ထက္ျမက္တဲ့ မိန္းကေလးျဖစ္ေနလို႔ ယူမယ့္ေယာက်ာ္းမရွိဘူးတဲ့လား?

မိန္းကေလးဆိုရင္ အိမ္ေထာင္မႈကိစၥနဲ႔ပဲ တြဲျမင္တတ္တဲ့အျမင္ေတြ ေျပာင္းလဲခ်ိန္တန္ပါၿပီ။

>>> Zawgyi >>>

ႏွင္းအိမ္ကလူႀကီးေတြနဲ႔ ေဆြမ်ိဳးေတြ အၿမဲေျပာေနၾကတာတစ္ခုရွိတယ္။ ‘မိန္းကေလးဆိုတာ အရမ္းမထက္ရဘူး။ အရမ္းထက္ရင္ ယူမယ့္လူမရွိဘဲျဖစ္ေရာ…’ ‘နင္အရမ္း feminist (အမ်ိဳးသမီးဝါဒီ) မျဖစ္ပါနဲ႔ နင့္ကိုယူမယ့္လူမရွိဘူးျဖစ္ေနလိမ့္မယ္။’ ေရာ္ ခက္ကုန္ၿပီ။ ယူမယ့္လူရွိရွိမရွိရွိ အေရးမႀကီးဘူးဆိုေပမဲ့ ဘာလို႔လဲ? မိန္းကေလးျဖစ္လာတာနဲ႔ အၿမဲတမ္းထမင္းဟင္းခ်က္၊ အိမ္ထဲမွာပဲ ကုပ္ကပ္ၿပီးေန သားသမီးမ်က္ႏွာ၊ ေယာက်ာ္းမ်က္ႏွာကိုပဲ ၾကည့္ၿပီးေနရမယ္လို႔ ဘယ္ဥပေဒ ဘယ္စာအုပ္မွာ သတ္မွတ္ခ်က္ထုတ္ထားတုန္း? ႏိုးႏိုးႏိုး ထက္ျမက္တဲ့မိန္းကေလးေတြအတြက္ ယူမယ့္ေယာက်ာ္းရွားတာ မဟုတ္ဘူးရယ္… ထက္ျမက္တဲ့မိန္းကေလးကို လက္ထပ္ႏိုင္ေလာက္တဲ့အထိ အရည္အခ်င္းရွိၿပီး အျမင္က်ယ္တဲ့ေယာက်္ားမ်ိဳးရွားတာ။ ကိုယ္ထက္ျမက္တာက အျပစ္မဟုတ္ဘဲ တစ္ဘက္ကတံုးေနတာက အျပစ္ျဖစ္ေနတာပါေယာင္းရဲ႕။

Related Article >>> တစ္ေကာင္တည္းပဲ ဒါေပမဲ့ ျခေသၤ့

တကယ္တမ္း ထက္ျမက္တဲ့မိန္းကေလးျဖစ္ဖို႔ ဆိုတာကလည္း သူမ်ားေတြေျပာသလို ေရးသလို လြယ္တာမွမဟုတ္ဘဲ။ ကိုယ့္ေျခေထာက္ေပၚရပ္ႏိုင္ရမယ္၊ ကိုယ့္တာဝန္ကိုယ္ေကာင္းေကာင္းယူႏိုင္ၿပီး ဆံုးျဖတ္ခ်က္ေတြကိုလည္း မေတြေဝဘဲ စိတ္ဓာတ္ကိုၿမဲၿမဲထားၿပီး ခ်ႏိုင္ရမယ္၊ ကိုယ္ဘာျဖစ္ခ်င္လဲေကာင္းေကာင္းသိၿပီး ဘယ္ေလာက္ႀကီးတဲ့အိပ္မက္ျဖစ္ေနပါေစ တစ္ေန႔ေတာ့ ငါရေအာင္ျဖစ္ေအာင္ လုပ္ႏိုင္ရမယ္ဆိုတဲ့ စိတ္မ်ိဳးထားကိုထားႏိုင္ရမယ္၊ ကိုယ့္တိုးတက္ရာ တိုးတက္ေၾကာင္းကိုလည္း အၿမဲရွာႏိုင္ၿပီး ပိုေကာင္းတဲ့ အေျခအေနတစ္ခုကို တက္လွမ္းႏုိင္တဲ့လူမ်ိဳး ျဖစ္ေနရပါမယ္။ ဒါမွတကယ္ထက္ျမက္တဲ့မိန္းမ ျဖစ္မွာပါ။

