ေသြးေအးလြန္းတဲ့ လူသတ္သမားတစ္ေယာက္ရဲ႕ စိတ္ဝင္စားစရာအေတြးအေခၚ

သူေတြးတဲ့ အေတြးနဲ႔ သူေျပာတဲ့စကားေတြေၾကာင့္ ကိုယ္ပါသူ႕ဂိုဏ္းဝင္ခ်င္သြားေသာအခါ…

ေယာင္းတို႔ေရ.. ဟိုးတစ္ေခါက္က အက္ဒ္မင္ ကမာၻ႕အေခ်ာဆံုး လူသတ္သမားမ်ားဆုိၿပီး Video ေလးလုပ္ထားတာ ၾကည့္လိုက္ရလား? မၾကည့္ရေသးရင္ ဒီမွာ ၾကည့္ေနာ္… အဲဒီထဲမွာ အက္ဒ္မင္က စိတ္ဝင္စားစရာလူတစ္ေယာက္ကိုေတြ႕တယ္ေယာင္းတို႔ရဲ႕.. လူသတ္သမားမ်ား ဘာစိတ္ဝင္စားစရာေကာင္းလို႔လဲေတာ့ အေျပာမေစာနဲ႔ ေယာင္းေရ.. စိတ္ဝင္စားစရာအေၾကာင္းေလးေတြကို အက္ဒ္မင္ေျပာျပမယ္ 😉

Charles manson

သူ႕နာမည္ကိုေတာ့ Charles Manson လို႔ေခၚပါတယ္။ Charles Manson ကို ၁၉၃၄ ခုႏွစ္၊ ႏိုဝင္ဘာ ၁၂ ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။  ငယ္ငယ္ကေတာ့ ခပ္ေခ်ာေခ်ာ၊ ခပ္မိုက္မိုက္ ဘဲေလးေပါ့… ကမာၻ႕ဆြဲေဆာင္မႈ အရွိဆံုး လူသတ္သမားစာရင္းထဲေတာင္ ပါေသး…  သူက တျခားလူသတ္သမားေတြလို မုဒိမ္းက်င့္ လူသတ္တာမ်ိဳးမဟုတ္ဘဲ သူ႕အစား တျခားလူေတြက သတ္ေပးတာတဲ့ ေယာင္းတိုရဲ႕… သတ္ေပးဆို သူက ဂိုဏ္းေခါင္းေဆာင္ကိုး ဟီးဟီး.. သူ႕ဂိုဏ္းသားေတြ သတ္ပစ္လုိက္တဲ့ လူေတြမ်ားလြန္းတာမို႔ ေနာက္ဆံုး ရလဒ္က သူ ေထာင္ထဲမွာ တစ္သက္စာ ေနလိုက္ရတာပါကြယ္.. သူ႕ဂိုဏ္းနာမည္ကိုေတာ့ Manson Family Cult (မန္ဆန္မိသားစု ဂိုဏ္း) လို႔ေခၚပါတယ္.. သူ႕ဂိုဏ္းသားေတြနဲ႔အတူ ေသေစေလာက္တဲ့ ကမ္းပိန္းေတြလည္း အမ်ားႀကီးလုပ္ခဲ့တာေပါ့။ ဒါေၾကာင့္လည္း သူက ရာဇဝတ္မႈသမိုင္းမွာ သိပ္ကို နာမည္ေက်ာ္ၾကား ထင္ရွားခဲ့တာေပါ့။

The Family ( Manson Family Cult) မွာေတာ့ ခ်ားလ္စ္မန္ဆန္ရဲ႕ ေနာက္လုိက္ေပါင္း ၁၀၀ေက်ာ္ ရွိပါတယ္။ ခ်ားလ္စ္ မန္ဆန္ရဲ႕ ထူးထူးဆန္းဆန္း ဘဝေနနည္းပံုစံေတြ၊ စြဲလမ္းမူးယစ္ၿပီး ထင္ေယာင္ထင္မွားျဖစ္ေစတဲ့ ေဆးသံုးစြဲမႈေတြကို အားလံုးလိုက္လုပ္ခဲ့ၾကပါတယ္တဲ့။ ဒီလူေတြထဲမွာ မိန္းကေလး ငယ္ငယ္ေလးေတြလည္း ပါဝင္ပါတယ္။ သူတို႔အားလံုးဟာ မန္ဆန္ကို ေယရႈျဖစ္တယ္၊ ဘုရားသခင္ျဖစ္တယ္လို႔ ျခြင္းခ်က္မရွိ ယံုၾကည္လက္ခံထားၾကၿပီး သူေျပာတဲ့စကားကို ဗ်ာဒိတ္ေတြလို၊ အမိန္႔တစ္ခုလို ရိုရိုက်ိဳးက်ိဳး နာခံၾကတာပါ။

