Food Knowledge

တစ္နွစ္ပတ္လံုးကံေကာင္းေစဖို႔ ႏွစ္သစ္ကူးမွာစားသင့္တဲ႔ အစားအစာ ၁၀ မ်ိဳး

ႏိုင္ငံအသီးအသီးရဲ႕ ထူးျခားတဲ့ အယူအဆေတြအရ..သူတို႔ အတြက္ကံေကာင္းေစတဲ့ အစားအစာေတြက ?

>>> Zawgyi >>>

ျမန္မာ့ရိုးရာအရ သက္ရွည္က်န္းမာဖို႔ တန္ေဆာင္မုန္းလျပည့္ ညမွာ မယ္ဇလီဖူးသုပ္စားသလိုမ်ိဳးပဲေပါ့။ နိုင္ငံတကာမွာလည္း ဒီလိုအစားအေသာက္ေတြကို စားမယ္ဆိုရင္ တစ္နွစ္ပတ္လံုး ကံေကာင္းျခင္းေတြနဲ႔ ၾကံဳေတြရမယ္ဆိုတဲ႔ အယူအဆေတြ ရွိၾကပါတယ္။ ဘယ္အစားအစာေတြလည္း ဆိုေတာ့…..

၁။ ေခါက္ဆြဲရွည္

တရုတ္ ဂ်ပန္နဲ႔ တျခားအာရွနုိင္ငံေတြမွာ ေခါက္ဆြဲရွည္ရွည္ႀကီးေတြကို နွစ္ကူးဟင္းပြဲ အေနနဲ႔ မပါမျဖစ္ထည့္ေလ့ရိွပါတယ္။ အထူးသျဖင့္ေခါက္ဆြဲေၾကာ္ပါ။ ဂ်ံဳအဆင့္ကေန ေခါက္ဆြဲျဖစ္လာတဲ႔အထိ လံုးဝ ျဖတ္ေတာက္ထားျခင္းမရိွတဲ႔ ေခါက္ဆြဲႀကီးေတြဟာ က်န္းမသက္ရွည္ၿပီး ေအာင္ျမင္မႈေတြ အဓြန္႔ရွည္တည္တံ႔ဖို႔ ကိုယ္စားျပဳတယ္လို႔ ယူဆၾကပါတယ္။

Noodles

 

၂။ ေျပာင္းဖူးေပါင္မုန္႔

ေတာင္အေမရိကန္ဘက္မွာေတာ့ ေျပာင္းဖူးေပါင္မုန္႔ေတြဟာ နွစ္ကူးအစားအစာတစ္မ်ိဳးပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ေပါင္မုန္႔ရဲ ႔အေရာင္က ကံေကာင္းျခင္းရဲ႕ အထိမ္းအမွတ္ ေရႊေရာင္ျဖစ္ေနလို႔ ပါ။ ေျပာင္းဖူးအေစ့ေလးေတြကိုလည္း ေရႊတံုးေလးေတြအေနနဲ႔ ထပ္ထည့္စားၾကပါေသးတယ္။

၃။ သလဲသီး

တူရကီနိုင္ငံမွာ သလဲသီးကို ကံေကာင္းေစတဲ႔အသီးလို႔ သတ္မွတ္ၾကပါတယ္။ သလဲသီးရဲ႕ အနီေရာင္က လူသားတို႔ခ်စ္ျခင္းေမတၱာ၊ ေအာင္ျမင္ျခင္း၊ ေမြးဖြားျခင္းေတြကို ကိုယ္စားျပဳလို႔ျဖစ္ပါတယ္။ က်န္းမာေရးအတြက္လည္း အမ်ားႀကီးေဆးဖက္၀င္တာေၾကာင့္ နွစ္သစ္ကူးမွာ သလဲသီးကိုစားၾကပါတယ္။

