နည်းပညာလောကရဲ့ ထိပ်သီးအမျိုးသမီး (၅) ယောက်

အမျိုးသမီးတွေက ဆုံးဖြတ်ချက် မပြတ်သားလို့ ထိပ်ပိုင်းကို မရောက်နိုင်ဘူးပေါ့.. ပြောပါဦး.. သူတို့တွေကို လုံးလုံးမသိတဲ့ အကြောင်းလေး.. 

ယောင်းတို့ရေ အမျိုးသမီးတွေက နည်းပညာပိုင်းမှာ နောက်ကောက်ကျတယ်လို့ လာပြောတဲ့သူတွေရှိရင် ဗဟုသုတနည်းလှချည်လားလို့သာ ပြောလွှတ်လိုက်ပါ။ ဘာလို့လဲဆိုတော့ နည်းပညာလောကရဲ့ ထိပ်ဆုံးပိုင်းတွေမှာ အမျိုးသမီးတွေ ရှိနေပြီး သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းကလည်း အတော်ကြီးနေလို့ပေါ့..

Facebook၊ YouTube နဲ့ အခြားသော နာမည်ကြီး နည်းပညာကုမ္ပဏီတွေရဲ့ အရေးပါတဲ့နေရာတွေမှာ တည်ရှိနေတဲ့ အမျိုးသမီးတွေကို ပြောရမယ်ဆိုရင်တော့ . . .

၁။ Sheryl Sandberg


သူ(မ)ကတော့ ယောင်းတို့ နေ့စဉ်သုံးနေတဲ့ Facebook ရဲ့ COO (Chief Operating Officer)  ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ဟားဗတ်ကနေ စီးပွားရေးဘွဲ့ရခဲ့ပြီး Economics and Government အဖွဲ့အစည်းရဲ့ တွဲဖက်တည်ထောင်သူ ဖြစ်လာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်ရဲ့ ခရစ်စမတ်စ်ပါတီတစ်ခုမှာ Mark Zuckerberg က သူ(မ)ကို Facebook မှာ COO အဖြစ် လာရောက်လုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်။

၂။ Susan Wojcicki

သူ(မ)ကတော့ နာမည်ကြီး YouTube ရဲ့ CEO ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ကနေ စီးပွားရေးသိပ္ပံဘာသာရပ်ကို မဟာဘွဲ့ ရခဲ့ပြီး Google မှာ အလုပ်ဝင်ခဲ့ပါတယ်။ သူ(မ)ရဲ့ အကြံပြုချက်ကြောင့် Google က YouTube ကို ဝယ်ယူခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ သူ(မ)ကိုယ်တိုင်ပဲ YouTube ရဲ့ CEO ဖြစ်လာခဲ့ပါတယ်။

Related Article >>> အောင်မြင်တဲ့ အမျိုးသမီးတွေ ပေးတဲ့ ဘဝသင်ခန်းစာ (၅)ခု

၃။ Meg Whitman


သူ(မ)ကတော့ ကွန်ပျူတာတွေ ထုတ်လုပ်နေတဲ့ HP ကုမ္ပဏီရဲ့ CEO ပါ။ နာမည်ကြီးကုမ္ပဏီ တော်တော်များများရဲ့ ထိပ်ဆုံးပိုင်းရာထူးတွေကို တာဝန်ယူခဲ့ရသူလည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ HPရဲ့ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ၆လအကြာမှာတော့ CEO အဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။

၎။ Ginni Rometty


နာမည်ကြီး IBM ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Ginni ဟာ IBM ကုမ္ပဏီမှာ System engineer တစ်ဦးအနေနဲ့ စတင်ခြေချခဲ့တာပဲ ဖြစ်ပါတယ်။ သူ(မ)ဟာ ရာထူးတာဝန်အမျိုးမျိုးကို လွှဲပြောင်းလုပ်ကိုင်လာရင်းနဲ့ ၂၀၁၁ ခုနှစ်မှာတော့ IBM ရဲ့ CEO ဖြစ်လာခဲ့ပါတယ်။

Related Article >>> အောင်မြင်တဲ့ အမျိုးသမီးတွေ သူတို့ပိတ်ရက်တွေကို ဘယ်လိုအသုံးချကြသလဲ?

၅။ Lucy Peng


တရုတ်အမျိုးသမီး Lucy ဟာ အလီဘာဘာတည်ထောင်သူ Jack Ma နဲ့ မတွေ့ခင်က သူမတက်ရောက်ခဲ့တဲ့တက္ကသိုလ်မှာ ဆရာမအဖြစ် ပြန်လည်လုပ်ကိုင်နေခဲ့ပါတယ်။ အလီဘာဘာရဲ့ HR ပိုင်းကို အုပ်ချုပ်ခဲ့ပြီးနောက်မှာတော့ တရုတ်ရဲ့ အအောင်မြင်ဆုံး Alipay မှာ CEO ဖြစ်လာခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ဘီလျံနာ တစ်ဦးဖြစ်လာခဲ့ပါတယ်။

ကဲ ယောင်းတို့ရေ အပေါ်မှာ ဖော်ပြပေးသွားတဲ့အမျိုးသမီးတွေကတော့ နည်းပညာလောကမှာ ထူးချွန်လို့ ထိပ်သီးပိုင်းကို ရောက်နေကြသူတွေပါ။ ဒီတော့ အမျိုးသမီးတွေလည်း နည်းပညာနဲ့ စီးပွားရေးလောကမှာ နောက်ကောက်မကျနေဘူးဆိုတာ ဒါလေးနဲ့ သက်သေပြလို့ရပြီပေါ့… တစ်ခုရှိတာက သူများကို အားကျပြီး ငါက သူတို့လို ဖြစ်ချင်လိုက်တာဆိုတဲ့ အတွေးနဲ့ ရပ်တန့်နေမယ်ဆိုရင် အတွေးက အတွေးပဲ ဖြစ်နေမှာပါ ယောင်းတို့ရေ… ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့က အရေးအကြီးဆုံး မဟုတ်လား…

ဆိုတော့ ယောင်းတို့လည်း ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်လို့ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ဆုပ်ကိုင်နိုင်ပါစေကွယ်..

Scarlett (For Her Myanmar)

References : Forbes , Women In Tech 

No Comments Yet

Comments are closed