ယောင်းလေးတို့အတွက် မသိမဖြစ်ဥပဒေ(၆)ခု

အခုခေတ်မှာမိန်းကလေးတွေက ယောက်ကျာ်းလေးတွေနဲ့ တန်းတူအခွင့်အရေးရပေမဲ့လဲ ပါးစပ်သရမ်းတာတို့၊ကိုယ်ထိလက်ရောက်စော်ကားတာတွေကြုံတွေ့နေရပါသေးတယ်။

ဒီလို အခြေအနေကြုံတွေ့ရပြီဆိုရင်မိန်းကလေးအများစုက ရှက်ပြီး မပြောရဲတာတွေ၊လင်မယားအဆင်မပြေဖြစ်နေတာတွေကို ပတ်ဝန်းကျင်ကို မတိုင်ပင်ရဲတာတွေဖြစ်တက်ကြပါတယ်။

လိုင်းကားစီးနေတုန်း ကိုယ်ထိလက်ရောက်စော်ကားခံရရင် ပတ်ဝန်းကျင်ကို အကူညီတောင်းပါ။အသံကျယ်ကျယ်နဲ့ တစ်ခြားသူတွေသိအောင် အော်ပြောပါ။စော်ကားခံရတာကိုရှက်ပြီးငြိမ်မနေပါနဲ့နော်။ဥပဒေနဲ့အတိုင်းလုပ်ဆောင်လို့လဲရပါတယ်။

ဘယ်လိုအချိန်မှာမိန်းကလေးတွေကိုကာကွယ်ပေးတဲ့ဘယ်လိုဥပဒေတွေရှိလဲဆိုတာ ယောင်းလေးတို့သိထားသင့်ပါတယ်နော်။

(၁)ပါးစပ်သရမ်းတာတွေ၊ယောင်းတို့မနှစ်သက်တဲ့အပြုအမူ၊အပြောအဆို တွေက ယောင်းတို့ရဲ့ဂုဏ်သိက္ခာကိုထိခိုက်တယ်ဆိုရင် ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ (၅၀၉) အရ တရားရုံးသို့လျှောက်ထားနိုင်ပါတယ်နော်။

(၂)ယောင်းတို့ရဲ့မတော်မရော်ကို ရည်ရွယ်ပြီးထိတာတွေ၊ကိုင်တာတွေအတွက်ဆိုရင် ကို ပုဒ်မ ၃၅၄ နဲ့ ထောင်ဒဏ်နှစ်နှစ် ကျအောင်လုပ်လို့ရပါတယ်။

(၃)လင်မယားဖြစ်တာတောင် ယောင်းလေးတို့ကို လက်နဲ့ရိုက်ရင် ပုဒ်မ ၃၂၃ ထောင်ဒဏ် (၁)နှစ် ၊တုတ်နဲ့ရိုက်ရင် ၃၂၄ ထောင်ဒဏ်(၃)နှစ် ၊ ရိုက်ပြီးကန်ရင် ပုဒ်မ ၃၂၅အရ ထောင်ဒဏ်(၂)နှစ် ၊ ဘေးဖြစ်စေသောလက်နက် အပြင်းအထန်ထိခိုက်စေအောင်ရိုက်ရင် ပုဒ်မ ၃၂၆ နဲ့ထောင်ဒဏ် နှစ်(၂၀ )ကျအောင်တရားစွဲနိုင်ပါတယ်။

Related Article>>>>ချုပ်ချယ်တဲ့ မိဘတွေဆီက ဘယ်လို ရုန်းထွက်မလဲ?

(၄)ယောင်းလေးတို့အိမ်က သမီးကညာ အခါမလင့်စေနဲ့ဆိုပြီးယောကျ်ားအတင်းပေးစားရင် ၃၇၆ နဲ့ ထောင်ဒဏ်နှစ် (၂၀) ကျစေနိုင်ပါတယ်။

(၅)မိန်းမရှိလျက်နဲ့နောက်မိန်းမထားတာတွေ၊အပျော်မိန်းမထားတာတွေ အတွက် ပုဒ်မ ၁၃ ဖြင့် ထောင်ဒဏ် (၇)နှစ်ကျစေနိုင်ပါတယ်။

