ဗီယက္နမ္ရဲ႕ UNESCOစာရင္းဝင္ အမ်ိဳးသမီးကို ကိုးကြယ္တဲ့ဘာသာ

အမ်ိဳးသားဝါဒီ အားေကာင္းတဲ့ ေခတ္မွာတင္ အမ်ိဳးသမီးေတြကို အေလးေပးခဲ့ၾကတဲ့ ဗီယက္နမ္ေတြရဲ႕ ကိုးကြယ္မႈက…. 

ဗီယက္နမ္ဟာ ေလ့လာစရာစံုလင္လွတဲ့ ႏိုင္ငံျဖစ္ၿပီး ရင္သပ္ရႈေမာစရာ သဘာဝ ေတာေတာင္ေရေျမေတြရယ္၊ သူတို႔ရဲ႕ ေရွးေဟာင္း သရုပ္လကၡဏာေတြ၊ ယဥ္ေက်းမႈအစဥ္အလာေတြကို ထိန္းသိမ္းထားႏိုင္တာရယ္ ေၾကာင့္ ကမၻာလွည့္ခရီးသြားေတြ ေမြ႕ေလ်ာ္တဲ့ ႏိုင္ငံတစ္ႏိုင္ငံပါ။ ဒါေၾကာင့္ ဒီတစ္ေခါက္မွာေတာ့ UNESCO က ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ အျဖစ္ အသိအမွတ္ျပဳရတဲ့အထိ ထူးျခားတဲ့ ဗီယက္နမ္လူမ်ိဳးေတြရဲ႕ ကိုးကြယ္ရာ ဘာသာတစ္ခုအေၾကာင္း ေယာင္းတို႔ကို မွ်ေဝေပးခ်င္ပါတယ္။

အဲ့ဒါကေတာ့ Dao Mau လို႔ေခၚတဲ့ အလြန္တရာေရွးက်ၿပီး အမ်ိဳးသမီးေတြကို ကိုးကြယ္တဲ့ ဘာသာပဲ ျဖစ္ပါတယ္။ ဒီ ကိုးကြယ္ယံုၾကည္မႉ ျဖစ္လာတာေလးက ထူးျခားပါတယ္။ ေရွးေခတ္တုန္းက ကြန္ျဖဴးရွပ္အယူဝါဒဟာ အလြန္ေခတ္စားတာေၾကာင့္ အမ်ိဳးသမီးေတြဟာ ေယာက်ာ္းေတြကို နာခံရတဲ့၊ မွီခိုရတဲ့၊ ေယာက်ာ္းေတြေလာက္ အေရးမပါတဲ့၊ ေလးစားမခံရတဲ့ သူေတြ ျဖစ္လာပါတယ္။

Related Article >>> မုဆိုးမကို မီးရႈိ႕တဲ့ ဆတၱီးဓေလ့အေၾကာင္း တစ္ေစ့တစ္ေစာင္း

ဒါေပမဲ့ ဗီယက္နမ္လူမ်ိဳးတခ်ိဳ႕ဟာ “အမ်ိဳးသမီးေတြလည္း ေယာက်ာ္းေတြလို အေရးပါတဲ့သူ၊ တန္းတူညီမၽွေလးစားထိုက္တဲ့သူ၊ စြမ္းေဆာင္ႏိုင္တဲ့သူ ျဖစ္တယ္” လို႔ ယူဆလာၾကပါတယ္။ ဒါေၾကာင့္ ကြန္ျဖဴးရွပ္အယူဝါဒ မဟုတ္ဘဲ အမ်ိဳးသမီးေတြရဲ႕ စြမ္းေဆာင္ႏိုင္စြမ္းနဲ႔ အရည္အေသြးကို ကိုယ္စားျပဳမယ့္ အယူဝါဒအသစ္တစ္ရပ္ကို ဖန္တီးဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ ၁၆ရာစုေလာက္ကစၿပီး Dao Mauဆိုတဲ့ အမ်ိဳးသမီးနတ္ဘုရားကို ကိုးကြယ္တဲ့ ဘာသာေပၚလာပါတယ္။ အမ်ိဳးသမီးနတ္ဘုရား ရဲ႕ နာမည္ကို Lieu Hanhလို႔ ေပးခဲ့ၾကၿပီး သူ(မ)ရဲ႕ ဇာတ္ေၾကာင္းကေတာ့ နတ္ဘုရားအျဖစ္ကေန ကမၻာေျမေပၚကို ဆင္းသက္လာၿပီး သာသနာ႔ေဘာင္ထဲ ဝင္ခဲ့သူလို႔ ဆိုပါတယ္။ သူမဟာ ဗီယက္နမ္အမ်ိဳးသမီးေတြရဲ႕ ရဲရဲေတာက္ သတၱိ၊ အမွီအခိုကင္းမႈ၊ လြတ္ေျမာက္မႈနဲ႔ ေပ်ာ္ရႊင္ဝမ္းေျမာက္မႈကို ကိုယ္စားျပဳပါတယ္တဲ့။

