အတုယူေလးစားစရာ ကမာၻ႔အေအာင္ျမင္ဆံုး အမ်ိဳးသမီး CEO (၅) ဦး

အမ်ိဳးသမီးေတြက အမ်ိဳးသားေတြနဲ႔ တန္းတူအခြင့္အေရးေတြ ရႏုိင္သလို တန္းတူ အလုပ္လုပ္ႏုိင္စြမ္းလည္း ရွိတယ္ဆိုတာ သက္ေသျပခဲ့သူေတြေပါ့..

နယ္ပယ္တစ္ခုရဲ႕ ထိပ္ဆံုးမွာ အမ်ိဳးသားေတြပဲ ရပ္တည္ႏုိင္တယ္လို႔ ဘယ္သူက ေျပာလဲ?? တကယ္ေတာ့ ဝန္ထမ္းအမ်ားႀကီးကိုအုပ္ခ်ဳပ္နိုင္တဲ့ အမ်ိဳးသမီး CEO ေတြ၊ နည္းပညာအသစ္ေတြကို တီထြင္ခဲ့သူ အမ်ိဳးသမီးေတြ၊ ကမာၻက အသိအမွတ္ျပဳ ေလးစားခ်ီးက်ဴးရတဲ့ အမ်ိဳးသမီး သမၼတေတြ စသျဖင့္ အေရးႀကီးတဲ့ ေနရာေတြကို ရယူထားတဲ့ အမ်ိဳးသမီးေတြလည္း အမ်ားႀကီးပါပဲ။ ႀကိဳးစားမႈကို အရင္းတည္ၿပီး ကိုယ္နဲ႔ ထိုက္တန္တဲ့ ေနရာကို ရယူႏုိင္ခဲ့တဲ့ အံ့ဖြယ္အမ်ိဳးသမီးေတြလို႔ပဲ ဆိုၾကပါစို႔ရဲ႕… ဆိုေတာ့ ဒီလို အာဂအမ်ိဳးသမီးေတြထဲကမွ စီးပြားေရးနယ္ပယ္ ထိပ္ဆံုးမွာ ရပ္တည္ေနၾကတဲ့ အမ်ိဳးသမီး CEO (၅)ေယာက္အေၾကာင္းကို ေယာင္းတို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…

(၁) Irene Rosenfeld (Chairman and CEO of Kraft Foods)

Oreo ကို သိတယ္ဟုတ္ ေယာင္းတို႔?? Oreo ဆိုတာက Kraft Foods လို႔ေခၚတဲ့ ကမာၻ႕ဒုတိယအႀကီးဆံုး စားေသာက္ကုန္ ကုမၸဏီရဲ႕ ဘရန္းတစ္ခုပါပဲ။ ဟုတ္ပါတယ္။ Irene Rosenfeld ဆိုတာ Kraft Foods ကိုႏွစ္ေပါင္းမ်ားစြာ ဦးေဆာင္လာခဲ့တဲ့ အမ်ိဳးသမီး CEO တစ္ဦးပါ။ ငယ္ငယ္ကေတာ့ Irene ဟာ အေမရိကန္ သမၼတ ျဖစ္ခ်င္ခဲ့တယ္လို႔ ဆိုခဲ့ေပမဲ့ ႏုိင္ငံေရး ေလာကထဲ မဝင္ျဖစ္ခဲ့တဲ့အဆံုးမွာေတာ့ သူ(မ)ဟာ ကမာၻ႕အႀကီးဆံုး စားေသာက္ကုန္လုပ္ငန္းေတြထဲက တစ္ခုျဖစ္တဲ့ Mondēlezရဲ႕ ဦးေဆာင္သူ ျဖစ္လာခဲ့ပါတယ္။

