ကေလးငယ္ကိုပါမခ်န္ သတ္ျဖတ္ခဲ့တဲ့ Cyprus ကၽြန္းရဲ႕ ပထမဆံုး ကြင္းဆက္လူသတ္သမား

လူေတြရဲ႕ စိတ္ေတြက တကယ္ေၾကာက္စရာေကာင္း.. :'( 

Cyprus ဟာ ကၽြန္းႏိုင္ငံေလး ျဖစ္ၿပီး အင္မတန္လွပတဲ့ အေရွ႕ဘက္ေျမထဲပင္လယ္နားမွွာ တည္ရွိတာမို႔ ႏိုင္ငံျခားသားခရီးသြားေတြကို ဆြဲေဆာင္ႏိုင္တဲ့ ကၽြန္းႏိုင္ငံတစ္ခုပါ။

တစ္ခ်ိန္တုန္းက ကၽြန္းလုတဲ့ ကိစၥျဖစ္ၿပီးေနာက္ ကၽြန္းကို ႏွစ္ပိုင္းပိုင္းၿပီး တူရကီေတြက တစ္ျခမ္း၊ ဂရိေတြက တစ္ျခမ္း သပ္သပ္စီ အုပ္ခ်ဳပ္တာကလြဲရင္ Cyprus ကၽြန္းေလးဟာ တည္ၿငိမ္ေအးခ်မ္းတဲ့ ႏိုင္ငံ၊ ရာဇဝတ္မႈေတြ သိပ္မရွိတဲ့ ႏိုင္ငံတစ္ခုလို႔ သတ္မွတ္ခံထားရပါတယ္။

 

ဒါေပမဲ့ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထြက္ေပၚလာတဲ့ သတင္းတစ္ခုဟာ Cyprus ကၽြန္းသူကၽြန္းသားေတြကို တုန္လႈပ္ဝမ္းနည္းသြားေစခဲ့ပါတယ္။ အဲဒါကေတာ့ Cyprus ကို အိမ္ေဖာ္အျဖစ္ အလုပ္လာလုပ္တဲ့ ႏိုင္ငံျခားသူ အမ်ိဳးသမီး ၅ေယာက္နဲ႔ လူမမယ္ကေလးမေလး ၂ေယာက္၊ စုစုေပါင္း ၇ေယာက္ ကို ကြင္းဆက္လူသတ္သမားက ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့တာပါပဲ။ ကေလးတစ္ေယာက္ဆို ၆ႏွစ္သမီးပဲရွိပါေသးတယ္။

တရားခံလို႔ သံသယရွိသူကေတာ့ ၃၅ႏွစ္အရြယ္ဂရိလူမ်ိဳး စစ္တပ္အရာရွိျဖစ္ၿပီး သူကိုယ္တိုင္ပဲ လာေရာက္ဝန္ခံသြားခဲ့တာပါ။ သတ္ရတဲ့အေၾကာင္းရင္းကေတာ့ ရန္ၿငိဳး မရွိဘဲနဲ႔ တိုင္းတစ္ပါးသားျဖစ္တဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြကို မုန္းတီးတဲ့ စိတ္ေၾကာင့္ပဲ ဒီ အျပစ္မဲ့အမ်ိဳးသမီးေတြကို သတ္ခဲ့တယ္လို႔ ယူဆရပါတယ္။

 

Related Article >>> အေပ်ာ္တမ္း လူသတ္တမ္း ကစားခဲ့သူ (သို႔) Joanna Dennehy

သတ္ျဖတ္ခံခဲ့ရတဲ့ သားေကာင္အမ်ိဳးသမီးေတြကေတာ့ အိမ္ေဖာ္လာလုပ္တဲ့ ဖိလစ္ပိုင္အမ်ိဳးသမီး သံုးေယာက္ (Mary Rose Tiburcio, ၊ Ariana Palanas Lozano, Maricar Valtez Arquiola) အိနၵိယ(သို႔မဟုတ္) နီေပါေသြးပါသူလို႔ ယူဆရသူ တစ္ေယာက္၊ ရိုေမးနီးယန္းအမ်ိဳးသမီး တစ္ေယာက္( Livia Bunea) ျဖစ္ၿပီး Livia ရဲ႕ သမီး Elenaနဲ႔ Ms.Tiburcio ရဲ႕ သမီး ၆ႏွစ္အရြယ္ Sierraပါ သတ္ခံခဲ့ရပါတယ္။

အမႈေပၚေပါက္လာပံုကေတာ့ ဧၿပီလ အစပိုင္းမွာ Mary Rose Tiburcio နဲ႔ Ariana Palanas ရဲ႕ အေလာင္း၂ေလာင္းေတြ႕ရာကေန စခဲ့ပါတယ္။ တတိယသားေကာင္ျဖစ္တဲ့ အိနၵိယ/ နီေပါေသြး ပါသူလို႔ ယူဆရတဲ့ အမ်ိဳးသမီးအေလာင္းကိုေတာ့ ေရတြင္းထဲမွာေတြ႕ခဲ့ပါတယ္။ စတုတၳအေလာင္းကိုေတာ့ ဧၿပီ၂၈ရက္ေန႔မွာ ေတြ႕ခဲ့ပါတယ္။

Related Article >>> လူသတ္ဖို႔အတြက္ လက္ထပ္ခဲ့သူ

ေတြ႕ရွိရတဲ့ အေလာင္းေလးေလာင္းထဲက သံုးေလာင္းဟာ အဝတ္အိတ္ထဲ ထိုးသိပ္ခံထားရၿပီး အဆိပ္သင့္၊ ညစ္ညမ္းေနတဲ့ ေရကန္ထဲကို စြန္႔ပစ္ခံခဲ့ရပါတယ္။ ျမန္ျမန္ပုပ္သိုးသြားေအာင္ ၾကံစည္တယ္လို႔ ယူဆရပါတယ္။ ကေလး၂ေယာက္ နဲ႔ အမ်ိဳးသမီးတစ္ေယာက္ရဲ႕အေလာင္းကိုေတာ့ ေရကန္ေအာက္ေျခမွာ ဆက္လက္ရွာေဖြေနတုန္းပါပဲ။

အမွန္တကယ္ေတာ့ အမ်ိဳးသမီးေတြ ေပ်ာက္ဆံုးေနမႈဟာ ၂၀၁၆တည္းက စတင္ခဲ့တာ ျဖစ္ၿပီး ေနာက္ဆံုးသားေကာင္ ေပ်ာက္ဆံုးသြားတဲ့ ၂၀၁၈ခုႏွစ္အထိပါပဲ။ ပထမဆံုးသားေကာင္ေတြကေတာ့ ရိုေမနီးယန္း အမ်ိဳးသမီးနဲ႔ ကေလးကေန ျဖစ္ၿပီး ေနာက္ဆံုးသားေကာင္ကေတာ့ ဖိလစ္ပိုင္အမ်ိဳးသမီးေတြ ျဖစ္ပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ ရဲေတြအသံုးမက်ဘူးဆိုၿပီး ျပည္သူေတြက ျပစ္တင္ဆႏၵျပခဲ့ၾကပါတယ္။ တကယ္ေတာ့ ေပ်ာက္ဆံုးသူေတြဟာ Cyprus မွာ မူလေနထိုင္သူေတြ မဟုတ္ဘဲ အမ်ားစုက အိမ္ေဖာ္လာလုပ္တဲ့ ေရႊ႕ေျပာင္းအမ်ိဳးသမီးေတြမို႔ ရဲေတြက ေသခ်ာမစစ္ေဆးဘဲ လ်စ္လွ်ဴရႈထားခဲ့ၾကတာပါ။

ဒါေၾကာင့္ cyprus ကၽြန္းသူကၽြန္းသားေတြဟာ ဒီလို ခြဲျခားဆက္ဆံမႈအတြက္ အစိုးရကို ေဒါသထြက္ခဲ့ၾကၿပီး အဲဲ့တုန္းကသာ ေသခ်ာစစ္ေဆးခဲ့ရင္ ဒီေလာက္ထိ လူေတြအမ်ားႀကီးေသသြားၾကမွာ မဟုတ္ဘူး ဆိုတဲ့ စြပ္စြဲခ်က္ေတြပါ ျပဳလုပ္လာခဲ့ပါတယ္။

Cyprus မွာ အလုပ္သြားလုပ္တဲ့ အမ်ိဳးသမီးေတြရဲ႕ရင္ဖြင့္ခ်က္အရ တကယ္ပဲ ခြဲျခားဆက္ဆံမႈေတြ ရွိေနၿပီး ကၽြန္သာသာ ဆက္ဆံခံရတယ္ လို႔ ဆိုပါတယ္။ အမ်ိဳးသမီးေတြဟာ တစ္ရက္ကို နာရီေပါင္းမ်ားစြာလုပ္ရေပမဲ့ လစာကိုအျပည့္မရၾကပါဘူး။ ဒါ့အျပင္ အိမ္ရွင္ေတြရဲ႕ လိင္ပိုင္းဆိုင္ရာေစာ္ကားတာကိုလည္း ခဏခဏ ခံရပါတယ္။ ရဲသြားတိုင္လည္း အေရးယူတယ္ဆိုတာ မရွိသေလာက္ပါပဲတဲ့။

ဒီလို အေျခအေနေတြရွိေနေပမယ့္လည္း ဒီအမ်ိဳးသမီးေတြဟာ မူလႏိုင္ငံမွာ က်န္ခဲ့တဲ့ မိသားစုကို ေထာက္ပံံ့ႏိုင္ဖို႔အတြက္ သည္းခံၿပီး အလုပ္လုပ္ၾကရရွာပါတယ္။ ဒီလိုေတြ သည္းခံေနရင္းကမွ သတ္ျဖတ္ခံရတဲ့အထိ ျဖစ္လာတဲ့အတြက္ ေရႊ႕ေျပာင္းအလုပ္သမားေတြနဲ႔ Cyprus ကၽြန္းသူကၽြန္းသားေတြဟာ တရားမၽွတမႈ၊ တာဝန္ယူ တာဝန္ခံမႈအတြက္ ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။

ဒီျဖစ္ရပ္ဆိုးႀကီးဟာ လက္ရွိ တရားေရးရာဝန္ႀကီး Ionas Nicolaou လက္ထက္မွာ ျဖစ္တာမို႔ ဝန္ႀကီးအေနနဲ႔ သူ႔ရာထူးက ႏႈတ္ထြက္လိုက္ျခင္းနဲ႔ တာဝန္ယူမႈ၊တာဝန္ခံမႈ ကို လတ္တေလာမွာ ျပသခဲ့ၿပီး အစိုးရအေနနဲ႔လည္း ေတာင္းပန္စကားဆိုခဲ့ပါတယ္။

By
Mia (For Her Myanmar)
Reference links: BBC , cyprus-mail.com, Time

<<< Unicode >>>

လူတွေရဲ့ စိတ်တွေက တကယ်ကြောက်စရာကောင်း.. :'( 

Cyprus ဟာ ကျွန်းနိုင်ငံလေး ဖြစ်ပြီး အင်မတန်လှပတဲ့ အရှေ့ဘက်မြေထဲပင်လယ်နားမှာ တည်ရှိတာမို့ နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ကျွန်းနိုင်ငံတစ်ခုပါ။

တစ်ချိန်တုန်းက ကျွန်းလုတဲ့ ကိစ္စဖြစ်ပြီးနောက် ကျွန်းကို နှစ်ပိုင်းပိုင်းပြီး တူရကီတွေက တစ်ခြမ်း၊ ဂရိတွေက တစ်ခြမ်း သပ်သပ်စီ အုပ်ချုပ်တာကလွဲရင် Cyprus ကျွန်းလေးဟာ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံ၊ ရာဇဝတ်မှုတွေ သိပ်မရှိတဲ့ နိုင်ငံတစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။

 

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတစ်ခုဟာ Cyprus ကျွန်းသူကျွန်းသားတွေကို တုန်လှုပ်ဝမ်းနည်းသွားစေခဲ့ပါတယ်။ အဲဒါကတော့ Cyprus ကို အိမ်ဖော်အဖြစ် အလုပ်လာလုပ်တဲ့ နိုင်ငံခြားသူ အမျိုးသမီး ၅ယောက်နဲ့ လူမမယ်ကလေးမလေး ၂ယောက်၊ စုစုပေါင်း ၇ယောက် ကို ကွင်းဆက်လူသတ်သမားက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာပါပဲ။ ကလေးတစ်ယောက်ဆို ၆နှစ်သမီးပဲရှိပါသေးတယ်။

တရားခံလို့ သံသယရှိသူကတော့ ၃၅နှစ်အရွယ်ဂရိလူမျိုး စစ်တပ်အရာရှိဖြစ်ပြီး သူကိုယ်တိုင်ပဲ လာရောက်ဝန်ခံသွားခဲ့တာပါ။ သတ်ရတဲ့အကြောင်းရင်းကတော့ ရန်ငြိုး မရှိဘဲနဲ့ တိုင်းတစ်ပါးသားဖြစ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို မုန်းတီးတဲ့ စိတ်ကြောင့်ပဲ ဒီ အပြစ်မဲ့အမျိုးသမီးတွေကို သတ်ခဲ့တယ်လို့ ယူဆရပါတယ်။

 

Related Article >>> အပျော်တမ်း လူသတ်တမ်း ကစားခဲ့သူ (သို့) Joanna Dennehy

သတ်ဖြတ်ခံခဲ့ရတဲ့ သားကောင်အမျိုးသမီးတွေကတော့ အိမ်ဖော်လာလုပ်တဲ့ ဖိလစ်ပိုင်အမျိုးသမီး သုံးယောက် (Mary Rose Tiburcio, ၊ Ariana Palanas Lozano, Maricar Valtez Arquiola) အိန္ဒိယ(သို့မဟုတ်) နီပေါသွေးပါသူလို့ ယူဆရသူ တစ်ယောက်၊ ရိုမေးနီးယန်းအမျိုးသမီး တစ်ယောက်( Livia Bunea) ဖြစ်ပြီး Livia ရဲ့ သမီး Elenaနဲ့ Ms.Tiburcio ရဲ့ သမီး ၆နှစ်အရွယ် Sierraပါ သတ်ခံခဲ့ရပါတယ်။

အမှုပေါ်ပေါက်လာပုံကတော့ ဧပြီလ အစပိုင်းမှာ Mary Rose Tiburcio နဲ့ Ariana Palanas ရဲ့ အလောင်း၂လောင်းတွေ့ရာကနေ စခဲ့ပါတယ်။ တတိယသားကောင်ဖြစ်တဲ့ အိန္ဒိယ/ နီပေါသွေး ပါသူလို့ ယူဆရတဲ့ အမျိုးသမီးအလောင်းကိုတော့ ရေတွင်းထဲမှာတွေ့ခဲ့ပါတယ်။ စတုတ္ထအလောင်းကိုတော့ ဧပြီ၂၈ရက်နေ့မှာ တွေ့ခဲ့ပါတယ်။

Related Article >>> လူသတ်ဖို့အတွက် လက်ထပ်ခဲ့သူ

တွေ့ရှိရတဲ့ အလောင်းလေးလောင်းထဲက သုံးလောင်းဟာ အဝတ်အိတ်ထဲ ထိုးသိပ်ခံထားရပြီး အဆိပ်သင့်၊ ညစ်ညမ်းနေတဲ့ ရေကန်ထဲကို စွန့်ပစ်ခံခဲ့ရပါတယ်။ မြန်မြန်ပုပ်သိုးသွားအောင် ကြံစည်တယ်လို့ ယူဆရပါတယ်။ ကလေး၂ယောက် နဲ့ အမျိုးသမီးတစ်ယောက်ရဲ့အလောင်းကိုတော့ ရေကန်အောက်ခြေမှာ ဆက်လက်ရှာဖွေနေတုန်းပါပဲ။

