အိမ္ကိုလြမ္းတဲ့စိတ္ကို ေျဖေဖ်ာက္ဖို႔ အလြယ္ကူဆံုးနည္းလမ္း (၅) သြယ္

အိမ္ကိုလြမ္းနာက်ေနတဲ့ ေယာင္းတို႔အတြက္…

ေယာင္းတို႔ေရ … ေယာင္းတို႔ထဲမွာ အိမ္နဲ႔အေဝးကို ေရာက္ေနသူ၊ ေရျခားေျမျခားကေန အိမ္ကိုသတိရေနသူေတြ ရွိၾကမယ္လို႔ Stella ထင္တဲ့အတြက္ ဒီစာကို ေရးလိုက္ရပါတယ္။ ဘယ္ေလာက္ပဲ အဆင့္ျမင့္ပါတယ္ဆိုတဲ့ေနရာေရာက္ေနပါေစ၊ ဘယ္လိုပဲ လြတ္လပ္တယ္ဆိုပါေစ၊ အခ်ိန္တန္ရင္ အိမ္ကိုလြမ္းတာ သဘာဝပါပဲ။ ေမတၱာအေငြ႔အသက္ေတြ လႊမ္းျခံဳထားတဲ့ အိမ္သာလွ်င္ အေကာင္းဆံုးနဲ႔ အေႏြးေထြးဆံုးဆိုတာ ဘယ္လိုမွျငင္းလို႔မရပါဘူးေလ။ ဒီေတာ့ အိမ္ျပန္ခ်င္တယ္၊ အိမ္ကိုလြမ္းတယ္ဆိုတဲ့ ေယာင္းေတြအတြက္ စိတ္ေျဖႏိုင္မယ့္ နည္းလမ္းေလးေတြကို Stella ေဝမွ်ေပးမယ္ေနာ္။

(၁) အခန္းထဲမွာပဲ မေအာင္းေနပါနဲ႔။

အိမ္ကိုလြမ္းတဲ့အခါမ်ိဳးေတြမွာ တို႔ေတြ လုပ္တတ္တာက အခန္းတြင္းေအာင္းၿပီး ေစာင္ျခံဳအိပ္ေနတတ္တာပါ။ ဒီလိုေနရင္ အိမ္ကိုပိုလြမ္းတတ္တာမို႔ လုပ္စရာရွိတာလုပ္ၿပီး လန္းလန္းဆန္းဆန္းေနပါ။ ပတ္ဝန္းက်င္အသစ္ကို စူးစမ္းေလ့လာပါ။ အနီးတစ္ဝိုက္ကို ေလွ်ာက္လည္ပါ။

(၂) မိတ္သစ္ေဆြသစ္ဖြဲ႔ပါ။

သူငယ္ခ်င္းအသစ္ေတြမရွိတဲ့အခါ ပိုၿပီး အထီးက်န္တတ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ေက်ာင္းက အလုပ္ကလူေတြနဲ႔ ခင္မင္ေအာင္ မိတ္ေဆြဖြဲ႔ပါ။ သူငယ္ခ်င္းေတြနဲ႔အတူ မုန္႔သြားစားတာ၊ ရုပ္ရွင္ၾကည့္တာမ်ိဳး မၾကာခဏလုပ္ေပးသင့္ပါတယ္။

Related article >>> ကိုယ့္ကိုယ္ကိုယ္ နားလည္ႏိုင္ဖို႔ ကိုယ့္အေၾကာင္းကိုယ္ သိလာဖို႔ ဘာေတြကို ျပင္ဆင္ရမလဲ?

