အသည္းကြဲေပ်ာက္ေဆးဆိုတာ တကယ္ရွိလား?

ဒီမွာ ရွိပါတယ္!!!

>>> Zawgyi >>>

‘အသည္းကြဲရင္ ေပ်ာက္တယ္ဆိုတဲ့ေဆး၊ မင္းမရွိရင္ ျဖစ္တယ္ဆိုတဲ့ေဆး ကမာၻေပၚမွာ အခုထိရွာလို႔မေတြ႔’ ဒီသီခ်င္းစာသားေလးက ဒီတစ္ေလာ အရမ္းေဟာ့ျဖစ္ေနတယ္ေနာ္႔။ တကယ္လည္း လူတစ္ေယာက္ကို ကိုယ္မသိလိုက္ေသးခင္ အခ်ိန္မွာ ရင္ထဲကေန နစ္နစ္ကာကာခ်စ္သြားၿပီး အဲဒီကိုယ္သိပ္ခ်စ္တဲ့သူက ကိုယ့္အနားကေန အေၾကာင္းတစ္စံုတရာေၾကာင့္ ထြက္ခြာသြားတဲ့အခါ ရင္ထဲမွာ နာနာက်င္က်င္နဲ႔ ရူးမတတ္ခံစားရတတ္ပါတယ္။ အသည္းကြဲတဲ့ ဒဏ္ရာေတြေပါ့…

ဟုတ္ ႏွင္းလည္းဒီလိုအခ်ိန္မ်ိဳးကို ၾကံဳခဲ့ဖူးပါတယ္။ ကိုယ့္အေပၚခ်စ္လြန္းလို႔ အစစအရာရာ အႏြံတာခံ၊ သည္းခံၿပီးကိုယ့္အနားမွာ ေနတဲ့လူတစ္ေယာက္ကို ဆိုးနည္းေပါင္းစံုနဲ႔ အမ်ိဳးမ်ိဳးႏွိပ္စက္ၿပီး ေနာက္ဆံုး ကိုယ့္အနားကေန ထြက္သြားေတာ့မွ ေသြးရူးေသြးတမ္းနဲ႔ ကလိမ္ကက်စ္ဉာဏ္ေပါင္းစံုသံုးၿပီး ကိုယ့္အနားျပန္ဆြဲထားဖို႔ ႀကိဳးစားခဲ့ေပမဲ့ ကံၾကမၼာႀကီးက ကိုယ့္ဘက္မွာမရွိေတာ့ သူနဲ႔ေဝးရာကိုပဲ ပိုေဝးေဝးထြက္သြားရတဲ့ အေျခအေနကို ေရာက္ခဲ့ရတယ္။ အင္းေပါ့ အသည္းစကြဲတယ္ဆိုတာ အဲဒီအခ်ိန္မွာေပါ့။ (အရက္ျပန္ေသာက္ဖို႔အထိပါ ႀကိဳးစားခဲ့တာပါဆို) အိပ္ရာထဲမွာ ဘုန္းဘုန္းလဲၿပီး ကိုယ့္ပတ္ဝန္းက်င္မွာ ရွိရွိသမွ်အရာအားလံုးက ေမွာင္မည္းေနသလို၊ အစားလည္းမစားႏိုင္ ညအိပ္ရင္လည္း ညဥ္႔နက္သန္းေခါင္ႀကီး လန္႔ႏိုးလုိႏိုး၊ စကၠန္႔တိုင္းစကၠန္႔တိုင္းမွာ ‘ေၾသာ္ သူတကယ္ငါ့အနားမွာ မရွိေတာ့ဘူး’ ဆိုတဲ့စိတ္ႀကီးက ကိုယ့္ကိုအပ္နဲ႔တဆစ္ဆစ္ထိုးေနသလိုကို ခံစားရတာ။