တကယ္ေတာ့ Kraft Foods နဲ႔ Irene လက္တြဲခဲ့တာ ၁၉၉၆ ခုႏွစ္ကတည္းကပါ။ ၂၀၀၄ ခုႏွစ္မွာေတာ့ Irene က Kraft ကေနထြက္ၿပီး Fritso-Lay ရဲ႕ CEO နဲ႔ chairman အျဖစ္ ၂ႏွစ္ေဆာင္္ရြက္ခဲ့ပါတယ္။ ၂၀၀၆ ခုႏွစ္မွာေတာ့ Kraft ကို CEO အေနနဲ႔ ျပန္လာခဲ့ၿပီး ၂၀၁၂မွာ ကုမၸဏီရဲ႕ ဖြဲ႕စည္းပံုကို Kraft ကို Kraft နဲ႔ Mondēlez ရယ္လို႔ ႏွစ္ပိုင္းခြဲၿပီးတဲ့ေနာက္ နဂိုတည္းက စားေသာက္ကုန္ေလာကမွာထိပ္ဆံုးေရာက္ေနတဲ့ Kraft Foods ဟာ သူ(မ)ရဲ႕ ဦးေဆာင္မႈေအာက္မွာ ပိုၿပီး က်ယ္ျပန္႔လာခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ Irene ဟာ ၂၀၁၇ ထိ Mondēlez ရဲ႕ CEO အျဖစ္ တာဝန္ယူ ထမ္းေဆာင္ခဲ့ပါတယ္။

Related Article >>> ထက္ျမက္တဲ့ အမ်ိဳးသမီးေတြ လက္ေတြ႔က်င့္သံုးေနတဲ့ ေပ်ာ္ရႊင္ေအာင္ေနနည္း (၆) နည္း

(၂) Carol M. Meyrowitz (President and CEO of The TJX Companies)

 

အဝတ္အစားေတြက စလို႔ အိမ္အသံုးအေဆာင္ေတြထိ ဘာလိုလို အကုန္ဝယ္လို႔ရတဲ့ လက္လီအေရာင္းဆိုင္ေတြက ေရာင္းဝယ္ေဖာက္ကားတဲ့သူေတြအတြက္ ေငြကုန္ေၾကးက် သက္သာတဲ့ ပလက္ေဖာင္းတစ္ခုျဖစ္လာခဲ့ပါၿပီ။ ဒါဟာ Carol M. Meyrowitz ဆိုတဲ့ အမ်ိဳးသမီးေၾကာင့္ဆိုလည္း မမွားပါဘူး ေယာင္းတို႔ေရ…

သူ(မ)က ဒီ လက္လီလုပ္ငန္းေတြကေန ေဈးႏႈန္းသက္သက္သာသာနဲ႔ ျဖန္႔ခ်ိတာကို ၂၀၀၇ ခုနွစ္ကတည္းက စတင္ခဲ့တာပါ။ ဒီေနာက္မွာေတာ့ သူ(မ)ဟာ TJX, Home Goods နဲ႔ Marshall’s စတဲ့ လုပ္ငန္းေတြကုိ ဦးေဆာင္ခဲ့ပါေတာ့တယ္။ ဒီလို CEO မျဖစ္စဥ္က သူ(မ) ဟာ Saks ရဲ႕ လက္ေထာက္အဝယ္ေတာ္အေနနဲ႔ ေဆာင္ရြက္ခဲ့တာပါ။ ခုခ်ိန္မွာေတာ့ တစ္ႏွစ္စာ ဝင္ေငြ အေမရိကန္ေဒၚလာ မီလ်ံနဲ႔ခ်ီၿပီး ရေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ေနခဲ့ပါၿပီ။ ဒါဟာ အလုပ္ႀကိဳးစားျခင္းရဲ႕ ရလဒ္ပဲလို႔လည္း သူ(မ)က ဆိုပါတယ္။

 

(၃) Indra Nooyi (Chairman and CEO of PepsiCo)