ဒီလို အမ်ိဳးသမီးကို ယံုၾကည္ကိုးကြယ္မႈဟာ အယူသည္းတယ္လို႔ ထင္မွတ္ခံရတာေၾကာင့္ အရင္တုန္းကေတာ့ လယ္သမားေတြနဲ႔ အလုပ္သမားလူတန္းစားၾကားမွာပဲ အမ်ားဆံုးရွိခဲ့ၿပီး ကြန္ျမဴနစ္အစိုးရကိုယ္တိုင္ကပါ ၁၉၈၇ အထိ ပိတ္ပင္ထားခဲ့ဖူးပါတယ္။

ဒါေပမဲ့လည္း ေနာက္ပိုင္းမွာ ျပန္လည္ ခြင့္ျပဳေပးခဲ့ရၿပီး ၂၀၁၆ခုႏွစ္မွာ UNESCOစာရင္းထဲ ပါသြားတဲ့ အခါမွာေတာ့ အမ်ိဳးသမီးနတ္ဘုရား ကို ယံုၾကည္ကိုးကြယ္တဲ့သူေတြ တစ္ရွိန္ထိုး ျမင့္တက္လာခဲ့ပါတယ္။ Lieu Hanh တင္မဟုတ္ တျခားအမ်ိဳးသမီးေတြကိုပါ နတ္ဘုရားအသြင္ ဖန္တီးၿပီး ကိုးကြယ္လာခဲ့ပါတယ္။

Related Article >>> ေၾကာင္နက္ေလးေတြက ယူေဆာင္လာေပးႏုိင္တဲ့ ကံေကာင္းျခင္းလက္ေဆာင္မ်ား

အရင္တုန္းကလို ဗီယက္နမ္လယ္သမား၊ အလုပ္သမားေတြတင္မကဘဲ လုပ္ငန္းရွင္ေတြ၊ သူေဌးႀကီးေတြ၊ အဆင့္ျမင့္ အစိုးရ အရာရွိေတြကပါ အမ်ိဳးသမီးနတ္ဘုရားေတြကို ကံေကာင္းျခင္းေတြ ေဆာင္ၾကဥ္းေပးတဲ့၊ စိတ္ခြန္အားကို ယူေဆာင္ေပးတဲ့သူ အျဖစ္ ကိုးကြယ္လာၾကပါတယ္။

အမ်ိဳးသားႀကီးစိုးတဲ့ ၁၆ရာစုေခတ္ကတည္းက အမ်ိဳးသားေတြကို အေလးေပးတဲ့ ကြန္ျဖဴးရွပ္ဝါဒကို ပစ္ပယ္ရဲၿပီး အမ်ိဳးသမီးေတြကို ကိုယ္စားျပဳတဲ့ဘာသာကို ခုထိ ထိန္းသိမ္းလာႏိုင္တာဟာ အင္မတန္ ခ်ီးက်ဴးစရာပါပဲ။ ဒါဟာ ဗီယက္နမ္လူ႔အဖြဲ႕အစည္းရဲ႕ အမ်ိဳးသမီးေတြရဲ႕ အခန္းက႑အေပၚ အေလးေပးမႈ နဲ႔ ေလးစားမႈကို ထင္ထင္ရွားရွား ျပသေနပါတယ္။

