ပတ္ဝန္းက်င္ကိုဂ႐ုမစိုက္ဘူးဆိုတာေသခ်ာလုိ႔လား

ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဘူးလုိ႔ ေအာ္ေနတာကိုက ပတ္ဝန္းက်င္ကို ဂ႐ုစိုက္မိေနတာပါ

<<<Zawgyi>>>

အခုေခတ္ မိန္းကေလးေတြ ေတာ္ေတာ္မ်ားမ်ားေျပာၾကတဲ့ စကား႐ွိပါတယ္။ ငါက ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဘူး။ ငါ ေပ်ာ္တာ ငါလုပ္တာ လူေတြ ဘယ္လုိပဲ ေဝဖန္ ေဝဖန္ လံုးဝ I don’t Care ပဲ တဲ့။

ဒီလုိ စကားမ်ိဳး အက္ဒ္မင္လည္း ေျပာခဲ့ဖူးပါတယ္ေလ။ ႏွစ္ဆယ္ဝန္းက်င္ေလာက္တုန္းကေပါ့။ အခုေတာ့ အဲဒီလို သိပ္မေျပာေတာ့ပါဘူး။ မေျပာေတာ့ဘူးဆိုေတာ့ အက္ဒ္မင္က ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္တာ မွားတယ္။ လူဆိုတာ ပတ္ဝန္းက်င္နဲ႔ မကင္းကြာရဘူး။ ဘလာ ဘာလာ ဘလာ ဆုိၿပီး ၾသဝါဒေတြ ေႁခြေတာ့မယ္ မထင္ပါနဲ႔ေနာ္။ အဲဒီလုိမဟုတ္ပါဘူး။

Related Article >>> ေဝဖန္အႀကံျပဳခ်က္ေတြကို ဘယ္လိုရင္ဆိုင္ရမလဲ?

အက္ဒ္မင္ ေမးခ်င္တာက ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္တာေသခ်ာလို႔လား။ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဘူး လုိ႔ တြင္တြင္ေအာ္ေန႐ံုနဲ႔ တကယ္ပဲ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ရာေရာက္သြားၿပီလားဆိုတာပါ။

ဒါနဲ႔ ပတ္သက္လို႔ အက္ဒ္မင့္အေတြ႕အၾကံဳကို ျပန္မွ်ေဝေပးခ်င္ပါတယ္။ အက္ဒ္မင္ငယ္စဥ္က ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဘူးလုိ႔ တြင္တြင္ေအာ္ေနခဲ့ေပမဲ့ ကိုယ့္မသိစိတ္ထဲမွာ ပတ္ဝန္းက်င္ကို ဂ႐ုစိုက္တဲ့ စိတ္က မသိမသာခုိေအာင္းေနခဲ့တာပါ။ ဒါကို ေနာက္ပိုင္း ကိုယ့္အေၾကာင္းကို ျပန္သံုးသပ္ၾကည့္တဲ့အခါမွ ဒီလုိ နားလည္လာတာပါ။

လူ႕သဘာဝအရ ခ်ီးမြမ္းစကားသံကို တပ္မက္တယ္။ ေဝဖန္ကဲ့ရဲ႕သံကို မၾကားလိုဘူး ဒါဟာ သဘာဝပါပဲ။ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဘူးဆိုသူေတြကို ပတ္ဝန္းက်င္က ခ်ီးမြမ္းစကားဆုိတဲ့အခါ သူတို႔လည္း သာယာေပ်ာ္႐ႊင္ၾကမွာပဲေလ။ ဒါဆိုရင္ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဘူးဆိုတာ ဘယ္မွန္ေတာ့မလဲေနာ္။

