Knowledge

စစ္တမ္းဘာေၾကာင့့္ျဖည့္သင့္တယ္…

စစ္တမ္းဆိုတာ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြကို ခိုးယူဖို႔လား 🤔🤔🤔

အခုေနာက္ပိုင္း အင္တာနက္ကို ေဖ့ဘုတ္တင္မကဘဲ တျခားအသံုးဝင္တဲ့ ေနရာေတြမွာလည္း သံုးလာၾကတယ္ေနာ္။ အဲဒီအထဲမွာ အြန္လိုင္းစစ္တမ္းေကာက္ျခင္းလို႔ေခၚတဲ့ online survey ဆိုတာကလည္း မၾကာမၾကာ ေတြ႕ျမင္လာရပါတယ္။ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ စစ္တမ္းဆိုတာ ကိုယ့္ရဲ႕ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြ ခိုးယူေနတာလို႔ပဲ သတ္မွတ္ထားတတ္ၾကတာမို႔ ေျဖဖို႔ လက္တြန္႔တတ္ၾကပါတယ္။ တကယ္တမ္းက်ေတာ့ survey ျဖည့္တဲ့အခါမွာ…

ကိုယ့္အတြက္ ပိုေကာင္းတဲ့ ဝန္ေဆာင္မႈေတြကို ယူလာေပးႏိုင္ပါတယ္။

လူအမ်ိဳးမ်ိဳး စိတ္အေထြေထြေလေနာ္႔။ လူ႔စိတ္ဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ တူဖို႔ေနေနသာသာ လူတစ္ကိုယ္တည္းေတာင္ တစ္ရက္နဲ႔တစ္ရက္တူဖို႔ဆိုတာ အင္မတန္မွခက္ခဲတာမို႔ စိတ္ေက်နပ္သည္ထိ ဝန္ေဆာင္မႈ ေကာင္းေကာင္း ေပးႏိုင္ဖို႔ဆိုတာ အရမ္းခက္ခဲပါတယ္။ အဲ့ေတာ့ ေယာင္းတို႔ စစ္တမ္းမေျဖခင္အခ်ိန္မွာ စမ္းတဝါးဝါးနဲ႔ ဟိုဟာဟုတ္ႏိုးႏိုး ဒီဟာဟုတ္ႏိုးႏိုးလိုက္ရမ္းတုပ္ၿပီး ဝန္ေဆာင္မႈေပးေနရတာမို႔ တစ္ခါတေလမွာ ေယာင္းတို႔အတြက္အဆင္မေျပတဲ့ ဝန္ေဆာင္မႈမ်ိဳးကို ေပးမိတာမ်ိဳး ျဖစ္သြားတတ္ပါတယ္။ အကယ္၍ ေယာင္းတို႔က ဒီလိုစစ္တမ္းေလးေတြ ေျဖေပးတဲ့အခါမွာ ေယာင္းတို႔ရဲ႕အေၾကာင္းကို ပိုသိလာၿပီး ေယာင္းတို႔ စိတ္ေက်နပ္ေလာက္မယ့္ အတိုင္းအတာနဲ႔ အနီးစပ္ဆံုးကို ဝန္ေဆာင္မႈေပးႏိုင္မွာမို႔ ေယာင္းတို႔အတြက္လည္း ပိုၿပီးအဆင္ေျပေစပါတယ္။

Related Article >>> ကိုယ္႔ရဲ႕ career မွာ ေပ်ာ္ရႊင္ဖို႔အတြက္ လက္လႊတ္လုိက္သင့္တဲ႔ ယံုၾကည္မႈ ၃ခု

စနစ္တစ္ခု ေျပာင္းဖို႔အတြက္ အမ်ားႀကီး အေထာက္အကူ ျပဳတယ္။

၂၁ ရာစုမွာ လူေတြက အရင္အခ်ိန္ေတြထက္ပိုၿပီး ပြင့္လင္းလာတယ္၊ အျမင္ပိုက်ယ္လာၾကတယ္ ဆိုေတာ့ တိုးတက္လာတဲ့ လူေတြအတြက္ ပိုေကာင္းတဲ့ စနစ္ကို ေခတ္နဲ႔အညီ လိုက္ေျပာင္းေပးရမွာပါပဲ။ အဲဒီလို ေျပာင္းလဲတဲ့ အခ်ိန္က်ရင္ေတာ့ ေယာင္းတို႔ရဲ႕အျမင္ေတြ၊ သေဘာထားေတြက အရမ္းအေရးႀကီးပါတယ္။ ေနာက္ၿပီး သိပၸံပညာရွင္ေတြ၊ တျခားပညာရွင္ေတြရဲ႕ အသစ္အသစ္ေသာ ေလ့လာေတြ႔ရွိခ်က္ေတြကို ေဖာ္ေဆာင္ႏိုင္ဖို႔အတြက္ တစ္ေယာက္ခ်င္းစီရဲ႕ အေျဖေတြကအေရးႀကီးတာမို႔ ေယာင္းတို႔ရဲ႕အေျဖေတြက ႏွင္းတို႔အတြက္ ေနမေကာင္းတဲ့ အခ်ိန္မွာရတဲ့ ၾကက္စြပ္ျပဳတ္ေလးလိုပါပဲ။ (အယ္လဲ့ ေႂကြကုန္ၾကၿပီလား :P)

ကိုယ့္ရဲ႕ထင္ျမင္ခ်က္ေတြကို ပြင့္ပြင့္လင္းလင္း ေရြးၿပီး ထုတ္ေဖာ္တတ္တဲ့အက်င့္ျဖစ္သြားတယ္။

ႏွင္းတို႔ရဲ႕ ျမန္မာလူမ်ိဳးေတြက သူတစ္ပါးအေပၚကို အားနာတတ္တဲ့ ခ်စ္စရာအေလ့အထတစ္ခုရွိတယ္။ ပံုမွန္အေနအထားအရေတာ့ သည္းခံတတ္တဲ့ စိတ္ထားနဲ႕ကိုယ္ခ်င္းစာတရားေလးတိုးလာတာမို႔ အကုန္လံုးအတြက္ ေကာင္းပါတယ္။ ဒါေပမဲ့ ေနာက္ဆက္တြဲအေနနဲ႔ သည္းခံပါမ်ားေတာ့ ၿမိဳသိပ္လြန္းၿပီး ကိုယ့္ရဲ႕ထင္ျမင္ခ်က္ေတြကို ထုတ္ေဖာ္ဖို႔အတြက္ေတာင္ အရမ္းစဥ္းစားသြားတဲ့ အက်င့္က ပါသြားေရာ။ ဒီလိုမ်ိဳး စစ္တမ္းေလးေတြ မ်ားမ်ားေျဖေပးတဲ့အခါမွာေတာ့ ကိုယ့္ရဲ႕ထင္ျမင္ခ်က္ကလည္း သူမ်ားအတြက္ အေရးပါတယ္ဆိုတဲ့ စိတ္မ်ိဳးျဖစ္သြားၿပီး ေနာက္က်ရင္ လူအမ်ားၾကားမွာလည္း ရဲရဲဝံ့ဝံ့ သတၱိရွိရွိ ထုတ္ေဖာ္လာတတ္မွာပါ။

Related Article >>> ပတ္ဝန္းက်င္ကိုဂ႐ုမစိုက္ဘူးဆိုတာေသခ်ာလုိ႔လား

ၿပီးေတာ့ေလ ဒီလိုစစ္တမ္းေျဖတဲ့အခါမွာ ကိုယ့္ရဲ႕ကိုယ္ေရးကိုယ္တာအခ်က္ေတြကို သူမ်ားကခိုးယူေနတာ၊ ကိုယ့္ရဲ႕ကိုယ္ေရးကိုယ္တာကိစၥေတြက ေပါက္ၾကားသြားမွာဆိုတာက်ေတာ့ နည္းနည္းေလးေတာ့ လြဲေနတယ္ေပါ့ေနာ္… ဒါေပမဲ့ အမ်ားစုကေတာ့ လံုၿခံဳစိတ္ခ်ရတာမ်ားပါတယ္။

ၿပီးေတာ့ အခု အက္ဒ္မင္တို႔ကလည္း ေယာင္းတို႔အတြက္ ပိုေကာင္းတဲ့ ဝန္ေဆာင္မႈေတြကို ေပးႏိုင္ေအာင္ စစ္တမ္းေလးတစ္ခု စီစဥ္ထားပါတယ္။ အခ်ိန္ ၅ မိနစ္ေလာက္ေပးၿပီး ဒီ Link ေလးကို ျဖည့္ေပးဦးေနာ္။ ေျဖေပးတဲ့ ေယာင္းေတြအတြက္လည္း ႏွင္းတို႔ရဲ႕ Club membership ေလးေတြ မဲျပန္ေဖာက္ေပးဦးမွာပါ။ စစ္တမ္းေလးေျဖၿပီး လက္ေဆာင္ရဦးမွာဆိုေတာ့ လက္မေႏွးသင့္ေတာ့ဘူးေနာ္…

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

စစ်တမ်းဆိုတာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ခိုးယူဖို့လား 🤔🤔🤔

အခုနောက်ပိုင်း အင်တာနက်ကို ဖေ့ဘုတ်တင်မကဘဲ တခြားအသုံးဝင်တဲ့ နေရာတွေမှာလည်း သုံးလာကြတယ်နော်။ အဲဒီအထဲမှာ အွန်လိုင်းစစ်တမ်းကောက်ခြင်းလို့ခေါ်တဲ့ online survey ဆိုတာကလည်း မကြာမကြာ တွေ့မြင်လာရပါတယ်။ ဒါပေမဲ့ တော်တော်များများကတော့ စစ်တမ်းဆိုတာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခိုးယူနေတာလို့ပဲ သတ်မှတ်ထားတတ်ကြတာမို့ ဖြေဖို့ လက်တွန့်တတ်ကြပါတယ်။ တကယ်တမ်းကျတော့ survey ဖြည့်တဲ့အခါမှာ…

ကိုယ့်အတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေကို ယူလာပေးနိုင်ပါတယ်။

လူအမျိုးမျိုး စိတ်အထွေထွေလေနော့်။ လူ့စိတ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် တူဖို့နေနေသာသာ လူတစ်ကိုယ်တည်းတောင် တစ်ရက်နဲ့တစ်ရက်တူဖို့ဆိုတာ အင်မတန်မှခက်ခဲတာမို့ စိတ်ကျေနပ်သည်ထိ ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ အဲ့တော့ ယောင်းတို့ စစ်တမ်းမဖြေခင်အချိန်မှာ စမ်းတဝါးဝါးနဲ့ ဟိုဟာဟုတ်နိုးနိုး ဒီဟာဟုတ်နိုးနိုးလိုက်ရမ်းတုပ်ပြီး ဝန်ဆောင်မှုပေးနေရတာမို့ တစ်ခါတလေမှာ ယောင်းတို့အတွက်အဆင်မပြေတဲ့ ဝန်ဆောင်မှုမျိုးကို ပေးမိတာမျိုး ဖြစ်သွားတတ်ပါတယ်။ အကယ်၍ ယောင်းတို့က ဒီလိုစစ်တမ်းလေးတွေ ဖြေပေးတဲ့အခါမှာ ယောင်းတို့ရဲ့အကြောင်းကို ပိုသိလာပြီး ယောင်းတို့ စိတ်ကျေနပ်လောက်မယ့် အတိုင်းအတာနဲ့ အနီးစပ်ဆုံးကို ဝန်ဆောင်မှုပေးနိုင်မှာမို့ ယောင်းတို့အတွက်လည်း ပိုပြီးအဆင်ပြေစေပါတယ်။

Related Article >>> ကိုယ့်ရဲ့ career မှာ ပျော်ရွှင်ဖို့အတွက် လက်လွှတ်လိုက်သင့်တဲ့ ယုံကြည်မှု ၃ခု

စနစ်တစ်ခု ပြောင်းဖို့အတွက် အများကြီး အထောက်အကူ ပြုတယ်။

၂၁ ရာစုမှာ လူတွေက အရင်အချိန်တွေထက်ပိုပြီး ပွင့်လင်းလာတယ်၊ အမြင်ပိုကျယ်လာကြတယ် ဆိုတော့ တိုးတက်လာတဲ့ လူတွေအတွက် ပိုကောင်းတဲ့ စနစ်ကို ခေတ်နဲ့အညီ လိုက်ပြောင်းပေးရမှာပါပဲ။ အဲဒီလို ပြောင်းလဲတဲ့ အချိန်ကျရင်တော့ ယောင်းတို့ရဲ့အမြင်တွေ၊ သဘောထားတွေက အရမ်းအရေးကြီးပါတယ်။ နောက်ပြီး သိပ္ပံပညာရှင်တွေ၊ တခြားပညာရှင်တွေရဲ့ အသစ်အသစ်သော လေ့လာတွေ့ရှိချက်တွေကို ဖော်ဆောင်နိုင်ဖို့အတွက် တစ်ယောက်ချင်းစီရဲ့ အဖြေတွေကအရေးကြီးတာမို့ ယောင်းတို့ရဲ့အဖြေတွေက နှင်းတို့အတွက် နေမကောင်းတဲ့ အချိန်မှာရတဲ့ ကြက်စွပ်ပြုတ်လေးလိုပါပဲ။ (အယ်လဲ့ ကြွေကုန်ကြပြီလား :P)

ကိုယ့်ရဲ့ထင်မြင်ချက်တွေကို ပွင့်ပွင့်လင်းလင်း ရွေးပြီး ထုတ်ဖော်တတ်တဲ့အကျင့်ဖြစ်သွားတယ်။

နှင်းတို့ရဲ့ မြန်မာလူမျိုးတွေက သူတစ်ပါးအပေါ်ကို အားနာတတ်တဲ့ ချစ်စရာအလေ့အထတစ်ခုရှိတယ်။ ပုံမှန်အနေအထားအရတော့ သည်းခံတတ်တဲ့ စိတ်ထားနဲ့ကိုယ်ချင်းစာတရားလေးတိုးလာတာမို့ အကုန်လုံးအတွက် ကောင်းပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲအနေနဲ့ သည်းခံပါများတော့ မြိုသိပ်လွန်းပြီး ကိုယ့်ရဲ့ထင်မြင်ချက်တွေကို ထုတ်ဖော်ဖို့အတွက်တောင် အရမ်းစဉ်းစားသွားတဲ့ အကျင့်က ပါသွားရော။ ဒီလိုမျိုး စစ်တမ်းလေးတွေ များများဖြေပေးတဲ့အခါမှာတော့ ကိုယ့်ရဲ့ထင်မြင်ချက်ကလည်း သူများအတွက် အရေးပါတယ်ဆိုတဲ့ စိတ်မျိုးဖြစ်သွားပြီး နောက်ကျရင် လူအများကြားမှာလည်း ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ထုတ်ဖော်လာတတ်မှာပါ။

Related Article >>> ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူးဆိုတာသေချာလို့လား

ပြီးတော့လေ ဒီလိုစစ်တမ်းဖြေတဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်တွေကို သူများကခိုးယူနေတာ၊ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေက ပေါက်ကြားသွားမှာဆိုတာကျတော့ နည်းနည်းလေးတော့ လွဲနေတယ်ပေါ့နော်… ဒါပေမဲ့ အများစုကတော့ လုံခြုံစိတ်ချရတာများပါတယ်။

ပြီးတော့ အခု အက်ဒ်မင်တို့ကလည်း ယောင်းတို့အတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်အောင် စစ်တမ်းလေးတစ်ခု စီစဉ်ထားပါတယ်။ အချိန် ၅ မိနစ်လောက်ပေးပြီး ဒီ Link လေးကို ဖြည့်ပေးဦးနော်။ ဖြေပေးတဲ့ ယောင်းတွေအတွက်လည်း နှင်းတို့ရဲ့ Club membership လေးတွေ မဲပြန်ဖောက်ပေးဦးမှာပါ။ စစ်တမ်းလေးဖြေပြီး လက်ဆောင်ရဦးမှာဆိုတော့ လက်မနှေးသင့်တော့ဘူးနော်…

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *