ႀကိဳးစားတဲ့ လူတိုင္းအတြက္ အၿမဲတမ္း ေနရာတစ္ေနရာရွိပါတယ္ဆိုတဲ့ မေဝေဝေက်ာ္

ဘာမွ မရွိတဲ့ သုညကေန တန္ဖိုးရွိတဲ့ သုညဘဝကို ေရာက္ရွိခဲ့တဲ့ သူမဘဝဟာ စိတ္ဝင္စားစရာပါ။

ေယာင္းတို႔ေရ… ေယာင္းတို႔ထဲမွာလည္း နယ္က တစ္ေယာက္တည္း ရန္ကုန္ကိုလာလို႔ ကိုယ့္ဝမ္းကိုယ္ေက်ာင္းၿပီး ကိုယ့္တက္လမ္း ကိုယ္ရွာေနရတဲ့ ေယာင္းေတြ ရွိမွာေပါ့ေနာ္.. အက္ဒ္မင္က ဒီလိုေယာင္းေလးေတြအတြက္ အတုယူစရာေကာင္းတဲ့ မမတစ္ေယာက္ကို ရွာေတြ႕ထားပါတယ္။ အက္ဒ္မင္လည္း အဲဒီမမနဲ႔စကားေျပာၿပီး သူ႕ကို အားက်၊ အတုယူၿပီး သူ႕လိုျဖစ္ေအာင္ ႀကိဳးစားမယ္ဆိုတဲ့ စိတ္မ်ိဳး၊ အင္အားမ်ိဳးရလာသလို ေယာင္းတို႔ကိုလည္း စိတ္ဓာတ္ခြန္အားေလးေတြ ရေစခ်င္တာမို႔ ဒီအင္တာဗ်ဴးေလးကို ေယာင္းတို႔အတြက္ ဖန္တီးေပးလိုက္ပါတယ္ရွင့္..

သူ(မ)နာမည္ကေတာ့ မေဝေဝေက်ာ္ပါတဲ့။ ရွမ္းျပည္ေျမာက္ပိုင္းကေန ကိုယ္ပိုင္စီးပြားေရးတစ္ခုခုလုပ္မယ္ ဆိုျပီး ရန္ကုန္ကိုတက္လာတဲ့ သူတစ္ေယာက္ေပါ့။ မေဝက မႏၱေလးတကၠသိုလ္မွာ အေဝးသင္ တက္ေရာက္ခဲ့တာပါ။ ေက်ာင္းတက္ေနစဥ္ကတည္းက ေက်ာင္းၿပီးသြားရင္ ရန္ကုန္ကို သြားၿပီး ကိုယ္ပိုင္လုပ္ငန္းတစ္ခု လုပ္ကိုလုပ္မယ္ဆိုတဲ့ ရည္ရြယ္ခ်က္ရွိခဲ့တာလို႔ ဆိုပါတယ္။

အခ်ိန္က်လာေတာ့ ရည္ရြယ္ခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ ရန္ကုန္သြားမယ္ ေျပာေတာ့ မိသားစုက စိတ္မခ်လို႔ လက္မခံခဲ့ပါဘူး။ မိဘဆိုတာကလည္း သားသမီး မ်က္စိေရွ႕မွာ ရွိေနတာေတာင္ စိတ္ပူတတ္တာမဟုတ္လား ဒါလည္း အျပစ္တင္လို႔ေတာ့ မရပါဘူး။ ဒါေပမဲ့ ရည္မွန္းခ်က္ႀကီးတဲ့ သူမကေတာ့ ဒီတိုင္းပဲ မိဘစကားနားေထာင္လို႔ သူမဘဝကို ေက်းရြာေလးမွာ မျမွဳပ္ႏွံလိုပါဘူး။ ဒါေၾကာင့္တစ္ခါေျပာၾကည့္လည္းမရ ၊ႏွစ္ခါေျပာလည္းမရ ၊ ဘယ္ေလာက္ေျပာေျပာမရတဲ့ အဆံုးမွာေတာ့ စာေလးတစ္ေစာင္ခ်န္ထားခဲ့ျပီး ကိုယ္ပိုင္ဆံုးျဖတ္ခ်က္နဲ႔ ရန္ကုန္ကို ေရာက္လာပါတယ္တဲ့..

“အစ္မက အေမကိုေျပာတယ္။ အေမ ရန္ကုန္ကို သြားခ်င္တယ္ဆိုေတာ့ အေမက ရန္ကုန္ကိုသြားရင္ အႏၱရာယ္မ်ားတယ္ေပါ့ေနာ္။ သူဖတ္ထားတဲ့ မဂၢဇင္းစာအုပ္ထဲက အေၾကာင္းေျပာျပတယ္။ ဒီမွာ မိန္းမတစ္ေယာက္ သူ႔ကိုၾကည့္ေတာ့ သေဘာေကာင္းမလိုနဲ႔..ေကာင္မေလးတစ္ေယာက္ကို ေတြ႔ေတာ့ အလုပ္ရွိတယ္လို႔ ေျပာၿပီး ေခၚသြားၿပီးေတာ့ ေရာင္းစားလိုက္တယ္။ ရန္ကုန္ၿမိဳ႕က ေၾကာက္ဖို႔ေကာင္းတယ္။ လူေရာင္းစားတယ္။ နင္ဘာသိလဲ ၊ မသြားနဲ႔ဆိုၿပီး တားတယ္။ အစ္မ သံုးခါေျပာတယ္ ၊ အေဖေကာ ၊ အေမေကာေပါ့ေနာ္။ ႏွစ္ေယာက္လံုးက မသြားနဲ႔ပဲ တားတယ္။ အမေနာက္ေတာ့ သြားမယ္လို႔ ဆံုးျဖတ္ခ်က္ခ်ၿပီး စာေလးေရးၿပီး ခ်န္ထားခဲ့တယ္။ အမ ဘဝတစ္ခုလံုးကို ဒီေတာင္ေပၚမွာ မႏွစ္ျမွဳပ္ခ်င္ဘူး ေျပာၿပီး ကိုယ့္ဘာသာ ထြက္လာခဲ့တယ္။”

Related Article >>> “အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ဘယ္အရာမွမျဖစ္ႏိုင္ဘူးဆိုတာမရွိေစရဘူး၊ ဒုတိယေနရာမွာမဟုတ္ဘဲ ပထမတန္းမွာေနပါ” ဆိုတဲ့ မလွလွဝင္း

ရန္ကုန္ကိုေရာက္ေတာ့ မ်က္စိသူငယ္၊ နားသူငယ္နဲ႔ ဘဝႀကီးကို နဖူးေတြ႕ဒူးေတြ႕ေတြ႕တယ္ေပါ့။ ဒါေပမဲ့ ကိုယ္ပိုင္အလုပ္မွမဟုတ္ရင္ သူမ်ားဝန္ထမ္းလည္း မလုပ္ဘူးဆိုၿပီး စိတ္ဓာတ္ခိုင္မာတဲ့ မေဝဟာ ရန္ကုန္ကို စေရာက္လာတည္းက ကိုယ္တတ္တဲ့အတတ္ပညာနဲ႔ ဗိုလ္ခ်ဳပ္ေစ်းမွာ ေက်ာက္ၾကည့္ၿပီး အသက္ေမြးခဲ့ပါတယ္။ ဒီေက်ာက္လုပ္ငန္းနဲ႔ပဲ အဆင္ေျပတာလည္းရွိ၊ မေျပတာေတြလည္းရွိ လုပ္ကိုင္ေနရာကေန ေက်ာက္ေလာက အေျခအေန မေကာင္းေတာ့တဲ့အခါ လုပ္ငန္းသစ္အေနနဲ႔ Guest House (ဧည့္ေဂဟာ) ဖြင့္ဖို႔ စဥ္းစားျဖစ္ခဲ့ပါတယ္တဲ့…