Related Article >>> သူကလမ္းမခြဲခ်င္ေပမဲ့ ကိုယ့္ဘက္က ျပတ္သားေနရင္ ဘယ္လိုလုပ္ရမလဲ

ေနာက္ၿပီး သူေနာက္တစ္ေယာက္နဲ႔ date စလုပ္ေနၿပီလို႔ ေသေသခ်ာခ်ာသိလိုက္တဲ့အခ်ိန္တုန္းက သူေပးခဲ့သမွ် ပစၥည္းေတြအားလံုးကို ခ်က္ခ်င္းတစ္ခုစီဆြဲထုတ္ အမိႈက္ပံုးထဲသြားပစ္ၿပီး သူနဲ႔အတူရိုက္ထားတဲ့ဓာတ္ပံုေတြကို ဆြဲၿဖဲရင္း အကုန္တစ္ခုစီ မီးရိႈ႕၊ မီးကုန္သြားတဲ့အထိ တစ္ေယာက္တည္း မီးခိုးေတြကို ၾကည့္ငိုခဲ့တာ။ ေက်ာင္းသြားတဲ့အခ်ိန္မွာလည္း မ်က္ႏွာေျပာင္၊ စာသင္လည္း တစ္ခါတေလ ငုတ္တုပ္ေမ့၊ တစ္ခါတေလက်ေတာ့လည္း အိမ္သာထဲသြားၿပီး ေအာ္ငို စသည္ျဖင့္ ရင္ဘတ္ထဲက နာက်င္ခံစားေနရသမွ် သက္သာေအာင္ နည္းေပါင္းစံုသံုးၿပီး ကိုယ့္ကိုယ္ကိုယ္ ကုစားခဲ့ေပမဲ့ အဲဒီအခ်ိန္အထိ ႏွင္းသာမန္ဘဝကို ျပန္မရခဲ့ပါဘူး။ ကဲ အဲ့ေတာ့ ဒီတမစ္ေယာက္ကို အစားထိုးဖို႔ ငါေနာက္တစ္ေယာက္ ထားမယ္ဆိုတဲ့စိတ္မ်ိဳးနဲ႔ ရည္းစား ၃ ေယာက္ေလာက္ထားခဲ့ေပမဲ့ သူမ်ားသားသမီးကို ဒုကၡသက္သက္သြားေပးရံုကလြဲၿပီး ဒဏ္ရာေတြလည္း မသက္သာခဲ့ဘူးေပါ့…

ဘာလို႔လဲဆိုေတာ့ ၁၇ ႏွစ္ပဲရွိေသးတဲ့ မိန္းမငယ္တစ္ေယာက္မွာ အခ်စ္ကလြဲၿပီး က်န္တာကိုးကြယ္စရာမွ မရွိခဲ့တာ။ အခ်စ္ေတာင္မွ သူ႔ဆီကမရရင္ ေသရပါေတာ့မယ္ဆိုတာမ်ိဳးေလ။ ဒါေပမဲ့ ေယာင္းသိလား၊ တကယ္တမ္းက်ေတာ့ေလ တစ္သက္လံုး သူကလြဲရင္ မခ်စ္ႏိုင္ေတာ့ဘူးလို႔ ထင္ထားခဲ့သမွ်လည္း ကိုယ့္အတြက္အဆင္ေျပၿပီး ေရွ႕ဆက္လို႔ရေလာက္မယ္ဆိုတဲ့ လူမ်ိဳးက တစ္ခ်ိန္ခ်ိန္မွာ ေပၚလာမွာပဲ၊ သူ႔ေၾကာင့္အသည္းေတြကြဲၿပီး ကိုယ့္ကိုယ္ကိုယ္သတ္ေသမယ္လို႔ စဥ္းစားမိၿပီး ျဖစ္ခ်င္ရာျဖစ္ လုပ္ေတာ့မယ္လို႔ ေတြးတဲ့အေတြးကလည္း ကိုယ့္မိဘမ်က္ႏွာကို မ်က္လံုးထဲျပန္ျမင္ေယာင္ၿပီး ေပ်ာက္သြားတာပဲ၊ အခ်စ္ေၾကာင့္ ကိုယ့္ကမာၻႀကီး တစ္ခုလံုးပ်က္သြားတယ္လို႔ ေတြးမိလည္း ခဏေလာက္ပါပဲ။ အခ်ိန္တစ္ခုေလာက္က်ရင္ အရာအားလံုးက သူ႔ေနရာနဲ႔သူ ေနသားတက် ျပန္ျဖစ္သြားပါလိမ့္မယ္။ ဒါဆို အသည္းကြဲေပ်ာက္ေဆးက အခ်ိန္ေပါ့? တစ္စိတ္တစ္ပိုင္းေတာ့ ပါေကာင္းပါပါလိမ့္မယ္။ ဒါေပမဲ့ ႏိုး မဟုတ္ေသးျပန္ဘူး…