ဒီမိသားစုလို႔ေခၚရမယ့္ ဂိုဏ္းဟာ လူသတ္မႈေပါင္း ၃၅ခုေလာက္ကို က်ဴးလြန္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ဒီလူသတ္မႈေတြကို ဘယ္တုန္းကမွေဖာ္လို႔မရခဲ့ပါဘူး။ သဲလြန္စမက်န္တာက တစ္ေၾကာင္း၊ အဲ့လို သတ္လိုက္တာေတြကို မန္ဆန္က သူ႕နည္းသူ႕ဟန္နဲ႔သူ ေျဖရွင္းလိုက္တာက တစ္ေၾကာင္းေပါ့ေလ.. သူတို႔ရဲ႕ ပထမဆံုး သားေကာင္ျဖစ္သြားသူေတြကေတာ့ သူတို႔ဟာ မန္ဆန္ကို ဆန္႔က်င္တဲ့ စကားတစ္ခြန္းေၾကာင့္ မိသားစုတစ္ခုလံုးအသတ္ခံလိုက္ရတာပါ။ တကယ့္လူသတ္မႈထဲမွာ ခ်ားလ္စ္ မန္ဆန္က ထဲထဲဝင္ဝင္မပါဝင္ခဲ့ေပမယ့္ သူ႕ေနာက္လိုက္ေတြကို ေတြ႕သမွ်လူ အကုန္သတ္ဆိုတဲ့ အမိန္႔နဲ႔ ခုိင္းေစလိုက္တာပါတဲ့။

စိတ္ဝင္စားစရာေကာင္းတာကို ဒီက စေျပာရမယ္ ေယာင္းတို႔ေရ… ေစာေစာက အက္ဒ္မင္ေျပာခဲ့သမွ် ခ်ားလ္စ္ မန္ဆန္ရဲ႕ အေၾကာင္းေတြက ရူးေၾကာင္ေၾကာင္ႏိုင္တယ္ ထင္ရတယ္ဟုတ္? ဥပမာ သူက ဘုရားသခင္ျဖစ္တယ္တုိ႔ ဘာတို႔ေလ.. အဲ့ေတာ့ ဒီအေကာင္ႀကီးက ရူးေနတဲ့ေကာင္ႀကီးလားေပါ့.. အက္ဒ္မင္တို႔ဆီမွာလည္း ဒါမ်ိဳးက ရွိတယ္မလား.. (ေျပာေတာ့ ေျပာရဲပါဘူး 😀 တို႔မထိရဲပု 😛 ) ဒါေပမဲ့ သူ႕ရဲ႕ အေတြးအေခၚေတြ အေျပာအဆိုေတြကို ၾကည့္တဲ့အခါ အဓိပၸာယ္ရွိလြန္လြန္းလို႔ ပါးစပ္ပါ အေဟာင္းသားျဖစ္ရတယ္ ေယာင္းတို႔ေရ.. အဲ့လိုေတြထဲကမွ အက္ဒ္မင္သေဘာက်တဲ့ သူေျပာသြားတဲ့ စကားေလးေတြကို ေျပာျပမယ္ေနာ္… တကယ္လို႔မ်ားသာ ေယာင္းက သူ႕ေရွ႕မွာ သူေျပာတာေတြ ထိုင္နားေထာင္ရမယ္ဆိုရင္ေတာ့ ေယာင္းလည္း သူ႕ဂိုဏ္းဝင္ျဖစ္သြားမွာပါတဲ့.. အင္းေပါ့ေလ.. ဒါေၾကာင့္လည္း ေနာက္လုိက္ေတြ မ်ားတာေပါ့။ အက္ဒ္မင္ေတာင္ သူ႕အေတြးေလးေတြ သေဘာက်ခ်င္ခ်င္…

Related Article >>> လူသတ္မႈအျပစ္ဒဏ္အေနနဲ႔ မိန္းကေလးေတြကို ေလ်ာ္ေၾကးအျဖစ္ေပးရတဲ႔ Pashtun လူမ်ိဳးစု

၁။ မင္းတို႔အားလံုးဟာ ကိုယ့္အတြက္ပဲ ကိုယ္ ၾကည့္ၾကတာပါ။ ကိုယ္ကိုယ္တိုင္ပဲ ရပ္တည္ေနတာ။ ဘယ္လိုပဲ သူငယ္ခ်င္းအေပါင္းအသင္းေတြမ်ားလွတဲ့ အခန္းထဲမွာ ေပ်ာ္ပါးေနေန တကယ္တမ္း မင္းဟာ မင္းပါပဲ။ အဲ့လိုပဲ မင္းဟာ ဘဝကိုလည္း တစ္ေယာက္တည္းပဲ ျဖတ္သန္းရမွာပါ။ အၿမဲတမ္း၊ အၿမဲတမ္းေပါ့

==> ကဲ.. ဘယ္ေလာက္ေတာင္ အဓိပၸာယ္ရွိတဲ့စကားလဲ? အက္ဒ္မင္တို႔ကိုယ္တိုင္ေရာ သူေျပာသလို မဟုတ္လို႔လား.. ေမြးကတည္းက တစ္ေယာက္တည္း ေသဆံုးသြားတဲ့ထိလည္း တစ္ေယာက္တည္းပဲေလ.. ဘယ္သူကမ်ား နင္နဲ႔တူတူေသမယ္လို႔ ရွိလို႔လဲ.. ရွင္သန္ေနစဥ္ ဘဝတစ္ေလွ်ာက္လံုးမွာလည္း မိတ္ေဆြစစ္နည္းနည္းေလးကလြဲလို႔ အရာရာ ကိုယ့္အားကိုယ္ကိုးလို႔ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ခဲ့ရတာ မဟုတ္လား…

၂။ အေရြ႕ (Progress ) ဟုတ္လား? ကမာၻမွာေလ အဲ့လို အေရြ႕မ်ိဳးဆိုတာ ဘယ္တုန္းကမွ မရွိခဲ့ဘူး။ ေျပာင္းလဲမႈဆိုတာပဲ ရွိတယ္။ မင္းပဲ ေျမႀကီးေတြတူးဆြတယ္၊ မင္းပဲ ၿမိဳ႕ေဆာက္တယ္၊ ၿပီးေတာ့ ဒါအတြက္ မင္းစစ္တိုက္တယ္။ မင္းက ဒါကိုမ်ား အေရြ႕လို႔ ေျပာခ်င္ေသးသတဲ့လား?

==> အဲ.. ဒါလည္း ဟုတ္လား.. သူ႕အလိုလို ျဖစ္လာတာကို ထိုင္ေစာင့္ေနခဲ့ရတဲ့ကိစၥေတြမွ မဟုတ္တာေလေနာ္.. တိုးတက္ဖို႔၊ ဆုတ္ယုတ္ဖို႔ဆိုတာ ကိုယ္ကိုယ္တိုင္ပဲ ႀကိဳးစားရတာမဟုတ္လား.. ေျပာင္းလဲခ်ိန္တန္ရင္ ေျပာင္းလဲရမယ္ေလ 😛

၃။ ငါ့ကိုအထင္ေသးစိတ္နဲ႔ ၾကည့္ရင္ မင္း အရူးတစ္ေယာက္ကို ျမင္ရမယ္။ ငါ့ကို အထင္ႀကီးတဲ့စိတ္နဲ႔ ၾကည့္ရင္ေတာ့ ဘုရားသခင္ကို မင္းေတြ႕ရလိမ့္မယ္။ တည့္တည့္ၾကည့္ရင္ေတာ့ မင္းကိုယ္မင္း ျပန္ျမင္ရမွာပါပဲ။

==> အထင္ႀကီးျခင္း၊ အထင္ေသးျခင္း၊ အားက်ျခင္း၊ ဂုဏ္ယူျခင္း၊ အားငယ္ျခင္းေတြဖယ္ၾကည့္လိုက္ပါ။ လူေတြဟာ လူေတြပါပဲ။ ေယာင္းမွာ စိတ္ေကာင္းေစတနာေလးရွိသလို လူတိုင္းမွာလည္း စိတ္ေကာင္းေစတနာရွိၾကပါတယ္။ အဲ့လိုပဲ အက္ဒ္မင့္မွာ စိတ္ပုပ္စိတ္ယုတ္ေတြရွိသလို လူတိုင္းမွာလည္း ဒီစိတ္ေလးက ကိန္းဝပ္ေနပါတယ္။ လူတိုင္းဟာအတူတူႀကီးပဲေပါ့ ေယာင္းရယ္.. ဒါနဲ႔နည္းနည္း ဆင္တူသလုိရွိတဲ့ သူေျပာတဲ့စကားေလးလည္းရွိတယ္ေယာင္းရဲ႕

မင္းရဲ႕ ႏွလံုးသားထဲမွာ အမုန္းတရားရွိေနေသးရင္ ကမာၻႀကီးမွာလည္း အမုန္းတရားေတြ ျပည့္ႏွက္ေနဆဲပါပဲ တဲ့.. ဘယ္ေလာက္ေတာင္ အဓိပၸာယ္ရွိလိုက္တဲ့ စကားေလးလဲလို႔…

Related Article >>> သံမဏိ မိန္းမပ်ိဳ သို႔မဟုတ္ ေလာကငရဲမွ လြတ္ေျမာက္လာသူ နာဒီယာ

၄။ မင္းဟာ ကိုယ့္ကိုယ္ကိုယ္ ဘုရားသခင္လုိ႔ ခံယူပါ။ တစ္ခ်ိန္တည္းမွာပဲ ဘုရားသခင္ေလာက္အစြမ္းထက္တဲ့ အဆိုးရြားဆံုး မိစာၦဟာလည္း မင္းပါပဲလို႔ မွတ္သားပါ။ မင္းဟာ အရာအားလံုးျဖစ္သလို ဘာမွမဟုတ္တဲ့ေကာင္လည္းျဖစ္တယ္။

==> နည္းနည္းထူးဆန္းမယ္ထင္တယ္။ အက္္ဒ္မင္ကေတာ့ေလ ဒီလို ရိုးရိုးေလး ျပန္ေျပာခ်င္တယ္ ေယာင္းေရ.. ေအာင္ျမင္မႈရေအာင္လည္း မင္းကိုယ္တုိင္ လုပ္ရမယ္၊ က်ရံႈးေအာင္လည္း မင္းကိုယ္တိုင္လုပ္တာပဲ။ မင္းလုပ္လုိက္တဲ့ အလုပ္ရဲ႕ အသီးအပြင့္ေတြပဲေလ..

၅။ ငါ့ကိုၾကည့္လုိက္လို႔ ငါ့ကိုယ္တြင္းမွာ ျမင္လုိက္တဲ့အရာဟာ မင္းကိုယ္တိုင္ပါပဲ။ တကယ္လို႔ မင္းက ရက္စက္ၾကမ္းၾကဳတ္တဲ့ လူသတ္သမားႀကီးကို ျမင္မယ္ဆိုရင္ေတာ့ အဲ့ဒါ မင္းျမင္ခ်င္တဲ့ အရာပါပဲ။ နားလည္လား? တကယ္လို႔မ်ား မင္းက ငါ့ကို မင္းရဲ႕ ညီအစ္ကိုလို ျမင္ရင္ေတာ့လည္း အဲ့ဒါလည္း ငါပါပဲ။ ဒါေတြအားလံုးက မင္းမွာေမတၱာတရားဘယ္ေလာက္ရွိတယ္ဆိုတဲ့ေပၚ မူတည္ပါတယ္။ ငါဟာ မင္းပါပဲ။ ဒါကိုသာ မင္းလက္ခံလိုက္ရင္ မင္းလြတ္လပ္သြားၿပီေလ။ ငါကတကယ္ေတာ့ မင္းအတြက္ မွန္တစ္ခ်ပ္ပါပဲ။

==> ဒါကေတာ့ လူတိုင္းရဲ႕ အဇၩတၱသႏၱန္အေၾကာင္းကို လိုရင္းတိုရွင္းေျပာသြားတာပါေယာင္းတို႔ေရ.. ကိုယ္ခ်င္းစာ တရားနဲ႔လည္း ဆိုင္သလို တရားရွာ ကိုယ္မွာေတြ႕ဆိုသလိုေပါ့။

၆။ ငါငယ္ငယ္တုန္းက အရမ္းကို ထက္ျမက္ခဲ့တာ။ ၿပီးေတာ့မွ ငါသိရတာက တံုးလြယ္တယ္ဆိုတာပဲ။

==> ငယ္ငယ္က အက္ဒ္မင္တို႔ ေယာင္းတို႔ရဲ႕ အေတြးေတြ အရမ္းကို လြတ္လပ္ခဲ့ပါတယ္။ ျဖဴလည္းျဖဴစင္ခဲ့တယ္ေလ.. ပတ္ဝန္းက်င္ရဲ႕အေရာင္ေတြအဆိုးခံလိုက္ရၿပီးတဲ့ေနာက္၊ မေျဖႏိုင္တဲ့ ေမးခြန္းေတြကို ေမးမိၿပီးတဲ့ေနာက္ အက္ဒ္မင္တို႔ရဲ႕ စူးစမ္းစိတ္ေလးေတြ၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေလးေတြ ရိုက္ခ်ိဳးခံလိုက္ရတာမဟုတ္လား… ႀကီးလာေလ ေဘာင္ထဲပိုေရာက္လာေလ၊ အက္ဒ္မင္တုိ႔ ပိုၿပီးတံုးအလာေလပါပဲ။

၇။ တကယ္လို႔မ်ား ငါလူတစ္ေယာက္ကို သတ္ခ်င္ခဲ့ရင္ ဒီစာအုပ္ေလးယူၿပီး မင္းကို ေသတဲ့ထိ ရိုက္ပစ္လုိက္ရံုပဲေလ။ ၿပီးရင္ေတာ့ ငါဘာတစ္ခုမွ ခံစားေနမွာမဟုတ္ပါဘူး။ ေဆးဆိုင္တစ္ဆိုင္ထဲ ဝင္သြားသလို ခံစားခ်က္မ်ိဳးေလာက္ပဲ ရွိမွာပါ။

==> ဒါေတာ့ လူေတြရဲ႕ ေသျခင္း၊ ရွင္ျခင္းဟာ ေလာကသဘာဝနိယာမလို႔ ဆိုလုိခ်င္ဟန္တူပါတယ္။ သူ႕ရဲ႕ ေသြးေအးမႈကိုလည္း ျပသြားနိုင္တဲ့ စကားေပါ့။

ေယာင္းတို႔ေတြ စိတ္ဝင္စားလားေတာ့မသိဘူး။ အက္ဒ္မင္ေတာ့ အဲ့ဘဲႀကီးကို အရမ္းေၾကြတာပဲ။ သူလူသတ္ခဲ့တာဟာ ၁၉၆၀မ်ားခုႏွစ္တုန္းကပါ။ ခု ၂၀၁၇မွာေတာ့ ခ်ားလ္စ္ မန္ဆန္ ေသဆံုးခဲ့ပါၿပီ။ သူ႕ကိုေတာ့ေလ အက္ဒ္မင္က လူဆုိးလို႔လည္း မျမင္သလို လူေကာင္းလို႔လည္း မထင္ဘူး။ တည္ၿငိမ္မႈ လမ္းဆံုးေရာက္ေနတဲ့ လူထူးဆန္းတစ္ေယာက္လို႔ပဲျမင္တယ္။ ေယာင္းတို႔သာ စူပါဟီးရိုးဇာတ္ကားေတြ ၾကည့္ရင္ သိမွာပါ။ အက္ဒ္မင္ေျပာခ်င္တာက ဂ်ိဳကာလိုလူမ်ိဳးေပါ့။ သူတို႔က ရူးေနတာမဟုတ္ပါဘူး။ တည္ၿငိမ္မႈ တစ္ဘက္စြန္းေရာက္သြားတာပါ။ ဆိုေတာ့ ေယာင္းရယ္.. ဗမာလုိ ရွင္းရွင္းေျပာရရင္ ထူးလည္းထူး၊ ရူးလည္းရူးတဲ့လူမ်ိဳးေတြေပါ့။ ေနာက္ထပ္လည္း ဒီလို စိတ္ဝင္စားစရာမႈခင္းေတြအေၾကာင္း တစ္ပတ္တစ္ပုဒ္တင္ဆက္ေပးဦးမွာမို႔ ေစာင့္ၾကည့္ၾကပါဦးေနာ္ ေယာင္းတို႔..

Libra ( For Her Myanmar )

Reference :Biography , All That Interesting , Ranker

<<< Unicode >>>

သူတွေးတဲ့ အတွေးနဲ့ သူပြောတဲ့စကားတွေကြောင့် ကိုယ်ပါသူ့ဂိုဏ်းဝင်ချင်သွားသောအခါ…

ယောင်းတို့ရေ.. ဟိုးတစ်ခေါက်က အက်ဒ်မင် ကမ္ဘာ့အချောဆုံး လူသတ်သမားများဆိုပြီး Video လေးလုပ်ထားတာ ကြည့်လိုက်ရလား? မကြည့်ရသေးရင် ဒီမှာ ကြည့်နော်… အဲဒီထဲမှာ အက်ဒ်မင်က စိတ်ဝင်စားစရာလူတစ်ယောက်ကိုတွေ့တယ်ယောင်းတို့ရဲ့.. လူသတ်သမားများ ဘာစိတ်ဝင်စားစရာကောင်းလို့လဲတော့ အပြောမစောနဲ့ ယောင်းရေ.. စိတ်ဝင်စားစရာအကြောင်းလေးတွေကို အက်ဒ်မင်ပြောပြမယ် 😉

Charles manson

သူ့နာမည်ကိုတော့ Charles Manson လို့ခေါ်ပါတယ်။ Charles Manson ကို ၁၉၃၄ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။  ငယ်ငယ်ကတော့ ခပ်ချောချော၊ ခပ်မိုက်မိုက် ဘဲလေးပေါ့… ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံး လူသတ်သမားစာရင်းထဲတောင် ပါသေး…  သူက တခြားလူသတ်သမားတွေလို မုဒိမ်းကျင့် လူသတ်တာမျိုးမဟုတ်ဘဲ သူ့အစား တခြားလူတွေက သတ်ပေးတာတဲ့ ယောင်းတိုရဲ့… သတ်ပေးဆို သူက ဂိုဏ်းခေါင်းဆောင်ကိုး ဟီးဟီး.. သူ့ဂိုဏ်းသားတွေ သတ်ပစ်လိုက်တဲ့ လူတွေများလွန်းတာမို့ နောက်ဆုံး ရလဒ်က သူ ထောင်ထဲမှာ တစ်သက်စာ နေလိုက်ရတာပါကွယ်.. သူ့ဂိုဏ်းနာမည်ကိုတော့ Manson Family Cult (မန်ဆန်မိသားစု ဂိုဏ်း) လို့ခေါ်ပါတယ်.. သူ့ဂိုဏ်းသားတွေနဲ့အတူ သေစေလောက်တဲ့ ကမ်းပိန်းတွေလည်း အများကြီးလုပ်ခဲ့တာပေါ့။ ဒါကြောင့်လည်း သူက ရာဇဝတ်မှုသမိုင်းမှာ သိပ်ကို နာမည်ကျော်ကြား ထင်ရှားခဲ့တာပေါ့။

The Family ( Manson Family Cult) မှာတော့ ချားလ်စ်မန်ဆန်ရဲ့ နောက်လိုက်ပေါင်း ၁၀၀ကျော် ရှိပါတယ်။ ချားလ်စ် မန်ဆန်ရဲ့ ထူးထူးဆန်းဆန်း ဘဝနေနည်းပုံစံတွေ၊ စွဲလမ်းမူးယစ်ပြီး ထင်ယောင်ထင်မှားဖြစ်စေတဲ့ ဆေးသုံးစွဲမှုတွေကို အားလုံးလိုက်လုပ်ခဲ့ကြပါတယ်တဲ့။ ဒီလူတွေထဲမှာ မိန်းကလေး ငယ်ငယ်လေးတွေလည်း ပါဝင်ပါတယ်။ သူတို့အားလုံးဟာ မန်ဆန်ကို ယေရှုဖြစ်တယ်၊ ဘုရားသခင်ဖြစ်တယ်လို့ ခြွင်းချက်မရှိ ယုံကြည်လက်ခံထားကြပြီး သူပြောတဲ့စကားကို ဗျာဒိတ်တွေလို၊ အမိန့်တစ်ခုလို ရိုရိုကျိုးကျိုး နာခံကြတာပါ။

ဒီမိသားစုလို့ခေါ်ရမယ့် ဂိုဏ်းဟာ လူသတ်မှုပေါင်း ၃၅ခုလောက်ကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလူသတ်မှုတွေကို ဘယ်တုန်းကမှဖော်လို့မရခဲ့ပါဘူး။ သဲလွန်စမကျန်တာက တစ်ကြောင်း၊ အဲ့လို သတ်လိုက်တာတွေကို မန်ဆန်က သူ့နည်းသူ့ဟန်နဲ့သူ ဖြေရှင်းလိုက်တာက တစ်ကြောင်းပေါ့လေ.. သူတို့ရဲ့ ပထမဆုံး သားကောင်ဖြစ်သွားသူတွေကတော့ သူတို့ဟာ မန်ဆန်ကို ဆန့်ကျင်တဲ့ စကားတစ်ခွန်းကြောင့် မိသားစုတစ်ခုလုံးအသတ်ခံလိုက်ရတာပါ။ တကယ့်လူသတ်မှုထဲမှာ ချားလ်စ် မန်ဆန်က ထဲထဲဝင်ဝင်မပါဝင်ခဲ့ပေမယ့် သူ့နောက်လိုက်တွေကို တွေ့သမျှလူ အကုန်သတ်ဆိုတဲ့ အမိန့်နဲ့ ခိုင်းစေလိုက်တာပါတဲ့။

စိတ်ဝင်စားစရာကောင်းတာကို ဒီက စပြောရမယ် ယောင်းတို့ရေ… စောစောက အက်ဒ်မင်ပြောခဲ့သမျှ ချားလ်စ် မန်ဆန်ရဲ့ အကြောင်းတွေက ရူးကြောင်ကြောင်နိုင်တယ် ထင်ရတယ်ဟုတ်? ဥပမာ သူက ဘုရားသခင်ဖြစ်တယ်တို့ ဘာတို့လေ.. အဲ့တော့ ဒီအကောင်ကြီးက ရူးနေတဲ့ကောင်ကြီးလားပေါ့.. အက်ဒ်မင်တို့ဆီမှာလည်း ဒါမျိုးက ရှိတယ်မလား.. (ပြောတော့ ပြောရဲပါဘူး 😀 တို့မထိရဲပု 😛 ) ဒါပေမဲ့ သူ့ရဲ့ အတွေးအခေါ်တွေ အပြောအဆိုတွေကို ကြည့်တဲ့အခါ အဓိပ္ပာယ်ရှိလွန်လွန်းလို့ ပါးစပ်ပါ အဟောင်းသားဖြစ်ရတယ် ယောင်းတို့ရေ.. အဲ့လိုတွေထဲကမှ အက်ဒ်မင်သဘောကျတဲ့ သူပြောသွားတဲ့ စကားလေးတွေကို ပြောပြမယ်နော်… တကယ်လို့များသာ ယောင်းက သူ့ရှေ့မှာ သူပြောတာတွေ ထိုင်နားထောင်ရမယ်ဆိုရင်တော့ ယောင်းလည်း သူ့ဂိုဏ်းဝင်ဖြစ်သွားမှာပါတဲ့.. အင်းပေါ့လေ.. ဒါကြောင့်လည်း နောက်လိုက်တွေ များတာပေါ့။ အက်ဒ်မင်တောင် သူ့အတွေးလေးတွေ သဘောကျချင်ချင်…

Related Article >>> လူသတ်မှုအပြစ်ဒဏ်အနေနဲ့ မိန်းကလေးတွေကို လျော်ကြေးအဖြစ်ပေးရတဲ့ Pashtun လူမျိုးစု

၁။ မင်းတို့အားလုံးဟာ ကိုယ့်အတွက်ပဲ ကိုယ် ကြည့်ကြတာပါ။ ကိုယ်ကိုယ်တိုင်ပဲ ရပ်တည်နေတာ။ ဘယ်လိုပဲ သူငယ်ချင်းအပေါင်းအသင်းတွေများလှတဲ့ အခန်းထဲမှာ ပျော်ပါးနေနေ တကယ်တမ်း မင်းဟာ မင်းပါပဲ။ အဲ့လိုပဲ မင်းဟာ ဘဝကိုလည်း တစ်ယောက်တည်းပဲ ဖြတ်သန်းရမှာပါ။ အမြဲတမ်း၊ အမြဲတမ်းပေါ့

==> ကဲ.. ဘယ်လောက်တောင် အဓိပ္ပာယ်ရှိတဲ့စကားလဲ? အက်ဒ်မင်တို့ကိုယ်တိုင်ရော သူပြောသလို မဟုတ်လို့လား.. မွေးကတည်းက တစ်ယောက်တည်း သေဆုံးသွားတဲ့ထိလည်း တစ်ယောက်တည်းပဲလေ.. ဘယ်သူကများ နင်နဲ့တူတူသေမယ်လို့ ရှိလို့လဲ.. ရှင်သန်နေစဉ် ဘဝတစ်လျှောက်လုံးမှာလည်း မိတ်ဆွေစစ်နည်းနည်းလေးကလွဲလို့ အရာရာ ကိုယ့်အားကိုယ်ကိုးလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ရတာ မဟုတ်လား…

၂။ အရွေ့ (Progress ) ဟုတ်လား? ကမ္ဘာမှာလေ အဲ့လို အရွေ့မျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ပြောင်းလဲမှုဆိုတာပဲ ရှိတယ်။ မင်းပဲ မြေကြီးတွေတူးဆွတယ်၊ မင်းပဲ မြို့ဆောက်တယ်၊ ပြီးတော့ ဒါအတွက် မင်းစစ်တိုက်တယ်။ မင်းက ဒါကိုများ အရွေ့လို့ ပြောချင်သေးသတဲ့လား?

==> အဲ.. ဒါလည်း ဟုတ်လား.. သူ့အလိုလို ဖြစ်လာတာကို ထိုင်စောင့်နေခဲ့ရတဲ့ကိစ္စတွေမှ မဟုတ်တာလေနော်.. တိုးတက်ဖို့၊ ဆုတ်ယုတ်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားရတာမဟုတ်လား.. ပြောင်းလဲချိန်တန်ရင် ပြောင်းလဲရမယ်လေ 😛

၃။ ငါ့ကိုအထင်သေးစိတ်နဲ့ ကြည့်ရင် မင်း အရူးတစ်ယောက်ကို မြင်ရမယ်။ ငါ့ကို အထင်ကြီးတဲ့စိတ်နဲ့ ကြည့်ရင်တော့ ဘုရားသခင်ကို မင်းတွေ့ရလိမ့်မယ်။ တည့်တည့်ကြည့်ရင်တော့ မင်းကိုယ်မင်း ပြန်မြင်ရမှာပါပဲ။

==> အထင်ကြီးခြင်း၊ အထင်သေးခြင်း၊ အားကျခြင်း၊ ဂုဏ်ယူခြင်း၊ အားငယ်ခြင်းတွေဖယ်ကြည့်လိုက်ပါ။ လူတွေဟာ လူတွေပါပဲ။ ယောင်းမှာ စိတ်ကောင်းစေတနာလေးရှိသလို လူတိုင်းမှာလည်း စိတ်ကောင်းစေတနာရှိကြပါတယ်။ အဲ့လိုပဲ အက်ဒ်မင့်မှာ စိတ်ပုပ်စိတ်ယုတ်တွေရှိသလို လူတိုင်းမှာလည်း ဒီစိတ်လေးက ကိန်းဝပ်နေပါတယ်။ လူတိုင်းဟာအတူတူကြီးပဲပေါ့ ယောင်းရယ်.. ဒါနဲ့နည်းနည်း ဆင်တူသလိုရှိတဲ့ သူပြောတဲ့စကားလေးလည်းရှိတယ်ယောင်းရဲ့

မင်းရဲ့ နှလုံးသားထဲမှာ အမုန်းတရားရှိနေသေးရင် ကမ္ဘာကြီးမှာလည်း အမုန်းတရားတွေ ပြည့်နှက်နေဆဲပါပဲ တဲ့.. ဘယ်လောက်တောင် အဓိပ္ပာယ်ရှိလိုက်တဲ့ စကားလေးလဲလို့…

Related Article >>> သံမဏိ မိန်းမပျို သို့မဟုတ် လောကငရဲမှ လွတ်မြောက်လာသူ နာဒီယာ

၄။ မင်းဟာ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်လို့ ခံယူပါ။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်လောက်အစွမ်းထက်တဲ့ အဆိုးရွားဆုံး မိစ္ဆာဟာလည်း မင်းပါပဲလို့ မှတ်သားပါ။ မင်းဟာ အရာအားလုံးဖြစ်သလို ဘာမှမဟုတ်တဲ့ကောင်လည်းဖြစ်တယ်။

==> နည်းနည်းထူးဆန်းမယ်ထင်တယ်။ အက်ဒ်မင်ကတော့လေ ဒီလို ရိုးရိုးလေး ပြန်ပြောချင်တယ် ယောင်းရေ.. အောင်မြင်မှုရအောင်လည်း မင်းကိုယ်တိုင် လုပ်ရမယ်၊ ကျရှုံးအောင်လည်း မင်းကိုယ်တိုင်လုပ်တာပဲ။ မင်းလုပ်လိုက်တဲ့ အလုပ်ရဲ့ အသီးအပွင့်တွေပဲလေ..

၅။ ငါ့ကိုကြည့်လိုက်လို့ ငါ့ကိုယ်တွင်းမှာ မြင်လိုက်တဲ့အရာဟာ မင်းကိုယ်တိုင်ပါပဲ။ တကယ်လို့ မင်းက ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားကြီးကို မြင်မယ်ဆိုရင်တော့ အဲ့ဒါ မင်းမြင်ချင်တဲ့ အရာပါပဲ။ နားလည်လား? တကယ်လို့များ မင်းက ငါ့ကို မင်းရဲ့ ညီအစ်ကိုလို မြင်ရင်တော့လည်း အဲ့ဒါလည်း ငါပါပဲ။ ဒါတွေအားလုံးက မင်းမှာမေတ္တာတရားဘယ်လောက်ရှိတယ်ဆိုတဲ့ပေါ် မူတည်ပါတယ်။ ငါဟာ မင်းပါပဲ။ ဒါကိုသာ မင်းလက်ခံလိုက်ရင် မင်းလွတ်လပ်သွားပြီလေ။ ငါကတကယ်တော့ မင်းအတွက် မှန်တစ်ချပ်ပါပဲ။

==> ဒါကတော့ လူတိုင်းရဲ့ အဇ္ဈတ္တသန္တန်အကြောင်းကို လိုရင်းတိုရှင်းပြောသွားတာပါယောင်းတို့ရေ.. ကိုယ်ချင်းစာ တရားနဲ့လည်း ဆိုင်သလို တရားရှာ ကိုယ်မှာတွေ့ဆိုသလိုပေါ့။

၆။ ငါငယ်ငယ်တုန်းက အရမ်းကို ထက်မြက်ခဲ့တာ။ ပြီးတော့မှ ငါသိရတာက တုံးလွယ်တယ်ဆိုတာပဲ။

==> ငယ်ငယ်က အက်ဒ်မင်တို့ ယောင်းတို့ရဲ့ အတွေးတွေ အရမ်းကို လွတ်လပ်ခဲ့ပါတယ်။ ဖြူလည်းဖြူစင်ခဲ့တယ်လေ.. ပတ်ဝန်းကျင်ရဲ့အရောင်တွေအဆိုးခံလိုက်ရပြီးတဲ့နောက်၊ မဖြေနိုင်တဲ့ မေးခွန်းတွေကို မေးမိပြီးတဲ့နောက် အက်ဒ်မင်တို့ရဲ့ စူးစမ်းစိတ်လေးတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလေးတွေ ရိုက်ချိုးခံလိုက်ရတာမဟုတ်လား… ကြီးလာလေ ဘောင်ထဲပိုရောက်လာလေ၊ အက်ဒ်မင်တို့ ပိုပြီးတုံးအလာလေပါပဲ။

၇။ တကယ်လို့များ ငါလူတစ်ယောက်ကို သတ်ချင်ခဲ့ရင် ဒီစာအုပ်လေးယူပြီး မင်းကို သေတဲ့ထိ ရိုက်ပစ်လိုက်ရုံပဲလေ။ ပြီးရင်တော့ ငါဘာတစ်ခုမှ ခံစားနေမှာမဟုတ်ပါဘူး။ ဆေးဆိုင်တစ်ဆိုင်ထဲ ဝင်သွားသလို ခံစားချက်မျိုးလောက်ပဲ ရှိမှာပါ။

==> ဒါတော့ လူတွေရဲ့ သေခြင်း၊ ရှင်ခြင်းဟာ လောကသဘာဝနိယာမလို့ ဆိုလိုချင်ဟန်တူပါတယ်။ သူ့ရဲ့ သွေးအေးမှုကိုလည်း ပြသွားနိုင်တဲ့ စကားပေါ့။

ယောင်းတို့တွေ စိတ်ဝင်စားလားတော့မသိဘူး။ အက်ဒ်မင်တော့ အဲ့ဘဲကြီးကို အရမ်းကြွေတာပဲ။ သူလူသတ်ခဲ့တာဟာ ၁၉၆၀များခုနှစ်တုန်းကပါ။ ခု ၂၀၁၇မှာတော့ ချားလ်စ် မန်ဆန် သေဆုံးခဲ့ပါပြီ။ သူ့ကိုတော့လေ အက်ဒ်မင်က လူဆိုးလို့လည်း မမြင်သလို လူကောင်းလို့လည်း မထင်ဘူး။ တည်ငြိမ်မှု လမ်းဆုံးရောက်နေတဲ့ လူထူးဆန်းတစ်ယောက်လို့ပဲမြင်တယ်။ ယောင်းတို့သာ စူပါဟီးရိုးဇာတ်ကားတွေ ကြည့်ရင် သိမှာပါ။ အက်ဒ်မင်ပြောချင်တာက ဂျိုကာလိုလူမျိုးပေါ့။ သူတို့က ရူးနေတာမဟုတ်ပါဘူး။ တည်ငြိမ်မှု တစ်ဘက်စွန်းရောက်သွားတာပါ။ ဆိုတော့ ယောင်းရယ်.. ဗမာလို ရှင်းရှင်းပြောရရင် ထူးလည်းထူး၊ ရူးလည်းရူးတဲ့လူမျိုးတွေပေါ့။ နောက်ထပ်လည်း ဒီလို စိတ်ဝင်စားစရာမှုခင်းတွေအကြောင်း တစ်ပတ်တစ်ပုဒ်တင်ဆက်ပေးဦးမှာမို့ စောင့်ကြည့်ကြပါဦးနော် ယောင်းတို့..

Libra ( For Her Myanmar )

Reference :Biography , All That Interesting , Ranker

No Comments Yet

Leave a Reply

Your email address will not be published.