(၆) ဆက်သွယ်ရေးဥပဒေဖြစ်တဲ့ ပုဒ်မ ၆၆ တော့ ယောင်းလေးတို့နဲ့မစိမ်းဘူးထင်ပါတယ်နော်

ပုဒ်မ၆၆(က) ကတော့ facebook /gmail ကို ခိုးယူခြင်းရင်တရားစွဲလို့ရပါတယ်။ ပုဒ်မ၆၆(ခ)ကဆက်သွယ်ရေးကွန်ယက်ကိုထိခိုက်စေရန် ဗိုင်းရပ်စ်၊
အခြားနည်း နဲ့ ဝင်ရောက်စေခြင်း ဆိုရင် ပြစ်မှုမြောက်ပါတယ်နော်။

ပုဒ်မ ၆၆ (ဂ) ကတော့ ဆက်သွယ်ရေးကိုအသုံးပြုပြီးငွေကြေးနဲ့ ပစ္စည်းတွေခိုးယူခြင်း၊လိမ်လည်ခြင်း၊အလွဲသုံးစားလုပ်ခြင်း တွေက ပြစ်မှုမြောက်နိုင်ပါတယ်။

ပုဒ်မ၆၆(ဃ)ကတော့ ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီးလူတစ်ယောက်ကိုခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊မတရားတားဆီးကန့်ကွတ်ခြင်း အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ခြိမ်းခြောက်ခြင်း
တွေက ပြစ်မှုမြောက်ပါတယ်နော်။

ယောင်းလေးတို့ရေ မိန်းကလေးတွေဘက်က ကာကွယ်ရမဲ့ ဥပဒေလေးတွေ အနည်းငယ်သိလောက်ပြီထင်ပါတယ်။မသိသေးတဲ့ ယောင်းလေးတို့သူငယ်ချင်းတွေကို ပြန်ဝေမျှပေးဖို့လဲ မမေ့ပါနဲ့နော်

Reference Link>>> မောင်ပံသုမြေလွှာ , ဥပဒေရေးရာသုတအဖြာဖြာ

<Zawgyi>

အခုေခတ္မွာမိန္းကေလးေတြက ေယာက္က်ာ္းေလးေတြနဲ႔ တန္းတူအခြင့္အေရးရေပမဲ့လဲ ပါးစပ္သရမ္းတာတို႔၊ကိုယ္ထိလက္ေရာက္ေစာ္ကားတာေတြၾကံဳေတြ႔ေနရပါေသးတယ္။

ဒီလို အေျခအေနၾကံဳေတြ႔ရျပီဆိုရင္မိန္းကေလးအမ်ားစုက ရွက္ၿပီး မေျပာရဲတာေတြ၊လင္မယားအဆင္မေျပျဖစ္ေနတာေတြကို ပတ္ဝန္းက်င္ကို မတိုင္ပင္ရဲတာေတြျဖစ္တက္ၾကပါတယ္။

လိုင္းကားစီးေနတုန္း ကိုယ္ထိလက္ေရာက္ေစာ္ကားခံရရင္ ပတ္ဝန္းက်င္ကို အကူညီေတာင္းပါ။အသံက်ယ္က်ယ္နဲ့ တစ္ျခားသူေတြသိေအာင္ ေအာ္ေျပာပါ။ေစာ္ကားခံရတာကိုရွက္ျပီးျငိမ္မေနပါနဲ႔ေနာ္။ဥပေဒနဲ႔အတိုင္းလုပ္ေဆာင္လို႔လဲရပါတယ္။

ဘယ္လိုအခ်ိန္မွာမိန္းကေလးေတြကိုကာကြယ္ေပးတဲ့ဘယ္လိုဥပေဒေတြရွိလဲဆိုတာ ေယာင္းေလးတို႔သိထားသင့္ပါတယ္ေနာ္။

(၁)ပါးစပ္သရမ္းတာေတြ၊ေယာင္းတို႔မႏွစ္သက္တဲ့အျပဳအမူ၊အေျပာအဆို ေတြက ေယာင္းတို႔ရဲ႕ဂုဏ္သိကၡာကိုထိခိုက္တယ္ဆိုရင္  ျပစ္မႈဆိုင္ရာ ဥပေဒ (ရာဇသတ္ႀကီး) ပုဒ္မ (၅၀၉) အရ တရား႐ုံးသို႔ေလွ်ာက္ထားႏိုင္ပါတယ္ေနာ္။

(၂)ေယာင္းတို႔ရဲ႕မေတာ္မေရာ္ကို ရည္ရြယ္ၿပီးထိတာေတြ၊ကိုင္တာေတြအတြက္ဆိုရင္ ကို ပုဒ္မ ၃၅၄ နဲ႔ ေထာင္ဒဏ္နွစ္နွစ္ က်ေအာင္လုပ္လို႔ရပါတယ္။