Women of Tomorrow 2
ပြဲအေၾကာင္း အသေးစိတ်သိလိုပါက >> http://bit.ly/2WK7oFQ

အေတြ႕အၾကံဳမရွိ၊ အသိအကၽြမ္းမရွိ၊ Hotel Life က လာတဲ့သူလည္း မဟုတ္တဲ့ မေဝအတြက္ေတာ့ ဒီလုပ္ငန္းက ဘယ္လြယ္ကူပါ့မလဲ? ႏုိင္သေလာက္အင္အားနဲ႔ စလုပ္ၿပီဆိုျပန္ေတာ့ ရလာတဲ့ အိမ္ကလည္း ေသးေသးေလးေပါ့။ သူငယ္ခ်င္းေတြအားလံုးက မျဖစ္ႏိုင္ဘူးလို႔ ဝိုင္းေျပာခဲ့တဲ့ၾကားက ဆံုးျဖတ္ခ်က္ခိုင္မာတဲ့သူမဟာ အရာရာကို သူမအင္အားနဲ႔ မျဖစ္ျဖစ္ေအာင္ ႀကိဳးစားရုန္းကန္ခဲ့ျပန္ပါတယ္။ သူမဖြင့္ထားတဲ့ အိမ္ကေလးရဲ႕ ေႏြးေထြးတဲ့ႀကိဳဆိုမႈ ၊ ဇြဲရွိမႈ ၊ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ စတင္လုပ္တဲ့အခ်ိန္မွာတင္ Trip advisor မွာ နံပါတ္(၁) ၊ (၂) ဆိုတဲ့ ထိပ္ပိုင္းေနရာကို ရရွိခဲ့ပါတယ္။

“အိမ္ေလးခန္းေလးကိုငွားခဲ့တယ္။ သူငယ္ခ်င္းေတြအားလံုးကေတာ့ နင္ ရူးေနလားေပါ့။ နင္က မျဖစ္နိုင္ဘူးေပါ့။ ဘာလို႔လုပ္တာလဲဆိုၿပီး ဝိုင္းေျပာၾကတယ္။ ကိုယ့္ကိုယ္ကိုယ္လည္း ဒီလိုပဲ လုပ္ၾကည့္မယ္ေလ။ မျဖစ္ရင္လည္း ေနာက္တစ္နည္းေပါ့ဆိုၿပီး လုပ္လိုက္တာ ။ အဲလိုပဲ ကိုယ့္ရဲ႕ေလးခန္းေလးကို တစ္ေယာက္က တစ္ခန္းလာေနသြားလိုက္ ၊ ေနာက္ႏွစ္ခန္းလာေနသြားလိုက္နဲ႔ ၊ ေနာက္ေတာ့ ေလးခန္းလံုးကို ျပည့္ေနေရာ ၊အစပိုင္းကဆို အမရဲ႕အိမ္ထဲကိုဝင္လာတာနဲ႔ ဒါကဧည့္ရိပ္မြန္ေရာ ဟုတ္ရဲ႕လားဆိုၿပီး ေမးၾကတယ္။ ဟုတ္တယ္..  အဲလိုပဲ အရမ္းအားငယ္ရတယ္။ အိမ္ေလးကလည္း စုတ္စုတ္ေလးဆိုေတာ့ ။

ဒါေပမဲ့ ကိုယ္ကေတာ့ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ထားတယ္။ ဧည့္သည္ေတြအတြက္ေတာ့ ေႏြးေႏြးေထြးေထြးျဖစ္ေအာင္ ျပင္ဆင္ေပးထားတယ္။ နံနက္စာဆိုလည္း အစ္မကိုယ္တိုင္ ခ်က္တာတို႔ ၊ ေန႔လယ္စာ ၊ညစာအကုန္ အစ္မကိုယ္တိုင္ ခ်က္ျဖစ္ပါတယ္။ ဧည့္သည္ေတြနဲ႔အတူတူ ခ်က္စား ၊ ျပဳတ္စားၾကေတာ့ ဧည့္သည္ေတြက ဒီလို ေႏြးေထြးတဲ့ ခံစားခ်က္ေလးကို သေဘာက်ၾကတယ္ ။ အဲလိုနဲ႔ သူတို႕က Trip advisor မွာ Review တက္ေရးၾကတယ္။ အဲလိုေရးရင္းနဲ႔ လူသိမ်ားလာတာ ၊ စစလုပ္ခ်င္းမွာပဲ အစ္မက Trip advisorမွာ နံပါတ္(၁) ၊(၂) ေနရာကို ရခဲ့ပါတယ္။

အဓိက ကေတာ့ ကိုယ့္ရဲ႕ေႏြးေထြးမႈေပါ့ေနာ္ ။Techonology (နည္းပညာ) ပိုင္းလည္း ပါတာေပါ့ေနာ္။ အေနာက္နိုင္ငံကလူေတြက ဒီTrip advisorပဲၾကည့္ၿပီး လာတည္းၾကတာဆိုေတာ့… အဲ့တုန္းက တစ္ခန္းကို ၃၅ေဒၚလာနဲ႔ ငွားတယ္။ ၃၅ေဒၚလာ ၃ခန္းရွိတယ္။ ၂၅ေဒၚလာတစ္ခန္းရွိတယ္။ အဲ့အိမ္ကေလးကို ၇သိန္းခြဲနဲ႔ ငွားခဲ့တာ ။ စားစရိတ္ေတြနဲ႔ ေပါင္းလိုက္ရင္ တစ္လကို ကိုယ့္အတြက္ ၂၇သိန္းေလာက္က်န္တယ္။ ၁၀လဆိုေတာ့ သိန္း၂၇၀ေပါ့ေနာ္။တစ္ႏွစ္က်ေတာ့ စုမိတဲ့ေငြက သိန္း၃၀၀ေက်ာ္သြားေရာ…

ဒီအလုပ္ေလးက ကိုယ္နဲ႔ ကံစပ္တယ္ပဲ ေျပာရမလား။ အစ္မဆီမွာ ဟိုတယ္ႀကီးေတြလို facilities ေကာင္းေကာင္း မရွိေပမယ့္ ဧည့္သည္ေတြက ေပ်ာ္ၾကတယ္။ တစ္ခိ်ဳ႕ ဧည့္သည္ေတြကေတာ့ အစ္မဆီမွာ  Facilityမရွိလို႔ဆိုၿပီး အျခားဟိုတယ္ကို ေရြ႕သြားၾကတယ္။ ဒါေပမဲ့ ညတြင္းခ်င္းျပန္ေရာက္လာတယ္။ မတူဘူးေပါ့ေနာ္။ ဟိုဘက္က ဖန္စီ(Fancy) ျဖစ္ေပမယ့္ ေႏြးေထြးမႈကို မခံစားရဘူးဆိုၿပီး ေျပာၾကတယ္။ ”

ကဲ.. စိတ္ဝင္စားဖုိ႔ေကာင္းတယ္မလား ေယာင္းတို႔.. ဒါေပမဲ့ ဒါက မေဝရဲ႕ ခရီးဆံုးမဟုတ္ေသးပါဘူး။ သူ(မ)ဆက္ေလွ်ာက္ေနဆဲပါ။ ဘယ္လမ္းကို ဘယ္လိုေလွ်ာက္ေနလဲဆိုတာကေတာ့…

Related Article >>> မုဒိန္းမႈ ဆန္႔က်င္ေရးလႈပ္ရွားမႈမွာ ဝတ္စားဆင္ယင္မႈေၾကာင့္ ေဝဖန္ခံခဲ့ရတဲ့ သူမႏွင့္ေတြ႔ဆံုျခင္း

မေဝရဲ႕ ေဟာ္တယ္လုပ္ငန္းလည္း တစ္စတစ္စနဲ႔ ေအာင္ျမင္လာၿပီးေတာ့ အခုဆိုရင္ “WaiWai’s place” ဆိုၿပီး ေအာင္ျမင္စြာနဲ႔ ရပ္တည္ေနပါၿပီ။ ဒါနဲ႔ေအာင္ျမင္ေနေပမယ့္ မေဝဟာ သူ(မ)ရဲ႕ ပညာလက္ရင္းျဖစ္တဲ့ ေက်ာက္လုပ္ငန္းကိုလည္း ပစ္မထားခဲ့ပါဘူး။ ခုခ်ိန္ထိလည္း ေက်ာက္အေရာင္းအဝယ္လုပ္ငန္းကို ဆက္ၿပီး အသက္သြင္းေနဆဲျဖစ္ၿပီး လုပ္ငန္းေတြ တိုးခ်ဲ႕ေနဆဲပါ။

