ဆလိုဗက္ကီးယားႏိုင္ငံရဲ႕ ပထမဆံုး အမ်ိဳးသမီး သမၼတျဖစ္လာတဲ့ သူ(မ)

ၿပီးခဲ့တဲ့စေနေန႔တုန္းက ဆလိုဗက္ကီးယားရဲ႕ ေရြးေကာက္ပြဲကေန တစ္ဆင့္ ႏိုင္ငံရဲ႕ ပထမဆံုး အမ်ိဳးသမီး သမၼတ ေပၚထြက္လာခဲ့ပါတယ္။

သူ(မ) ရဲ႕ အမည္ကေတာ့ ဇူဇန္နာ ကပူတိုဗာ ျဖစ္ၿပီး အသက္ ၄၅ႏွစ္ ရွိေနၿပီျဖစ္ၿပီး ေရွ႕ေန တစ္ဦးလည္း ျဖစ္ပါတယ္။ အံ့ဩစရာေကာင္းတာကေတာ့ သူ(မ)ဟာ သူ(မ)ထက္ နာမည္ႀကီးတဲ့ ၿပိဳင္ဘက္အမ်ိဳးသား၊ ဝါရင့္သံအမတ္ကို အႏိုင္ယူခဲ့တာပါပဲ။

မား႐ို႕စ္ ဆက္ဖ္ကိုဗင့္ လို အမည္ရတဲ့ အမ်ိဳးသား ၿပိဳင္ဘက္ဟာ နာမည္ႀကီးတဲ့ သံအမတ္တစ္ေယာက္ျဖစ္ေပမဲ့ ႏိုင္ငံေရးအေတြ႕အၾကံဳသိပ္မရွိတဲ့ ဇူဇန္နာ ဟာ သူ႔ကို 58:42 နဲ႔ အႏိုင္ရသြားခဲ့ပါတယ္။

ဇူဇန္နာကေတာ့ ဒီေရြးေကာက္ပြဲကို မေကာင္းသူနဲ႔ ေကာင္းသူၾကားက အားၿပိဳင္ပြဲ လို႔ ေခါင္းစဥ္တပ္ခဲ့ပါတယ္။ တကယ္ေတာ့ ဇူဇန္နာ အေနနဲ႔ ေရြးေကာက္ပြဲ ဝင္ၿပိဳင္ရတာလည္း အေၾကာင္းရင္းေတြ ရွိပါတယ္။

Related Article >>> စိတ္က်န္းမာေရးေဆး႐ံုထဲက အံ့ၾသဖြယ္အမ်ိဳးသမီး နယ္လီ ဘလိုင္း

အဲဒီထဲက တစ္ခုကေတာ့ ဆလိုဗက္ကီးယားမွာ စံုစမ္းစစ္ေဆးေရးဂ်ာနယ္လစ္ ျဖစ္သူ ဂ်န္ကူးဆီးယက္နဲ႔ သူ႔ရဲ႕ ဇနီးေလာင္းကို မင္းမဲ့စရိုက္ ဆန္ဆန္ ေသနတ္နဲ႔ ပစ္သတ္ခံရမႉ ျဖစ္ပြားခဲ့လို႔ပါပဲ။

အသတ္ခံရသူ ဂ်ာနယ္လစ္ဟာ အစိုးရရဲ႕ အခြန္ကိစၥ လိမ္လည္မႉကို စံုစမ္းေရးသားတာနဲ႔ ဆက္ႏြယ္ၿပီး လုပ္ၾကံခံရတယ္လို႔ ေကာက္ခ်က္ခ်ၾကပါတယ္။

ဒီလို လက္ရွိ အာဏာရ အစိုးရရဲ႕ လုပ္ရပ္ေတြကို မေက်နပ္တာေၾကာင့္ ” မေကာင္းမႈကို ဆန္႔က်င္တြန္းလွန္ၾကပါ။ ငါတို႔အားလံုးညီရင္ လုပ္ႏိုင္ပါတယ္” လို႔ မဲဆြယ္ပိုစတာမွာ ရဲရင့္စြာ ေရးသားၿပီး ယွဥ္ၿပိဳင္ခဲ့ပါတယ္။