အခုေနာက္ပိုင္းမွာဆို Dao Mauကို ထိန္းသိမ္းအပ္တဲ့ ယဥ္ေက်းမႈအေမြအႏွစ္အေနနဲ႔ ျပဇာတ္ရံုေပၚက စင္ျမင့္ေပၚအထိ တင္ဆက္ျပသလာခဲ့ပါတယ္။ ေယာင္းတို႔လည္း ဗီယက္နမ္က ဟႏြိဳင္းကို သြားလည္တဲ့အခါ ေလ့လာခဲ့ဖို႔ မေမ့နဲ႔ေနာ္။

By

Mia (For Her Myanmar)

Reference links: CNN Ichcourier Mena Travel Agency Learning Educate Together

<<< Unicode >>>

အမျိုးသားဝါဒီ အားကောင်းတဲ့ ခေတ်မှာတင် အမျိုးသမီးတွေကို အလေးပေးခဲ့ကြတဲ့ ဗီယက်နမ်တွေရဲ့ ကိုးကွယ်မှုက…. 

ဗီယက်နမ်ဟာ လေ့လာစရာစုံလင်လှတဲ့ နိုင်ငံဖြစ်ပြီး ရင်သပ်ရှုမောစရာ သဘာဝ တောတောင်ရေမြေတွေရယ်၊ သူတို့ရဲ့ ရှေးဟောင်း သရုပ်လက္ခဏာတွေ၊ ယဉ်ကျေးမှုအစဉ်အလာတွေကို ထိန်းသိမ်းထားနိုင်တာရယ် ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ မွေ့လျော်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ UNESCO က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဖြစ် အသိအမှတ်ပြုရတဲ့အထိ ထူးခြားတဲ့ ဗီယက်နမ်လူမျိုးတွေရဲ့ ကိုးကွယ်ရာ ဘာသာတစ်ခုအကြောင်း ယောင်းတို့ကို မျှဝေပေးချင်ပါတယ်။

အဲ့ဒါကတော့ Dao Mau လို့ခေါ်တဲ့ အလွန်တရာရှေးကျပြီး အမျိုးသမီးတွေကို ကိုးကွယ်တဲ့ ဘာသာပဲ ဖြစ်ပါတယ်။ ဒီ ကိုးကွယ်ယုံကြည်မှူ ဖြစ်လာတာလေးက ထူးခြားပါတယ်။ ရှေးခေတ်တုန်းက ကွန်ဖြူးရှပ်အယူဝါဒဟာ အလွန်ခေတ်စားတာကြောင့် အမျိုးသမီးတွေဟာ ယောကျာ်းတွေကို နာခံရတဲ့၊ မှီခိုရတဲ့၊ ယောကျာ်းတွေလောက် အရေးမပါတဲ့၊ လေးစားမခံရတဲ့ သူတွေ ဖြစ်လာပါတယ်။

Related Article >>> မုဆိုးမကို မီးရှို့တဲ့ ဆတ္တီးဓလေ့အကြောင်း တစ်စေ့တစ်စောင်း

ဒါပေမဲ့ ဗီယက်နမ်လူမျိုးတချို့ဟာ “အမျိုးသမီးတွေလည်း ယောကျာ်းတွေလို အရေးပါတဲ့သူ၊ တန်းတူညီမျှလေးစားထိုက်တဲ့သူ၊ စွမ်းဆောင်နိုင်တဲ့သူ ဖြစ်တယ်” လို့ ယူဆလာကြပါတယ်။ ဒါကြောင့် ကွန်ဖြူးရှပ်အယူဝါဒ မဟုတ်ဘဲ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ အရည်အသွေးကို ကိုယ်စားပြုမယ့် အယူဝါဒအသစ်တစ်ရပ်ကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ၁၆ရာစုလောက်ကစပြီး Dao Mauဆိုတဲ့ အမျိုးသမီးနတ်ဘုရားကို ကိုးကွယ်တဲ့ ဘာသာပေါ်လာပါတယ်။ အမျိုးသမီးနတ်ဘုရား ရဲ့ နာမည်ကို Lieu Hanhလို့ ပေးခဲ့ကြပြီး သူ(မ)ရဲ့ ဇာတ်ကြောင်းကတော့ နတ်ဘုရားအဖြစ်ကနေ ကမ္ဘာမြေပေါ်ကို ဆင်းသက်လာပြီး သာသနာ့ဘောင်ထဲ ဝင်ခဲ့သူလို့ ဆိုပါတယ်။ သူမဟာ ဗီယက်နမ်အမျိုးသမီးတွေရဲ့ ရဲရဲတောက် သတ္တိ၊ အမှီအခိုကင်းမှု၊ လွတ်မြောက်မှုနဲ့ ပျော်ရွှင်ဝမ်းမြောက်မှုကို ကိုယ်စားပြုပါတယ်တဲ့။