ဒီလိုမ်ိဳးေတြျဖစ္ေနဖို႔ဆိုတာလည္း တကယ္တမ္းက်ေတာ့ မလြယ္ဘူးေလ။ ေနာက္ၿပီး ႏွစ္ပရိေစၦဒၾကာလြန္စြာ မိန္းကေလးေတြသည္ ဒုတိယတန္းစားဆိုတဲ့ အေတြးအေခၚကို ရင္ဝယ္ပိုုက္ထားတဲ့ ပုရိသတို႔အတြက္ကေတာ့ သူတို႔ရဲ႕ တစ္ေသြးတစ္သံတစ္မိန္႔ကို တေသြမတိမ္းလိုက္နာမယ့္ မိန္းမမ်ိဳးကိုပဲ တစ္ဘဝလံုးစာ လက္တြဲခ်င္ၾကတာဆိုေတာ့ ဒီလုိ ကိုယ့္အခြင့္အေရးကိုယ္ တိုက္ယူမယ့္မိန္းကေလးမ်ိဳးျမင္ရင္ သူတို႔အလက္ဂ်စ္ေတြျဖစ္ၿပီ။ ေဝးေဝးကေျပးခ်င္ၿပီ။

ၿပီးေတာ့ တစ္သက္လံုး ကိုယ့္ဘိုးေဘးေတြကအစ ကိုယ့္အေဖ၊ ဦးေလးေတြအဆံုး အကုန္လံုးက ဒီပံုစံပဲ သူတို႔မိန္းမေတြကိုထားေတာ့ သူ႔အလွည့္က်ရင္လည္း ဒီလိုပဲျဖတ္သန္းရမယ္၊ သူတို႔ကိုယ္တိုင္ကလည္း ဟင္းခ်က္ေကာင္းတဲ့ မိန္းမကိုပဲ စံအေနနဲ႔ထားထားေတာ့ ဒီလိုခပ္ထက္ထက္ မိန္းကေလးေတြျမင္တဲ့အခါ သူတို႔ရင္ေတြ တစ္မမျဖစ္ရၿပီ။ အဲ့ေတာ့ မစားရတဲ့စပ်စ္သီးက ခ်ဥ္တယ္ေပါ့။ ဒီလိုထက္တဲ့မိန္းကေလးေတြက ကိုယ့္ေခါင္းကိုတစ္သက္လံုးနင္းထားမယ့္ မိန္းမေတြပါေပါ့။ (တခ်ိဳ႕ကေတာ့ အရမ္းဂုဏ္ဆာတတ္တာမ်ိဳး ရွိပါတယ္။ တကယ္လည္း ဖိႏွိပ္ေအာ္ဟစ္ဆဲဆိုတတ္တဲ့ လူမ်ိဳးေပါ့။ ဒါေပမဲ့လည္း ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တိုင္း အကုန္လံုးက ဒီလိုပံုစံမ်ိဳးမဟုတ္တာေတာ့ သိေစခ်င္။)

အမွန္ေတာ့ေလ ဘယ္ေလာက္ပဲထက္ထက္ လူကလူပါပဲ။ ဝမ္းနည္းအားငယ္ေနတဲ့အခ်ိန္၊ အရမ္းပင္ပန္းေနတဲ့အခ်ိန္မွာ မွီစရာပခံုးတစ္စံုေတာ့ လုိအပ္တယ္ေလ။ (အိုင့္ရံုးက လက္ဂ်န္ဒြီအစ္မႀကီးကေတာ့ မလိုဘူးလို႔ေျပာတယ္ :P) ဒါေပမဲ့ တစ္ခုပဲ။ ဒီလိုမိန္းကေလးေတြ လိုခ်င္တဲ့ရင္ခြင္ကေတာ့ သူတို႔ရဲ႕ ျဖန္႔ၿပီးပ်ံသန္းမယ့္အေတာင္ေတြကို ရိုက္ခ်ိဳးမယ့္လူမ်ိဳးေတြ မဟုတ္ဖုိ႔၊ သူတို႔ဆက္သြားမယ့္လမ္းမွာ အေႏွာက္အယွက္ျဖစ္မေနဖို႔ေတာ့ အရမ္းအေရးႀကီးတယ္။ သူတို႔ရဲ႕အိပ္မက္ေတြကို နားလည္ေပးၿပီး ေရွးရိုးစြဲအမ်ိဳးသားမဟုတ္ဖို႔၊ ေဘးစကားေတြနားေယာင္ၿပီး ကိုယ့္ကိုလမ္းတစ္ဝက္မွာ ထားခဲ့တဲ့လူမ်ိဳး မဟုတ္ဖို႔လည္း လိုအပ္ပါတယ္။ တစ္ခါတေလ အလုပ္ထဲမွာစိတ္နစ္ၿပီး ကိုယ့္အေပၚအခ်ိန္မေပးႏိုင္တာေလးလည္း နည္းနည္းရွိတယ္ေပါ့ေနာ္ :P။  ဒီေလာက္ေလးေတြ ျဖည့္ဆည္းႏုိင္ရင္ပဲ ခပ္ထက္ထက္အမ်ိဳးသမီးေလးေတြနဲ႔ အဆင္ေျပပါၿပီ။