(၃) အိမ္ကို ဖုန္းဆက္ပါ။

အေမကိုလြမ္းရင္ အိမ္ကိုလြမ္းရင္ ဖုန္းေခၚပါ။ ေန႔တိုင္းလိုလို ခဏခဏေခၚတာမ်ိဳးေတာ့ မလုပ္ပါနဲ႔။ အိမ္ကို စိတ္မေကာင္းျဖစ္ေစရုံကလြဲၿပီး ဘာမွထူးမလာပါဘူး။ အမွီအခို ကင္းကင္းေနတတ္ေအာင္ တစ္ခါတည္း ေလ့က်င့္သြားလိုက္ရင္ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ေပါ့။

(၄) က်န္းမာေအာင္ေနပါ။

ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္ဆို အိမ္မွာ ဂရုစိုက္ခံခဲ့ရတုန္းကအေၾကာင္းေတြ စဥ္းစားမိၿပီး စိတ္အားငယ္တတ္ပါတယ္။ ဒါေၾကာင့္ အတတ္ႏိုင္ဆံုး နာမက်န္း မျဖစ္ေအာင္ေနပါ။ အစားအေသာက္ဆင္ျခင္ပါ။ အေနအထိုင္ဂရုစိုက္ပါ။ ေနမေကာင္းျဖစ္ရင္ ျပဳစုမယ့္သူမရွိတာမို႔ ကိုယ္ျဖစ္ကိုယ္ခံပါပဲ။

(၅) ေလ့က်င့္ခန္းလုပ္ပါ။

အားလပ္ခ်ိန္ေတြမွာ Gym ေဆာ့ပါ။ လမ္းေလွ်ာက္တာ အေျပးက်င့္တာမ်ိဳး လုပ္ေပးပါ။ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းလုပ္တာက ေကာင္းေကာင္းအိပ္ေပ်ာ္ေစၿပီး စိတ္ၾကည္လင္ေစတာေၾကာင့္ ဒီပရက္ရွင္ကင္းစင္ ျပံဳးေပ်ာ္ရႊင္ျဖစ္ေနမွာပါ ေယာင္းေရ …

Related article >>> အလုပ္ထဲမွာပိတ္မိေနသလို ခံစားလာရတဲ့အခါ ရုန္းထြက္နုိင္မယ့္ နည္းလမ္း(၃)ခု

တစ္ရပ္တစ္ရြာမွာ အေနၾကာလာေလေလ အိမ္ကိုလြမ္းေလ၊ အိမ္ထမင္း အိမ္ဟင္းကို တပ္မက္ေလဆိုတာ အိမ္နဲ႔ေဝးဖူးတဲ့ေယာင္းတိုင္း ခံစားႏိုင္မယ္ထင္ပါတယ္။ အေအးခ်မ္းဆံုးအေမ့အိမ္ကို မျပန္ႏိုင္ေသးသေရြ႕ေတာ့ ဒီနည္းလမ္းေလးေတြနဲ႔ပဲ အလြမ္းေတြကို တတ္စြမ္းသေလာက္ ေျဖၾကည့္ၾကစို႔လား …

Stella (For Her Myanmar)

<<< Unicode >>>

အိမ်ကိုလွမ်းနာကျနေတဲ့ ယောင်းတို့အတွက်…

ယောင်းတို့ရေ … ယောင်းတို့ထဲမှာ အိမ်နဲ့အဝေးကို ရောက်နေသူ၊ ရေခြားမြေခြားကနေ အိမ်ကိုသတိရနေသူတွေ ရှိကြမယ်လို့ Stella ထင်တဲ့အတွက် ဒီစာကို ရေးလိုက်ရပါတယ်။ ဘယ်လောက်ပဲ အဆင့်မြင့်ပါတယ်ဆိုတဲ့နေရာရောက်နေပါစေ၊ ဘယ်လိုပဲ လွတ်လပ်တယ်ဆိုပါစေ၊ အချိန်တန်ရင် အိမ်ကိုလွမ်းတာ သဘာဝပါပဲ။ မေတ္တာအငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ အိမ်သာလျှင် အကောင်းဆုံးနဲ့ အနွေးထွေးဆုံးဆိုတာ ဘယ်လိုမှငြင်းလို့မရပါဘူးလေ။ ဒီတော့ အိမ်ပြန်ချင်တယ်၊ အိမ်ကိုလွမ်းတယ်ဆိုတဲ့ ယောင်းတွေအတွက် စိတ်ဖြေနိုင်မယ့် နည်းလမ်းလေးတွေကို Stella ဝေမျှပေးမယ်နော်။