Related Article>>> ခလုတ္တိုက္မိေသာႏွလံုးသားမ်ားသို႔~

တကယ္တမ္းေတာ့ အသည္းကြဲေပ်ာက္ေဆးဆိုတာ ကိုယ္ကိုယ္တိုင္ပါပဲ။ အရာအားလံုးက ကိုယ့္စိတ္၊ ကိုယ့္ခံယူခ်က္၊ ကိုယ္ျဖစ္ခ်င္တဲ့အတိုင္း ကိုယ့္ဘဝကဆက္ျဖစ္လာတာပါ။ ႏွင္းဆိုလည္း လပိုင္းေလာက္ စိတ္ဆင္းရဲ၊ ကိုယ္ဆင္းရဲနဲ႔ ေနလာၿပီးေတာ့ အခ်ိန္တန္ၿပီ ငါ့ဘဝအတြက္ငါစဥ္းစားမွျဖစ္ေတာ့မယ္ ဆိုတဲ့စိတ္မ်ိဳးျဖစ္လာတဲ့အခါ အလုပ္ေတြဘာေတြဝင္ၿပီး ကိုယ့္ဘာသာေရွ႕ဆက္ရေတာ့တာပဲ။ (ေနာက္မွ ဖူးစာျပန္ပါၿပီး ျပန္တြဲျဖစ္တာက တစ္က႑ေပါ့ေအ 😛 )ဒီလိုပဲေပါ့ ဘဝမွာ အခ်ိန္တိုင္းေတာ့ ကိုယ္ျဖစ္ခ်င္တာႀကီးပဲ ဘယ္ျဖစ္ပါ့မလဲ၊ တစ္ခါတေလမွာေတာ့ အက်ေလးေတြရွိရင္ ရွိမွာေပါ့။ အေရးႀကီးတာက ဘယ္ေလာက္ပဲ ဆိုးရြားေနပါေစ၊ ကိုယ္ရုန္းထြက္ခ်င္ရင္ ရပါတယ္ ဆိုတဲ့စိတ္မ်ိဳးေလး ဝင္ေနဖို႔ပါပဲ။ ၿပီးေတာ့ အခ်စ္ဆိုတဲ့အရာကလည္း ထပ္ကာထပ္ကာ ျပန္ၿပီးေမြးဖြားတတ္ပါတယ္။ တစ္ခုေတာ့ရွိတယ္ အသည္းတစ္ခါကြဲတိုင္း၊ ဒဏ္ရာတစ္ခါရတိုင္း ျပန္ကုသႏိုင္တဲ့ေဆးရွိတယ္ဆိုတာကိုေတာ့ သိပါေစေနာ္႔…

Hnin Ei Oo (For Her Myanmar)

>> Unicode >>>

ဒီမှာ ရှိပါတယ်!!!

‘အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး၊ မင်းမရှိရင် ဖြစ်တယ်ဆိုတဲ့ဆေး ကမ္ဘာပေါ်မှာ အခုထိရှာလို့မတွေ့’ ဒီသီချင်းစာသားလေးက ဒီတစ်လော အရမ်းဟော့ဖြစ်နေတယ်နော့်။ တကယ်လည်း လူတစ်ယောက်ကို ကိုယ်မသိလိုက်သေးခင် အချိန်မှာ ရင်ထဲကနေ နစ်နစ်ကာကာချစ်သွားပြီး အဲဒီကိုယ်သိပ်ချစ်တဲ့သူက ကိုယ့်အနားကနေ အကြောင်းတစ်စုံတရာကြောင့် ထွက်ခွာသွားတဲ့အခါ ရင်ထဲမှာ နာနာကျင်ကျင်နဲ့ ရူးမတတ်ခံစားရတတ်ပါတယ်။ အသည်းကွဲတဲ့ ဒဏ်ရာတွေပေါ့…

ဟုတ် နှင်းလည်းဒီလိုအချိန်မျိုးကို ကြုံခဲ့ဖူးပါတယ်။ ကိုယ့်အပေါ်ချစ်လွန်းလို့ အစစအရာရာ အနွံတာခံ၊ သည်းခံပြီးကိုယ့်အနားမှာ နေတဲ့လူတစ်ယောက်ကို ဆိုးနည်းပေါင်းစုံနဲ့ အမျိုးမျိုးနှိပ်စက်ပြီး နောက်ဆုံး ကိုယ့်အနားကနေ ထွက်သွားတော့မှ သွေးရူးသွေးတမ်းနဲ့ ကလိမ်ကကျစ်ဉာဏ်ပေါင်းစုံသုံးပြီး ကိုယ့်အနားပြန်ဆွဲထားဖို့ ကြိုးစားခဲ့ပေမဲ့ ကံကြမ္မာကြီးက ကိုယ့်ဘက်မှာမရှိတော့ သူနဲ့ဝေးရာကိုပဲ ပိုဝေးဝေးထွက်သွားရတဲ့ အခြေအနေကို ရောက်ခဲ့ရတယ်။ အင်းပေါ့ အသည်းစကွဲတယ်ဆိုတာ အဲဒီအချိန်မှာပေါ့။ (အရက်ပြန်သောက်ဖို့အထိပါ ကြိုးစားခဲ့တာပါဆို) အိပ်ရာထဲမှာ ဘုန်းဘုန်းလဲပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ရှိရှိသမျှအရာအားလုံးက မှောင်မည်းနေသလို၊ အစားလည်းမစားနိုင် ညအိပ်ရင်လည်း ညဉ့်နက်သန်းခေါင်ကြီး လန့်နိုးလိုနိုး၊ စက္ကန့်တိုင်းစက္ကန့်တိုင်းမှာ ‘သြော် သူတကယ်ငါ့အနားမှာ မရှိတော့ဘူး’ ဆိုတဲ့စိတ်ကြီးက ကိုယ့်ကိုအပ်နဲ့တဆစ်ဆစ်ထိုးနေသလိုကို ခံစားရတာ။

Related Article >>> သူကလမ်းမခွဲချင်ပေမဲ့ ကိုယ့်ဘက်က ပြတ်သားနေရင် ဘယ်လိုလုပ်ရမလဲ

နောက်ပြီး သူနောက်တစ်ယောက်နဲ့ date စလုပ်နေပြီလို့ သေသေချာချာသိလိုက်တဲ့အချိန်တုန်းက သူပေးခဲ့သမျှ ပစ္စည်းတွေအားလုံးကို ချက်ချင်းတစ်ခုစီဆွဲထုတ် အမှိုက်ပုံးထဲသွားပစ်ပြီး သူနဲ့အတူရိုက်ထားတဲ့ဓာတ်ပုံတွေကို ဆွဲဖြဲရင်း အကုန်တစ်ခုစီ မီးရှို့၊ မီးကုန်သွားတဲ့အထိ တစ်ယောက်တည်း မီးခိုးတွေကို ကြည့်ငိုခဲ့တာ။ ကျောင်းသွားတဲ့အချိန်မှာလည်း မျက်နှာပြောင်၊ စာသင်လည်း တစ်ခါတလေ ငုတ်တုပ်မေ့၊ တစ်ခါတလေကျတော့လည်း အိမ်သာထဲသွားပြီး အော်ငို စသည်ဖြင့် ရင်ဘတ်ထဲက နာကျင်ခံစားနေရသမျှ သက်သာအောင် နည်းပေါင်းစုံသုံးပြီး ကိုယ့်ကိုယ်ကိုယ် ကုစားခဲ့ပေမဲ့ အဲဒီအချိန်အထိ နှင်းသာမန်ဘဝကို ပြန်မရခဲ့ပါဘူး။ ကဲ အဲ့တော့ ဒီတမစ်ယောက်ကို အစားထိုးဖို့ ငါနောက်တစ်ယောက် ထားမယ်ဆိုတဲ့စိတ်မျိုးနဲ့ ရည်းစား ၃ ယောက်လောက်ထားခဲ့ပေမဲ့ သူများသားသမီးကို ဒုက္ခသက်သက်သွားပေးရုံကလွဲပြီး ဒဏ်ရာတွေလည်း မသက်သာခဲ့ဘူးပေါ့…