ေအာင္ျမင္ေနတဲ့သူတစ္ေယာက္ ျဖစ္ေလာက္စရာ ေအာင္ျမင္ႏုိင္တဲ့ အရည္အေသြးေတြ၊ အျပဳအမူေတြကိုလည္း သူမဆီမွာ အမ်ားႀကီးေတြ႕ခဲ့ရပါတယ္။

မေဝကို သြားအင္တာဗ်ဴးခဲ့တုန္းကဆို Hanaတို႔ကနည္းနည္းေစာၿပီး ေရာက္သြားခဲ့ေတာ့ မေဝရဲ႕ ဧည့္ရိပ္မြန္မွာ ရွိမေနေပမဲ့လည္း လက္ေအာက္ဝန္ထမ္းေတြကို လာရင္ဘယ္ေနရာမွာ ေစာင့္ခိုင္းပါဆိုၿပီး ႀကိဳမွာထားတာကို ၾကည့္ရကတည္းက မေဝဟာ အလုပ္လုပ္တာ ေစ့စပ္ေသခ်ာၿပီး စီမန္႔ခန္႔ခြဲတာ ေတာ္တဲ့သူဆိုတာ တန္းသိလိုက္ရတာမ်ိဳးပါ။ အခ်ိန္တိက်တဲ့သူပီပီ ခ်ိန္းထားတဲ့ခ်ိန္ ကြက္တိကိုေရာက္လာပါတယ္။ နဂိုကေတာ့ ထင္ထားတာေပါ့ေနာ္ ေဟာ္တယ္လ္ပိုင္ရွင္၊ စားေသာက္ဆုိင္ပိုင္ရွင္ အစ္မဆိုေတာ့ ရုပ္ရွင္ထဲကပံုေတြလိုပဲေနမွာေပါ့ 😛 (ရုပ္ရွင္ၾကည့္တာ ေလွ်ာ့ရမယ္ :3 ) တကယ္တမ္း မေဝေရာက္လာေတာ့ ရိုးရိုးေလးပါပဲ။ သူလိုကိုယ္လုိ သာမန္ေလးပဲ ဝတ္စားၿပီး ေပါ့ပါးတက္ၾကြေနတဲ့ ဟိတ္ဟန္မရွိတဲ့ မေဝဟာ ေရႊေတြ၊ စိန္ေတြမလိုေအာင္ ကိုယ့္ကိုယ့္ကိုယ္ ယံုၾကည္မႈေတြနဲ႔ အေရာင္တင္ထားၿပီး ဇြဲသတၱိအေရာင္တလက္လက္ေတာက္ေနသလိုပါပဲ။

မေဝအေၾကာင္းစေျပာတဲ့အခါမွာလည္း အရမ္းကို တက္ၾကြၿပီး ယံုၾကည္ခ်က္ရွိရွိနဲ႔ေျပာေနခဲ့တာပါ။ Hana တို႔ဆို သူမေျပာျပတဲ့ထဲမွာ ေျမာသြားၿပီး လိုက္မွတ္ဖို႔ေတာင္ ေမ့သြားရတဲ့အထိပါပဲ (ေတာ္ေသးတာေပါ့ အသံဖမ္းထားတာေလး ရွိလုိ႔ 😀 )။ Hana မေဝေဝေက်ာ္ကို အရမ္းေလးစားသြားတဲ့အခ်က္ကေတာ့ စိတ္ဓာတ္ႀကံ့ခိုင္မႈပါ။

မိန္းကေလးတစ္ေယာက္တည္း ရန္ကုန္ကို ေရာက္လာေပမဲ့ အားငယ္တာ၊ ေၾကာက္ရြံ႕တာ လံုးဝမရွိဘဲ ရဲရဲဝံ့ဝံ့နဲ႔ ကိုယ့္လမ္းကိုယ္ ထူးခၽြန္စြာေလွ်ာက္လွမ္းသြားတာရယ္၊ မိဘအုပ္ထိန္းမႈေအာက္ကေန ထြက္လာခဲ့ေပမယ့္လည္း ကိုယ့္စည္းကမ္းေလးနဲ႔ ကိုယ့္ကိုယ္ကို ထိန္းသိမ္းၿပီး ေနလာတာရယ္၊ လူငယ္ပီပီ တစ္ခါတေလ သူငယ္ခ်င္းေတြနဲ႔  အေပ်ာ္အပါးလုပ္ေပမဲ့လည္း ကိုယ့္ကိုယ္ကိုယ္ အလိုမလိုက္ဘဲ စည္းကမ္းတစ္ခုထားလို႔ အလုပ္ပ်က္မခံခဲ့တာေတြရယ္ … ဒီအခ်က္ေတြက Hana အတြက္ေတာ့ အရမ္းကို ေလးစားအတုယူစရာေကာင္းတဲ့ အခ်က္ေတြပါပဲ။

“အစ္မက အလုပ္ကို အၿမဲနံပါတ္(၁)ေနရာထားတယ္။ ဒီရန္ကုန္လာၿပီး Guest House (ဧည့္ရိပ္မြန္) လာဖြင့္ကတည္းက  အေပါင္းအသင္းေတြလည္း မ်ားလာတယ္။ သူငယ္ခ်င္းေတြနဲ႔ Barေတြ သြားတယ္။ ဒါေပမဲ့ အမ ယေန႔ခ်ိန္ထိ ဘယ္ေတာ့မွ ၁၂နာရီေက်ာ္ထိ အျပင္မွာ မေနခဲ့ဘူး။ ေသာက္လားဆိုရင္ ေသာက္တယ္။ တစ္ခြက္ထက္မပိုဘူး။ ဘယ္ေတာ့မွ ကိုယ့္ကိုယ္ကို မမူးေစဘူး။ ကိုယ့္ကိုယ္ကို အၿမဲထိန္းတယ္။ တစ္ခါတေလဆိုရင္ သူငယ္ခ်င္းေတြက ေနပါဦးေျပာရင္ေတာင္ ဘယ္ေတာ့မွ ကိုယ့္စိတ္ကိုယ္ အလိုမလိုက္ဘူး။ ေတာ္ၿပီ။ မနက္ငါအလုပ္သြားရဦးမယ္။ ဒါမွမဟုတ္ရင္လည္း  ငါေခါင္းနည္းနည္းမူးေနလို႔ ဆိုၿပီး အမ်ိဳးမ်ိဳးေျပာၿပီး ျပန္လာခဲ့တာပဲ။”

မေဝက တစ္ခ်ိန္လံုး အလုပ္နဲ႔လက္နဲ႔ မျပတ္တဲ့သူပါ။ တျခားသူေျပာရင္ ယံုခ်င္မွယံုမွာေပမဲ့ မေဝကိုေတာ့ တကယ္ကို ယံုၾကည္ခဲ့ပါတယ္။ ဘာလို႔ဆို အင္တာဗ်ဴးေျဖေနတဲ့အခ်ိန္ေတြမွာလည္း တေလးတစားနဲ႔ ေျဖေပးသလို ခဏနားၾကတဲ့အခ်ိန္မွာလည္း သူကိုယ္တိုင္ အလုပ္ေတြကို ဝင္ၿပီး စီမံခန္႔ခြဲေနတတ္တာမ်ိဳးပါ။ ကိုယ္ကိုယ္တိုင္ ထ လုပ္ေပးလိုက္တာမ်ိဳး၊ ဧည့္သည္က ဟင္းမွာတာကို ကိုယ္တိုင္ ဝင္ခ်က္ေပးတာမ်ိဳးေတြအျပင္ ကိုယ္ေတြစားဖို႔ဆိုၿပီး ဆန္စီးေခါက္ဆြဲအရည္ေဖ်ာ္ကို ကိုယ္တုိင္ ဝင္ခ်က္ၿပီး ယူလာေပးတာမ်ိဳးေတြပါ ျမင္ခဲ့ရတဲ့အတြက္ အားက်ၿပီးရင္းက်၊ ေလးစားၿပီးရင္း ေလးစားပါပဲ။