(၁) အခန်းထဲမှာပဲ မအောင်းနေပါနဲ့။

အိမ်ကိုလွမ်းတဲ့အခါမျိုးတွေမှာ တို့တွေ လုပ်တတ်တာက အခန်းတွင်းအောင်းပြီး စောင်ခြုံအိပ်နေတတ်တာပါ။ ဒီလိုနေရင် အိမ်ကိုပိုလွမ်းတတ်တာမို့ လုပ်စရာရှိတာလုပ်ပြီး လန်းလန်းဆန်းဆန်းနေပါ။ ပတ်ဝန်းကျင်အသစ်ကို စူးစမ်းလေ့လာပါ။ အနီးတစ်ဝိုက်ကို လျှောက်လည်ပါ။

(၂) မိတ်သစ်ဆွေသစ်ဖွဲ့ပါ။

သူငယ်ချင်းအသစ်တွေမရှိတဲ့အခါ ပိုပြီး အထီးကျန်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကျောင်းက အလုပ်ကလူတွေနဲ့ ခင်မင်အောင် မိတ်ဆွေဖွဲ့ပါ။ သူငယ်ချင်းတွေနဲ့အတူ မုန့်သွားစားတာ၊ ရုပ်ရှင်ကြည့်တာမျိုး မကြာခဏလုပ်ပေးသင့်ပါတယ်။

Related article >>> ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်ဖို့ ကိုယ့်အကြောင်းကိုယ် သိလာဖို့ ဘာတွေကို ပြင်ဆင်ရမလဲ?

(၃) အိမ်ကို ဖုန်းဆက်ပါ။

အမေကိုလွမ်းရင် အိမ်ကိုလွမ်းရင် ဖုန်းခေါ်ပါ။ နေ့တိုင်းလိုလို ခဏခဏခေါ်တာမျိုးတော့ မလုပ်ပါနဲ့။ အိမ်ကို စိတ်မကောင်းဖြစ်စေရုံကလွဲပြီး ဘာမှထူးမလာပါဘူး။ အမှီအခို ကင်းကင်းနေတတ်အောင် တစ်ခါတည်း လေ့ကျင့်သွားလိုက်ရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။

(၄) ကျန်းမာအောင်နေပါ။

နေမကောင်းဖြစ်နေတဲ့အချိန်ဆို အိမ်မှာ ဂရုစိုက်ခံခဲ့ရတုန်းကအကြောင်းတွေ စဉ်းစားမိပြီး စိတ်အားငယ်တတ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး နာမကျန်း မဖြစ်အောင်နေပါ။ အစားအသောက်ဆင်ခြင်ပါ။ အနေအထိုင်ဂရုစိုက်ပါ။ နေမကောင်းဖြစ်ရင် ပြုစုမယ့်သူမရှိတာမို့ ကိုယ်ဖြစ်ကိုယ်ခံပါပဲ။

(၅) လေ့ကျင့်ခန်းလုပ်ပါ။

အားလပ်ချိန်တွေမှာ Gym ဆော့ပါ။ လမ်းလျှောက်တာ အပြေးကျင့်တာမျိုး လုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာက ကောင်းကောင်းအိပ်ပျော်စေပြီး စိတ်ကြည်လင်စေတာကြောင့် ဒီပရက်ရှင်ကင်းစင် ပြုံးပျော်ရွှင်ဖြစ်နေမှာပါ ယောင်းရေ …

Related article >>> အလုပ်ထဲမှာပိတ်မိနေသလို ခံစားလာရတဲ့အခါ ရုန်းထွက်နိုင်မယ့် နည်းလမ်း(၃)ခု

တစ်ရပ်တစ်ရွာမှာ အနေကြာလာလေလေ အိမ်ကိုလွမ်းလေ၊ အိမ်ထမင်း အိမ်ဟင်းကို တပ်မက်လေဆိုတာ အိမ်နဲ့ဝေးဖူးတဲ့ယောင်းတိုင်း ခံစားနိုင်မယ်ထင်ပါတယ်။ အအေးချမ်းဆုံးအမေ့အိမ်ကို မပြန်နိုင်သေးသရွေ့တော့ ဒီနည်းလမ်းလေးတွေနဲ့ပဲ အလွမ်းတွေကို တတ်စွမ်းသလောက် ဖြေကြည့်ကြစို့လား …

Stella (For Her Myanmar)

No Comments Yet

Comments are closed