ဒါေပမဲ့ ကိုယ္ေပ်ာ္သလုိ ကိုယ္ေနတတ္တာကို ပတ္ဝန္းက်င္က လူေတြက ေဝဖန္ကဲ့ရဲ႕လာတဲ့အခါ မသိစိတ္မွာ ထိခုိက္ရတယ္။ ငါက ဘယ္သူ႔ကိုမွ ထိခုိက္ေအာင္မလုပ္ရဘဲ လူေတြက ငါ့ကို မေကာင္းေျပာၾကတယ္ဆိုတဲ့ ေဒါသနဲ႔ မာနေလးက ေခါင္းေထာင္လာတယ္။

ငယ္႐ြယ္ၿပီး အဆင္အျခင္နည္းမႈက ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဘဲ သူတို႔ေ႐ွ႕မွာ သူတို႔ေဝဖန္တဲ့အရာေတြကို ပိုလုပ္ေစဖို႔ တြန္းအားေပးေစတယ္။ အဲဒီလုိနဲ႔ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဘူးလုိ႔ တြင္တြင္ေအာ္ရင္း ပတ္ဝန္းက်င္ကို ဂ႐ုအစိုက္ႀကီးစိုက္၊ ပတ္ဝန္းက်င္က လူေတြကိုအ႐ြဲ႕တုိက္ရင္း သူတို႔မႀကိဳက္တာကို ပိုလုပ္ျပမိတာပါပဲ။

Related Article >>> လူငယ္တစ္ေယာက္အေနနဲ႔ မိမိရဲ႕ ေအာင္ျမင္မႈ လမ္းေၾကာင္းကို ဘယ္လို ထိုးေဖာက္မလဲ။

အက်ိဳးဆက္ကေတာ့ သူတို႔ေဝဖန္ေလ၊ ကိုယ္က ပိုဆိုးျပေလ၊ ကိုယ္က ပိုဆိုးေလ သူတုိ႔က ပိုေဝဖန္ေလ နဲ႔ သံသရာလည္ေတာ့တာေပါ့။ အခုအသက္အ႐ြယ္ရလာတဲ့အခါ ဒီလုိျဖစ္ရတာကို နားလည္လာေတာ့ ပတ္ဝန္းက်င္ကို ငါ မသိစိတ္ကေန ဂ႐ုစိုက္မိေနခဲ့ပါလား ဆိုတာ သိလာပါတယ္။

အ႐ြဲ႔တုိက္ျပေနလို႔လည္း အက်ိဳးမ႐ွိပါဘူး

ဒီေနာက္ပိုင္းမွာေတာ့ အက္ဒမင္ေျပာင္းလဲမႈေတြ လုပ္ခဲ့ပါတယ္။ ပတ္ဝန္းက်င္က ေဝဖန္တဲ့ လုပ္ရပ္ေတြကို ရပ္တန္႔ခဲ့တာလားဆိုေတာ့ ႏိုးပါ။ အက္ဒ္မင့္ ခံယူခ်က္က ကိုယ့္လုပ္ရပ္တစ္ခုဟာ အက်င့္စာရိတၱပ်က္ျပားတာမ်ိဳး၊ သူတစ္ပါးကို ထိခုိက္ပ်က္စီးေစတာမ်ိဳးကလြဲရင္ လူတုိင္းဟာ ကိုယ္လုပ္ခ်င္ရာလုပ္ခြင့္႐ွိပါတယ္။ ဒါေၾကာင့္ ဘယ္သူ႔ကိုမွ မထိခုိက္ေစဘဲ အက္ဒ္မင္ေပ်ာ္ရာလုပ္တာကို ဘယ္သူေဝဖန္လို႔မွ ရပ္တန္႔မွာမဟုတ္ပါဘူး။