ဘယ္နားေရာက္ေရာက္ Laptopတစ္လံုးနဲ႔ တစ္ခ်ိန္လံုး အလုပ္ပဲ လုပ္ေနၿပီး အေပ်ာ္အပါးမရွိတဲ့ မေဝကို ဘဝမွာ ေနရတာ မပ်င္းဘူးလားဆိုၿပီး အေမးခံခဲ့ရတဲ့ အေၾကာင္းကိုလည္း “အစ္မက တစ္ခ်ိန္လံုးအလုပ္ပဲ လုပ္ေနတယ္။ ေဈးသြားမယ္ဆိုလည္း  စာရင္းအရင္မွတ္၊ ၿပီးရင္ City mart သြားၿပီး စာရင္းထဲမွာ မွတ္ထားတာေတြ ေကာက္ထည့္ ၊ ၿပီးတာနဲ႔ တစ္ခါတည္း ေငြရွင္းၿပီး အိမ္ျပန္လာတယ္။ အိမ္လာတဲ့လမ္းမွာလည္း ၿပီးရင္ ဘာလုပ္ရမလဲဆိုတာ ေခါင္းထဲမွာ တစ္ခါတည္း စဥ္းစားတယ္။ (၁) လုပ္ေနရင္ (၂)ကို စဥ္းစားတယ္ ။ (၂) လုပ္ေနရင္ (၃) ကို စဥ္းစားတယ္။ အစ္မေခါင္းထဲမွာ တစ္ခ်ိန္လံုး ဘာၿပီးရင္ ဘာလုပ္ရမလဲဆိုတာ စဥ္းစားထားတယ္။ ဆိုေတာ့ အစ္မတူမေလးက ေမးတယ္ အရီး မပ်င္းဘူးလား.. အရီးကိုၾကည့္လုိက္ရင္ တစ္ခ်ိန္လံုး အလုပ္ခ်ည္းပဲတဲ့..  မပ်င္းဘူးလားဆိုေတာ့ အစ္မ မပ်င္းပါဘူး။ ဒီေလာကထဲကို စေရာက္တည္းက အလုပ္ကိုလုပ္ရင္း ၊ ႀကိဳးစားရင္း အလုပ္မွာပဲ ေပ်ာ္ေမြ႔လာတာမ်ိဳးေပါ့။”ဆိုၿပီး ရယ္သံေႏွာလို႔ ေျပာျပခဲ့ပါေသးတယ္။

Related Article >>> လူသားေက်ာက္ေဆာင္ (သို႔မဟုတ္) လျပည့္ဝိုင္း

“စီးပြားေရးေလာကမွာ နာမည္တစ္ခုရလာေပမယ့္ ကိုယ့္ကိုယ္ကို ေအာင္ျမင္ၿပီ၊ လံုေလာက္ၿပီဆိုတဲ့ အေတြးတစ္ခါမွ မဝင္ခဲ့ပါဘူး။  ေအာင္ျမင္မႈဆိုတာကို အစ္မကေတာ့ ပိုက္ဆံခ်မ္းသာမွလို႔ မသတ္မွတ္ဘူး။ ကိုယ္ေအာင္ျမင္တယ္ဆိုရင္ ကိုယ့္ေဘးက လူေတြပါ ေအာင္ျမင္မႈရဲ႕ အသီးအပြင့္ေတြကို ခံစားခြင့္ရွိရမယ္။ ကိုယ္တစ္ေယာက္တည္း ေအာင္ျမင္ေနလို႔မရဘူးေပါ့ေနာ္.. ဒီလိုပဲေတြးတယ္။ ခုဆိုလည္း အစ္မရဲ႕ လုပ္ငန္းေတြအားလံုးမွာ ေခၚထားတာေတြက အစ္မရြာက ကေလးေတြခ်ည္းပဲ။ ဆိုေတာ့ စိတ္လည္းခ်ရတယ္ေလ..” ဆိုတဲ့ သူ(မ)ရဲ႕ ေအာင္ျမင္မႈအေပၚ သေဘာထားကလည္း အတုယူေလာက္စရာပါ။

အခုဆိုရင္ မေဝက ေက်ာက္လုပ္ငန္း ၊ ဧည့္ရိပ္မြန္နဲ႔ စားေသာက္ဆိုင္အျပင္ကို cooking classပါ ဖြင့္ထားပါေသးတယ္။ ဒီ Cooking Class ကေတာ့ စီးပြားေရးသက္သက္မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ cooking classက ရတဲ့အက်ိဳးအျမတ္ေတြကို ပညာေရးေၾကာင့္ ခက္ခဲေနတဲ့သူေတြ ၊ က်န္းမာေရးေၾကာင့္ ခက္ခဲေနတဲ့သူေတြကို လွဴေနတာမို႔ပါတဲ့။

သူ(မ) ေျပာခဲ့တဲ့ “လူတစ္ေယာက္က အမွားမလုပ္ဘူးဆိုတာ မရွိဘူး။ အမွားေတာ့ရွိမွာပဲ။ အမွားလုပ္ခဲ့တဲ့ေပၚမွာေၾကာက္မေနဘဲ အမွားေတြထဲက သင္ယူပါ။” ဆိုတာေလးကေတာ့ အေတာ္ကို အားျဖစ္ေစတဲ့ စကားေလးပါ။

“တစ္ခါတေလ အဆင္မေျပမႈေတြ ႀကံဳလာတဲ့အခါမွာလည္း စိတ္ဖိစီးမႈေတြေတာ့ ႀကံဳခဲ့ရေပမဲ့ ဒါေတြေျဖရွင္းဖို႔ နည္းလမ္းရွိမွာပါ။ ဘယ္အရာမဆို လူလုပ္ရင္ ျဖစ္တယ္ ဆိုၿပီး အစ္မ ကိုယ့္ကိုယ္ကို အားေပးပါတယ္။ ဘယ္ေတာ့မွ ငါက်ရႈံးေတာ့မယ္။ ဒါက ငါရဲ႕ ရံႈးနိမ့္မႈပဲ လို႔ တစ္ခါမွ မေတြးခဲ့ဖူးပါဘူး အလုပ္လုပ္ရာမွာလည္း အခက္အခဲေတြ အမ်ားႀကီး ၾကံဳလာခဲ့ရေပမယ့္ ဘယ္အရာမွမျဖစ္နိုင္ဘူးဆိုတာ မရွိဘူး ၊ နည္းလမ္းတစ္ခုခုေတာ့ရွိရမယ္ ဆိုၿပီး  လံုးဝအရႈံးမေပးဘဲ ႀကိဳးစားလာခဲ့တာပါ။ ”လို႔ အရံႈးနဲ႔ ၾကံဳလာတဲ့အခါ သူမရဲ႕ ရင္ဆုိင္ပံုေလးကို ေျပာျပခဲ့ပါတယ္။

For Her Myanmar ရဲ႕ ပရိသတ္ ေယာင္းေယာင္းေတြထဲက မေဝလိုပဲ နယ္ကေန ရန္ကုန္ကို တစ္ေယာက္တည္းလာၿပီး ႀကိဳးစားေနသူေတြအတြက္ စကားလက္ေဆာင္ေလး ေျပာေပးပါဦးဆိုေတာ့..  “မိန္းကေလးျဖစ္ေစ ၊ ေယာက္်ားေလးျဖစ္ေစ ကိုယ့္ကိုယ္ကို ယံုၾကည္ခ်က္အျပည့္နဲ႔ ေၾကာက္ရြံ႕မႈမရွိဘဲ ကိုယ္လုပ္ေနတာကို ဆက္ႀကိဳးစားပါ ။ ဒီရန္ကုန္မွာ အခက္အခဲေတြ အမ်ားႀကီးပဲ ။ ဥပမာ ေနစရိတ္ ၊စားစရိတ္အခက္အခဲေတြ ၊ ဒါေပမဲ့လည္း အားမေလ်ာ့သြားဘဲ ဆက္ႀကိဳးစားပါ။ တစ္ခုမဟုတ္တစ္ခု အားမေလ်ာ့ဘဲ အၿမဲႀကိဳးစားေနသူအတြက္ ေနရာတစ္ခုကေတာ့ အၿမဲရွိပါတယ္။ လံုးဝကို ေနာက္မဆုတ္ဘဲ အားမေလ်ာ့ဘဲ ကိုယ့္အားကိုယ္ကိုးၿပီး ႀကိဳးစားေစခ်င္တယ္။ ရန္ကုန္မွာ တစ္ေယာက္တည္းေနတဲ့အခါ ပ်က္စီးေစႏိုင္တဲ့လမ္းစေတြရွိေပမဲ့ ကိုယ့္ကိုယ္ကိုယ္ ထိန္းသိမ္းၿပီး ႀကိဳးစားၾကရင္ေတာ့ ေအာင္ျမင္ၾကမွာပါ” လို႔ေျပာေပးခဲ့ပါတယ္။