Related article >>> ဘယ္ေတာ့မွ အစိမ္းမစားသင့္ေသာ အစားအစာ (၅ ) မ်ိဳး

၄။ လံုးဝန္းတဲ႔အသီးေတြ

ကမၻာ့ေပၚက ေဒသအလိုက္ နိုင္ငံအမ်ိဳးမ်ိဳးမွာ နွစ္ကူးခ်ိန္မွာ အသီးေတြကို စားၾကပါတယ္။ ပန္းသီး လိေမၼာ္သီး ဖရဲသီးတို႔လို လံုးဝန္းတဲ႔အသီးေတြကို ျပည့္ဝျခင္း ခ်ိုျမိန္ျခင္းဆိုတဲ႔ အဓိပၸာယ္ေတြနဲ႔ စားၾကတာပါ။ နိုင္ငံအလိုက္ ကံေကာင္းေစတဲ႔ နံပါတ္ေတြကလည္း မတူညီပါဘူး။ ဖိလစ္ပိုင္မွာဆိုရင္ နံပါတ္ ၁၃ ကို ကံေကာင္းေစတဲ႔ နံပါတ္လို႔ ယူဆျပီး အေမရိကန္မွာဆိုရင္ လ ဆယ့္နွစ္ လကို ကိုယ္စားျပဳတဲ႔ နံပါတ္ ၁၂ က ကံေကာင္းေစတဲ႔နံပါတ္ပါ။ ျမန္မာမွာဆိုရင္ ၇ တို႔ ၉ တို႔ေပါ့ေနာ္။

၅။ အရြက္စိမ္းေတြ

ေတာင္အေမရိကန္ ကမ္းရိုးတမ္းေဒသေတြကေန အေနာက္ဥေရာပ အထိ ကိုက္လန္၊ မုန္လာထုတ္ရြက္၊ ပန္းေဂၚဖီထုတ္ စတာေတြကို နွစ္သစ္ကူးတဲ႔ေန႔မွာစားၾကပါတယ္။ အရြက္အစိမ္းေရာင္ေတြက သူတို႔သံုးၾကတဲ႔ ေငြစကၠဴေရာင္ေတြကို ကိုယ္စားျပဳတယ္လို႔ ယူဆၿပီး တစ္နွစ္ပတ္လံုး ေငြမ်ားမ်ားရေအာင္ စားၾကတာပါ။ ဒီလိုဆိုေတာ့လည္း အစိမ္းေရာင္ကို ပိုႀကိဳက္မိသြားသလိုပဲေနာ္။

 

၆။ ငါးဆားရည္စိမ္

အေနာက္နိုင္ငံေတြမွုာစားၾကတဲ႔ ငါးအလတ္စားေလးေတြကို စည္သြပ္ဘူးနဲ႔ စိမ္ထားတဲ႔ အစားအစာတစ္မ်ိုးပါ။ ဂ်ာမဏီ၊ ပိုလန္ နဲ႔ စကန္ဒီေနဗီးယား နုိင္ငံေတြမွာ ငါးဆားရည္စိမ္ကို နွစ္သစ္ကူးည သန္းေခါင္ယံအခ်ိန္မွာစားၾကပါတယ္။ ငါးေတြရဲ႕ ေငြေရာင္အေၾကးခြံေတြက ေငြဒဂၤါးေတြနဲ႔တူလို႔ တစ္နွစ္ပတ္လံုး အလွ်ံအပယ္ ေငြဝင္ေအာင္ စားၾကတာျဖစ္ပါတယ္။ ျမန္မာျပည္မွာဆိုရင္ေတာ ့ ငါးပိေပါ့ေနာ္။

၇။ ငါးတစ္ေကာင္လံုး

တရုတ္လူမ်ိဳးတို႔ရဲ႔ အယူအဆျဖစ္ပါတယ္။တရုတ္စကားမွာ “ ငါး “နဲ႔ “ အလွ်ံအပယ္ရွိျခင္း “ ဆိုတဲ႔ စကားလံုးေတြဟာ အသံထြက္ခ်င္းတူေနျပီး ငါးတစ္ေကာင္လံုးရဲ႕ ေခါင္းကေနအၿမီးအထိဟာ တစ္ႏွစ္တာလုံးကို ကိုယ္စားျပဳတာေၾကာင့္ တစ္ႏွစ္ပတ္လံုး အလွ်ံအပယ္ၾကြယ္၀ခ်မ္းသာေအာင္ ငါးေကာင္လံုးေၾကာ္ကို ေခါင္းကေန အၿမီးအထိ တစ္ခုမွမက်န္ေအာင္ စားၾကပါတယ္။

၈။ ဝက္သား

က်ဴးဘား၊ စပိန္ ၊ ေပၚတူဂီ နဲ႔ ၾသစတီးယား နိုင္ငံေတြမွာ ဝက္သားကို ကံေကာင္းေစတဲ႔ အစားအေသာက္အျဖစ္သတ္မွတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဝက္ေတြက ေရွ႔တိုးၿပီးရန္ ေနာက္ျပန္မဆုတ္တတ္သလို စားစရာရွာေဖြတဲ႔ေနရာမွာ အျမစ္ကေနတူးဆြၿပီး ရွာတတ္ၾကလို႔ပါ။ ဝက္ပံုလုပ္ထားတဲ႔ ကြတ္ကီးေလးေတြ ကိတ္မုန္႔ေလးေတြကိုလည္း စားၾကပါတယ္။

Related article >>> တရုတ္ျပည္ေရာက္ရင္ မျဖစ္မေနစားသင့္တဲ့အစားအစာ (၉) မ်ိဳး

၉။ ပဲနီေလး

အီတလီနိုင္ငံမွာ နွစ္သစ္ကူးေန႔ဆိုရင္ ပဲနီေလးနဲ႔ ၾကက္ဥေခ်ာင္းဟင္းခ်က္စား တတ္ၾကပါတယ္။ ပဲနီစိမ္းေလးေတြရဲ႕ အေရာင္နဲ႔ ပံုစံက ေငြဒဂၤါးျပားနဲ႔တူလို႔ျဖစ္ပါတယ္။

ဟန္ေဂရီလူမ်ိဳးေတြကလည္း ပဲနီေလးကို ကံေကာင္းေစတယ္လို႔ ယူဆၿပီး စြတ္ျပဳတ္လုပ္စားၾကပါတယ္။

red bean

၁၀။ ပဲစင္းငံု

အေမရိကန္ေတာင္ပိုင္းမွာ Hoppin John ဆိုတဲ႔ ထမင္းေၾကာ္တစ္မ်ိဳးကို အသီးအရြက္အသားေတြနဲ႔ ပဲစင္းငံုထည့္ၿပီး ခ်က္စားၾကပါတယ္။ ပဲစင္းငံုကို စီးပြားေရး ေအာင္ျမင္ၿပီး စိတ္ေအးခ်မ္းေစရန္အယူအဆနဲ႔ စားၾကတာပါ။

yellow bean

နွစ္သစ္ကူးညမွ စားၾကေသာက္ၾကတာေတြကေတာ့ အစံုပဲေနာ္။ ေသခ်ာတာကေတာ့ နွစ္သစ္ကူးခ်ိန္ျဖစ္တဲ႔အတြက္ ေပ်ာ္ရႊင္မႈေတြနဲ႔အတူ အစားအေသာက္ေတြက ပိုအရသာရိွေနမွာပါ။

ႏွစ္သစ္မွာ ေယာင္းတို႔အားလံုး ကံေကာင္းျခင္းေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္။

စမ္းေခ်ာင္းသူ ခုိင္ဇာ

>>> Unicode >>>

နိုင်ငံအသီးအသီးရဲ့ ထူးခြားတဲ့ အယူအဆတွေအရ..သူတို့ အတွက်ကံကောင်းစေတဲ့ အစားအစာတွေက ?

မြန်မာ့ရိုးရာအရ သက်ရှည်ကျန်းမာဖို့ တန်ဆောင်မုန်းလပြည့် ညမှာ မယ်ဇလီဖူးသုပ်စားသလိုမျိုးပဲပေါ့။ နိုင်ငံတကာမှာလည်း ဒီလိုအစားအသောက်တွေကို စားမယ်ဆိုရင် တစ်နှစ်ပတ်လုံး ကံကောင်းခြင်းတွေနဲ့ ကြုံတွေရမယ်ဆိုတဲ့ အယူအဆတွေ ရှိကြပါတယ်။ ဘယ်အစားအစာတွေလည်း ဆိုတော့…..

၁။ ခေါက်ဆွဲရှည်

တရုတ် ဂျပန်နဲ့ တခြားအာရှနိုင်ငံတွေမှာ ခေါက်ဆွဲရှည်ရှည်ကြီးတွေကို နှစ်ကူးဟင်းပွဲ အနေနဲ့ မပါမဖြစ်ထည့်လေ့ရှိပါတယ်။ အထူးသဖြင့်ခေါက်ဆွဲကြော်ပါ။ ဂျုံအဆင့်ကနေ ခေါက်ဆွဲဖြစ်လာတဲ့အထိ လုံးဝ ဖြတ်တောက်ထားခြင်းမရှိတဲ့ ခေါက်ဆွဲကြီးတွေဟာ ကျန်းမသက်ရှည်ပြီး အောင်မြင်မှုတွေ အဓွန့်ရှည်တည်တံ့ဖို့ ကိုယ်စားပြုတယ်လို့ ယူဆကြပါတယ်။

၂။ ပြောင်းဖူးပေါင်မုန့်

တောင်အမေရိကန်ဘက်မှာတော့ ပြောင်းဖူးပေါင်မုန့်တွေဟာ နှစ်ကူးအစားအစာတစ်မျိုးပါ။ ဘာဖြစ်လို့လဲဆိုတော့ ပေါင်မုန့်ရဲ့အရောင်က ကံကောင်းခြင်းရဲ့ အထိမ်းအမှတ် ရွှေရောင်ဖြစ်နေလို့ ပါ။ ပြောင်းဖူးအစေ့လေးတွေကိုလည်း ရွှေတုံးလေးတွေအနေနဲ့ ထပ်ထည့်စားကြပါသေးတယ်။

၃။ သလဲသီး

တူရကီနိုင်ငံမှာ သလဲသီးကို ကံကောင်းစေတဲ့အသီးလို့ သတ်မှတ်ကြပါတယ်။ သလဲသီးရဲ့ အနီရောင်က လူသားတို့ချစ်ခြင်းမေတ္တာ၊ အောင်မြင်ၽခြင်း၊ မွေးဖွားခြင်းတွေကို ကိုယ်စားပြုလို့ဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း အများကြီးဆေးဖက်ဝင်တာကြောင့် နှစ်သစ်ကူးမှာ သလဲသီးကိုစားကြပါတယ်။

Related article >>> ဘယ်တော့မှ အစိမ်းမစားသင့်သော အစားအစာ (၅ ) မျိုး

၄။ လုံးဝန်းတဲ့အသီးတွေ

ကမ္ဘာ့ပေါ်က ဒေသအလိုက် နိုင်ငံအမျိုးမျိုးမှာ နှစ်ကူးချိန်မှာ အသီးတွေကို စားကြပါတယ်။ ပန်းသီး လိမ္မော်သီး ဖရဲသီးတို့လို လုံးဝန်းတဲ့အသီးတွေကို ပြည့်ဝခြင်း ချိုမြိန်ခြင်းဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ စားကြတာပါ။ နိုင်ငံအလိုက် ကံကောင်းစေတဲ့ နံပါတ်တွေကလည်း မတူညီပါဘူး။ ဖိလစ်ပိုင်မှာဆိုရင် နံပါတ် ၁၃ ကို ကံကောင်းစေတဲ့ နံပါတ်လို့ ယူဆပြီး အမေရိကန်မှာဆိုရင် လ ဆယ့်နှစ် လကို ကိုယ်စားပြုတဲ့ နံပါတ် ၁၂ က ကံကောင်းစေတဲ့နံပါတ်ပါ။ မြန်မာမှာဆိုရင် ၇ တို့ ၉ တို့ပေါ့နော်။

၅။ အရွက်စိမ်းတွေ

တောင်အမေရိကန် ကမ်းရိုးတမ်းဒေသတွေကနေ အနောက်ဥရောပ အထိ ကိုက်လန်၊ မုန်လာထုတ်ရွက်၊ ပန်းဂေါ်ဖီထုတ် စတာတွေကို နှစ်သစ်ကူးတဲ့နေ့မှာစားကြပါတယ်။ အရွက်အစိမ်းရောင်တွေက သူတို့သုံးကြတဲ့ ငွေစက္ကူရောင်တွေကို ကိုယ်စားပြုတယ်လို့ ယူဆပြီး တစ်နှစ်ပတ်လုံး ငွေများများရအောင် စားကြတာပါ။ ဒီလိုဆိုတော့လည်း အစိမ်းရောင်ကို ပိုကြိုက်မိသွားသလိုပဲနော်။

၆။ ငါးဆားရည်စိမ်

အနောက်နိုင်ငံတွေမှုာစားကြတဲ့ ငါးအလတ်စားလေးတွေကို စည်သွပ်ဘူးနဲ့ စိမ်ထားတဲ့ အစားအစာတစ်မျိုးပါ။ ဂျာမဏီ၊ ပိုလန် နဲ့ စကန်ဒီနေဗီးယား နိုင်ငံတွေမှာ ငါးဆားရည်စိမ်ကို နှစ်သစ်ကူးည သန်းခေါင်ယံအချိန်မှာစားကြပါတယ်။ ငါးတွေရဲ့ ငွေရောင်အကြေးခွံတွေက ငွေဒင်္ဂါးတွေနဲ့တူလို့ တစ်နှစ်ပတ်လုံး အလျှံအပယ် ငွေဝင်အောင် စားကြတာဖြစ်ပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ငါးပိပေါ့နော်။

၇။ ငါးတစ်ကောင်လုံး

တရုတ်လူမျိုးတို့ရဲ့ အယူအဆဖြစ်ပါတယ်။တရုတ်စကားမှာ “ ငါး “နဲ့ “ အလျှံအပယ်ရှိခြင်း “ ဆိုတဲ့ စကားလုံးတွေဟာ အသံထွက်ချင်းတူနေပြီး ငါးတစ်ကောင်လုံးရဲ့ ခေါင်းကနေအမြီးအထိဟာ တစ်နှစ်တာလုံးကို ကိုယ်စားပြုတာကြောင့် တစ်နှစ်ပတ်လုံး အလျှံအပယ်ကြွယ်ဝချမ်းသာအောင် ငါးကောင်လုံးကြော်ကို ခေါင်းကနေ အမြီးအထိ တစ်ခုမှမကျန်အောင် စားကြပါတယ်။

၈။ ဝက်သား

ကျူးဘား၊ စပိန် ၊ ပေါ်တူဂီ နဲ့ သြစတီးယား နိုင်ငံတွေမှာ ဝက်သားကို ကံကောင်းစေတဲ့ အစားအသောက်အဖြစ်သတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝက်တွေက ရှေ့တိုးပြီးရန် နောက်ပြန်မဆုတ်တတ်သလို စားစရာရှာဖွေတဲ့နေရာမှာ အမြစ်ကနေတူးဆွပြီး ရှာတတ်ကြလို့ပါ။ ဝက်ပုံလုပ်ထားတဲ့ ကွတ်ကီးလေးတွေ ကိတ်မုန့်လေးတွေကိုလည်း စားကြပါတယ်။

Related article >>> တရုတ်ပြည်ရောက်ရင် မဖြစ်မနေစားသင့်တဲ့အစားအစာ (၉) မျိုး

၉။ ပဲနီလေး

အီတလီနိုင်ငံမှာ နှစ်သစ်ကူးနေ့ဆိုရင် ပဲနီလေးနဲ့ ကြက်ဥချောင်းဟင်းချက်စား တတ်ကြပါတယ်။ ပဲနီစိမ်းလေးတွေရဲ့ အရောင်နဲ့ ပုံစံက ငွေဒင်္ဂါးနဲ့တူလို့ဖြစ်ပါတယ်။

ဟန်ဂေရီလူမျိုးတွေကလည်း ပဲနီလေးကို ကံကောင်းစေတယ်လို့ ယူဆပြီး စွတ်ပြုတ်လုပ်စားကြပါတယ်။

၁၀။ ပဲစင်းငုံ

အမေရိကန်တောင်ပိုင်းမှာ Hoppin John ဆိုတဲ့ ထမင်းကြော်တစ်မျိုးကို အသီးအရွက်အသားတွေနဲ့ ပဲစင်းငုံထည့်ပြီး ချက်စားကြပါတယ်။ ပဲစင်းငုံကို စီးပွားရေး အောင်မြင်ပြီး စိတ်အေးချမ်းစေရန်အယူအဆနဲ့ စားကြတာပါ။

နှစ်သစ်ကူးညမှ စားကြသောက်ကြတာတွေကတော့ အစုံပဲနော်။ သေချာတာကတော့ နှစ်သစ်ကူးချိန်ဖြစ်တဲ့အတွက် ပျော်ရွှင်မှုတွေနဲ့အတူ အစားအသောက်တွေက ပိုအရသာရှိနေမှာပါ။

နှစ်သစ်မှာ ယောင်းတို့အားလုံး ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။

စမ်းချောင်းသူ ခိုင်ဇာ

Khaine Zar Lin
Khaine Zar Lin
စာဖတ္၊ စာေရးနဲ႕ အစားအေသာက္ အရူးအမုူူးၾကိဳက္တဲ့ စမ္းေခ်ာင္းသူေလးပါ။ ေရးသမွ် စာေလးေတြ ဖတ္ေပးတဲ့ အတြက္ေက်းဇူးတင္ပါတယ္ရွင့္။

Leave a Reply

Your email address will not be published. Required fields are marked *