Related Article >>> ဒီထက္ပိုၿပီး ထိုက္တန္ပါတယ္

ဒါေၾကာင့္ အမ်ိဳးသမီးေလးေတြ ကိုယ္ကထက္ထက္ျမက္ျမက္နဲ႔ သြက္သြက္လက္လက္ေနတတ္လို႔ လူအမ်ားကေယာက်ာ္းမရႏိုင္ဘူး၊ ဘာညာေလွ်ာက္ေျပာေနတာေတြကို ေခါင္းထဲကထုတ္ပစ္လိုက္ (ဝင္မွာလည္းမဟုတ္ဘူး။ သိတယ္ :P) ကိုယ့္ပန္းတိုင္ကိုသာ ေကာင္းေကာင္းဆက္သြား၊ ကိုယ့္အရွိကိုအရွိအတိုင္း လက္ခံေပးမယ့္ လူကေတာ့ အနားေရာက္ကိုေရာက္လာလိမ့္မယ္။ အာ့ေၾကာင့္ ေနာက္တစ္ခါ သူမ်ားေတြက နင္ကအရမ္းထက္တာပဲ၊ ဘယ္သူမွယူရဲေတာ့မွာမဟုတ္ဘူး လို႔လာေျပာရင္ ‘ငါ့အရည္အခ်င္းနဲ႔ထိုက္တန္ၿပီး ငါ့ကိုနားလည္ႏိုင္မယ့္ေယာက်္ားရွိမွယူမယ္။ မရွိရင္လို႔ ငါတစ္ေယာက္တည္းေနရရင္လည္း အပန္းေတာ့မႀကီးပါဘူး’ လို႔ခပ္ေခ်ေခ်သာေျပာခဲ့လိုက္ပါ ေယာင္းတို႔။

Hnin Ei Oo (For Her Myanmar)

>> Unicode >>>

မိန်းကလေးဆိုရင် အိမ်ထောင်မှုကိစ္စနဲ့ပဲ တွဲမြင်တတ်တဲ့အမြင်တွေ ပြောင်းလဲချိန်တန်ပါပြီ။

နှင်းအိမ်ကလူကြီးတွေနဲ့ ဆွေမျိုးတွေ အမြဲပြောနေကြတာတစ်ခုရှိတယ်။ ‘မိန်းကလေးဆိုတာ အရမ်းမထက်ရဘူး။ အရမ်းထက်ရင် ယူမယ့်လူမရှိဘဲဖြစ်ရော…’ ‘နင်အရမ်း feminist (အမျိုးသမီးဝါဒီ) မဖြစ်ပါနဲ့ နင့်ကိုယူမယ့်လူမရှိဘူးဖြစ်နေလိမ့်မယ်။’ ရော် ခက်ကုန်ပြီ။ ယူမယ့်လူရှိရှိမရှိရှိ အရေးမကြီးဘူးဆိုပေမဲ့ ဘာလို့လဲ? မိန်းကလေးဖြစ်လာတာနဲ့ အမြဲတမ်းထမင်းဟင်းချက်၊ အိမ်ထဲမှာပဲ ကုပ်ကပ်ပြီးနေ သားသမီးမျက်နှာ၊ ယောကျာ်းမျက်နှာကိုပဲ ကြည့်ပြီးနေရမယ်လို့ ဘယ်ဥပဒေ ဘယ်စာအုပ်မှာ သတ်မှတ်ချက်ထုတ်ထားတုန်း? နိုးနိုးနိုး ထက်မြက်တဲ့မိန်းကလေးတွေအတွက် ယူမယ့်ယောကျာ်းရှားတာ မဟုတ်ဘူးရယ်… ထက်မြက်တဲ့မိန်းကလေးကို လက်ထပ်နိုင်လောက်တဲ့အထိ အရည်အချင်းရှိပြီး အမြင်ကျယ်တဲ့ယောကျ်ားမျိုးရှားတာ။ ကိုယ်ထက်မြက်တာက အပြစ်မဟုတ်ဘဲ တစ်ဘက်ကတုံးနေတာက အပြစ်ဖြစ်နေတာပါယောင်းရဲ့။