Hanaကေတာ့ မေဝရဲ႕ စကားေတြ နားေထာင္ၿပီး ကိုယ့္ရဲ႕ပန္းတိုင္ ကိုယ္တိုင္ေလွ်ာက္လွမ္းဖို႔ ခြန္အားေတြ အျပည့္ရခဲ့ပါတယ္။ ေယာင္းတို႔ေရာ အဲ့လို မခံစားရဘူးလား.. တစ္ေယာက္တည္း ရန္ကုန္ကို စြန္႔စားၿပီးထြက္လာတယ္။ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္လို႔ ႀကိဳးစားခဲ့တယ္။ သုညဘဝက စတင္လို႔ ခုခ်ိန္မွာ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေရာက္လာတယ္။ ေအာင္ျမင္ျခင္းဆိုတာကိုေတာင္ ကိုယ္တစ္ေယာက္တည္း ေအာင္ျမင္ေနလို႔ကေတာ့ ပတ္ဝန္းက်င္အတြက္လည္း အသံုးမဝင္၊ လူမႈအသိုင္းအဝုိင္းအတြက္လည္း အသံုးမဝင္တာမို႔ တစ္ေယာက္တည္း ပိုက္ဆံရွိတာကိုေတာ့ ေအာင္ျမင္မႈလို႔ မသတ္မွတ္ႏိုင္ပါဘူးဆိုတဲ့ မေဝရဲ႕ အျမင္ေတြ၊ အေတြးေတြက ေလးစားေလာက္စရာပါ.. တို႔ေယာင္းေလးေတြလည္း မေဝေဝေက်ာ္လိုပဲ ကုိယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႀကိဳးစားရင္း ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္..

Hana( For Her Myanmar)

<<< Unicode >>>

ဘာမှ မရှိတဲ့ သုညကနေ တန်ဖိုးရှိတဲ့ သုညဘဝကို ရောက်ရှိခဲ့တဲ့ သူမဘဝဟာ စိတ်ဝင်စားစရာပါ။

ယောင်းတို့ရေ… ယောင်းတို့ထဲမှာလည်း နယ်က တစ်ယောက်တည်း ရန်ကုန်ကိုလာလို့ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ကိုယ့်တက်လမ်း ကိုယ်ရှာနေရတဲ့ ယောင်းတွေ ရှိမှာပေါ့နော်.. အက်ဒ်မင်က ဒီလိုယောင်းလေးတွေအတွက် အတုယူစရာကောင်းတဲ့ မမတစ်ယောက်ကို ရှာတွေ့ထားပါတယ်။ အက်ဒ်မင်လည်း အဲဒီမမနဲ့စကားပြောပြီး သူ့ကို အားကျ၊ အတုယူပြီး သူ့လိုဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်မျိုး၊ အင်အားမျိုးရလာသလို ယောင်းတို့ကိုလည်း စိတ်ဓာတ်ခွန်အားလေးတွေ ရစေချင်တာမို့ ဒီအင်တာဗျူးလေးကို ယောင်းတို့အတွက် ဖန်တီးပေးလိုက်ပါတယ်ရှင့်..

သူ(မ)နာမည်ကတော့ မဝေဝေကျော်ပါတဲ့။ ရှမ်းပြည်မြောက်ပိုင်းကနေ ကိုယ်ပိုင်စီးပွားရေးတစ်ခုခုလုပ်မယ် ဆိုပြီး ရန်ကုန်ကိုတက်လာတဲ့ သူတစ်ယောက်ပေါ့။ မဝေက မန္တလေးတက္ကသိုလ်မှာ အဝေးသင် တက်ရောက်ခဲ့တာပါ။ ကျောင်းတက်နေစဉ်ကတည်းက ကျောင်းပြီးသွားရင် ရန်ကုန်ကို သွားပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ကိုလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့တာလို့ ဆိုပါတယ်။

အချိန်ကျလာတော့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ရန်ကုန်သွားမယ် ပြောတော့ မိသားစုက စိတ်မချလို့ လက်မခံခဲ့ပါဘူး။ မိဘဆိုတာကလည်း သားသမီး မျက်စိရှေ့မှာ ရှိနေတာတောင် စိတ်ပူတတ်တာမဟုတ်လား ဒါလည်း အပြစ်တင်လို့တော့ မရပါဘူး။ ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့ သူမကတော့ ဒီတိုင်းပဲ မိဘစကားနားထောင်လို့ သူမဘဝကို ကျေးရွာလေးမှာ မမြှုပ်နှံလိုပါဘူး။ ဒါကြောင့်တစ်ခါပြောကြည့်လည်းမရ ၊နှစ်ခါပြောလည်းမရ ၊ ဘယ်လောက်ပြောပြောမရတဲ့ အဆုံးမှာတော့ စာလေးတစ်စောင်ချန်ထားခဲ့ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရန်ကုန်ကို ရောက်လာပါတယ်တဲ့..

“အစ်မက အမေကိုပြောတယ်။ အမေ ရန်ကုန်ကို သွားချင်တယ်ဆိုတော့ အမေက ရန်ကုန်ကိုသွားရင် အန္တရာယ်များတယ်ပေါ့နော်။ သူဖတ်ထားတဲ့ မဂ္ဂဇင်းစာအုပ်ထဲက အကြောင်းပြောပြတယ်။ ဒီမှာ မိန်းမတစ်ယောက် သူ့ကိုကြည့်တော့ သဘောကောင်းမလိုနဲ့..ကောင်မလေးတစ်ယောက်ကို တွေ့တော့ အလုပ်ရှိတယ်လို့ ပြောပြီး ခေါ်သွားပြီးတော့ ရောင်းစားလိုက်တယ်။ ရန်ကုန်မြို့က ကြောက်ဖို့ကောင်းတယ်။ လူရောင်းစားတယ်။ နင်ဘာသိလဲ ၊ မသွားနဲ့ဆိုပြီး တားတယ်။ အစ်မ သုံးခါပြောတယ် ၊ အဖေကော ၊ အမေကောပေါ့နော်။ နှစ်ယောက်လုံးက မသွားနဲ့ပဲ တားတယ်။ အမနောက်တော့ သွားမယ်လို့ ဆုံးဖြတ်ချက်ချပြီး စာလေးရေးပြီး ချန်ထားခဲ့တယ်။ အမ ဘဝတစ်ခုလုံးကို ဒီတောင်ပေါ်မှာ မနှစ်မြှုပ်ချင်ဘူး ပြောပြီး ကိုယ့်ဘာသာ ထွက်လာခဲ့တယ်။”

Related Article >>> “အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်အရာမှမဖြစ်နိုင်ဘူးဆိုတာမရှိစေရဘူး၊ ဒုတိယနေရာမှာမဟုတ်ဘဲ ပထမတန်းမှာနေပါ” ဆိုတဲ့ မလှလှဝင်း

ရန်ကုန်ကိုရောက်တော့ မျက်စိသူငယ်၊ နားသူငယ်နဲ့ ဘဝကြီးကို နဖူးတွေ့ဒူးတွေ့တွေ့တယ်ပေါ့။ ဒါပေမဲ့ ကိုယ်ပိုင်အလုပ်မှမဟုတ်ရင် သူများဝန်ထမ်းလည်း မလုပ်ဘူးဆိုပြီး စိတ်ဓာတ်ခိုင်မာတဲ့ မဝေဟာ ရန်ကုန်ကို စရောက်လာတည်းက ကိုယ်တတ်တဲ့အတတ်ပညာနဲ့ ဗိုလ်ချုပ်ဈေးမှာ ကျောက်ကြည့်ပြီး အသက်မွေးခဲ့ပါတယ်။ ဒီကျောက်လုပ်ငန်းနဲ့ပဲ အဆင်ပြေတာလည်းရှိ၊ မပြေတာတွေလည်းရှိ လုပ်ကိုင်နေရာကနေ ကျောက်လောက အခြေအနေ မကောင်းတော့တဲ့အခါ လုပ်ငန်းသစ်အနေနဲ့ Guest House (ဧည့်ဂေဟာ) ဖွင့်ဖို့ စဉ်းစားဖြစ်ခဲ့ပါတယ်တဲ့…

Women of Tomorrow 2
ပွဲအကြောင်း အသေးစိတျသိလိုပါက >> http://bit.ly/2WK7oFQ

အတွေ့အကြုံမရှိ၊ အသိအကျွမ်းမရှိ၊ Hotel Life က လာတဲ့သူလည်း မဟုတ်တဲ့ မဝေအတွက်တော့ ဒီလုပ်ငန်းက ဘယ်လွယ်ကူပါ့မလဲ? နိုင်သလောက်အင်အားနဲ့ စလုပ်ပြီဆိုပြန်တော့ ရလာတဲ့ အိမ်ကလည်း သေးသေးလေးပေါ့။ သူငယ်ချင်းတွေအားလုံးက မဖြစ်နိုင်ဘူးလို့ ဝိုင်းပြောခဲ့တဲ့ကြားက ဆုံးဖြတ်ချက်ခိုင်မာတဲ့သူမဟာ အရာရာကို သူမအင်အားနဲ့ မဖြစ်ဖြစ်အောင် ကြိုးစားရုန်းကန်ခဲ့ပြန်ပါတယ်။ သူမဖွင့်ထားတဲ့ အိမ်ကလေးရဲ့ နွေးထွေးတဲ့ကြိုဆိုမှု ၊ ဇွဲရှိမှု ၊ကြိုးစားအားထုတ်မှုတွေကြောင့် စတင်လုပ်တဲ့အချိန်မှာတင် Trip advisor မှာ နံပါတ်(၁) ၊ (၂) ဆိုတဲ့ ထိပ်ပိုင်းနေရာကို ရရှိခဲ့ပါတယ်။

“အိမ်လေးခန်းလေးကိုငှားခဲ့တယ်။ သူငယ်ချင်းတွေအားလုံးကတော့ နင် ရူးနေလားပေါ့။ နင်က မဖြစ်နိုင်ဘူးပေါ့။ ဘာလို့လုပ်တာလဲဆိုပြီး ဝိုင်းပြောကြတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဒီလိုပဲ လုပ်ကြည့်မယ်လေ။ မဖြစ်ရင်လည်း နောက်တစ်နည်းပေါ့ဆိုပြီး လုပ်လိုက်တာ ။ အဲလိုပဲ ကိုယ့်ရဲ့လေးခန်းလေးကို တစ်ယောက်က တစ်ခန်းလာနေသွားလိုက် ၊ နောက်နှစ်ခန်းလာနေသွားလိုက်နဲ့ ၊ နောက်တော့ လေးခန်းလုံးကို ပြည့်နေရော ၊အစပိုင်းကဆို အမရဲ့အိမ်ထဲကိုဝင်လာတာနဲ့ ဒါကဧည့်ရိပ်မွန်ရော ဟုတ်ရဲ့လားဆိုပြီး မေးကြတယ်။ ဟုတ်တယ်..  အဲလိုပဲ အရမ်းအားငယ်ရတယ်။ အိမ်လေးကလည်း စုတ်စုတ်လေးဆိုတော့ ။

ဒါပေမဲ့ ကိုယ်ကတော့ အကောင်းဆုံးဖြစ်အောင် လုပ်ထားတယ်။ ဧည့်သည်တွေအတွက်တော့ နွေးနွေးထွေးထွေးဖြစ်အောင် ပြင်ဆင်ပေးထားတယ်။ နံနက်စာဆိုလည်း အစ်မကိုယ်တိုင် ချက်တာတို့ ၊ နေ့လယ်စာ ၊ညစာအကုန် အစ်မကိုယ်တိုင် ချက်ဖြစ်ပါတယ်။ ဧည့်သည်တွေနဲ့အတူတူ ချက်စား ၊ ပြုတ်စားကြတော့ ဧည့်သည်တွေက ဒီလို နွေးထွေးတဲ့ ခံစားချက်လေးကို သဘောကျကြတယ် ။ အဲလိုနဲ့ သူတို့က Trip advisor မှာ Review တက်ရေးကြတယ်။ အဲလိုရေးရင်းနဲ့ လူသိများလာတာ ၊ စစလုပ်ချင်းမှာပဲ အစ်မက Trip advisorမှာ နံပါတ်(၁) ၊(၂) နေရာကို ရခဲ့ပါတယ်။

အဓိက ကတော့ ကိုယ့်ရဲ့နွေးထွေးမှုပေါ့နော် ။Techonology (နည်းပညာ) ပိုင်းလည်း ပါတာပေါ့နော်။ အနောက်နိုင်ငံကလူတွေက ဒီTrip advisorပဲကြည့်ပြီး လာတည်းကြတာဆိုတော့… အဲ့တုန်းက တစ်ခန်းကို ၃၅ဒေါ်လာနဲ့ ငှားတယ်။ ၃၅ဒေါ်လာ ၃ခန်းရှိတယ်။ ၂၅ဒေါ်လာတစ်ခန်းရှိတယ်။ အဲ့အိမ်ကလေးကို ၇သိန်းခွဲနဲ့ ငှားခဲ့တာ ။ စားစရိတ်တွေနဲ့ ပေါင်းလိုက်ရင် တစ်လကို ကိုယ့်အတွက် ၂၇သိန်းလောက်ကျန်တယ်။ ၁၀လဆိုတော့ သိန်း၂၇၀ပေါ့နော်။တစ်နှစ်ကျတော့ စုမိတဲ့ငွေက သိန်း၃၀၀ကျော်သွားရော…

ဒီအလုပ်လေးက ကိုယ်နဲ့ ကံစပ်တယ်ပဲ ပြောရမလား။ အစ်မဆီမှာ ဟိုတယ်ကြီးတွေလို facilities ကောင်းကောင်း မရှိပေမယ့် ဧည့်သည်တွေက ပျော်ကြတယ်။ တစ်ချို့ ဧည့်သည်တွေကတော့ အစ်မဆီမှာ  Facilityမရှိလို့ဆိုပြီး အခြားဟိုတယ်ကို ရွေ့သွားကြတယ်။ ဒါပေမဲ့ ညတွင်းချင်းပြန်ရောက်လာတယ်။ မတူဘူးပေါ့နော်။ ဟိုဘက်က ဖန်စီ(Fancy) ဖြစ်ပေမယ့် နွေးထွေးမှုကို မခံစားရဘူးဆိုပြီး ပြောကြတယ်။ ”

ကဲ.. စိတ်ဝင်စားဖို့ကောင်းတယ်မလား ယောင်းတို့.. ဒါပေမဲ့ ဒါက မဝေရဲ့ ခရီးဆုံးမဟုတ်သေးပါဘူး။ သူ(မ)ဆက်လျှောက်နေဆဲပါ။ ဘယ်လမ်းကို ဘယ်လိုလျှောက်နေလဲဆိုတာကတော့…

Related Article >>> မုဒိန်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဝတ်စားဆင်ယင်မှုကြောင့် ဝေဖန်ခံခဲ့ရတဲ့ သူမနှင့်တွေ့ဆုံခြင်း

မဝေရဲ့ ဟော်တယ်လုပ်ငန်းလည်း တစ်စတစ်စနဲ့ အောင်မြင်လာပြီးတော့ အခုဆိုရင် “WaiWai’s place” ဆိုပြီး အောင်မြင်စွာနဲ့ ရပ်တည်နေပါပြီ။ ဒါနဲ့အောင်မြင်နေပေမယ့် မဝေဟာ သူ(မ)ရဲ့ ပညာလက်ရင်းဖြစ်တဲ့ ကျောက်လုပ်ငန်းကိုလည်း ပစ်မထားခဲ့ပါဘူး။ ခုချိန်ထိလည်း ကျောက်အရောင်းအဝယ်လုပ်ငန်းကို ဆက်ပြီး အသက်သွင်းနေဆဲဖြစ်ပြီး လုပ်ငန်းတွေ တိုးချဲ့နေဆဲပါ။

အောင်မြင်နေတဲ့သူတစ်ယောက် ဖြစ်လောက်စရာ အောင်မြင်နိုင်တဲ့ အရည်အသွေးတွေ၊ အပြုအမူတွေကိုလည်း သူမဆီမှာ အများကြီးတွေ့ခဲ့ရပါတယ်။

မဝေကို သွားအင်တာဗျူးခဲ့တုန်းကဆို Hanaတို့ကနည်းနည်းစောပြီး ရောက်သွားခဲ့တော့ မဝေရဲ့ ဧည့်ရိပ်မွန်မှာ ရှိမနေပေမဲ့လည်း လက်အောက်ဝန်ထမ်းတွေကို လာရင်ဘယ်နေရာမှာ စောင့်ခိုင်းပါဆိုပြီး ကြိုမှာထားတာကို ကြည့်ရကတည်းက မဝေဟာ အလုပ်လုပ်တာ စေ့စပ်သေချာပြီး စီမန့်ခန့်ခွဲတာ တော်တဲ့သူဆိုတာ တန်းသိလိုက်ရတာမျိုးပါ။ အချိန်တိကျတဲ့သူပီပီ ချိန်းထားတဲ့ချိန် ကွက်တိကိုရောက်လာပါတယ်။ နဂိုကတော့ ထင်ထားတာပေါ့နော် ဟော်တယ်လ်ပိုင်ရှင်၊ စားသောက်ဆိုင်ပိုင်ရှင် အစ်မဆိုတော့ ရုပ်ရှင်ထဲကပုံတွေလိုပဲနေမှာပေါ့ 😛 (ရုပ်ရှင်ကြည့်တာ လျှော့ရမယ် :3 ) တကယ်တမ်း မဝေရောက်လာတော့ ရိုးရိုးလေးပါပဲ။ သူလိုကိုယ်လို သာမန်လေးပဲ ဝတ်စားပြီး ပေါ့ပါးတက်ကြွနေတဲ့ ဟိတ်ဟန်မရှိတဲ့ မဝေဟာ ရွှေတွေ၊ စိန်တွေမလိုအောင် ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုတွေနဲ့ အရောင်တင်ထားပြီး ဇွဲသတ္တိအရောင်တလက်လက်တောက်နေသလိုပါပဲ။

မဝေအကြောင်းစပြောတဲ့အခါမှာလည်း အရမ်းကို တက်ကြွပြီး ယုံကြည်ချက်ရှိရှိနဲ့ပြောနေခဲ့တာပါ။ Hana တို့ဆို သူမပြောပြတဲ့ထဲမှာ မြောသွားပြီး လိုက်မှတ်ဖို့တောင် မေ့သွားရတဲ့အထိပါပဲ (တော်သေးတာပေါ့ အသံဖမ်းထားတာလေး ရှိလို့ 😀 )။ Hana မဝေဝေကျော်ကို အရမ်းလေးစားသွားတဲ့အချက်ကတော့ စိတ်ဓာတ်ကြံ့ခိုင်မှုပါ။

မိန်းကလေးတစ်ယောက်တည်း ရန်ကုန်ကို ရောက်လာပေမဲ့ အားငယ်တာ၊ ကြောက်ရွံ့တာ လုံးဝမရှိဘဲ ရဲရဲဝံ့ဝံ့နဲ့ ကိုယ့်လမ်းကိုယ် ထူးချွန်စွာလျှောက်လှမ်းသွားတာရယ်၊ မိဘအုပ်ထိန်းမှုအောက်ကနေ ထွက်လာခဲ့ပေမယ့်လည်း ကိုယ့်စည်းကမ်းလေးနဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းပြီး နေလာတာရယ်၊ လူငယ်ပီပီ တစ်ခါတလေ သူငယ်ချင်းတွေနဲ့  အပျော်အပါးလုပ်ပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ် အလိုမလိုက်ဘဲ စည်းကမ်းတစ်ခုထားလို့ အလုပ်ပျက်မခံခဲ့တာတွေရယ် … ဒီအချက်တွေက Hana အတွက်တော့ အရမ်းကို လေးစားအတုယူစရာကောင်းတဲ့ အချက်တွေပါပဲ။

“အစ်မက အလုပ်ကို အမြဲနံပါတ်(၁)နေရာထားတယ်။ ဒီရန်ကုန်လာပြီး Guest House (ဧည့်ရိပ်မွန်) လာဖွင့်ကတည်းက  အပေါင်းအသင်းတွေလည်း များလာတယ်။ သူငယ်ချင်းတွေနဲ့ Barတွေ သွားတယ်။ ဒါပေမဲ့ အမ ယနေ့ချိန်ထိ ဘယ်တော့မှ ၁၂နာရီကျော်ထိ အပြင်မှာ မနေခဲ့ဘူး။ သောက်လားဆိုရင် သောက်တယ်။ တစ်ခွက်ထက်မပိုဘူး။ ဘယ်တော့မှ ကိုယ့်ကိုယ်ကို မမူးစေဘူး။ ကိုယ့်ကိုယ်ကို အမြဲထိန်းတယ်။ တစ်ခါတလေဆိုရင် သူငယ်ချင်းတွေက နေပါဦးပြောရင်တောင် ဘယ်တော့မှ ကိုယ့်စိတ်ကိုယ် အလိုမလိုက်ဘူး။ တော်ပြီ။ မနက်ငါအလုပ်သွားရဦးမယ်။ ဒါမှမဟုတ်ရင်လည်း  ငါခေါင်းနည်းနည်းမူးနေလို့ ဆိုပြီး အမျိုးမျိုးပြောပြီး ပြန်လာခဲ့တာပဲ။”

မဝေက တစ်ချိန်လုံး အလုပ်နဲ့လက်နဲ့ မပြတ်တဲ့သူပါ။ တခြားသူပြောရင် ယုံချင်မှယုံမှာပေမဲ့ မဝေကိုတော့ တကယ်ကို ယုံကြည်ခဲ့ပါတယ်။ ဘာလို့ဆို အင်တာဗျူးဖြေနေတဲ့အချိန်တွေမှာလည်း တလေးတစားနဲ့ ဖြေပေးသလို ခဏနားကြတဲ့အချိန်မှာလည်း သူကိုယ်တိုင် အလုပ်တွေကို ဝင်ပြီး စီမံခန့်ခွဲနေတတ်တာမျိုးပါ။ ကိုယ်ကိုယ်တိုင် ထ လုပ်ပေးလိုက်တာမျိုး၊ ဧည့်သည်က ဟင်းမှာတာကို ကိုယ်တိုင် ဝင်ချက်ပေးတာမျိုးတွေအပြင် ကိုယ်တွေစားဖို့ဆိုပြီး ဆန်စီးခေါက်ဆွဲအရည်ဖျော်ကို ကိုယ်တိုင် ဝင်ချက်ပြီး ယူလာပေးတာမျိုးတွေပါ မြင်ခဲ့ရတဲ့အတွက် အားကျပြီးရင်းကျ၊ လေးစားပြီးရင်း လေးစားပါပဲ။

ဘယ်နားရောက်ရောက် Laptopတစ်လုံးနဲ့ တစ်ချိန်လုံး အလုပ်ပဲ လုပ်နေပြီး အပျော်အပါးမရှိတဲ့ မဝေကို ဘဝမှာ နေရတာ မပျင်းဘူးလားဆိုပြီး အမေးခံခဲ့ရတဲ့ အကြောင်းကိုလည်း “အစ်မက တစ်ချိန်လုံးအလုပ်ပဲ လုပ်နေတယ်။ ဈေးသွားမယ်ဆိုလည်း  စာရင်းအရင်မှတ်၊ ပြီးရင် City mart သွားပြီး စာရင်းထဲမှာ မှတ်ထားတာတွေ ကောက်ထည့် ၊ ပြီးတာနဲ့ တစ်ခါတည်း ငွေရှင်းပြီး အိမ်ပြန်လာတယ်။ အိမ်လာတဲ့လမ်းမှာလည်း ပြီးရင် ဘာလုပ်ရမလဲဆိုတာ ခေါင်းထဲမှာ တစ်ခါတည်း စဉ်းစားတယ်။ (၁) လုပ်နေရင် (၂)ကို စဉ်းစားတယ် ။ (၂) လုပ်နေရင် (၃) ကို စဉ်းစားတယ်။ အစ်မခေါင်းထဲမှာ တစ်ချိန်လုံး ဘာပြီးရင် ဘာလုပ်ရမလဲဆိုတာ စဉ်းစားထားတယ်။ ဆိုတော့ အစ်မတူမလေးက မေးတယ် အရီး မပျင်းဘူးလား.. အရီးကိုကြည့်လိုက်ရင် တစ်ချိန်လုံး အလုပ်ချည်းပဲတဲ့..  မပျင်းဘူးလားဆိုတော့ အစ်မ မပျင်းပါဘူး။ ဒီလောကထဲကို စရောက်တည်းက အလုပ်ကိုလုပ်ရင်း ၊ ကြိုးစားရင်း အလုပ်မှာပဲ ပျော်မွေ့လာတာမျိုးပေါ့။”ဆိုပြီး ရယ်သံနှောလို့ ပြောပြခဲ့ပါသေးတယ်။

Related Article >>> လူသားကျောက်ဆောင် (သို့မဟုတ်) လပြည့်ဝိုင်း

“စီးပွားရေးလောကမှာ နာမည်တစ်ခုရလာပေမယ့် ကိုယ့်ကိုယ်ကို အောင်မြင်ပြီ၊ လုံလောက်ပြီဆိုတဲ့ အတွေးတစ်ခါမှ မဝင်ခဲ့ပါဘူး။  အောင်မြင်မှုဆိုတာကို အစ်မကတော့ ပိုက်ဆံချမ်းသာမှလို့ မသတ်မှတ်ဘူး။ ကိုယ်အောင်မြင်တယ်ဆိုရင် ကိုယ့်ဘေးက လူတွေပါ အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို ခံစားခွင့်ရှိရမယ်။ ကိုယ်တစ်ယောက်တည်း အောင်မြင်နေလို့မရဘူးပေါ့နော်.. ဒီလိုပဲတွေးတယ်။ ခုဆိုလည်း အစ်မရဲ့ လုပ်ငန်းတွေအားလုံးမှာ ခေါ်ထားတာတွေက အစ်မရွာက ကလေးတွေချည်းပဲ။ ဆိုတော့ စိတ်လည်းချရတယ်လေ..” ဆိုတဲ့ သူ(မ)ရဲ့ အောင်မြင်မှုအပေါ် သဘောထားကလည်း အတုယူလောက်စရာပါ။

အခုဆိုရင် မဝေက ကျောက်လုပ်ငန်း ၊ ဧည့်ရိပ်မွန်နဲ့ စားသောက်ဆိုင်အပြင်ကို cooking classပါ ဖွင့်ထားပါသေးတယ်။ ဒီ Cooking Class ကတော့ စီးပွားရေးသက်သက်မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ cooking classက ရတဲ့အကျိုးအမြတ်တွေကို ပညာရေးကြောင့် ခက်ခဲနေတဲ့သူတွေ ၊ ကျန်းမာရေးကြောင့် ခက်ခဲနေတဲ့သူတွေကို လှူနေတာမို့ပါတဲ့။

သူ(မ) ပြောခဲ့တဲ့ “လူတစ်ယောက်က အမှားမလုပ်ဘူးဆိုတာ မရှိဘူး။ အမှားတော့ရှိမှာပဲ။ အမှားလုပ်ခဲ့တဲ့ပေါ်မှာကြောက်မနေဘဲ အမှားတွေထဲက သင်ယူပါ။” ဆိုတာလေးကတော့ အတော်ကို အားဖြစ်စေတဲ့ စကားလေးပါ။

“တစ်ခါတလေ အဆင်မပြေမှုတွေ ကြုံလာတဲ့အခါမှာလည်း စိတ်ဖိစီးမှုတွေတော့ ကြုံခဲ့ရပေမဲ့ ဒါတွေဖြေရှင်းဖို့ နည်းလမ်းရှိမှာပါ။ ဘယ်အရာမဆို လူလုပ်ရင် ဖြစ်တယ် ဆိုပြီး အစ်မ ကိုယ့်ကိုယ်ကို အားပေးပါတယ်။ ဘယ်တော့မှ ငါကျရှုံးတော့မယ်။ ဒါက ငါရဲ့ ရှုံးနိမ့်မှုပဲ လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး အလုပ်လုပ်ရာမှာလည်း အခက်အခဲတွေ အများကြီး ကြုံလာခဲ့ရပေမယ့် ဘယ်အရာမှမဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ၊ နည်းလမ်းတစ်ခုခုတော့ရှိရမယ် ဆိုပြီး  လုံးဝအရှုံးမပေးဘဲ ကြိုးစားလာခဲ့တာပါ။ ”လို့ အရှုံးနဲ့ ကြုံလာတဲ့အခါ သူမရဲ့ ရင်ဆိုင်ပုံလေးကို ပြောပြခဲ့ပါတယ်။

For Her Myanmar ရဲ့ ပရိသတ် ယောင်းယောင်းတွေထဲက မဝေလိုပဲ နယ်ကနေ ရန်ကုန်ကို တစ်ယောက်တည်းလာပြီး ကြိုးစားနေသူတွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦးဆိုတော့..  “မိန်းကလေးဖြစ်စေ ၊ ယောက်ျားလေးဖြစ်စေ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ ကြောက်ရွံ့မှုမရှိဘဲ ကိုယ်လုပ်နေတာကို ဆက်ကြိုးစားပါ ။ ဒီရန်ကုန်မှာ အခက်အခဲတွေ အများကြီးပဲ ။ ဥပမာ နေစရိတ် ၊စားစရိတ်အခက်အခဲတွေ ၊ ဒါပေမဲ့လည်း အားမလျော့သွားဘဲ ဆက်ကြိုးစားပါ။ တစ်ခုမဟုတ်တစ်ခု အားမလျော့ဘဲ အမြဲကြိုးစားနေသူအတွက် နေရာတစ်ခုကတော့ အမြဲရှိပါတယ်။ လုံးဝကို နောက်မဆုတ်ဘဲ အားမလျော့ဘဲ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားစေချင်တယ်။ ရန်ကုန်မှာ တစ်ယောက်တည်းနေတဲ့အခါ ပျက်စီးစေနိုင်တဲ့လမ်းစတွေရှိပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပြီး ကြိုးစားကြရင်တော့ အောင်မြင်ကြမှာပါ” လို့ပြောပေးခဲ့ပါတယ်။

Hanaကတော့ မဝေရဲ့ စကားတွေ နားထောင်ပြီး ကိုယ့်ရဲ့ပန်းတိုင် ကိုယ်တိုင်လျှောက်လှမ်းဖို့ ခွန်အားတွေ အပြည့်ရခဲ့ပါတယ်။ ယောင်းတို့ရော အဲ့လို မခံစားရဘူးလား.. တစ်ယောက်တည်း ရန်ကုန်ကို စွန့်စားပြီးထွက်လာတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လို့ ကြိုးစားခဲ့တယ်။ သုညဘဝက စတင်လို့ ခုချိန်မှာ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်လာတယ်။ အောင်မြင်ခြင်းဆိုတာကိုတောင် ကိုယ်တစ်ယောက်တည်း အောင်မြင်နေလို့ကတော့ ပတ်ဝန်းကျင်အတွက်လည်း အသုံးမဝင်၊ လူမှုအသိုင်းအဝိုင်းအတွက်လည်း အသုံးမဝင်တာမို့ တစ်ယောက်တည်း ပိုက်ဆံရှိတာကိုတော့ အောင်မြင်မှုလို့ မသတ်မှတ်နိုင်ပါဘူးဆိုတဲ့ မဝေရဲ့ အမြင်တွေ၊ အတွေးတွေက လေးစားလောက်စရာပါ.. တို့ယောင်းလေးတွေလည်း မဝေဝေကျော်လိုပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကြိုးစားရင်း အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်..

Hana( For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.