Related Article >>> အဂၤလိပ္ကို လက္နက္ကိုင္ေတာ္လွန္ခဲ့တဲ့ အိႏၵိယ က ဂ်န္စီမိဖုရား

ဇူဇန္နာဟာ ၁၄ႏွစ္ေလာက္ၾကာတဲ့ တရားမဝင္ အမႈိက္စြန္႔ပစ္ေျမကိစၥ ကို ဆန္႔က်င္တဲ့ ဘက္ကေန ေရွ႕ေနလိုက္ေပးခဲ့ရာမွ ႏိုင္ငံတစ္ဝွမ္း လူသိမ်ားလာခဲ့ပါတယ္။

သူမဟာ ဆလိုဗက္ကီးယားရဲ႕ လစ္ဘရယ္ဝါဒ တိုးတက္ေရးပါတီ က ျဖစ္ၿပီး ဒီပါတီဟာ လူႀကိဳက္မမ်ားတာမို႔ လႊတ္ေတာ္မွာ တစ္ေနရာမွ မရထားပါဘူး။

ဒါေပမဲ့ ျပည္သူေတြဟာ သူ(မ)ရဲ႕ ရဲရင့္ ျပတ္သားမႈေၾကာင့္ ပါတီကို မၾကည့္ဘဲ လူကိုပဲ ၾကည့္ၿပီး မဲေပးခဲ့ၾကပါတယ္။

ဒါ့အျပင္ သူ(မ)ဟာ  ကြာရွင္းထားသူ ကေလး၂ေယာက္ အေမ ျဖစ္ေပမဲ့ ဆလိုဗက္ကီးယား လူ႔အဖြဲ႕အစည္းအေနနဲ႔ ဒီအမ်ိဳးသမီးရဲ႕ ပုဂၢိဳလ္ေရးအေျခအေနေတြ၊ လူမႈေရးအေျခအေနေတြကို ေရွးရိုးဆန္ဆန္ထည့္စဥ္းစားတာမ်ိဳး မလုပ္ခဲ့ပါဘူး။ သူ(မ)ရဲ႕ လုပ္ရပ္နဲ႔ ကိုယ္က်င့္တရားကိုသာ ၾကည့္ၿပီး သူ(မ)ကို ေရြးခ်ယ္ဖို႔ ဆံုးျဖတ္ခဲ့ၾကတာ ေလးစားစရာပါပဲ။

သမၼတေနရာဟာ ဆလိုဗက္ကီးယားႏိုင္ငံမွာ အေဆာင္အေယာင္သာသာပဲ ျဖစ္ေပမဲ့ ဇူဇန္နာတစ္ေယာက္ သမၼတျဖစ္လာျခင္းေၾကာင့္ ေကာင္းမြန္တဲ့အလားအလာေတြ၊ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္လာလိမ့္မယ္လို႔ ျပည္သူေတြက ေမ်ာ္လင့္ထားၾကပါတယ္။

By

Mia (For Her Myanmar)

Reference links: bbc.com , NPR

<<< Unicode >>>

ပြီးခဲ့တဲ့စနေနေ့တုန်းက ဆလိုဗက်ကီးယားရဲ့ ရွေးကောက်ပွဲကနေ တစ်ဆင့် နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ပေါ်ထွက်လာခဲ့ပါတယ်။

သူ(မ) ရဲ့ အမည်ကတော့ ဇူဇန်နာ ကပူတိုဗာ ဖြစ်ပြီး အသက် ၄၅နှစ် ရှိနေပြီဖြစ်ပြီး ရှေ့နေ တစ်ဦးလည်း ဖြစ်ပါတယ်။ အံ့ဩစရာကောင်းတာကတော့ သူ(မ)ဟာ သူ(မ)ထက် နာမည်ကြီးတဲ့ ပြိုင်ဘက်အမျိုးသား၊ ဝါရင့်သံအမတ်ကို အနိုင်ယူခဲ့တာပါပဲ။

မားရို့စ် ဆက်ဖ်ကိုဗင့် လို အမည်ရတဲ့ အမျိုးသား ပြိုင်ဘက်ဟာ နာမည်ကြီးတဲ့ သံအမတ်တစ်ယောက်ဖြစ်ပေမဲ့ နိုင်ငံရေးအတွေ့အကြုံသိပ်မရှိတဲ့ ဇူဇန်နာ ဟာ သူ့ကို 58:42 နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဇူဇန်နာကတော့ ဒီရွေးကောက်ပွဲကို မကောင်းသူနဲ့ ကောင်းသူကြားက အားပြိုင်ပွဲ လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။ တကယ်တော့ ဇူဇန်နာ အနေနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ရတာလည်း အကြောင်းရင်းတွေ ရှိပါတယ်။