ဒီလိုလုပ္လို႔ ပတ္ဝန္းက်င္က ေဝဖန္လည္း အက္ဒ္မင္ ဂ႐ုမစိုက္ေတာ့ပါဘူး။ အ႐ြဲ႕တုိက္ျပမွာလည္း မဟုတ္သလို စိတ္ထဲ အေတြးမွာေတာင္ သူတုိ႔ရဲ႕ ေဝဖန္စကားေတြကို မထည့္ေတာ့ပါဘူး။ လူေတြဆိုတာက ကိုယ္ေကာင္းတာ ေတာ္တာ လုပ္လို႔ ခ်ီးမြမ္းခဲပါတယ္။ မ႐ွိ႐ွိရာအျပစ္ကို ေဝဖန္ၾကမွာျဖစ္တဲ့အတူတူေတာ့ ဘာေၾကာင့္ သူတို႔ေဝဖန္တာကို ေၾကာက္ေနမလဲေနာ္။

သူတုိ႔ရဲ႕ ေဝဖန္စကားေတြကို ဘယ္လုိနည္းနဲ႔မွ စိတ္ထဲမထည့္ေတာ့တဲ့အခါ ေပ်ာ္ရသူက ကိုယ္တုိင္ပါ။ အရင္ကလုိ ငါ့ကို ေျပာရက္ေလျခင္း ဆိုတဲ့စိတ္လည္းမ႐ွိေတာ့ပါဘူး။ ေနာက္ၿပီး ကိုယ့္ ဘဝရည္မွန္းခ်က္၊ ကိုယ့္ မိသားစု၊ ကိုယ့္ ခ်စ္သူ ၊ ကိုယ့္မိတ္ေဆြ ဒါေတြအေၾကာင္းပဲ ေခါင္းထဲ ထည့္ထားတဲ့အခါ ပတ္ဝန္းက်င္က လူေတြ အေၾကာင္းကို ေတြးဖို႔စဥ္းစားဖုိ႔ အခ်ိန္လံုးဝမ႐ွိေတာ့တာပါ။ ေျပာရရင္ ငါက ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဘူး လို႔ေတာင္ မေအာ္ျဖစ္ေတာ့သည္အထိပါပဲ။

ေယာင္းတို႔ကိုလည္း အက္ဒ္မင္ မသိနားမလည္ခင္က ျဖစ္ခဲ့တဲ့ အမွားမ်ိဳးမက်ဴးလြန္ေစခ်င္လုိ႔ ဒီလို အက္ဒ္မင့္အေတြ႕အၾကံဳကို မွ်ေဝေပးတာပါ။ ပတ္ဝန္းက်င္ကို တကယ္ဂ႐ုမစိုက္ဘူးဆိုရင္ သူတို႔အေၾကာင္းကို ေခါင္းထဲလံုးဝမထည့္ဘဲ ကိုယ့္ဘဝအေၾကာင္းပဲ ကိုယ္ေတြးၿပီး ေပ်ာ္႐ႊင္မႈ႐ွာေဖြၾကဖို႔ အက္ဒ္မင္က အၾကံျပဳလုိက္ပါတယ္ေနာ္။

Sugar Cane (For Her Myanmar)

<<<Unicode>>>

ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးလို့ အော်နေတာကိုက ပတ်ဝန်းကျင်ကို ဂရုစိုက်မိနေတာပါ

အခုခေတ် မိန်းကလေးတွေ တော်တော်များများပြောကြတဲ့ စကားရှိပါတယ်။ ငါက ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူး။ ငါ ပျော်တာ ငါလုပ်တာ လူတွေ ဘယ်လိုပဲ ဝေဖန် ဝေဖန် လုံးဝ I don’t Care ပဲ တဲ့။

ဒီလို စကားမျိုး အက်ဒ်မင်လည်း ပြောခဲ့ဖူးပါတယ်လေ။ နှစ်ဆယ်ဝန်းကျင်လောက်တုန်းကပေါ့။ အခုတော့ အဲဒီလို သိပ်မပြောတော့ပါဘူး။ မပြောတော့ဘူးဆိုတော့ အက်ဒ်မင်က ပတ်ဝန်းကျင်ကို ဂရုမစိုက်တာ မှားတယ်။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ မကင်းကွာရဘူး။ ဘလာ ဘာလာ ဘလာ ဆိုပြီး သြဝါဒတွေ ခြွေတော့မယ် မထင်ပါနဲ့နော်။ အဲဒီလိုမဟုတ်ပါဘူး။

Related Article >>> ဝေဖန်အကြံပြုချက်တွေကို ဘယ်လိုရင်ဆိုင်ရမလဲ?