Indra Nooyi အေၾကာင္းကို အက္ဒ္မင္တို႔ တစ္ေခါက္ ေဖာ္ျပေပးခဲ့ၿပီးပါၿပီေနာ္… သူ(မ)ကေတာ့ Pepsi ကုမၸဏီကို ၁၉၉၄ခုႏွစ္မွာ စတင္ ဝင္ေရာက္လာခဲ့ၿပီး ၂၀၀၁ခုႏွစ္မွာေတာ့ Pepsi ရဲ႕ CEO ျဖစ္လာခဲ့ပါတယ္။  သူ႔ရဲ႕လက္ထက္မွာ ကုမၸဏီရဲ႕ စနစ္ကို အသစ္ျပန္လည္ ခ်မွတ္ခဲ့သလို ပက္စီရဲ႕ စားေသာက္ကုန္ေတြကို က်န္းမာေရးနဲ႔ညီညြတ္တဲ့ စားေသာက္ကုန္ေတြ ျဖစ္လာဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။

ဒီလုိႀကိဳးပမ္းခဲ့ရာမွာ အဖြဲ႔အစည္းအတြင္း ကန္႔ကြက္ခံရမႈေတြ၊ သေဘာမတူမႈေတြလည္း သူ႔အေနနဲ႔ ႀကံဳခဲ့ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ပက္စီကုမၸဏီကို သူအုပ္ခ်ဳပ္ခဲ့ၿပီးေနာက္ ကုမၸဏီရဲ႕ ႂကြယ္ဝမႈ တိုးတက္လာခဲ့တယ္ဆိုတာကေတာ့ ျငင္းလို႔မရခဲ့ပါဘူး။ ဒါေၾကာင့္လည္း သူမက Forbes မဂၢဇင္း ထဲတြင္စတုတၱေျမာက္အာဏာအရွိဆံုးသူအျဖစ္ ေဖာ္ျပျခင္း ခံခဲ့ရသလို စီးပြားေရးေလာကမွာ ေအာင္ျမင္မႈအရွိဆံုး အမ်ိဳးသမီး၊ ကမာၻမွာ လႊမ္းမိုးမႈအ႐ွိဆံုး ၁၀၀ နဲ႔ အေအာင္ျမင္ဆံုး အမ်ိဳးသမီး ၁၀၀ စတဲ့ စာရင္းေတြမွာလည္း ပါဝင္ခဲ့ပါတယ္။

(၄) Ellen Kullman ( Chairman and CEO of E.I. du Pont de Nemours and Company)

၁၉၉၈ ခုႏွစ္မွာ Ellen Kullman ဟာ မာကက္တင္းမန္ေနဂ်ာအျဖစ္ DuPont မွာ ေဆာင္ရြက္ခဲ့ၿပီး ၂၀၀၈ မွာေတာ့ ကုမၸဏီကို ဦးေဆာင္သူ ျဖစ္လာခဲ့ၿပီး ၂၀၀၉ မွာေတာ့ CEO ျဖစ္လာခဲ့ပါတယ္။ CEO ျဖစ္လာၿပီးတဲ့ေနာက္မွာပဲ Green Energy တို႔ Biotech (ဇီဝနည္းပညာ)တို႔လို နယ္ပယ္ေတြကို ေျခဆန္႔ႏုိင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။  ကုမၸဏီမွာ သူ(မ) CEO အျဖစ္ ေဆာင္ရြက္ၿပီးတဲ့ေနာက္ ကုမၸဏီ ရွယ္ယာေဈး ၃ဆထိ တက္သြားခဲ့တာက သူ(မ) ေအာင္ျမင္မႈေတြကို သက္ေသျပေနတဲ့ အခ်က္ေတြပါပဲ။

Related Article>>>>ဘတ္စ္ကားထိုင္ခံုေနရာက စတင္ခဲ့တဲ့ လူမည္းအမ်ိဳးသမီး Rosa Parks ရဲ႕ လူမည္းအခြင့္အေရးေတာင္းဆိုမႈ

