Knowledge Language

Causative Form ဆိုတာ ဘာလဲ? ဘယ္လို သံုးရလဲ?

၅ မ်ိဳး ေတာင္ ရွိတယ္တဲ့ေနာ္…

Causative Form လို႔ေျပာလိုက္ရင္ ေတာ္ေတာ္မ်ားမ်ားက ေၾကာင္ထြက္သြားၾကပါတယ္။ အသံုးေတြကိုေတာ့ ျမင္ဖူး၊ ၾကားဖူးေနက် ျဖစ္ေပမဲ့ သဒၵါက်က် Causative Form ဆိုရင္ေတာ့ ဘာမွန္းမသိေတာ့တာမ်ိဳးေပါ့..

Causative ဆိုတဲ့စကားက cause => ျဖစ္ပြားေစတယ္ဆိုတဲ့ စကားလံုးက လာပါတယ္။ ဒါေၾကာင့္ သူ႕အသံုးကို အေၾကာင္းကိစၥတစ္ခုခုကို ျဖစ္ပြားေစတဲ့အခါမ်ိဳးမွာ ေတြ႕ျမင္ရပါတယ္။ Causative Form ကို ျဖစ္ေစတဲ့ Causative Verb (၅)မ်ိဳး ရွိပါတယ္။ ဒါေတြကေတာ့

  1. Let
  2. Make
  3. Have
  4. Get
  5. Help ဆိုတဲ့ (၅)မ်ိဳးပါ။ ဒါဆို ဒီ (၅)မ်ိဳးကို Causative Form အျဖစ္ ဘယ္လို သံုးမလဲဆိုတာ ၾကည့္ၾကရေအာင္ေနာ္..

Let = တစ္စံုတစ္ခု ျဖစ္ေစဖို႔ ခြင့္ျပဳျခင္း

Related article >>> Gerund ဆိုၿပီး လူသိနည္းတဲ့ Ving form

Let + Person/Thing + Verb (Base Form)

ဥပမာ – Mary’s father won’t let her adopt a puppy because he’s allergic to dogs.

ဒီမွာဆိုရင္ won’t let her adopt က သူ(မ)ကို ေမြးခြင့္မျပဳဘူးဆိုတဲ့ အဓိပၸာယ္နဲ႔ သံုးသြားတာ ေတြ႕ရမွာပါ။ Past Tense အေနနဲ႔သံုးမယ္ဆိုရင္လည္း Let ရဲ႕ Past tense က Let ပဲမို႔ အေျပာင္းအလဲ မရွိပါဘူး။

ဥပမာ – I wasn’t paying attention while cooking, and I let the food burn.

တကယ္လို႔မ်ား Let ေနရာမွာ allow နဲ႔ Permit ကို သံုးမယ္ဆိုရင္ေတာ့ Allow/ Permit + Person/Thing + to + Verb ဆိုၿပီး ဖြဲ႕စည္းပံု ေျပာင္းသြားပါလိမ့္မယ္။

ဥပမာ – I don’t allow my kids to watch violent movies.

Our boss doesn’t permit us to eat lunch at our desks.

Make = တစ္စံုတစ္ေယာက္ကို တစ္စံုတစ္ခု ျဖစ္ေျမာက္ေစဖို႔ တြန္းအားေပးျခင္း/ ေတာင္းဆိုျခင္း

Make + Person + Verb (Base form)

ဥပမာ – My ex-boyfriend loved sci-fi and made me watch every episode of his favorite show.

ဒီေနရာမွာေတာ့ ကၽြန္မရဲ႕ ex-boyfriend က သူႀကိဳက္တဲ့ ရႈိးေတြကို ကၽြန္မ ၾကည့္ခ်င္ခ်င္၊ မၾကည့္ခ်င္ခ်င္ တြန္းအားေပးၿပီး ၾကည့္ခိုင္းတယ္ဆိုတဲ့ အဓိပၸာယ္နဲ႔ Made me watch လို႔ သံုးသြားပါတယ္။

တကယ္လို႔မ်ား make ေနရာမွာ သူနဲ႔ အလားသ႑ာန္တူတဲ့ Force နဲ႔ Require ကို သံုးမယ္ဆိုရင္ေတာ့ ဖြဲ႕စည္းပံုက Force/Require + person + to + Verb (Base Form) ျဖစ္သြားပါလိမ့္မယ္။