Related Article >>> တစ်ကောင်တည်းပဲ ဒါပေမဲ့ ခြင်္သေ့

တကယ်တမ်း ထက်မြက်တဲ့မိန်းကလေးဖြစ်ဖို့ ဆိုတာကလည်း သူများတွေပြောသလို ရေးသလို လွယ်တာမှမဟုတ်ဘဲ။ ကိုယ့်ခြေထောက်ပေါ်ရပ်နိုင်ရမယ်၊ ကိုယ့်တာဝန်ကိုယ်ကောင်းကောင်းယူနိုင်ပြီး ဆုံးဖြတ်ချက်တွေကိုလည်း မတွေဝေဘဲ စိတ်ဓာတ်ကိုမြဲမြဲထားပြီး ချနိုင်ရမယ်၊ ကိုယ်ဘာဖြစ်ချင်လဲကောင်းကောင်းသိပြီး ဘယ်လောက်ကြီးတဲ့အိပ်မက်ဖြစ်နေပါစေ တစ်နေ့တော့ ငါရအောင်ဖြစ်အောင် လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်မျိုးထားကိုထားနိုင်ရမယ်၊ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းကိုလည်း အမြဲရှာနိုင်ပြီး ပိုကောင်းတဲ့ အခြေအနေတစ်ခုကို တက်လှမ်းနိုင်တဲ့လူမျိုး ဖြစ်နေရပါမယ်။ ဒါမှတကယ်ထက်မြက်တဲ့မိန်းမ ဖြစ်မှာပါ။

ဒီလိုမျိုးတွေဖြစ်နေဖို့ဆိုတာလည်း တကယ်တမ်းကျတော့ မလွယ်ဘူးလေ။ နောက်ပြီး နှစ်ပရိစ္ဆေဒကြာလွန်စွာ မိန်းကလေးတွေသည် ဒုတိယတန်းစားဆိုတဲ့ အတွေးအခေါ်ကို ရင်ဝယ်ပိုက်ထားတဲ့ ပုရိသတို့အတွက်ကတော့ သူတို့ရဲ့ တစ်သွေးတစ်သံတစ်မိန့်ကို တသွေမတိမ်းလိုက်နာမယ့် မိန်းမမျိုးကိုပဲ တစ်ဘဝလုံးစာ လက်တွဲချင်ကြတာဆိုတော့ ဒီလို ကိုယ့်အခွင့်အရေးကိုယ် တိုက်ယူမယ့်မိန်းကလေးမျိုးမြင်ရင် သူတို့အလက်ဂျစ်တွေဖြစ်ပြီ။ ဝေးဝေးကပြေးချင်ပြီ။

ပြီးတော့ တစ်သက်လုံး ကိုယ့်ဘိုးဘေးတွေကအစ ကိုယ့်အဖေ၊ ဦးလေးတွေအဆုံး အကုန်လုံးက ဒီပုံစံပဲ သူတို့မိန်းမတွေကိုထားတော့ သူ့အလှည့်ကျရင်လည်း ဒီလိုပဲဖြတ်သန်းရမယ်၊ သူတို့ကိုယ်တိုင်ကလည်း ဟင်းချက်ကောင်းတဲ့ မိန်းမကိုပဲ စံအနေနဲ့ထားထားတော့ ဒီလိုခပ်ထက်ထက် မိန်းကလေးတွေမြင်တဲ့အခါ သူတို့ရင်တွေ တစ်မမဖြစ်ရပြီ။ အဲ့တော့ မစားရတဲ့စပျစ်သီးက ချဉ်တယ်ပေါ့။ ဒီလိုထက်တဲ့မိန်းကလေးတွေက ကိုယ့်ခေါင်းကိုတစ်သက်လုံးနင်းထားမယ့် မိန်းမတွေပါပေါ့။ (တချို့ကတော့ အရမ်းဂုဏ်ဆာတတ်တာမျိုး ရှိပါတယ်။ တကယ်လည်း ဖိနှိပ်အော်ဟစ်ဆဲဆိုတတ်တဲ့ လူမျိုးပေါ့။ ဒါပေမဲ့လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တိုင်း အကုန်လုံးက ဒီလိုပုံစံမျိုးမဟုတ်တာတော့ သိစေချင်။)

အမှန်တော့လေ ဘယ်လောက်ပဲထက်ထက် လူကလူပါပဲ။ ဝမ်းနည်းအားငယ်နေတဲ့အချိန်၊ အရမ်းပင်ပန်းနေတဲ့အချိန်မှာ မှီစရာပခုံးတစ်စုံတော့ လိုအပ်တယ်လေ။ (အိုင့်ရုံးက လက်ဂျန်ဒွီအစ်မကြီးကတော့ မလိုဘူးလို့ပြောတယ် :P) ဒါပေမဲ့ တစ်ခုပဲ။ ဒီလိုမိန်းကလေးတွေ လိုချင်တဲ့ရင်ခွင်ကတော့ သူတို့ရဲ့ ဖြန့်ပြီးပျံသန်းမယ့်အတောင်တွေကို ရိုက်ချိုးမယ့်လူမျိုးတွေ မဟုတ်ဖို့၊ သူတို့ဆက်သွားမယ့်လမ်းမှာ အနှောက်အယှက်ဖြစ်မနေဖို့တော့ အရမ်းအရေးကြီးတယ်။ သူတို့ရဲ့အိပ်မက်တွေကို နားလည်ပေးပြီး ရှေးရိုးစွဲအမျိုးသားမဟုတ်ဖို့၊ ဘေးစကားတွေနားယောင်ပြီး ကိုယ့်ကိုလမ်းတစ်ဝက်မှာ ထားခဲ့တဲ့လူမျိုး မဟုတ်ဖို့လည်း လိုအပ်ပါတယ်။ တစ်ခါတလေ အလုပ်ထဲမှာစိတ်နစ်ပြီး ကိုယ့်အပေါ်အချိန်မပေးနိုင်တာလေးလည်း နည်းနည်းရှိတယ်ပေါ့နော် :P။  ဒီလောက်လေးတွေ ဖြည့်ဆည်းနိုင်ရင်ပဲ ခပ်ထက်ထက်အမျိုးသမီးလေးတွေနဲ့ အဆင်ပြေပါပြီ။

Related Article >>> ဒီထက်ပိုပြီး ထိုက်တန်ပါတယ်

ဒါကြောင့် အမျိုးသမီးလေးတွေ ကိုယ်ကထက်ထက်မြက်မြက်နဲ့ သွက်သွက်လက်လက်နေတတ်လို့ လူအများကယောကျာ်းမရနိုင်ဘူး၊ ဘာညာလျှောက်ပြောနေတာတွေကို ခေါင်းထဲကထုတ်ပစ်လိုက် (ဝင်မှာလည်းမဟုတ်ဘူး။ သိတယ် :P) ကိုယ့်ပန်းတိုင်ကိုသာ ကောင်းကောင်းဆက်သွား၊ ကိုယ့်အရှိကိုအရှိအတိုင်း လက်ခံပေးမယ့် လူကတော့ အနားရောက်ကိုရောက်လာလိမ့်မယ်။ အာ့ကြောင့် နောက်တစ်ခါ သူများတွေက နင်ကအရမ်းထက်တာပဲ၊ ဘယ်သူမှယူရဲတော့မှာမဟုတ်ဘူး လို့လာပြောရင် ‘ငါ့အရည်အချင်းနဲ့ထိုက်တန်ပြီး ငါ့ကိုနားလည်နိုင်မယ့်ယောကျ်ားရှိမှယူမယ်။ မရှိရင်လို့ ငါတစ်ယောက်တည်းနေရရင်လည်း အပန်းတော့မကြီးပါဘူး’ လို့ခပ်ချေချေသာပြောခဲ့လိုက်ပါ ယောင်းတို့။

Hnin Ei Oo (For Her Myanmar)

 

No Comments Yet

Comments are closed