အက်ဒ်မင် မေးချင်တာက ပတ်ဝန်းကျင်ကို ဂရုမစိုက်တာသေချာလို့လား။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူး လို့ တွင်တွင်အော်နေရုံနဲ့ တကယ်ပဲ ပတ်ဝန်းကျင်ကို ဂရုမစိုက်ရာရောက်သွားပြီလားဆိုတာပါ။

ဒါနဲ့ ပတ်သက်လို့ အက်ဒ်မင့်အတွေ့အကြုံကို ပြန်မျှဝေပေးချင်ပါတယ်။ အက်ဒ်မင်ငယ်စဉ်က ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးလို့ တွင်တွင်အော်နေခဲ့ပေမဲ့ ကိုယ့်မသိစိတ်ထဲမှာ ပတ်ဝန်းကျင်ကို ဂရုစိုက်တဲ့ စိတ်က မသိမသာခိုအောင်းနေခဲ့တာပါ။ ဒါကို နောက်ပိုင်း ကိုယ့်အကြောင်းကို ပြန်သုံးသပ်ကြည့်တဲ့အခါမှ ဒီလို နားလည်လာတာပါ။

လူ့သဘာဝအရ ချီးမွမ်းစကားသံကို တပ်မက်တယ်။ ဝေဖန်ကဲ့ရဲ့သံကို မကြားလိုဘူး ဒါဟာ သဘာဝပါပဲ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးဆိုသူတွေကို ပတ်ဝန်းကျင်က ချီးမွမ်းစကားဆိုတဲ့အခါ သူတို့လည်း သာယာပျော်ရွှင်ကြမှာပဲလေ။ ဒါဆိုရင် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးဆိုတာ ဘယ်မှန်တော့မလဲနော်။

ဒါပေမဲ့ ကိုယ်ပျော်သလို ကိုယ်နေတတ်တာကို ပတ်ဝန်းကျင်က လူတွေက ဝေဖန်ကဲ့ရဲ့လာတဲ့အခါ မသိစိတ်မှာ ထိခိုက်ရတယ်။ ငါက ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ရဘဲ လူတွေက ငါ့ကို မကောင်းပြောကြတယ်ဆိုတဲ့ ဒေါသနဲ့ မာနလေးက ခေါင်းထောင်လာတယ်။

ငယ်ရွယ်ပြီး အဆင်အခြင်နည်းမှုက ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ သူတို့ရှေ့မှာ သူတို့ဝေဖန်တဲ့အရာတွေကို ပိုလုပ်စေဖို့ တွန်းအားပေးစေတယ်။ အဲဒီလိုနဲ့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးလို့ တွင်တွင်အော်ရင်း ပတ်ဝန်းကျင်ကို ဂရုအစိုက်ကြီးစိုက်၊ ပတ်ဝန်းကျင်က လူတွေကိုအရွဲ့တိုက်ရင်း သူတို့မကြိုက်တာကို ပိုလုပ်ပြမိတာပါပဲ။

Related Article >>> လူငယ်တစ်ယောက်အနေနဲ့ မိမိရဲ့ အောင်မြင်မှု လမ်းကြောင်းကို ဘယ်လို ထိုးဖောက်မလဲ။

အကျိုးဆက်ကတော့ သူတို့ဝေဖန်လေ၊ ကိုယ်က ပိုဆိုးပြလေ၊ ကိုယ်က ပိုဆိုးလေ သူတို့က ပိုဝေဖန်လေ နဲ့ သံသရာလည်တော့တာပေါ့။ အခုအသက်အရွယ်ရလာတဲ့အခါ ဒီလိုဖြစ်ရတာကို နားလည်လာတော့ ပတ်ဝန်းကျင်ကို ငါ မသိစိတ်ကနေ ဂရုစိုက်မိနေခဲ့ပါလား ဆိုတာ သိလာပါတယ်။

