ခရီးသွားတဲ့အခါ ပိုပြီး အဆင်ပြေလွယ်ကူအောင် ဘယ်လို App တွေ ဒေါင်းလုတ်ဆွဲသွားသင့်လဲ??
လက်မှတ်ဝယ်ဖို့က?? 
Women of Tomorrow 2
ဟိုတယ်ရှာမယ်.. 
သွားရေးလာရေးအတွက်??
<<< Unicode >>>
ခရီးသွားရာသီ ရောက်လာပြီဆိုတော့ကာ….
ခရီးသွားတိုင်း ဟိုတယ်အခန်းပြည့်နေတာတွေ၊ ကားလက်မှတ်ဝယ်လို့ အဆင်မပြေတာတွေ၊ လမ်းမှားတာတွေကြုံရတတ်တယ်မလား… ဖြူသန့်ကတော့ ခဏခဏ ကြုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ ယောင်းတို့ကို အခုဝေမျှပေးမယ့်  Application တွေ ဖုန်းထဲ ဒေါင်းထားလိုက်တော့ ခရီးသွားတဲ့အခါ အိုကေစိုပြည်ဆိုတဲ့ အခြေအနေ ရောက်သွားခဲ့ပါတယ်။ ဆိုတော့ နိုင်ငံခြားခရီးသွားရင်ပဲသွားသွား ၊ ပြည်တွင်းခရီးစဉ်ပဲသွားသွား ယောင်းတို့ခရီးလမ်းတစ်လျှောက် အဆင်ပြေချောမွေ့အောင်ကူူညီပေးနိုင်မယ့် Application လေးတွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်…
လက်မှတ်ဝယ်ဖို့က?? 
Skyscanner ဆိုတဲ့ Application လေးကတော့ လေယာဉ်လက်မှတ်တွေကို အလွယ်တကူဝယ်လို့ရတဲ့ Application လေးပါ။ သွားမယ့်နေ့ရက်၊ နေရာလေးရိုက်ထည့်လိုက်တာနဲ့ ဈေးနှုန်းတွေ၊ ကြာချိန်တွေ၊ ဘာဝန်ဆောင်မှုတွေပေးလဲ ဆိုတာတွေကိုပါ ပြနိုင်ပါတယ်။ ပြီးတော့လေယာဉ်လက်မှတ် ဈေးချတောတွေကိုလည်း ဖော်ပြပေးပါသေးတယ်။
အလားတူ Application တွေလည်းရှိပါသေးတယ်။ ပြည်တွင်းကားလက်မှတ်ဝယ်မယ်ဆိုရင်တော့ Ok$, oway, Mandalarminn ,ZeyarWiki, PayHere, myKyat Myanmar စတဲ့ Application တွေ အများကြီးရှိပါတယ်။ ဒါတော့ ယောင်းတို့နဲ့ အဆင်ပြေရာ သုံးပေါ့နော်…
Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ်သိလိုပါက >> http://bit.ly/2WK7oFQ
Related Article >>> စာကြမ်းပိုးယောင်းယောင်းလေးတို့ရဲ့ ဖုန်းထဲမှာ မဖြစ်မနေ ရှိထားသင့်တဲ့ Application (၃) ခု
ဟိုတယ်ရှာမယ်.. 
ဟိုတယ် Booking လုပ်မယ်ဆိုရင် Agoda, booking.com, hostelworld, airbnbn, tripadvisor စတဲ့ application တွေရှိပါတယ်။ Tripadvisorနဲ့ Agoda ကတော့ ပြည်တွင်းခရီးတွေအတွက်ပါ အဆင်ပြေစေနိုင်ပါတယ်။
သွားရေးလာရေးအတွက်??
သွားရေးလာရေးအတွက်ဆို အပြင်မှာ တက္ကစီတို့ လိုင်းကားတို့ ရှိပေမဲ့လည်း လုံခြုံစိတ်ချရမှုနဲ့ ဈေးကြီးမမိဖို့ကတော့ မသေချာပါဘူး။ စိတ်ချလက်ချ သွားလာဖို့အတွက်ဆိုရင် Grab, Uber, HAHA TAXI, Hello Cabs, Oway, GetRide စတဲ့ application တွေရှိပါတယ်။
Application တွေက ယောင်းတို့ရှိနေတဲ့နေရာကို လာခေါ်ပေးမယ့်အပြင် ကားမောင်းတဲ့လူရဲ့ အချက်အလက်တွေပါပြထားတော့ ယောင်းတို့အတွက် လုံခြုံစိတ်ချရစေပါတယ်။ ဈေးတွေကလည်း အပြင်ဈေးတွေနဲ့ သိပ်မကွာပါဘူးနော်။ ဒါတော့ အထွေ အထူး ပြောစရာ မလိုဘူး ထင်ပါရဲ့နော်.. ဒီမှာလည်း သုံးနေကြတာ ဆိုတော့လေ…
Related Article >>> ကိုယ့်စိတ်ကြိုက် ဓာတ်ပုံတွေ ပြင်နိုင်ဖို့ အသုံးဝင်စေမယ့် app သုံးခု
လမ်းမသိတဲ့အခါ.. လမ်းပျောက်တဲ့အခါရော??? 
ပါးစပ်ပါရွာရောက် ဆိုပေမဲ့လည်းဘာသာစကားမတူတာတွေ၊ အခေါ်အဝေါ်မတူတဲ့ အခါတွေ၊ စကားပြောပုံစံ လေယူလေသိမ်းကွာတဲ့အခါတွေဆိုရင် ရွာလည်နေလိမ့်မယ်နော်။ ဒီပြဿနာတွေအတွက် Google Maps, MAPS.Me, Waze စတဲ့ Application တွေက ကူညီဖြေရှင်းပေးပါလိမ့်မယ်နော်။ Online နဲ့ရော Offline နဲ့ပါသုံးလို့ရတာဆိုတော့ ယောင်းလေးတို့ အတွက် အဆင်ပြေလောက်မယ်လို့ ထင်ပါတယ်။
တစ်ခုရှိတာက Google Maps က အတော်လေး စိတ်ချရပေမဲ့လို့ ကိုယ်တွေလို နိုင်ငံအတွက် တချို့နေရာလေးတွေဆို Update မဖြစ်တာလေးတွေ ရှိတတ်တယ်။ ဥပမာ One Way ပြောင်းသွားတာ ဘာညာ ကျတော့လေ စစပြောင်းချင်းဆို Update မဖြစ်ဘူးရယ်.. နောက်ပိုင်းမှ ဖြစ်တာဆိုတော့.. ဒါလေး တစ်ခုပါပဲ။ ပြည်ပခရီးအတွက်ဆိုရင်တော့ ၉၈%လောက် အဆင်ပြေနိုင်ပါတယ်နော်…
ဒီလောက်ဆိုရင်တော့ ခရီးသွားတဲ့အခါ အဆင်ပြေချောမွေ့စေဖို့ ဘယ်လို Applications တွေဆောင်ထားသင့်လဲဆိုတာကို သိရှိသွားလောက်ပါပြီ။ ဒီ App ေတွေ အကုန်လုံးကို Google Playstore မှာ ဒေါင်းလို့ရပါတယ် ယောင်းတို့ရေ.. Link တော့ မချပေးတော့ဘူးနော်… ဖြူသန့်ဝေမျှပေးခဲ့တဲ့ Applications တွေကို ကောင်းကောင်းအသုံးချနိုင်ကြပြီး ခရီးစဉ်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ..
Phyu Thant (For Her Myanmar)
No Comments Yet
Comments are closed