(၃)လင္မယားျဖစ္တာေတာင္ ေယာင္းေလးတို႔ကို လက္နဲ႔ရိုက္ရင္ ပုဒ္မ ၃၂၃ ေထာင္ဒဏ္ (၁)နွစ္ ၊တုတ္နဲ႔ရိုက္ရင္ ၃၂၄ ေထာင္ဒဏ္(၃)နွစ္ ၊ ရိုက္ၿပီးကန္ရင္ ပုဒ္မ ၃၂၅အရ  ေထာင္ဒဏ္(၂)နွစ္  ၊ ေဘးျဖစ္ေစေသာလက္နက္ အျပင္းအထန္ထိခိုက္ေစေအာင္ရိုက္ရင္ ပုဒ္မ ၃၂၆ နဲ႔ေထာင္ဒဏ္ နွစ္(၂၀ )က်ေအာင္တရားစြဲနိုင္ပါတယ္။

Related Article>>>>ခ်ဳပ္ခ်ယ္တဲ့ မိဘေတြဆီက ဘယ္လို ရုန္းထြက္မလဲ?

(၄)ေယာင္းေလးတို႔အိမ္က သမီးကညာ အခါမလင့္ေစနဲ႔ဆိုၿပီးေယာက်္ားအတင္းေပးစားရင္ ၃၇၆ နဲ့ ေထာင္ဒဏ္နွစ္ (၂၀) က်ေစနိုင္ပါတယ္။

(၅)မိန္းမရွိလ်က္နဲ႔ေနာက္မိန္းမထားတာေတြ၊အေပ်ာ္မိန္းမထားတာေတြ အတြက္ ပုဒ္မ ၁၃ ျဖင့္ ေထာင္ဒဏ္ (၇)နွစ္က်ေစနို္င္ပါတယ္။

(၆) ဆက္သြယ္ေရးဥပေဒျဖစ္တဲ့ ပုဒ္မ ၆၆ ေတာ့ ေယာင္းေလးတို႔နဲ႔မစိမ္းဘူးထင္ပါတယ္ေနာ္

ပုဒ္မ၆၆(က) ကေတာ့ facebook /gmail ကို ခိုးယူျခင္းရင္တရားစြဲလို႔ရပါတယ္။ ပုဒ္မ၆၆(ခ)ကဆက္သြယ္ေရးကြန္ယက္ကိုထိခိုက္ေစရန္ ဗိုင္းရပ္စ္၊
အျခားနည္း နဲ႔ ဝင္ေရာက္ေစျခင္း ဆိုရင္ ျပစ္မႈေျမာက္ပါတယ္ေနာ္။

ပုဒ္မ ၆၆ (ဂ) ကေတာ့ ဆက္သြယ္ေရးကိုအသံုးျပဳျပီးေငြေၾကးနဲ႔ ပစၥည္းေတြခိုးယူျခင္း၊လိမ္လည္ျခင္း၊အလြဲသံုးစားလုပ္ျခင္း ေတြက ျပစ္မႈေျမာက္နိုင္ပါတယ္။

ပုဒ္မ၆၆(ဃ)ကေတာ့ ဆက္သြယ္ေရးကြန္ယက္ကိုသံုးၿပီးလူတစ္ေယာက္ကိုေျခာက္လွန္႔ျခင္း၊ အနိုင္အထက္ျပဳျခင္း၊မတရားတားဆီးကန္႔ကြတ္ျခင္း အသေရဖ်က္ျခင္း၊ ေနွာက္ယွက္ျခင္း၊ၿခိမ္းေျခာက္ျခင္း
ေတြက ျပစ္မႈေျမာက္ပါတယ္ေနာ္။

ေယာင္းေလးတို႔ေရ မိန္းကေလးေတြဘက္က ကာကြယ္ရမဲ့ ဥပေဒေလးေတြ အနည္းငယ္သိေလာက္ျပီထင္ပါတယ္။မသိေသးတဲ့ ေယာင္းေလးတို႔သူငယ္ခ်င္းေတြကို ျပန္ေဝမွ်ေပးဖို႔လဲ မေမ့ပါနဲ႔ေနာ္

Reference Link>>>  ေမာင္ပံသုေျမလႊာ , ဥပေဒေရးရာသုတအျဖာျဖာ

No Comments Yet

Comments are closed