ဘာလို့လဲဆိုတော့ ၁၇ နှစ်ပဲရှိသေးတဲ့ မိန်းမငယ်တစ်ယောက်မှာ အချစ်ကလွဲပြီး ကျန်တာကိုးကွယ်စရာမှ မရှိခဲ့တာ။ အချစ်တောင်မှ သူ့ဆီကမရရင် သေရပါတော့မယ်ဆိုတာမျိုးလေ။ ဒါပေမဲ့ ယောင်းသိလား၊ တကယ်တမ်းကျတော့လေ တစ်သက်လုံး သူကလွဲရင် မချစ်နိုင်တော့ဘူးလို့ ထင်ထားခဲ့သမျှလည်း ကိုယ့်အတွက်အဆင်ပြေပြီး ရှေ့ဆက်လို့ရလောက်မယ်ဆိုတဲ့ လူမျိုးက တစ်ချိန်ချိန်မှာ ပေါ်လာမှာပဲ၊ သူ့ကြောင့်အသည်းတွေကွဲပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေမယ်လို့ စဉ်းစားမိပြီး ဖြစ်ချင်ရာဖြစ် လုပ်တော့မယ်လို့ တွေးတဲ့အတွေးကလည်း ကိုယ့်မိဘမျက်နှာကို မျက်လုံးထဲပြန်မြင်ယောင်ပြီး ပျောက်သွားတာပဲ၊ အချစ်ကြောင့် ကိုယ့်ကမ္ဘာကြီး တစ်ခုလုံးပျက်သွားတယ်လို့ တွေးမိလည်း ခဏလောက်ပါပဲ။ အချိန်တစ်ခုလောက်ကျရင် အရာအားလုံးက သူ့နေရာနဲ့သူ နေသားတကျ ပြန်ဖြစ်သွားပါလိမ့်မယ်။ ဒါဆို အသည်းကွဲပျောက်ဆေးက အချိန်ပေါ့? တစ်စိတ်တစ်ပိုင်းတော့ ပါကောင်းပါပါလိမ့်မယ်။ ဒါပေမဲ့ နိုး မဟုတ်သေးပြန်ဘူး…

Related Article>>> ခလုတ်တိုက်မိသောနှလုံးသားများသို့~

တကယ်တမ်းတော့ အသည်းကွဲပျောက်ဆေးဆိုတာ ကိုယ်ကိုယ်တိုင်ပါပဲ။ အရာအားလုံးက ကိုယ့်စိတ်၊ ကိုယ့်ခံယူချက်၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ကိုယ့်ဘဝကဆက်ဖြစ်လာတာပါ။ နှင်းဆိုလည်း လပိုင်းလောက် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ နေလာပြီးတော့ အချိန်တန်ပြီ ငါ့ဘဝအတွက်ငါစဉ်းစားမှဖြစ်တော့မယ် ဆိုတဲ့စိတ်မျိုးဖြစ်လာတဲ့အခါ အလုပ်တွေဘာတွေဝင်ပြီး ကိုယ့်ဘာသာရှေ့ဆက်ရတော့တာပဲ။ (နောက်မှ ဖူးစာပြန်ပါပြီး ပြန်တွဲဖြစ်တာက တစ်ကဏ္ဍပေါ့အေ 😛 )ဒီလိုပဲပေါ့ ဘဝမှာ အချိန်တိုင်းတော့ ကိုယ်ဖြစ်ချင်တာကြီးပဲ ဘယ်ဖြစ်ပါ့မလဲ၊ တစ်ခါတလေမှာတော့ အကျလေးတွေရှိရင် ရှိမှာပေါ့။ အရေးကြီးတာက ဘယ်လောက်ပဲ ဆိုးရွားနေပါစေ၊ ကိုယ်ရုန်းထွက်ချင်ရင် ရပါတယ် ဆိုတဲ့စိတ်မျိုးလေး ဝင်နေဖို့ပါပဲ။ ပြီးတော့ အချစ်ဆိုတဲ့အရာကလည်း ထပ်ကာထပ်ကာ ပြန်ပြီးမွေးဖွားတတ်ပါတယ်။ တစ်ခုတော့ရှိတယ် အသည်းတစ်ခါကွဲတိုင်း၊ ဒဏ်ရာတစ်ခါရတိုင်း ပြန်ကုသနိုင်တဲ့ဆေးရှိတယ်ဆိုတာကိုတော့ သိပါစေနော့်…

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed