ယောင်းတို့ Email မှာသုံးနေတဲ့ @ သင်္ကေတ ကို ဘယ်သူဖန်တီးခဲ့လည်းဆိုတာသိပါသလား

Email လိပ်စာတွေမှာသုံးနေတဲ့@ သင်္ကေတကို စတင်ထည့်သွင်းပေးခဲ့သူကတော့ Ray Tomlinson ဆိုတဲ့ အမေရိကန်လူမျိုးဖြစ်ပါတယ်နော်ယောင်းလေးတို့ရေ

Ray Tomlinson က ပရိုဂရမ်မာ တစ်ယောက်လဲဖြစ်ပါတယ်။ပထမဆုံး email ကို 1971 ကစတင်ပို့ခဲ့ပါတယ်နော် ယောင်းလေးတို့ရေ

April 23, 1941 မှာ Ray Tomlinson ကို Amsterdam,New York မှာမွေးဖွားခဲ့တာပါနော်ယောင်းလေးတို့ရေ

သူက Master’s degree in electrical engineering ကို 1965 မှာရရှိခဲ့ပြီး 1967 နည်းပညာကုမ္ပဏီမှာ စတင်အလုပ်လုပ်ခဲ့ပါတယ်။

သူဟာ SNDMSG ပရိုဂရမ် ကိုတီထွင်ခဲ့ပါတယ်။အဲ့ဒီစနစ်က မေးလ် လက်ခံရရှိမည့်သူရဲ့ ကွန်ပျူတာထဲသို့မေးဖိုင်များပို့ပေးနိုင်ပါတယ်။ဒီစနစ်ဖြင့် ပထမဆုံး ပို့ခဲ့တဲ့ email ကို Ray Tomlinson က စာကြောင်းမဟုတ်ပဲ ဥပမာအားဖြင့် (QWERTYUIOP) လို့ရေးခဲ့တယ်တဲ့နော် ယောင်းလေးတို့ရေ

သူကို သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေမှ အသုံးပြုသူတွေကို သက်မှတ်ရန်အကြံပေးသည့် အတွက် သူက @ သင်္ကေတကို အသုံးပြုမယ်လို့ဆုံးဖြတ်ခဲ့တာတဲ့ယောင်းလေးတို့ရေ အဲ့အချိန်ကာလတုန်းက @ ကိုသိတဲ့သူလဲနည်းပါးတာကြောင့်တစ်ခြားသင်္ကေတကိုပြောင်းလဲဖို့အကြံပေးခဲ့ကြတယ်။ဒါပေမဲ့သူကမပြောင်းလဲခဲ့ပါဘူး။

သူက email လို့ခေါ်တာထက် e-mailလို့ခေါ်တာပိုကြိုက်နှစ်သက်တယ်လို့ 2010 interview တစ်ခုမှာ နောက်ပြောင်ပြီးပြောခဲ့သေးတယ်တဲ့ ယောင်းလေးတို့ရေ

Ray Tomlinson က 74 နှစ်မှာ သူ့အိမ်ဖြစ်တဲ့ Lincoln, Massachusetts တွင် March 5, 2016 က နှလုံးရောဂါနဲ့ဘဝတစ်ပါးကူးပြောင်းသွားခဲ့ပါတယ်။

ကဲယောင်းလေးတို့ရေ ကိုယ်အသုံးပြုနေတဲ့ Email နဲ့@ သင်္ကေတ ကိုတီထွင်ခဲ့တဲ့ သူအကြောင်းယောင်းလေးတို့အနည်းငယ်သိလောက်ပြီထင်ပါတယ်နော်။

<<<Zawgyi>>>










No Comments Yet

Comments are closed