ဒီလို အမျိုးသမီးကို ယုံကြည်ကိုးကွယ်မှုဟာ အယူသည်းတယ်လို့ ထင်မှတ်ခံရတာကြောင့် အရင်တုန်းကတော့ လယ်သမားတွေနဲ့ အလုပ်သမားလူတန်းစားကြားမှာပဲ အများဆုံးရှိခဲ့ပြီး ကွန်မြူနစ်အစိုးရကိုယ်တိုင်ကပါ ၁၉၈၇ အထိ ပိတ်ပင်ထားခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း နောက်ပိုင်းမှာ ပြန်လည် ခွင့်ပြုပေးခဲ့ရပြီး ၂၀၁၆ခုနှစ်မှာ UNESCOစာရင်းထဲ ပါသွားတဲ့ အခါမှာတော့ အမျိုးသမီးနတ်ဘုရား ကို ယုံကြည်ကိုးကွယ်တဲ့သူတွေ တစ်ရှိန်ထိုး မြင့်တက်လာခဲ့ပါတယ်။ Lieu Hanh တင်မဟုတ် တခြားအမျိုးသမီးတွေကိုပါ နတ်ဘုရားအသွင် ဖန်တီးပြီး ကိုးကွယ်လာခဲ့ပါတယ်။

Related Article >>> ကြောင်နက်လေးတွေက ယူဆောင်လာပေးနိုင်တဲ့ ကံကောင်းခြင်းလက်ဆောင်များ

အရင်တုန်းကလို ဗီယက်နမ်လယ်သမား၊ အလုပ်သမားတွေတင်မကဘဲ လုပ်ငန်းရှင်တွေ၊ သူဌေးကြီးတွေ၊ အဆင့်မြင့် အစိုးရ အရာရှိတွေကပါ အမျိုးသမီးနတ်ဘုရားတွေကို ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးတဲ့၊ စိတ်ခွန်အားကို ယူဆောင်ပေးတဲ့သူ အဖြစ် ကိုးကွယ်လာကြပါတယ်။

အမျိုးသားကြီးစိုးတဲ့ ၁၆ရာစုခေတ်ကတည်းက အမျိုးသားတွေကို အလေးပေးတဲ့ ကွန်ဖြူးရှပ်ဝါဒကို ပစ်ပယ်ရဲပြီး အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ဘာသာကို ခုထိ ထိန်းသိမ်းလာနိုင်တာဟာ အင်မတန် ချီးကျူးစရာပါပဲ။ ဒါဟာ ဗီယက်နမ်လူ့အဖွဲ့အစည်းရဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအပေါ် အလေးပေးမှု နဲ့ လေးစားမှုကို ထင်ထင်ရှားရှား ပြသနေပါတယ်။

အခုနောက်ပိုင်းမှာဆို Dao Mauကို ထိန်းသိမ်းအပ်တဲ့ ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ပြဇာတ်ရုံပေါ်က စင်မြင့်ပေါ်အထိ တင်ဆက်ပြသလာခဲ့ပါတယ်။ ယောင်းတို့လည်း ဗီယက်နမ်က ဟနွိုင်းကို သွားလည်တဲ့အခါ လေ့လာခဲ့ဖို့ မမေ့နဲ့နော်။

By

Mia (For Her Myanmar)

Reference links: CNN Ichcourier Mena Travel Agency Learning Educate Together

No Comments Yet

Comments are closed