Related Article >>> စိတ်ကျန်းမာရေးဆေးရုံထဲက အံ့သြဖွယ်အမျိုးသမီး နယ်လီ ဘလိုင်း

အဲဒီထဲက တစ်ခုကတော့ ဆလိုဗက်ကီးယားမှာ စုံစမ်းစစ်ဆေးရေးဂျာနယ်လစ် ဖြစ်သူ ဂျန်ကူးဆီးယက်နဲ့ သူ့ရဲ့ ဇနီးလောင်းကို မင်းမဲ့စရိုက် ဆန်ဆန် သေနတ်နဲ့ ပစ်သတ်ခံရမှူ ဖြစ်ပွားခဲ့လို့ပါပဲ။

အသတ်ခံရသူ ဂျာနယ်လစ်ဟာ အစိုးရရဲ့ အခွန်ကိစ္စ လိမ်လည်မှူကို စုံစမ်းရေးသားတာနဲ့ ဆက်နွယ်ပြီး လုပ်ကြံခံရတယ်လို့ ကောက်ချက်ချကြပါတယ်။

ဒီလို လက်ရှိ အာဏာရ အစိုးရရဲ့ လုပ်ရပ်တွေကို မကျေနပ်တာကြောင့် ” မကောင်းမှုကို ဆန့်ကျင်တွန်းလှန်ကြပါ။ ငါတို့အားလုံးညီရင် လုပ်နိုင်ပါတယ်” လို့ မဲဆွယ်ပိုစတာမှာ ရဲရင့်စွာ ရေးသားပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။

Related Article >>> အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ အိန္ဒိယ က ဂျန်စီမိဖုရား

ဇူဇန်နာဟာ ၁၄နှစ်လောက်ကြာတဲ့ တရားမဝင် အမှိုက်စွန့်ပစ်မြေကိစ္စ ကို ဆန့်ကျင်တဲ့ ဘက်ကနေ ရှေ့နေလိုက်ပေးခဲ့ရာမှ နိုင်ငံတစ်ဝှမ်း လူသိများလာခဲ့ပါတယ်။

သူမဟာ ဆလိုဗက်ကီးယားရဲ့ လစ်ဘရယ်ဝါဒ တိုးတက်ရေးပါတီ က ဖြစ်ပြီး ဒီပါတီဟာ လူကြိုက်မများတာမို့ လွှတ်တော်မှာ တစ်နေရာမှ မရထားပါဘူး။

ဒါပေမဲ့ ပြည်သူတွေဟာ သူ(မ)ရဲ့ ရဲရင့် ပြတ်သားမှုကြောင့် ပါတီကို မကြည့်ဘဲ လူကိုပဲ ကြည့်ပြီး မဲပေးခဲ့ကြပါတယ်။

ဒါ့အပြင် သူ(မ)ဟာ ကွာရှင်းထားသူ ကလေး၂ယောက် အမေ ဖြစ်ပေမဲ့ ဆလိုဗက်ကီးယား လူ့အဖွဲ့အစည်းအနေနဲ့ ဒီအမျိုးသမီးရဲ့ ပုဂ္ဂိုလ်ရေးအခြေအနေတွေ၊ လူမှုရေးအခြေအနေတွေကို ရှေးရိုးဆန်ဆန်ထည့်စဉ်းစားတာမျိုး မလုပ်ခဲ့ပါဘူး။ သူ(မ)ရဲ့ လုပ်ရပ်နဲ့ ကိုယ်ကျင့်တရားကိုသာ ကြည့်ပြီး သူ(မ)ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ လေးစားစရာပါပဲ။

သမ္မတနေရာဟာ ဆလိုဗက်ကီးယားနိုင်ငံမှာ အဆောင်အယောင်သာသာပဲ ဖြစ်ပေမဲ့ ဇူဇန်နာတစ်ယောက် သမ္မတဖြစ်လာခြင်းကြောင့် ကောင်းမွန်တဲ့အလားအလာတွေ၊ အကျိုးသက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ပြည်သူတွေက မျော်လင့်ထားကြပါတယ်။

By

Mia (For Her Myanmar)

Reference links: bbc.com , NPR

No Comments Yet

Comments are closed