အရွဲ့တိုက်ပြနေလို့လည်း အကျိုးမရှိပါဘူး

ဒီနောက်ပိုင်းမှာတော့ အက်ဒမင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ ပတ်ဝန်းကျင်က ဝေဖန်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ခဲ့တာလားဆိုတော့ နိုးပါ။ အက်ဒ်မင့် ခံယူချက်က ကိုယ့်လုပ်ရပ်တစ်ခုဟာ အကျင့်စာရိတ္တပျက်ပြားတာမျိုး၊ သူတပါးကို ထိခိုက်ပျက်စီးစေတာမျိုးကလွဲရင် လူတိုင်းဟာ ကိုယ်လုပ်ချင်ရာလုပ်ခွင့်ရှိပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ အက်ဒ်မင်ပျော်ရာလုပ်တာကို ဘယ်သူဝေဖန်လို့မှ ရပ်တန့်မှာမဟုတ်ပါဘူး။

ဒီလိုလုပ်လို့ ပတ်ဝန်းကျင်က ဝေဖန်လည်း အက်ဒ်မင် ဂရုမစိုက်တော့ပါဘူး။ အရွဲ့တိုက်ပြမှာလည်း မဟုတ်သလို စိတ်ထဲ အတွေးမှာတောင် သူတို့ရဲ့ ဝေဖန်စကားတွေကို မထည့်တော့ပါဘူး။ လူတွေဆိုတာက ကိုယ်ကောင်းတာ တော်တာ လုပ်လို့ ချီးမွမ်းခဲပါတယ်။ မရှိရှိရာအပြစ်ကို ဝေဖန်ကြမှာဖြစ်တဲ့အတူတူတော့ ဘာကြောင့် သူတို့ဝေဖန်တာကို ကြောက်နေမလဲနော်။

သူတို့ရဲ့ ဝေဖန်စကားတွေကို ဘယ်လိုနည်းနဲ့မှ စိတ်ထဲမထည့်တော့တဲ့အခါ ပျော်ရသူက ကိုယ်တိုင်ပါ။ အရင်ကလို ငါ့ကို ပြောရက်လေခြင်း ဆိုတဲ့စိတ်လည်းမရှိတော့ပါဘူး။ နောက်ပြီး ကိုယ့် ဘဝရည်မှန်းချက်၊ ကိုယ့် မိသားစု၊ ကိုယ့် ချစ်သူ ၊ ကိုယ့်မိတ်ဆွေ ဒါတွေအကြောင်းပဲ ခေါင်းထဲ ထည့်ထားတဲ့အခါ ပတ်ဝန်းကျင်က လူတွေ အကြောင်းကို တွေးဖို့စဉ်းစားဖို့ အချိန်လုံးဝမရှိတော့တာပါ။ ပြောရရင် ငါက ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူး လို့တောင် မအော်ဖြစ်တော့သည်အထိပါပဲ။

ယောင်းတို့ကိုလည်း အက်ဒ်မင် မသိနားမလည်ခင်က ဖြစ်ခဲ့တဲ့ အမှားမျိုးမကျူးလွန်စေချင်လို့ ဒီလို အက်ဒ်မင့်အတွေ့အကြုံကို မျှဝေပေးတာပါ။ ပတ်ဝန်းကျင်ကို တကယ်ဂရုမစိုက်ဘူးဆိုရင် သူတို့အကြောင်းကို ခေါင်းထဲလုံးဝမထည့်ဘဲ ကိုယ့်ဘဝအကြောင်းပဲ ကိုယ်တွေးပြီး ပျော်ရွှင်မှုရှာဖွေကြဖို့ အက်ဒ်မင်က အကြံပြုလိုက်ပါတယ်နော်။

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed