စရာလည္း မဟုတ္ပါဘူးလုိ႔။

ေယာင္းတုိ႔ကိုယ္တုိင္လည္း ဒီလိုေလွာင္ေျပာင္ႏွိမ့္ခ်မႈကို ကိုယ္တုိင္မလုပ္မိဖို႔ေ႐ွာင္က်ဥ္သင့္သလုိ သူမ်ားလုပ္တာေတြ႔ရင္လည္း တားဆီးကန္႔ကြက္ပါ၊ ကိုယ့္ကို လာေျပာတဲ့သူေတြ ရွိေနခဲ့ရင္လည္း ဒီစကားေတြကို နားေယာင္ၿပီး ႐ွက္႐ြံ႕သိမ္ငယ္တာမ်ိဳး ျဖစ္စရာမလိုဘူးလို႔ အသိေပးလိုက္ပါေရေစေယာင္းတို႔ေရ…

ေယာင္းတို႔ ေပ်ာ္ရႊင္ၾကပါေစ

Sugar Cane (For Her Myanmar)

<<< Unicode >>>

ကြုံဖူးလား ကိုယ့်ခန္ဓာကိုယ်အားနည်းချက်ကို ကိုယ့်ရှေ့တင်ပြောပြီး အဟားခံရတာမျိုး..

လူမှုဝန်းကျင်မှာ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး လှောင်တာပြောင်တာတွေက အရမ်းကို အသားကျလွန်းနေတာ ယောင်းတို့လည်း သတိထားမိမှာပါ။ အပေါင်းအသင်းမိတ်တွေတွေကြားမှာဆိုလည်း တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ရုပ်ရည်သွင်ပြင်အားနည်းချက်တွေကို လှောင်ပြောင် ဟာသလုပ်ကြတာ အကျင့်ဖြစ်နေပါပြီ။

ဥပမာ – အသားမည်းသူတစ်ယောက် ဆိုပါတော့။ အပေါင်းအသင်းတွေ စုမိတိုင်း သူ့ရဲ့အသားအရောင်နဲ့ ပတ်သက်တဲ့ဟာသတွေကို အချင်းချင်းလှောင်ပြောင်ကြမယ်။ ဥပမာ နင့်အသားအရောင်က သပိတ်နုရောင်လေး ဆိုတာမျိုး။ မရယ်ရဘူးလားဆိုတော့ ဟုတ်ပါတယ်။ ရယ်ရပါတယ်။ ဒါပေမဲ့ အဲဒီလို လှောင်ပြောင်ရယ်မောလိုက်လို့ ကာယကံရှင်ရဲ့ ရင်ထဲမှာ ဘယ်လိုခံစားရလဲဆိုတာကိုတော့ ကိုယ်ချင်းစာပေးသင့်တယ် မဟုတ်ဘူးလား…

လှောင်ပြောင်ခံရသူက စိတ်ဆိုးရင်လည်း အပေါင်းအသင်းတွေက ချစ်လို့ ခင်လို့ စတာကို စိတ်ဆိုးတယ် အဖြစ်သည်းလိုက်တာလို့ အပြစ်တင်တတ်ကြပါသေးတယ်။ ဒီတော့လည်း လှောင်ပြောင်ခံရသူက သူ့အကြောင်းကို လူတွေ ဟာသလုပ် ရယ်မောကြတိုင်း ရောယောင်ရယ်မောနေပေမဲ့ ရင်ထဲမကောင်းဖြစ်နေမိမှာပါ။

လူတိုင်းတော့ ငယ်စဉ်ကတည်းက အားနည်းချက်ရှိသူကို မလှောင်ပြောင်ရဘူးဆိုတာ မိဘဆရာတွေက သင်ကြားတာ ခံခဲ့ရပါတယ်။ ဒါပေမဲ့ အများထင်မှတ်တာက မသန်စွမ်းသူတွေ၊ စကားထစ်သူတွေ၊ နဲ့ အခြားအားနည်းချက် ကြီးကြီးမားမား ရှိသူတွေကိုပဲ လှောင်ပြောင်ဟာသ လုပ်တာမျိုးကိုသာ ရှောင်သင့်တာလို့ ထင်ကြပါတယ်။ (ဒါတောင် ဒီလိုအားနည်းချက်တွေရှိတဲ့သူတွေကိုတောင် လှောင်ကြတာ အများအပြားပါပဲ)

Related Article >>> မိန်းမလှနဲ့မိန်းမကောင်း

တကယ်တော့ လူတိုင်းမှာ ခန္ဓာကိုယ်ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်ရင် အားနည်းချက်တစ်ခုမဟုတ်တော့ တစ်ခုတော့ ရှိတတ်ကြပါတယ်။ ဖြူတာ၊ မည်းတာ၊ ဝတာ၊ ပိန်တာ၊ ပုတာ၊ ရှည်တာ တွေအပြင် နှုတ်ခမ်းလေးထော်နေတာ၊ သွားခေါနေတာ၊ မျက်စိပေါက်ကျဉ်းတာ၊ ကျယ်တာ၊ နှာခေါင်းက ပွလွန်းတာ၊ သွားတွေမညီညာတာ၊ ခြေသလုံးက တုတ်နေတာ၊ ခန္ဓာကိုယ်မှာ အမာရွတ်တွေရှိတာ အစရှိသဖြင့်ပေါ့။

ဒီလိုချို့ယွင်းချက်တွေက လူတိုင်းမှာ တစ်ခုမဟုတ်တစ်ခု ရှိကြတာပါပဲ။ ဒါတွေဟာ ရှက်စရာ၊ သိမ်ငယ်စရာမဟုတ်သလို လှောင်ပြောင်စရာလည်း မဟုတ်ပါဘူး။ ချစ်လို့ ခင်လို့ စချင် နောက်ချင်ရင်လည်း ဒီလိုအရာမျိုးနဲ့ မစသင့် မနောက်သင့်ပါဘူး။ အစခံရသူ အနောက်ခံရသူတွေကလည်း စိတ်မချမ်းသာပါဘူး။

နောက်တစ်ခုကတော့ အဝတ်အစားဝတ်တာနဲ့ ပတ်သက်ပါတယ်။

ဥပမာ –

ပေါင်က ဒီလောက်အဆီတွေများနေတာ ဘာလို့ အတို တွေဝတ်တာလဲ မလိုက်မဖက်ဟယ်

နင့်ကိုယ်နင် လှတယ်ထင်လို့ အဲဒီ ဝတ်စုံ ဝတ်ထားတာလား။ လူက ငါးဖောင်ရိုးခြောက်ကို

အမလေး ဗိုက်ခေါက်ကြီး ထွက်နေတာတောင် ရေကူးဝတ်စုံဝတ်ထားသေးတယ် အံ့သြပါ့

အသားက မည်းရတဲ့အထဲ ဝတ်ထားတဲ့အရောင်က ကြည့်ဦး။

Related Article >>> ရုပ်မလှပေမယ့် စိတ်လှရင်တော့ ဂုဏ်ယူလိုက်ပါ

ဒီလို လှောင်ပြောင်ကဲ့ရဲ့မှုမျိုးကို ကာယကံရှင်ရဲ့ ရှေ့မှာရော၊ နောက်မှာပါ ပြောဆိုကြတာကို ကြားဖူးကြမှာပါ။ ကိုယ်တိုင်လည်း အပြောအဆိုခံခဲ့ဖူးကြမှာပါ။

တကယ်တော့ ဒါဟာလည်း မပြောဆိုသင့်တဲ့ အရာပါ။ လူတိုင်းက အပြစ်ပြောစရာမရှိအောင် လှပတဲ့ ခန္ဓာကိုယ်ရှိမှ ဝတ်ချင်တာ ဝတ်ရမယ်ဆိုတဲ့ ဥပဒေ ဘယ်ခေတ်မှာမှ မပေါ်ပေါက်ဖူးသလို ရှိလာမှာလည်း မဟုတ်ပါဘူး။ ဘယ်သူမဆို လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့်ရှိပါတယ်။ ဒါကို ကိုယ့်ခန္ဓာကိုယ်မှာ အားနည်းချက်တွေရှိတာတောင် ဒီလိုဝတ်ရစားရလားလို့ လှောင်ပြောင်စရာအကြောင်းလည်းမရှိပါဘူး။

ဖက်ရှင်အမြင်နဲ့ ကြည့်ရင်တော့ ခန္ဓာကိုယ်၊ အသားအရောင်နဲ့ လိုက်ဖက်တင့်တယ်အောင် ဘယ်လို ဝတ်စားဆင်ယင်သင့်တယ်ဆိုတဲ့ အချက်လေးတွေတော့ ရှိပါတယ်။ ဒါဟာ စည်းမျဥ်းစည်းကမ်းဥပဒေမဟုတ်တဲ့အတွက် လိုက်နာချင်လည်း ရသလို မလိုက်နာချင်လည်း ရပါတယ်နော်။ လူတစ်ယောက် ဝတ်စားဆင်ယင်ထားတာ မလှဘူး၊ ကြည့်မကောင်းဘူးဆိုရင် ဒီလိုလေး ဝတ်ပါလားလို့ အကြံပေးသင့်တာပါ။ မလှောင်ပြောင်သင့်သလို လှောင်ပြောင်ခွင့်လည်း မရှိပါဘူး။

ခပ်စွာစွာလေးပြောရမယ်ဆိုရင် လူတိုင်းမှာ လွတ်လပ်စွာ မလှပိုင်ခွင့်ရှိပါတယ်။ မလှခြင်းဟာ အားနည်းချက် မဟုတ်သလို လှောင်ပြောင်စရာလည်း မဟုတ်ပါဘူးလို့။

ယောင်းတို့ကိုယ်တိုင်လည်း ဒီလိုလှောင်ပြောင်နှိမ့်ချမှုကို ကိုယ်တိုင်မလုပ်မိဖို့ရှောင်ကျဉ်သင့်သလို သူများလုပ်တာတွေ့ရင်လည်း တားဆီးကန့်ကွက်ပါ၊ ကိုယ့်ကို လာပြောတဲ့သူတွေ ရှိနေခဲ့ရင်လည်း ဒီစကားတွေကို နားယောင်ပြီး ရှက်ရွံ့သိမ်ငယ်တာမျိုး ဖြစ်စရာမလိုဘူးလို့ အသိပေးလိုက်ပါရေစေယောင်းတို့ရေ…

ယောင်းတို့ ပျော်ရွှင်ကြပါစေ

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed