ကေလးေတြအပူရွပ္တာကို ကုသနိုင္မယ့္နည္းလမ္းမ်ားနဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား

ဒီလိုပူျပင္းတဲ့ေႏြရာသီမွာ ပိုၿပီးေတာင္ဖတ္သင့္ပါေသးတယ္  

ေယာင္းတို႕ေရ ကေလးေတြမွာအပူရႈပ္မႈျဖစ္လာၿပီဆိုရင္ ဘာလုပ္လို႕ဘာကိုင္ရမွန္းမသိဘဲ ျပာသြားတတ္ပါတယ္။ ဒီေရာဂါက ရုတ္တရက္ ျဖစ္လာတာမဟုတ္ဘဲ တျဖည္းျဖည္း ပိုဆိုးလာတာမ်ိဳးပါ။ ဒီေတာ့  ကေလးေတြအပူရွပ္မႈျဖစ္ပြားလာၿပီဆိုရင္  သိတာနဲ႕ ခ်က္ခ်င္းကုသဖို႔ လိုအပ္ပါတယ္။

သိတာနဲ႔ ခ်က္ခ်င္း ဘာလုပ္ၾကမလဲ

အိမ္မွာ ျမန္ျမန္ဆန္ဆန္ လုပ္ႏိုင္တာေတြကေတာ့-

  • ေအးတဲ့ေနရာကို ေရႊ႕ပါ။
  • အဝတ္ထူထူ ဝတ္ထားရင္ ခၽြတ္ပါ။
  • အဲကြန္း ဒါမွမဟုတ္ ပန္ကာဖြင့္ေပးပါ။
  • ေရခဲ ဒါမွမဟုတ္ ေရပတ္ဝတ္ကပ္ေပးပါ။ ကပ္ရမယ့္ ေနရာေတြကေတာ့ လည္ပင္းေဘးႏွစ္ဖက္၊ ခ်ဳိင္းၾကားႏွစ္ဖက္၊ ေပါင္ၿခံႏွစ္ဖက္ စုစုေပါင္း ၆ ေနရာပါ။ ဒီအခ်ိန္မွာ နဖူးေပၚေရပတ္ဝတ္ကပ္တာက အဆင္မေျပပါဘူး။ ဒီ ၆ ေနရာကို ေရပတ္ႏိုင္ႏိုင္ကပ္ႏိုင္မွ အပူက်မွာပါ။
  • ကေလးက ေသာက္ႏိုင္တယ္ဆိုရင္ ေရမ်ားမ်ား တိုက္ေပးပါ။ ႏိုစို႔ကေလးဆို ႏို႔တိုက္ေပးပါ။
  • ေနာက္ထပ္သိထားရမွာက အပူရွပ္တာက အသက္အႏၲရာယ္ထိခိုက္ႏိုင္တဲ့အတြက္ အိမ္မွာ ထားလို႔ မရပါဘူး။ ေဆးရံုပို႔ေပးရပါမယ္။

Related article>>>ကေလးေတြအပူရွပ္မႈျဖစ္လာရတဲ့အေၾကာင္းအရင္းမ်ားနဲ႕ ေရာဂါလကၡဏာမ်ား

ဘယ္လို ကုသလို႔ရလဲ

ထူးထူးေထြထြ ကုသနည္းေတာ့ မရွိပါဘူး။ ဒီထက္ ပိုဆိုးမလာေအာင္ ေနာက္ဆက္တြဲဆိုးက်ဳိးေတြ ျဖစ္မလာေအာင္ ေစာင့္ၾကည့္ကုသရပါတယ္။

အေၾကာေဆးသြင္းကုသျခင္း : အပူရွပ္တဲ့အတြက္ ေရဓာတ္ ဆံုးရႉံးပါတယ္။ အပူက်ဖို႔အတြက္ေရာ ေရဓာတ ္ျပန္ျဖည့္ဖို႔အတြက္ေရာ အေၾကာေဆး လိုရင္ သြင္းရပါမယ္။

ေက်ာက္ကပ္နဲ႔ ဦးေႏွာက္ပ်က္စီးျခင္း ရွိ၊ မရွိ စစ္ေဆးရပါမယ္။

ပတ္ဝန္းက်င္ကို တတ္ႏိုင္သမၽွ ေအးေနေအာင္ထားရပါမယ္။

တစ္ခါတေလ ဒီေလာက္ထိ လုပ္ဖို႔ မလိုဘူးဆိုရင္လည္း ေရပတ္ဝတ္တိုက္တာ ေရခဲအံုတာကို ေဆးရံုမွာ ဆက္လုပ္ေပးရပါမယ္။

ေနာက္ဆက္တြဲ ဆိုးက်ဳိးေတြေကာ ရွိလား

ေရဓာတ္ခမ္းေျခာက္ျခင္း

တက္ျခင္း၊ သတိလစ္ေမ့ေျမာျခင္း

ကိုယ္တြင္းကလီဇာမ်ားပ်က္စီးျခင္း

ရုတ္တရက္ႏွလံုးရပ္၍ ေသဆံုးျခင္း စတာေတြ ျဖစ္ပါတယ္။

ကဲ…ဒီေလာက္ဆိုရင္ေတာ့ ကေလးအပူရွပ္တာကို သိသိခ်င္း ဘယ္လိုကုသရမယ္ဆိုကို ေကာင္းေကာင္းႀကီးသိသြားသလို ေနာက္ဆက္တြဲဆိုးက်ိဳးေတြကိုလည္း သိရွိသြားေလာက္ၿပီထင္ပါတယ္။ ကေလးေတြအားလုံး အပူရွပ္ျခင္းကင္းေဝးၾကပါေစ။

ဘာသာျပန္ေရးသားသူ- ေဒါက္တာ ထက္ထက္ေဇာ္၀င္း

Ref : https://www.momjunction.com/articles/sign-symptoms-of-heat-stroke-in-babies_0096823/

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<<Unicode>>>

ဒီလိုပူပြင်းတဲ့နွေရာသီမှာ ပိုပြီးတောင်ဖတ်သင့်ပါသေးတယ်  

ယောင်းတို့ရေ ကလေးတွေမှာအပူရှုပ်မှုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ပြာသွားတတ်ပါတယ်။ ဒီရောဂါက ရုတ်တရက် ဖြစ်လာတာမဟုတ်ဘဲ တဖြည်းဖြည်း ပိုဆိုးလာတာမျိုးပါ။ ဒီတော့  ကလေးတွေအပူရှပ်မှုဖြစ်ပွားလာပြီဆိုရင်  သိတာနဲ့ ချက်ချင်းကုသဖို့ လိုအပ်ပါတယ်။

သိတာနဲ့ ချက်ချင်း ဘာလုပ်ကြမလဲ

  • အိမ်မှာ မြန်မြန်ဆန်ဆန် လုပ်နိုင်တာတွေကတော့-
  • အေးတဲ့နေရာကို ရွှေ့ပါ။
  • အဝတ်ထူထူ ဝတ်ထားရင် ချွတ်ပါ။
  • အဲကွန်း ဒါမှမဟုတ် ပန်ကာဖွင့်ပေးပါ။
  • ရေခဲ ဒါမှမဟုတ် ရေပတ်ဝတ်ကပ်ပေးပါ။ ကပ်ရမယ့် နေရာတွေကတော့ လည်ပင်းဘေးနှစ်ဖက်၊ ချိုင်းကြားနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက် စုစုပေါင်း ၆ နေရာပါ။ ဒီအချိန်မှာ နဖူးပေါ်ရေပတ်ဝတ်ကပ်တာက အဆင်မပြေပါဘူး။ ဒီ ၆ နေရာကို ရေပတ်နိုင်နိုင်ကပ်နိုင်မှ အပူကျမှာပါ။
  • ကလေးက သောက်နိုင်တယ်ဆိုရင် ရေများများ တိုက်ပေးပါ။
  • နိုစို့ကလေးဆို နို့တိုက်ပေးပါ။
  • နောက်ထပ်သိထားရမှာက အပူရှပ်တာက အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အတွက် အိမ်မှာ ထားလို့ မရပါဘူး။ ဆေးရုံပို့ပေးရပါမယ်။

Related article>>>ကလေးတွေအပူရှပ်မှုဖြစ်လာရတဲ့အကြောင်းအရင်းများနဲ့ ရောဂါလက္ခဏာများ

ဘယ်လို ကုသလို့ရလဲ

ထူးထူးထွေထွ ကုသနည်းတော့ မရှိပါဘူး။ ဒီထက် ပိုဆိုးမလာအောင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်မလာအောင် စောင့်ကြည့်ကုသရပါတယ်။

အကြောဆေးသွင်းကုသခြင်း : အပူရှပ်တဲ့အတွက် ရေဓာတ် ဆုံးရှူံးပါတယ်။ အပူကျဖို့အတွက်ရော ရေဓာတ ်ပြန်ဖြည့်ဖို့အတွက်ရော အကြောဆေး လိုရင် သွင်းရပါမယ်။

ကျောက်ကပ်နဲ့ ဦးနှောက်ပျက်စီးခြင်း ရှိ၊ မရှိ စစ်ဆေးရပါမယ်။

ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ အေးနေအောင်ထားရပါမယ်။
တစ်ခါတလေ ဒီလောက်ထိ လုပ်ဖို့ မလိုဘူးဆိုရင်လည်း ရေပတ်ဝတ်တိုက်တာ ရေခဲအုံတာကို ဆေးရုံမှာ ဆက်လုပ်ပေးရပါမယ်။

နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ –

ရေဓာတ်ခမ်းခြောက်ခြင်းတတ်ခြင်း

သတိလစ်မေ့မျောခြင်း

ကိုယ်တွင်းကလီဇာများပျက်စီးခြင်း

ရုတ်တရက်နှလုံးရပ်၍ သေဆုံးခြင်း စတာတွေ ဖြစ်ပါတယ်။

ကဲ…ဒီလောက်ဆိုရင်တော့ ကလေးအပူရှပ်တာကို သိသိချင်း ဘယ်လိုကုသရမယ်ဆိုကို ကောင်းကောင်းကြီးသိသွားသလို နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း သိရှိသွားလောက်ပြီထင်ပါတယ်။ ကလေးတွေအားလုံး အပူရှပ်ခြင်းကင်းဝေးကြပါစေ။

ဘာသာပြန်ရေးသားသူ- ဒေါက်တာ ထက်ထက်ဇော်ဝင်း

Ref : https://www.momjunction.com/articles/sign-symptoms-of-heat-stroke-in-babies_0096823/

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

 

No Comments Yet

Comments are closed