Leggings လေးတွေကို ဒီလိုဝတ်ကြမယ်။

ပေါ့ပါးလွတ်လပ်တဲ့အပြင် အထာကျပြီး ဘယ်တော့မှ ဒိတ်အောက်မသွားဘဲအမြဲလန်းနေမယ့် ဖက်ရှင်လေး

ယောင်းတို့ ရေ။ ခုလို ခပ်စိမ့်စိမ့်လေးအေးတဲ့ ဆောင်းရာသီနဲ့ လိုက်ဖက်မယ်။ ခရီးသွားတဲ့အခါမှာလည်း ပေါ့ပါးလွတ်လပ်တဲ့အပြင် အထာကျပြီး ဘယ်တော့မှ ဒိတ်အောက်မသွားဘဲ အမြဲလန်းနေမယ့် ဖက်ရှင်လေး အကြောင်း သိချင်ကြမယ်ဟုတ်။

အဲ့တာကတော့ Leggings လို့ ခေါ်တဲ့ အသားကပ်ဘောင်းဘီရှည်လေးတွေပါ။ အခုရာသီကတော့ Leggings လေးတွေနဲ့ ရှိုးထုတ်ဖို့ အကောင်းဆုံးအချိန်ပါပဲနော်။ အဲ့တော့ Leggings လေးတွေနဲ့ ဘာတွေကိုတွဲဖက်ပြီး ဖက်ရှင်ကျကျ ဝတ်လို့ရလဲ ဆိုတာ Megan က ပြောပြပေးချင်ပါတယ်ရှင်။

ပေါ့ပါးလွတ်လပ်ပြီး အထာကျတဲ့ Leggings လေးတွေကို ဒီလို ဝတ်ကြည့်ကြည့်နော် –

with Jean Jacket

– ယောင်းက လူငယ်ဆန်ဆန် ရိုးရှင်းတဲ့စတိုင်ကြိုက်တယ်ဆိုရင်တော့ အပေါ်က Oversize  ခပ်ပွပွတီရှုပ်ပြောင်လေး တထည်နဲ့  Denim Jean Jacket လေးကို ခါးမှာချည်တဲ့စတိုင်လေးနဲ့  လန်းနိုင်ပါတယ်။ Denim Jacket မပါဘဲ (ခပ်ပွပွတီရှပ်)ကို ဒီတိုင်းဝတ်မယ်ဆိုရင်တော့ လျှာထိုး Cap ဦးထုတ်လေး တလုံးပါဆောင်းပြီး ခပ်မိုက်မိုက်မိန်းမဆိုးလေးအသွင်မျိုးဖန်တီးနိုင်ပါတယ်။ အောက်က Sneakers ရှူးဖိနပ်လေးနဲ့ ဆိုရင်တော့ လုံးဝ ပြည့်စုံပါပြီနော်။

 

with Crop top

–  ခပ်ရိုးရိုး (Old School) ပုံစံပဲဝတ်ချင်တယ်ဆိုရင်တော့ Leggings ကို အပေါ်က ခါးတို (Crop Top) Sweatshirt တထည်သာကောက်စွပ်ပြီး အောက်က လည်ရှည်တဲ့ Sneaker ဖိနပ်တရံနဲ့သာ တွဲဖက်လိုက်ပါ။ တခါတလေ အရိုးဆုံးဖက်ရှင်က အလန်းဆုံးမို့ လား။

Related Article >>> ၂၀၁၈ မှာ ခေတ်စားမယ့် ဖက်ရှင်ဒီဇိုင်းများ

with Jacket

– နောက်တမျိုးကတော့ အဖြူရောင် Simple Tee တစ်ထည်ကိုပဲ Leggings နဲ့ တွဲဖက်ပြီး အပေါ်က Leather Jacket ဒါမှမဟုတ် Bomber Jacket တွေ ထပ်ဝတ်တဲ့စတိုင်ပါ။ စူပါမော်ဒယ်တွေဖြစ်တဲ့ Kendall တို့ Gigi တို့ ရဲ့  ထသွားထလာဖက်ရှင်အနေနဲ့  တွေ့ ရများပါတယ်။

Travel Fashion

– ခရီးသွားဖက်ရှင်မှာလည်း Leggings တွေက မပါမဖြစ်ပါ။ ကားနဲ့ပဲသွားသွား လေယာဉ်နဲ့ ပဲသွားသွား Jean ဘောင်းဘီတွေအစား Leggings ကို ရွေးချယ်ဖို့ Megan က အကြံပေးပါတယ်။ ဘာလို့လဲဆိုတော့ သူက ဂျင်း တွေထက် ပိုပြီးလွတ်လပ်ပေါ့ပါးတာမို့ ပါ။ Leggings တစ်ထည်ကို အပေါ်က Top လှလှလေးတထည်ဝတ်ပြီး ကတ်ရှ်မီးယားပုဝါရှည်လေးတထည် ကို ပတ်လိုက်ရင် လုံခြုံပြီးဖက်ရှင်ကျနေမှာအသေချာပဲပေါ့ ယောင်းတို့ ရေ။ ဒီနေရာမှာ ပုဝါအစား ကုတ်အင်္ကျီရှည် (Long Coat) ကို လည်း ဝတ်လို့ ရပါတယ်နော်။

Related Article >>> ယောင်းတို့အတွက် ရန်ကုန်ဆောင်းနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်များ

as sport wear

– Leggings ဆိုတာက အားကစားဝတ် (Sport wear) ဆိုတာ ယောင်းတို့လည်း သိကြတဲ့အတိုင်းပါပဲ။ Gym သွားတဲ့အခါ ဝတ်သွားဖို့ အသင့်တော်ဆုံးပါပဲ။ အပေါ်က Sweatshirt တစ်ထည်နဲ့ ပဲ ဖြစ်ဖြစ်၊ ခေါင်းစွပ်ပါတဲ့ (Hoodie) အင်္ကျီ  နဲ့ပဲ ဖြစ်ဖြစ် Leggings တွေကို တွဲဝတ်နိုင်ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ leggings တွေကို ဘယ်လို ဝတ်လို့ ရလဲဆိုတာ သိလောက်ပြီထင်ပါတယ်နော်။ Leggings တထည်နဲ့  စတိုင်ကျကျလန်းနိုင်ကြပါစေ ယောင်းတို့ ရေ။

Megan ( For Her Myanmar )

Megan
Megan

ကျွန်မနာမည်ကတော့ မေသူသူအောင်ဖြစ်ပါတယ်။For Her Myanmar မှာ Fashion နဲ့ Beauty ပိုင်း ကို အဓိကရေးနေတဲ့သူတယောက်ဖြစ်ပြီး အခြားပြင်ပ ဗဟုသုတလေးအချို့နဲ့ မိန်းကလေးတွေအတွက် အကျိုးရှိစေမယ့် စာလေးတွေလည်း ရေးဖြစ်ပါတယ်။

error: Content is protected !!