(၅) Angela Braly (Chairman,President,CEO Of WellPoint)

ကမာၻ႕ဒုတိယအႀကီးဆံုး က်န္းမာေရးအာမခံကုမၸဏီကို ၂၀၀၇ ခုႏွစ္ကတည္းက ဦးေဆာင္လာတဲ့ Angela Braly ကေတာ့ လုပ္ငန္းခြင္နဲ႔ မိသားစုဘဝကို မွ်တေအာင္ထိန္းႏိုင္တဲ့ မိခင္တစ္ေယာက္ရယ္လို႔လည္း နာမည္ေက်ာ္ပါတယ္။ ကေလး ၃ေယာက္ မိခင္ျဖစ္ေပမဲ့ သူ(မ)ရဲ႕ ဦးေဆာင္မႈေအာက္မွာ Well Point ဟာ အရွိန္အဟုန္နဲ႔ တိုးတက္လာခဲ့ပါတယ္။

အေမရိကန္ ႏိုင္ငံသား ၉ေယာက္မွာ တစ္ေယာက္အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ ေပးေနတဲ့ Well Point ဟာ သူ(မ) လက္လႊဲယူၿပီးတဲ့ေနာက္ ၂၀၁၀ မွာ အျမတ္ေငြ အေမရိကန္ေဒၚလာ သန္း၆၀ထိ ခုန္တက္သြားခဲ့ပါတယ္။ သာယာတဲ့ မိသားစုဘဝနဲ႔ ေအာင္ျမင္တဲ့ လုပ္ငန္းခြင္ဘဝ ႏွစ္ခုလံုးကို ရဖို႔အတြက္ နည္းနည္းေတာ့ ခက္ခဲေပမဲ့ အခ်ိန္ပိုေပးၿပီး လုပ္မယ္ဆိုရင္ေတာ့ ရပါတယ္ဆိုတာကလည္း ေမေမတို႔အတြက္ သူ(မ)ေပးတဲ့ အၾကံေကာင္းေလး တစ္ခုပါပဲ။

ကဲ.. ဖတ္ၿပီးေတာ့ အလုပ္လုပ္ခ်င္စိတ္ေတြ မ်ားမလာဘူးလားဟင္?? တကယ္ေတာ့ သူတို႔ေတြ အားလံုးဟာ ႀကိဳးစားမႈေၾကာင့္ ေနရာတစ္ခုကို ေရာက္လာၾကသူေတြခ်ည္းပါပဲ ေယာင္းတို႔ေရ… ကိုယ္ေတြလည္း ႀကိဳးစားရင္ ဘာမဆို ျဖစ္ႏုိင္တာပဲေလေနာ္…

ေယာင္းေလးတို႔ အတုယူ အားက်ႏုိင္ဖို႔ မင္မင္ကေတာ့ သူတို႔အေၾကာင္းကို ေျပာျပလိုက္ၿပီ။ ေအာင္ျမင္ထက္ျမက္တဲ့ အမ်ိဳးသမီးေလးေတြ ျဖစ္လာေအာင္ ႀကိဳးစားဖို႔ကေတာ့ ေယာင္းေယာင္းတို႔ တာဝန္ေနာ္…

Reference Links : Women’s Day, Forbes

Phyu Thant (For Her Myanmar)

<<< Unicode >>>

အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးတွေ ရနိုင်သလို တန်းတူ အလုပ်လုပ်နိုင်စွမ်းလည်း ရှိတယ်ဆိုတာ သက်သေပြခဲ့သူတွေပေါ့..

နယ်ပယ်တစ်ခုရဲ့ ထိပ်ဆုံးမှာ အမျိုးသားတွေပဲ ရပ်တည်နိုင်တယ်လို့ ဘယ်သူက ပြောလဲ?? တကယ်တော့ ဝန်ထမ်းအများကြီးကိုအုပ်ချုပ်နိုင်တဲ့ အမျိုးသမီး CEO တွေ၊ နည်းပညာအသစ်တွေကို တီထွင်ခဲ့သူ အမျိုးသမီးတွေ၊ ကမ္ဘာက အသိအမှတ်ပြု လေးစားချီးကျူးရတဲ့ အမျိုးသမီး သမ္မတတွေ စသဖြင့် အရေးကြီးတဲ့ နေရာတွေကို ရယူထားတဲ့ အမျိုးသမီးတွေလည်း အများကြီးပါပဲ။ ကြိုးစားမှုကို အရင်းတည်ပြီး ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာကို ရယူနိုင်ခဲ့တဲ့ အံ့ဖွယ်အမျိုးသမီးတွေလို့ပဲ ဆိုကြပါစို့ရဲ့… ဆိုတော့ ဒီလို အာဂအမျိုးသမီးတွေထဲကမှ စီးပွားရေးနယ်ပယ် ထိပ်ဆုံးမှာ ရပ်တည်နေကြတဲ့ အမျိုးသမီး CEO (၅)ယောက်အကြောင်းကို ယောင်းတို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်…

(၁) Irene Rosenfeld (Chairman and CEO of Kraft Foods)

Oreo ကို သိတယ်ဟုတ် ယောင်းတို့?? Oreo ဆိုတာက Kraft Foods လို့ခေါ်တဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး စားသောက်ကုန် ကုမ္ပဏီရဲ့ ဘရန်းတစ်ခုပါပဲ။ ဟုတ်ပါတယ်။ Irene Rosenfeld ဆိုတာ Kraft Foods ကိုနှစ်ပေါင်းများစွာ ဦးဆောင်လာခဲ့တဲ့ အမျိုးသမီး CEO တစ်ဦးပါ။ ငယ်ငယ်ကတော့ Irene ဟာ အမေရိကန် သမ္မတ ဖြစ်ချင်ခဲ့တယ်လို့ ဆိုခဲ့ပေမဲ့ နိုင်ငံရေး လောကထဲ မဝင်ဖြစ်ခဲ့တဲ့အဆုံးမှာတော့ သူ(မ)ဟာ ကမ္ဘာ့အကြီးဆုံး စားသောက်ကုန်လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Mondēlezရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။

တကယ်တော့ Kraft Foods နဲ့ Irene လက်တွဲခဲ့တာ ၁၉၉၆ ခုနှစ်ကတည်းကပါ။ ၂၀၀၄ ခုနှစ်မှာတော့ Irene က Kraft ကနေထွက်ပြီး Fritso-Lay ရဲ့ CEO နဲ့ chairman အဖြစ် ၂နှစ်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ Kraft ကို CEO အနေနဲ့ ပြန်လာခဲ့ပြီး ၂၀၁၂မှာ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံကို Kraft ကို Kraft နဲ့ Mondēlez ရယ်လို့ နှစ်ပိုင်းခွဲပြီးတဲ့နောက် နဂိုတည်းက စားသောက်ကုန်လောကမှာထိပ်ဆုံးရောက်နေတဲ့ Kraft Foods ဟာ သူ(မ)ရဲ့ ဦးဆောင်မှုအောက်မှာ ပိုပြီး ကျယ်ပြန့်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ Irene ဟာ ၂၀၁၇ ထိ Mondēlez ရဲ့ CEO အဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့ပါတယ်။

Related Article >>> ထက်မြက်တဲ့ အမျိုးသမီးတွေ လက်တွေ့ကျင့်သုံးနေတဲ့ ပျော်ရွှင်အောင်နေနည်း (၆) နည်း

(၂) Carol M. Meyrowitz (President and CEO of The TJX Companies)

အဝတ်အစားတွေက စလို့ အိမ်အသုံးအဆောင်တွေထိ ဘာလိုလို အကုန်ဝယ်လို့ရတဲ့ လက်လီအရောင်းဆိုင်တွေက ရောင်းဝယ်ဖောက်ကားတဲ့သူတွေအတွက် ငွေကုန်ကြေးကျ သက်သာတဲ့ ပလက်ဖောင်းတစ်ခုဖြစ်လာခဲ့ပါပြီ။ ဒါဟာ Carol M. Meyrowitz ဆိုတဲ့ အမျိုးသမီးကြောင့်ဆိုလည်း မမှားပါဘူး ယောင်းတို့ရေ…

သူ(မ)က ဒီ လက်လီလုပ်ငန်းတွေကနေ ဈေးနှုန်းသက်သက်သာသာနဲ့ ဖြန့်ချိတာကို ၂၀၀၇ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ ဒီနောက်မှာတော့ သူ(မ)ဟာ TJX, Home Goods နဲ့ Marshall’s စတဲ့ လုပ်ငန်းတွေကို ဦးဆောင်ခဲ့ပါတော့တယ်။ ဒီလို CEO မဖြစ်စဉ်က သူ(မ) ဟာ Saks ရဲ့ လက်ထောက်အဝယ်တော်အနေနဲ့ ဆောင်ရွက်ခဲ့တာပါ။ ခုချိန်မှာတော့ တစ်နှစ်စာ ဝင်ငွေ အမေရိကန်ဒေါ်လာ မီလျံနဲ့ချီပြီး ရနေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ ဒါဟာ အလုပ်ကြိုးစားခြင်းရဲ့ ရလဒ်ပဲလို့လည်း သူ(မ)က ဆိုပါတယ်။

(၃) Indra Nooyi (Chairman and CEO of PepsiCo)

Indra Nooyi အကြောင်းကို အက်ဒ်မင်တို့ တစ်ခေါက် ဖော်ပြပေးခဲ့ပြီးပါပြီနော်… သူ(မ)ကတော့ Pepsi ကုမ္ပဏီကို ၁၉၉၄ခုနှစ်မှာ စတင် ဝင်ရောက်လာခဲ့ပြီး ၂၀၀၁ခုနှစ်မှာတော့ Pepsi ရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့လက်ထက်မှာ ကုမ္ပဏီရဲ့ စနစ်ကို အသစ်ပြန်လည် ချမှတ်ခဲ့သလို ပက်စီရဲ့ စားသောက်ကုန်တွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ကုန်တွေ ဖြစ်လာဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီလိုကြိုးပမ်းခဲ့ရာမှာ အဖွဲ့အစည်းအတွင်း ကန့်ကွက်ခံရမှုတွေ၊ သဘောမတူမှုတွေလည်း သူ့အနေနဲ့ ကြုံခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပက်စီကုမ္ပဏီကို သူအုပ်ချုပ်ခဲ့ပြီးနောက် ကုမ္ပဏီရဲ့ ကြွယ်ဝမှု တိုးတက်လာခဲ့တယ်ဆိုတာကတော့ ငြင်းလို့မရခဲ့ပါဘူး။ ဒါကြောင့်လည်း သူမက Forbes မဂ္ဂဇင်း ထဲတွင်စတုတ္တမြောက်အာဏာအရှိဆုံးသူအဖြစ် ဖော်ပြခြင်း ခံခဲ့ရသလို စီးပွားရေးလောကမှာ အောင်မြင်မှုအရှိဆုံး အမျိုးသမီး၊ ကမ္ဘာမှာ လွှမ်းမိုးမှုအရှိဆုံး ၁၀၀ နဲ့ အအောင်မြင်ဆုံး အမျိုးသမီး ၁၀၀ စတဲ့ စာရင်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

(၄) Ellen Kullman ( Chairman and CEO of E.I. du Pont de Nemours and Company)

၁၉၉၈ ခုနှစ်မှာ Ellen Kullman ဟာ မာကက်တင်းမန်နေဂျာအဖြစ် DuPont မှာ ဆောင်ရွက်ခဲ့ပြီး ၂၀၀၈ မှာတော့ ကုမ္ပဏီကို ဦးဆောင်သူ ဖြစ်လာခဲ့ပြီး ၂၀၀၉ မှာတော့ CEO ဖြစ်လာခဲ့ပါတယ်။ CEO ဖြစ်လာပြီးတဲ့နောက်မှာပဲ Green Energy တို့ Biotech (ဇီဝနည်းပညာ)တို့လို နယ်ပယ်တွေကို ခြေဆန့်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကုမ္ပဏီမှာ သူ(မ) CEO အဖြစ် ဆောင်ရွက်ပြီးတဲ့နောက် ကုမ္ပဏီ ရှယ်ယာဈေး ၃ဆထိ တက်သွားခဲ့တာက သူ(မ) အောင်မြင်မှုတွေကို သက်သေပြနေတဲ့ အချက်တွေပါပဲ။

Related Article>>>>ဘတ်စ်ကားထိုင်ခုံနေရာက စတင်ခဲ့တဲ့ လူမည်းအမျိုးသမီး Rosa Parks ရဲ့ လူမည်းအခွင့်အရေးတောင်းဆိုမှု

(၅) Angela Braly (Chairman,President,CEO Of Well Point)

ကမ္ဘာ့ဒုတိယအကြီးဆုံး ကျန်းမာရေးအာမခံကုမ္ပဏီကို ၂၀၀၇ ခုနှစ်ကတည်းက ဦးဆောင်လာတဲ့ Angela Braly ကတော့ လုပ်ငန်းခွင်နဲ့ မိသားစုဘဝကို မျှတအောင်ထိန်းနိုင်တဲ့ မိခင်တစ်ယောက်ရယ်လို့လည်း နာမည်ကျော်ပါတယ်။ ကလေး ၃ယောက် မိခင်ဖြစ်ပေမဲ့ သူ(မ)ရဲ့ ဦးဆောင်မှုအောက်မှာ Well Point ဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။

အမေရိကန် နိုင်ငံသား ၉ယောက်မှာ တစ်ယောက်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ Well Point ဟာ သူ(မ) လက်လွှဲယူပြီးတဲ့နောက် ၂၀၁၀ မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း၆၀ထိ ခုန်တက်သွားခဲ့ပါတယ်။ သာယာတဲ့ မိသားစုဘဝနဲ့ အောင်မြင်တဲ့ လုပ်ငန်းခွင်ဘဝ နှစ်ခုလုံးကို ရဖို့အတွက် နည်းနည်းတော့ ခက်ခဲပေမဲ့ အချိန်ပိုပေးပြီး လုပ်မယ်ဆိုရင်တော့ ရပါတယ်ဆိုတာကလည်း မေမေတို့အတွက် သူ(မ)ပေးတဲ့ အကြံကောင်းလေး တစ်ခုပါပဲ။

ကဲ.. ဖတ်ပြီးတော့ အလုပ်လုပ်ချင်စိတ်တွေ များမလာဘူးလားဟင်?? တကယ်တော့ သူတို့တွေ အားလုံးဟာ ကြိုးစားမှုကြောင့် နေရာတစ်ခုကို ရောက်လာကြသူတွေချည်းပါပဲ ယောင်းတို့ရေ… ကိုယ်တွေလည်း ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တာပဲလေနော်… ယောင်းလေးတို့ အတုယူ အားကျနိုင်ဖို့ မင်မင်ကတော့ သူတို့အကြောင်းကို ပြောပြလိုက်ပြီ။ အောင်မြင်ထက်မြက်တဲ့ အမျိုးသမီးလေးတွေ ဖြစ်လာအောင် ကြိုးစားဖို့ကတော့ ယောင်းယောင်းတို့ တာဝန်နော်…

Reference Links : Women’s Day, Forbes

Phyu Thant (For Her Myanmar)

No Comments Yet

Comments are closed