အမှန်တကယ်တော့ အမျိုးသမီးတွေ ပျောက်ဆုံးနေမှုဟာ ၂၀၁၆တည်းက စတင်ခဲ့တာ ဖြစ်ပြီး နောက်ဆုံးသားကောင် ပျောက်ဆုံးသွားတဲ့ ၂၀၁၈ခုနှစ်အထိပါပဲ။ ပထမဆုံးသားကောင်တွေကတော့ ရိုမေနီးယန်း အမျိုးသမီးနဲ့ ကလေးကနေ ဖြစ်ပြီး နောက်ဆုံးသားကောင်ကတော့ ဖိလစ်ပိုင်အမျိုးသမီးတွေ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ရဲတွေအသုံးမကျဘူးဆိုပြီး ပြည်သူတွေက ပြစ်တင်ဆန္ဒပြခဲ့ကြပါတယ်။ တကယ်တော့ ပျောက်ဆုံးသူတွေဟာ Cyprus မှာ မူလနေထိုင်သူတွေ မဟုတ်ဘဲ အများစုက အိမ်ဖော်လာလုပ်တဲ့ ရွှေ့ပြောင်းအမျိုးသမီးတွေမို့ ရဲတွေက သေချာမစစ်ဆေးဘဲ လျစ်လျှူရှုထားခဲ့ကြတာပါ။

ဒါကြောင့် cyprus ကျွန်းသူကျွန်းသားတွေဟာ ဒီလို ခွဲခြားဆက်ဆံမှုအတွက် အစိုးရကို ဒေါသထွက်ခဲ့ကြပြီး အဲ့တုန်းကသာ သေချာစစ်ဆေးခဲ့ရင် ဒီလောက်ထိ လူတွေအများကြီးသေသွားကြမှာ မဟုတ်ဘူး ဆိုတဲ့ စွပ်စွဲချက်တွေပါ ပြုလုပ်လာခဲ့ပါတယ်။

Cyprus မှာ အလုပ်သွားလုပ်တဲ့ အမျိုးသမီးတွေရဲ့ရင်ဖွင့်ချက်အရ တကယ်ပဲ ခွဲခြားဆက်ဆံမှုတွေ ရှိနေပြီး ကျွန်သာသာ ဆက်ဆံခံရတယ် လို့ ဆိုပါတယ်။ အမျိုးသမီးတွေဟာ တစ်ရက်ကို နာရီပေါင်းများစွာလုပ်ရပေမဲ့ လစာကိုအပြည့်မရကြပါဘူး။ ဒါ့အပြင် အိမ်ရှင်တွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားတာကိုလည်း ခဏခဏ ခံရပါတယ်။ ရဲသွားတိုင်လည်း အရေးယူတယ်ဆိုတာ မရှိသလောက်ပါပဲတဲ့။

ဒီလို အခြေအနေတွေရှိနေပေမယ့်လည်း ဒီအမျိုးသမီးတွေဟာ မူလနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုကို ထောက်ပံံ့နိုင်ဖို့အတွက် သည်းခံပြီး အလုပ်လုပ်ကြရရှာပါတယ်။ ဒီလိုတွေ သည်းခံနေရင်းကမှ သတ်ဖြတ်ခံရတဲ့အထိ ဖြစ်လာတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ Cyprus ကျွန်းသူကျွန်းသားတွေဟာ တရားမျှတမှု၊ တာဝန်ယူ တာဝန်ခံမှုအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ဆိုးကြီးဟာ လက်ရှိ တရားရေးရာဝန်ကြီး Ionas Nicolaou လက်ထက်မှာ ဖြစ်တာမို့ ဝန်ကြီးအနေနဲ့ သူ့ရာထူးက နှုတ်ထွက်လိုက်ခြင်းနဲ့ တာဝန်ယူမှု၊တာဝန်ခံမှု ကို လတ်တလောမှာ ပြသခဲ့ပြီး အစိုးရအနေနဲ့လည်း တောင်းပန်စကားဆိုခဲ့ပါတယ်။

By
Mia (For Her Myanmar)
Reference links: BBC , cyprus-mail.com, Time

No Comments Yet

Comments are closed