Knowledge

အခြန္ေရွာင္တဲ့ ဆိုင္ေတြကို တိုင္တန္းမယ္ဆို ေယာင္းရရွိမယ့္ အရာက ?

ဒီေဆာင္းပါးဖတ္ၿပီးရင္ အခြန္တံဆိပ္ေခါင္းနဲ႔ ေဘလ္ကို ေသခ်ာလိုက္စစ္ေတာ့မယ္ဆိုတာ သိေနတယ္.. 😛

ေယာင္းတို႔ေရ… စားေသာက္ဆိုင္ တစ္ဆိုင္ဆိုင္မွာ သြားစားလို႔ ပိုက္ဆံရွင္းၿပီဆုိရင္ အခြန္တံဆိပ္ေခါင္းေလးေတြ ကပ္ၿပီး လာေပးတယ္ဟုတ္? ဒီတံဆိပ္ေခါင္းေလးေတြဟာ က်သင့္တဲ့ အခြန္ေငြကို တြက္ခ်က္ၿပီးမွ ကပ္ေပးတယ္ဆိုတာေတာ့ ေယာင္းတို႔ သိၿပီးၾကၿပီလို႔ ထင္ပါတယ္ေနာ္.. တကယ္လို႔မ်ား က်သင့္တဲ့ အခြန္အတိုင္း ဒီတံဆိပ္ေခါင္းေတြကို မကပ္ေပးဘူးဆိုရင္ အဲဒီစားေသာက္ဆိုင္က အခြန္ေရွာင္တယ္လို႔ သတ္မွတ္လို႔ ရပါတယ္။ ကိုယ္ကေတာ့ ေပးလိုက္ရၿပီး သူတို႔က အခြန္ေရွာင္တယ္ဆို ဘယ္တရားမလဲေနာ္.. ဒါဆို ဘယ္လို လုပ္လို႔ရလဲ?

တိုင္လို႔ ရပါတယ္ ေယာင္းေရ… တိုင္ရင္ အလုပ္ရႈပ္ရံုပဲ ရွိမွာေပါ့.. ကိုယ္ေတာင္ အလုပ္ပိုသြားေသးတယ္လို႔ေရာ ေတြးေနၿပီလား? တကယ္ေတာ့ အခြန္ေရွာင္တာကို ၿမိဳ႕နယ္အခြန္ဦးစီးဌာနမွဴးကို သတင္းေပး တိုင္ၾကားမယ္ဆိုရင္ ေယာင္းတို႔အတြက္လည္း ဆုေၾကး ရွိပါေသးသတဲ့… ဒီအေၾကာင္းေလး ေယာင္းတို႔ကို ေျပာျပမယ္ေနာ္…

Related Article >>> ေငြေၾကးစီမံမႈ နယ္ပယ္မွာ ေယာင္းအတြက္ ဘယ္လိုအလုပ္အကိုင္ အခြင့္အလမ္းေတြ ရွိႏိုင္လဲ? (၂)

တည္ဆဲဥပေဒအရ ေျပစာ ဒါမွမဟုတ္ ေငြလက္ခံရရွိေၾကာင္း အေထာက္အထား (ေဘလ္စာရြက္ေပါ့ ေယာင္းတို႔ရယ္) ေတြကို ေယာင္းတို႔ကို ေပးလိုက္ေပမဲ့လည္း အဲဒီေပၚမွာ သတ္မွတ္ထားတဲ့ က်သင့္အခြန္အမွတ္တံဆိပ္ ႏွိပ္ေပးဖို႔ ပ်က္ကြက္မယ္ဆိုရင္ အခြန္ေရွာင္တဲ့ဆိုင္က သူေရွာင္လိုက္တဲ့ အခြန္ေငြရဲ႕ ၁၀၀% (ရွင္းေအာင္ေျပာရရင္ သူေရွာင္လုိက္တဲ့ အခြန္ရဲ႕ ၂ဆ) ကို ဒဏ္ေၾကးေဆာင္ရမွာပါ။

ဥပမာအားျဖင့္ ေယာင္းတို႔ ညစာကို စားေသာက္ဆိုင္မွာ စားတဲ့အတြက္ ရွင္းလိုက္ရတဲ့ ေငြတန္ဖိုးက ၁၀၅,၀၀၀ ထားၾကပါစို႔..

ဒီမွာဆိုရင္….

ညေနစာအတြက္ က်သင့္ေငြက  ၁၀၀,၀၀၀ ျဖစ္ၿပီး အခြန္က ၅၀၀၀ ပါ။

အဲ.. အဲဒီမွာမွ ေဘလ္ရွင္းတဲ့အခါ ေဘလ္စာရြက္ေပၚက အခြန္တံဆိပ္ေခါင္း စုစုေပါင္း တန္ဖိုးက ၁၀၀၀ ပဲရွိေနတယ္ဆိုရင္ က်ိန္းေသၿပီ ၄၀၀၀ ဖိုး အခြန္ေရွာင္ၿပီေပါ့ ဟုတ္?

ဒါဆိုရင္ အခြန္ေရွာင္တဲ့ ဆိုင္က ေရွာင္လိုက္တဲ့ အခြန္တန္ေၾကး ၄၀၀၀ အျပင္ ဒဏ္ေၾကး ၄၀၀၀ ။ စုစုေပါင္း ၈၀၀၀ ဒဏ္ေၾကး အတပ္ခံရမွာပါ။

ဒီ ၁၀၀% ဆိုတဲ့ ပမာဏအျပင္ အခြန္ေရွာင္တဲ့သူဟာ  ဘ႑ာေရး တစ္ႏွစ္အတြင္း ပ်က္ကြက္တဲ့ အႀကိမ္ေရအလိုက္ ဒဏ္ေၾကးေတြလည္း ေဆာင္ရဖို႔ ရွိပါတယ္။

ပထမအႀကိမ္ အခြန္ေဆာင္ဖို႔ ပ်က္ကြက္တယ္ဆိုရင္ – ၂သိန္း

ဒုတိယအႀကိမ္ အခြန္ေဆာင္ဖို႔ ပ်က္ကြက္တယ္ဆိုရင္ – ၅ သိန္း

တတိယအႀကိမ္ အခြန္ေဆာင္ဖို႔ ပ်က္ကြက္တယ္ဆိုရင္ – ၇သိန္း နဲ႔

တတိယအႀကိမ္ေနာက္ပိုင္း အခြန္ေဆာင္ဖို႔ ပ်က္ကြက္မယ္ဆိုရင္ တစ္ႀကိမ္ကို -၁၀ သိန္း ႏႈန္းစီ နဲ႔ ဒဏ္ေၾကးေဆာင္ၾကရမွာပါ။

အဲ့ေတာ့ အေပၚက အခြန္ေရွာင္တဲ့ ကိစၥကို ျပန္ေျပာၾကမယ္ဆိုရင္ အဲဒီဆိုင္က ခုမွ အတိုင္ခံရတယ္ ဆိုၾကပါစို႔.. ဒါဟာ သူ ပထမအႀကိမ္ အခြန္ေဆာင္ဖို႔ ပ်က္ကြက္တာမို႔ အပိုဒဏ္ေၾကး ၂သိန္း ထပ္ေဆာင္ရပါမယ္။ အဲ့ေတာ့ စုစုေပါင္း အခြန္ေရွာင္တဲ့အတြက္ ေဆာင္ရတဲ့ ဒဏ္ေၾကးက ႏွစ္သိန္းရွစ္ေထာင္ (၂၀၈၀၀၀)ေပါ့… (ဒုတိယအႀကိမ္ဆိုရင္ ငါးသိန္း ရွစ္ေထာင္ျဖစ္သြားမယ္၊ တတိယအႀကိမ္ဆိုရင္ ခုနစ္သိန္းရွစ္ေထာင္ ျဖစ္ၿပီး တတိယအႀကိမ္ ေနာက္ပိုင္းဆိုရင္ေတာ့ ၁၀သိန္း ၈ေထာင္စီ ျဖစ္သြားမွာပါ။)  ဒီထိ နားလည္ေသးတယ္ဟုတ္?

Related Article >>> ေငြေၾကးစီမံမႈ နယ္ပယ္မွာ ေယာင္းအတြက္ ဘယ္လိုအလုပ္အကိုင္ အခြင့္အလမ္းေတြ ရွိႏိုင္လဲ။

အဲ.. အဲဒီမွာမွ ေယာင္းက အခြန္ရံုးကို သက္ေသအေထာက္အထားအျပည့္အစံုနဲ႔ တိုင္တဲ့သူဆိုပါစို႔… ဥပေဒအရ ေယာင္းတို႔ ရရမယ့္ ဆုေၾကး (ခံစားခြင့္)ေတြ ရွိေနပါတယ္။ ဆုေၾကး ပမာဏက အခြန္ေရွာင္တဲ့သူ ေဆာင္ရတဲ့ ဒဏ္ေၾကးရဲ႕ ၁၀% ပါ။

အဲ့ေတာ့ အေပၚက စားေသာက္ဆိုင္ကိစၥေပၚမွာပဲ ထပ္တြက္ၾကည့္ရေအာင္..  စားေသာက္ဆိုင္ ေပးလိုက္ရတဲ့ ဒဏ္ေငြက ၂၀၈၀၀၀ ဆိုရင္ ေယာင္းရမယ့္ ပမာဏက ၂၀၈၀၀ ပါ။ တကယ္လို႔မ်ား ေယာင္းက အခြန္ေရွာင္တဲ့ ဆိုင္တစ္ခုခုကို တိုင္ခ်င္တယ္ဆိုပါစို႔.. အဲဒီဆိုင္ရွိတဲ့ သက္ဆိုင္ရာ ၿမိဳ႕နယ္အခြန္ရံုးေတြမွာ ေဘလ္စာရြက္နဲ႔အတူ သြားၿပီး သတင္းပို႔လို႔ရပါတယ္။ သတင္းေပးသူဟာ ဘယ္သူျဖစ္တယ္ဆိုတာကို အစိုးရကိစၥမွတစ္ပါး ဘယ္သူမွ သိခြင့္မရွိ၊ ေဖာ္ျပခြင့္ မရွိပါဘူး။ စိတ္ခ်လက္ခ်သာ ေျပးတိုင္လိုက္ပါ 😛 ေနာက္တာ ေနာက္တာ… 😀

ကဲ.. ဒါဆို ႏုိင္ငံႀကီးသား ပီသစြာနဲ႔ပဲ အခြန္ကို တိတိက်က် ေဆာင္ၾကသလို အခြန္ေရွာင္တဲ့သူေတြကို လိုက္တိုင္ အဲေလ အခြန္ေရွာင္ျခင္းကိုလည္း လက္မခံၾကပါနဲ႔လို႔…

ခ်စ္တဲ့

Libra (For Her Myanmar)

<<< Unicode >>>

ဒီဆောင်းပါးဖတ်ပြီးရင် အခွန်တံဆိပ်ခေါင်းနဲ့ ဘေလ်ကို သေချာလိုက်စစ်တော့မယ်ဆိုတာ သိနေတယ်.. 😛

ယောင်းတို့ရေ… စားသောက်ဆိုင် တစ်ဆိုင်ဆိုင်မှာ သွားစားလို့ ပိုက်ဆံရှင်းပြီဆိုရင် အခွန်တံဆိပ်ခေါင်းလေးတွေ ကပ်ပြီး လာပေးတယ်ဟုတ်? ဒီတံဆိပ်ခေါင်းလေးတွေဟာ ကျသင့်တဲ့ အခွန်ငွေကို တွက်ချက်ပြီးမှ ကပ်ပေးတယ်ဆိုတာတော့ ယောင်းတို့ သိပြီးကြပြီလို့ ထင်ပါတယ်နော်.. တကယ်လို့များ ကျသင့်တဲ့ အခွန်အတိုင်း ဒီတံဆိပ်ခေါင်းတွေကို မကပ်ပေးဘူးဆိုရင် အဲဒီစားသောက်ဆိုင်က အခွန်ရှောင်တယ်လို့ သတ်မှတ်လို့ ရပါတယ်။ ကိုယ်ကတော့ ပေးလိုက်ရပြီး သူတို့က အခွန်ရှောင်တယ်ဆို ဘယ်တရားမလဲနော်.. ဒါဆို ဘယ်လို လုပ်လို့ရလဲ?

တိုင်လို့ ရပါတယ် ယောင်းရေ… တိုင်ရင် အလုပ်ရှုပ်ရုံပဲ ရှိမှာပေါ့.. ကိုယ်တောင် အလုပ်ပိုသွားသေးတယ်လို့ရော တွေးနေပြီလား? တကယ်တော့ အခွန်ရှောင်တာကို မြို့နယ်အခွန်ဦးစီးဌာနမှူးကို သတင်းပေး တိုင်ကြားမယ်ဆိုရင် ယောင်းတို့အတွက်လည်း ဆုကြေး ရှိပါသေးသတဲ့… ဒီအကြောင်းလေး ယောင်းတို့ကို ပြောပြမယ်နော်…

Related Article >>> ငွေကြေးစီမံမှု နယ်ပယ်မှာ ယောင်းအတွက် ဘယ်လိုအလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနိုင်လဲ? (၂)

တည်ဆဲဥပဒေအရ ပြေစာ ဒါမှမဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထား (ဘေလ်စာရွက်ပေါ့ ယောင်းတို့ရယ်) တွေကို ယောင်းတို့ကို ပေးလိုက်ပေမဲ့လည်း အဲဒီပေါ်မှာ သတ်မှတ်ထားတဲ့ ကျသင့်အခွန်အမှတ်တံဆိပ် နှိပ်ပေးဖို့ ပျက်ကွက်မယ်ဆိုရင် အခွန်ရှောင်တဲ့ဆိုင်က သူရှောင်လိုက်တဲ့ အခွန်ငွေရဲ့ ၁၀၀% (ရှင်းအောင်ပြောရရင် သူရှောင်လိုက်တဲ့ အခွန်ရဲ့ ၂ဆ) ကို ဒဏ်ကြေးဆောင်ရမှာပါ။

ဥပမာအားဖြင့် ယောင်းတို့ ညစာကို စားသောက်ဆိုင်မှာ စားတဲ့အတွက် ရှင်းလိုက်ရတဲ့ ငွေတန်ဖိုးက ၁၀၅,၀၀၀ ထားကြပါစို့..

ဒီမှာဆိုရင်….

ညနေစာအတွက် ကျသင့်ငွေက  ၁၀၀,၀၀၀ ဖြစ်ပြီး အခွန်က ၅၀၀၀ ပါ။

အဲ.. အဲဒီမှာမှ ဘေလ်ရှင်းတဲ့အခါ ဘေလ်စာရွက်ပေါ်က အခွန်တံဆိပ်ခေါင်း စုစုပေါင်း တန်ဖိုးက ၁၀၀၀ ပဲရှိနေတယ်ဆိုရင် ကျိန်းသေပြီ ၄၀၀၀ ဖိုး အခွန်ရှောင်ပြီပေါ့ ဟုတ်?

ဒါဆိုရင် အခွန်ရှောင်တဲ့ ဆိုင်က ရှောင်လိုက်တဲ့ အခွန်တန်ကြေး ၄၀၀၀ အပြင် ဒဏ်ကြေး ၄၀၀၀ ။ စုစုပေါင်း ၈၀၀၀ ဒဏ်ကြေး အတပ်ခံရမှာပါ။

ဒီ ၁၀၀% ဆိုတဲ့ ပမာဏအပြင် အခွန်ရှောင်တဲ့သူဟာ  ဘဏ္ဍာရေး တစ်နှစ်အတွင်း ပျက်ကွက်တဲ့ အကြိမ်ရေအလိုက် ဒဏ်ကြေးတွေလည်း ဆောင်ရဖို့ ရှိပါတယ်။

ပထမအကြိမ် အခွန်ဆောင်ဖို့ ပျက်ကွက်တယ်ဆိုရင် – ၂သိန်း

ဒုတိယအကြိမ် အခွန်ဆောင်ဖို့ ပျက်ကွက်တယ်ဆိုရင် – ၅ သိန်း

တတိယအကြိမ် အခွန်ဆောင်ဖို့ ပျက်ကွက်တယ်ဆိုရင် – ၇သိန်း နဲ့

တတိယအကြိမ်နောက်ပိုင်း အခွန်ဆောင်ဖို့ ပျက်ကွက်မယ်ဆိုရင် တစ်ကြိမ်ကို -၁၀ သိန်း နှုန်းစီ နဲ့ ဒဏ်ကြေးဆောင်ကြရမှာပါ။

အဲ့တော့ အပေါ်က အခွန်ရှောင်တဲ့ ကိစ္စကို ပြန်ပြောကြမယ်ဆိုရင် အဲဒီဆိုင်က ခုမှ အတိုင်ခံရတယ် ဆိုကြပါစို့.. ဒါဟာ သူ ပထမအကြိမ် အခွန်ဆောင်ဖို့ ပျက်ကွက်တာမို့ အပိုဒဏ်ကြေး ၂သိန်း ထပ်ဆောင်ရပါမယ်။ အဲ့တော့ စုစုပေါင်း အခွန်ရှောင်တဲ့အတွက် ဆောင်ရတဲ့ ဒဏ်ကြေးက နှစ်သိန်းရှစ်ထောင် (၂၀၈၀၀၀)ပေါ့… (ဒုတိယအကြိမ်ဆိုရင် ငါးသိန်း ရှစ်ထောင်ဖြစ်သွားမယ်၊ တတိယအကြိမ်ဆိုရင် ခုနစ်သိန်းရှစ်ထောင် ဖြစ်ပြီး တတိယအကြိမ် နောက်ပိုင်းဆိုရင်တော့ ၁၀သိန်း ၈ထောင်စီ ဖြစ်သွားမှာပါ။)  ဒီထိ နားလည်သေးတယ်ဟုတ်?

Related Article >>> ငွေကြေးစီမံမှု နယ်ပယ်မှာ ယောင်းအတွက် ဘယ်လိုအလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနိုင်လဲ။

အဲ.. အဲဒီမှာမှ ယောင်းက အခွန်ရုံးကို သက်သေအထောက်အထားအပြည့်အစုံနဲ့ တိုင်တဲ့သူဆိုပါစို့… ဥပဒေအရ ယောင်းတို့ ရရမယ့် ဆုကြေး (ခံစားခွင့်)တွေ ရှိနေပါတယ်။ ဆုကြေး ပမာဏက အခွန်ရှောင်တဲ့သူ ဆောင်ရတဲ့ ဒဏ်ကြေးရဲ့ ၁၀% ပါ။

အဲ့တော့ အပေါ်က စားသောက်ဆိုင်ကိစ္စပေါ်မှာပဲ ထပ်တွက်ကြည့်ရအောင်..  စားသောက်ဆိုင် ပေးလိုက်ရတဲ့ ဒဏ်ငွေက ၂၀၈၀၀၀ ဆိုရင် ယောင်းရမယ့် ပမာဏက ၂၀၈၀၀ ပါ။ တကယ်လို့များ ယောင်းက အခွန်ရှောင်တဲ့ ဆိုင်တစ်ခုခုကို တိုင်ချင်တယ်ဆိုပါစို့.. အဲဒီဆိုင်ရှိတဲ့ သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးတွေမှာ ဘေလ်စာရွက်နဲ့အတူ သွားပြီး သတင်းပို့လို့ရပါတယ်။ သတင်းပေးသူဟာ ဘယ်သူဖြစ်တယ်ဆိုတာကို အစိုးရကိစ္စမှတစ်ပါး ဘယ်သူမှ သိခွင့်မရှိ၊ ဖော်ပြခွင့် မရှိပါဘူး။ စိတ်ချလက်ချသာ ပြေးတိုင်လိုက်ပါ 😛 နောက်တာ နောက်တာ… 😀

ကဲ.. ဒါဆို နိုင်ငံကြီးသား ပီသစွာနဲ့ပဲ အခွန်ကို တိတိကျကျ ဆောင်ကြသလို အခွန်ရှောင်တဲ့သူတွေကို လိုက်တိုင် အဲလေ အခွန်ရှောင်ခြင်းကိုလည်း လက်မခံကြပါနဲ့လို့…

ချစ်တဲ့

Libra (For Her Myanmar)

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*

Leave a Reply

Your email address will not be published. Required fields are marked *