ဥပမာ – The school requires the students to wear uniforms. (စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း မျဖစ္မေနလုပ္ရမယ့္ အေနအထားေတြမွာ Require ကို သံုးပါတယ္။)

The hijacker forced the pilots to take the plane in a different direction. (Force ကိုေတာ့ အတင္းအဓမၼ ဖိအားေပးတဲ့ေနရာမွာ၊ ၿခိမ္းေျခာက္တဲ့ေနရာမ်ိဳးမွာ သံုးပါတယ္။)

Related article >>> Academic Writing ဆိုတာ

Have = တစ္စံုတစ္ေယာက္ကို တာဝန္တစ္ခုခု ေပးလိုက္ျခင္း

သူ႕မွာေတာ့ ဖြဲ႕စည္းပံု (၂)မ်ိဳး ရွိပါတယ္။

  • လူကို တစ္ခုခု ခိုင္းမယ္ဆိုရင္ Have + Person + Verb (base form)

The businessman had his secretary made copies of the report.

  • ပစၥည္းေတြကို တစ္ခုခု လုပ္မယ္ဆိုရင္ Have + Thing + Past Participle of Verb

He had his jacket cleaned. (သူ႕ဂ်က္ကက္ကို သူကိုယ္တိုင္ သန္႔ရွင္းတာ မဟုတ္ပါဘူး။ အျခားတစ္ေယာက္က သန္႔ရွင္းေပးတာပါ)

ဒီ ဖြဲ႕စည္းပံုမွာေတာ့ သတိထားရမွာက စကားလံုးအစီအစဥ္ပါ။

ဥပမာ အားျဖင့္ John had his car repaired. နဲ႔ John had repaired his car. ဆိုတဲ့ စာေၾကာင္း ႏွစ္ေၾကာင္းမွာဆိုရင္ ဒုတိယ တစ္ေၾကာင္းက ဂၽြန္က သူ႕ကားကို သူကိုယ္တိုင္ ျပင္တာ ျဖစ္ၿပီး ပထမ ဝါက်ကေတာ့ ဂၽြန္က သူ႕ကားကို တျခားလူနဲ႔ ျပင္တာပါ။ ဘယ္သူျပင္လဲဆိုတာေတာ့ မသိဘူးေပ့ါေလ.. ဂၽြန္မဟုတ္တာေတာ့ က်ိန္းေသပါပဲ.. ဒီအသံုးက Passive အသံုးနဲ႔ အေတာ္တူပါတယ္။

Have ေနရာမွာ Informal အေနနဲ႔ Get ကို သံုးခ်င္တယ္ဆိုရင္ေတာ့ get + thing+ Past Participle ဆိုၿပီး သံုးလို႔ရပါတယ္။

ဥပမာ – My washing machine is broken; I need to get it repaired.

Get = တစ္ေယာက္ေယာက္ကို တစ္ခုခု လုပ္ဖို႔ ဆြဲေဆာင္ျခင္း/ အားေပးျခင္း

Get + Person + To+ Verb

ဒါက တကယ္ကို ရွင္းပါတယ္။ Formally သံုးလို႔ရတဲ့ ဖြဲ႕စည္းပံု တစ္မ်ိဳးပဲ ရွိတာပါ။

ဥပမာ – How can we get all the employees to arrive on time?

Related article >>> အဂၤလိပ္စာအသံုး အလန္းမ်ား (Idioms)

Help = တစ္စံုတစ္ေယာက္ကို တစ္ခုခုလုပ္ဖို႔ ကူညီေပးျခင္း

Help + Person + Verb (base form)

Help + Person + To + Verb

ဒီမွာေတာ့ Help ေနာက္မွာ To လိုက္သည္ျဖစ္ေစ၊ မလိုက္သည္ျဖစ္ေစ၊ ႏွစ္မ်ိဳးလံုး သံုးလို႔ရပါတယ္။ ႏွစ္မ်ိဳးလံုး မွန္ပါတယ္။ To မပါဘဲ သံုးၾကတာေတာ့ ပိုမ်ားပါတယ္။

ဥပမာ – He helped me carry the boxes.

He helped me to carry the boxes.

ဒါဆိုရင္ေတာ့ တစ္စံုတစ္ခုကို ျဖစ္ေစတဲ့ ဖြဲ႕စည္းပံု Causative Form ကို နားလည္ေလာက္ၿပီလို႔ ေမွ်ာ္လင့္ပါတယ္။ ေနာက္မ်ားမွာလည္း ဘယ္လို အသံုးဝင္တဲ့ အဂၤလိပ္စာ အသံုးေတြနဲ႔ ျပန္လာခဲ့မလဲဆိုတာ ေစာင့္ၾကည့္ေပးၾကပါဦးလို႔..

Myat ( For Her Myanmar)

<<<Unicode>>>

၅ မျိုး တောင် ရှိတယ်တဲ့နော်…

Causative Form လို့ပြောလိုက်ရင် တော်တော်များများက ကြောင်ထွက်သွားကြပါတယ်။ အသုံးတွေကိုတော့ မြင်ဖူး၊ ကြားဖူးနေကျ ဖြစ်ပေမဲ့ သဒ္ဒါကျကျ Causative Form ဆိုရင်တော့ ဘာမှန်းမသိတော့တာမျိုးပေါ့..

Causative ဆိုတဲ့စကားက cause => ဖြစ်ပွားစေတယ်ဆိုတဲ့ စကားလုံးက လာပါတယ်။ ဒါကြောင့် သူ့အသုံးကို အကြောင်းကိစ္စတစ်ခုခုကို ဖြစ်ပွားစေတဲ့အခါမျိုးမှာ တွေ့မြင်ရပါတယ်။ Causative Form ကို ဖြစ်စေတဲ့ Causative Verb (၅)မျိုး ရှိပါတယ်။ ဒါတွေကတော့

  1. Let
  2. Make
  3. Have
  4. Get
  5. Help ဆိုတဲ့ (၅)မျိုးပါ။ ဒါဆို ဒီ (၅)မျိုးကို Causative Form အဖြစ် ဘယ်လို သုံးမလဲဆိုတာ ကြည့်ကြရအောင်နော်..

Let = တစ်စုံတစ်ခု ဖြစ်စေဖို့ ခွင့်ပြုခြင်း

Related article >>> Gerund ဆိုပြီး လူသိနည်းတဲ့ Ving form

Let + Person/Thing + Verb (Base Form)

ဥပမာ – Mary’s father won’t let her adopt a puppy because he’s allergic to dogs.

ဒီမှာဆိုရင် won’t let her adopt က သူ(မ)ကို မွေးခွင့်မပြုဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးသွားတာ တွေ့ရမှာပါ။ Past Tense အနေနဲ့သုံးမယ်ဆိုရင်လည်း Let ရဲ့ Past tense က Let ပဲမို့ အပြောင်းအလဲ မရှိပါဘူး။

ဥပမာ – I wasn’t paying attention while cooking, and I let the food burn.

တကယ်လို့များ Let နေရာမှာ allow နဲ့ Permit ကို သုံးမယ်ဆိုရင်တော့ Allow/ Permit + Person/Thing + to + Verb ဆိုပြီး ဖွဲ့စည်းပုံ ပြောင်းသွားပါလိမ့်မယ်။

ဥပမာ – I don’t allow my kids to watch violent movies.Our boss doesn’t permit us to eat lunch at our desks.

Make = တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခု ဖြစ်မြောက်စေဖို့ တွန်းအားပေးခြင်း/ တောင်းဆိုခြင်

းMake + Person + Verb (Base form)

ဥပမာ – My ex-boyfriend loved sci-fi and made me watch every episode of his favorite show.

ဒီနေရာမှာတော့ ကျွန်မရဲ့ ex-boyfriend က သူကြိုက်တဲ့ ရှိုးတွေကို ကျွန်မ ကြည့်ချင်ချင်၊ မကြည့်ချင်ချင် တွန်းအားပေးပြီး ကြည့်ခိုင်းတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ Made me watch လို့ သုံးသွားပါတယ်။

တကယ်လို့များ make နေရာမှာ သူနဲ့ အလားသဏ္ဍာန်တူတဲ့ Force နဲ့ Require ကို သုံးမယ်ဆိုရင်တော့ ဖွဲ့စည်းပုံက Force/Require + person + to + Verb (Base Form) ဖြစ်သွားပါလိမ့်မယ်။

ဥပမာ – The school requires the students to wear uniforms. (စည်းမျဉ်းစည်းကမ်းတွေအတိုင်း မဖြစ်မနေလုပ်ရမယ့် အနေအထားတွေမှာ Require ကို သုံးပါတယ်။)

The hijacker forced the pilots to take the plane in a different direction. (Force ကိုတော့ အတင်းအဓမ္မ ဖိအားပေးတဲ့နေရာမှာ၊ ခြိမ်းခြောက်တဲ့နေရာမျိုးမှာ သုံးပါတယ်။)

Related article >>> Academic Writing ဆိုတာ

Have = တစ်စုံတစ်ယောက်ကို တာဝန်တစ်ခုခု ပေးလိုက်ခြင်း

သူ့မှာတော့ ဖွဲ့စည်းပုံ (၂)မျိုး ရှိပါတယ်။

  • လူကို တစ်ခုခု ခိုင်းမယ်ဆိုရင် Have + Person + Verb (base form)

The businessman had his secretary made copies of the report.

  • ပစ္စည်းတွေကို တစ်ခုခု လုပ်မယ်ဆိုရင Have + Thing + Past Participle of Verb  He had his jacket cleaned.

(သူ့ဂျက်ကက်ကို သူကိုယ်တိုင် သန့်ရှင်းတာ မဟုတ်ပါဘူး။ အခြားတစ်ယောက်က သန့်ရှင်းပေးတာပါ)

ဒီ ဖွဲ့စည်းပုံမှာတော့ သတိထားရမှာက စကားလုံးအစီအစဉ်ပါ။

ဥပမာ အားဖြင့် John had his car repaired. နဲ့ John had repaired his car. ဆိုတဲ့ စာကြောင်း နှစ်ကြောင်းမှာဆိုရင် ဒုတိယ တစ်ကြောင်းက ဂျွန်က သူ့ကားကို သူကိုယ်တိုင် ပြင်တာ ဖြစ်ပြီး ပထမ ဝါကျကတော့ ဂျွန်က သူ့ကားကို တခြားလူနဲ့ ပြင်တာပါ။ ဘယ်သူပြင်လဲဆိုတာတော့ မသိဘူးပေ့ါလေ.. ဂျွန်မဟုတ်တာတော့ ကျိန်းသေပါပဲ.. ဒီအသုံးက Passive အသုံးနဲ့ အတော်တူပါတယ်။

Have နေရာမှာ Informal အနေနဲ့ Get ကို သုံးချင်တယ်ဆိုရင်တော့ get + thing+ Past Participle ဆိုပြီး သုံးလို့ရပါတယ်။

ဥပမာ – My washing machine is broken; I need to get it repaired.

Get = တစ်ယောက်ယောက်ကို တစ်ခုခု လုပ်ဖို့ ဆွဲဆောင်ခြင်း/ အားပေးခြင်း

Get + Person + To+ Verb

ဒါက တကယ်ကို ရှင်းပါတယ်။ Formally သုံးလို့ရတဲ့ ဖွဲ့စည်းပုံ တစ်မျိုးပဲ ရှိတာပါ။

ဥပမာ – How can we get all the employees to arrive on time?

Related article >>> အင်္ဂလိပ်စာအသုံး အလန်းများ (Idioms)

Help = တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ ကူညီပေးခြင်

းHelp + Person + Verb (base form)

Help + Person + To + Verb

ဒီမှာတော့ Help နောက်မှာ To လိုက်သည်ဖြစ်စေ၊ မလိုက်သည်ဖြစ်စေ၊ နှစ်မျိုးလုံး သုံးလို့ရပါတယ်။ နှစ်မျိုးလုံး မှန်ပါတယ်။ To မပါဘဲ သုံးကြတာတော့ ပိုများပါတယ်။

ဥပမာ – He helped me carry the boxes.

He helped me to carry the boxes.

ဒါဆိုရင်တော့ တစ်စုံတစ်ခုကို ဖြစ်စေတဲ့ ဖွဲ့စည်းပုံ Causative Form ကို နားလည်လောက်ပြီလို့ မျှော်လင့်ပါတယ်။ နောက်များမှာလည်း ဘယ်လို အသုံးဝင်တဲ့ အင်္ဂလိပ်စာ အသုံးတွေနဲ့ ပြန်လာခဲ့မလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးလို့..

Myat ( For Her Myanmar)

Myat Moe
နာမည္က ျမတ္မိုးဆင့္ပါ. အသက္က ၂၀ ပါ. အပ်ိဳၾကီးမမေပါ့. For Her Myanmar မွာ Full time writer အေနနဲ႔ စလုပ္မွာပါ. အားမနာဘဲနဲ႔ သင္စရာရွိရင္ သင္ျပီး ေျပာစရာရွိရင္ ေျပာလို႔ရပါတယ္. Love me more! ❤

Leave a Reply

Your email address will not be published. Required fields are marked *