Knowledge

အေမရိကန္တစ္ႏိုင္ငံလံုးအံ့အားသင့္ခဲ့ရတဲ့ မာဂရက္ နဲ႔ ေဝၚလတာတို႔ရဲ႕အမႈ

ဒီအမႈဟာ အမ်ိဳးသမီးထုနဲ႔ သက္ဆိုင္တယ္ဆုိလည္း မမွားပါဘူး

၁၉၈၆ ခုႏွစ္က အေမရိကန္ ျပည္ေထာင္စုမွာ အမ်ားစိတ္ဝင္စားရတဲ့ အမႈတစ္ခုေပါ့ ေယာင္းတို႔ေရ… အမႈက မဆန္းသလိုလိုနဲ႔ ဆန္းတဲ့အမႈပါ။ မဆန္းတာကေတာ့ တစ္ခုလပ္ အမ်ိဳးသမီးတစ္ဦးက သူ႔ရဲ႕ ခင္ပြန္းေဟာင္းကို အသေရဖ်က္မႈနဲ႔ တရားစြဲတာပါ။

အစြဲခံရသူက နာမည္ေက်ာ္ ေရာင္းအားေကာင္း ပန္းခ်ီဆရာတစ္ဦးျဖစ္တဲ့အတြက္ ဒီအမႈကို လူေတြစိတ္ဝင္စားခဲ့ၾကပါတယ္။ ဆန္းတဲ့ အခ်က္ကေတာ့ အသေရဖ်က္ခံရတယ္လုိ႔ စြပ္စြဲတဲ့အမ်ိဳးသမီးက ထူးျခားတဲ့ အေၾကာင္းအရာတစ္ခုကို လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ ၁၉၇၀ ခုႏွစ္က ေရဒီယိုအစီအစဥ္တစ္ခုမွာ ေၾကညာခဲ့တာေၾကာင့္ပါ။

ဒီအမ်ိဳးသမီးေျပာခဲ့တာကေတာ့ သူ႔ခင္ပြန္းရဲ႕ နာမည္ေက်ာ္ ပန္းခ်ီေတြအားလံုးကို သူက ဆြဲေပးခဲ့ပါသတဲ့။ သူ႔ခင္ပြန္းကေတာ့ ပန္းခ်ီကားတစ္ခ်ပ္ေတာင္ ဟုတ္တိပတ္တိမေရးဆြဲခဲ့ပဲ သူ႔ဇနီးဆြဲသမွ်ပန္းခ်ီကားတိုင္းကို သူ႔အမည္ခံခဲ့ၿပီး ေက်ာ္ၾကားလာခဲ့သူလို႔ ဆိုပါတယ္။

ဒီလို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးကတည္းက လူအမ်ားစိတ္ဝင္စားခဲ့ၾကေပမဲ့ ဘယ္သူ႕ဘက္က မွန္လဲ မွားလဲဆိုတာ မသိခဲ့ရပါဘူး။ အစြပ္စြဲခံရသူ နာမည္ေက်ာ္ ပန္းခ်ီဆရာ ေဝၚလတာကေတာ့ ဒါကို လံုးဝျငင္းဆုိခဲ့ပါတယ္။

Related Article >>> ေဟာလိဝုဒ္ကို တုန္လႈပ္ေစခဲ့တဲ့ အမ်ိဳးသမီးသတင္းေထာက္ႏွစ္ဦး Jodi Kantor and Megan Twohey

တစ္ခ်ိန္က ေဝၚလတာ နဲ႔ မာဂရက္

စြပ္စြဲသူ ဇနီးေဟာင္း မာဂရက္က အမွန္အမွားကို လူေတြသိေစဖို႔ ပန္းခ်ီအတူဆြဲၿပီး ဆံုးျဖတ္မယ္လုိ႔ စိန္ေခၚခဲ့တာကိုလည္း ေဝၚလတာက မသိခ်င္ေယာင္ေဆာင္ေနခဲ့ပါတယ္။ ဒါတင္မက မာဂရက္ကို ထိခုိက္ေစမယ့္ စကားေတြကို မီဒီယာေတြက တစ္ဆင့္ေျပာဆုိခဲ့ပါတယ္။

ဒါေၾကာင့္ မာဂရက္က သူ႔ကို အသေရဖ်က္မႈနဲ႔ တရားစြဲလုိက္တာပါ။ သံုးပတ္ခြဲၾကာေလာက္ ဒီအမႈကို တရားခြင္မွာ စစ္ေဆးၿပီးခ်ိန္မွာေတာ့ တရားသူႀကီးက ဒီလို စီစဥ္ခဲ့ပါတယ္။ အဲဒါကေတာ့ တရားခြင္ထဲက ပရိသတ္ေတြေ႐ွ႕မွာ ႏွစ္ေယာက္သားပန္းခ်ီဆြဲျပရမွာပါ။ ဒီလို ဆြဲထားတဲ့ ပန္းခ်ီကားကိုၾကည့္ၿပီး အ႐ံႈးအႏိုင္ဆံုးျဖတ္မယ္လုိ႔ တရားသူႀကီးက ဆိုခဲ့ပါတယ္။

ဒီအခါ မာဂရက္က ျပံဳး႐ႊင္စြာ ပန္းခ်ီဆြဲျပခဲ့ေပမဲ့ ေဝၚလတာကေတာ့ သူ လက္နာေနလို႔ မဆြဲႏိုင္ေၾကာင္း ဆင္ေျခေပးခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ တရားသူႀကီးက မာဂရက္ကို အမႈအႏိုင္ေပးခဲ့ၿပီး ေဝၚလတာက နစ္နာေၾကး သံုးသန္းေပးဖို႔ အမိန္႔ခ်ခဲ့ပါတယ္။

တကယ္တမ္းမွာေတာ့ မာဂရက္ဟာ နစ္နာေၾကးတစ္ျပားတစ္ခ်ပ္မွ မရခဲ့ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ေဝၚလတာက ပန္းခ်ီကားေတြကေန ရ႐ွိတဲ့ အက်ိဳးအျမတ္အားလံုးကို သံုးျဖဳန္းလုိက္တာမို႔ ဘာမွမက်န္ေတာ့လုိ႔ပါ။

ဘာပဲျဖစ္ျဖစ္ သူ႔ရဲ႕ နာမည္ကို ဆယ္လိုက္ႏုိင္တာကို မာဂရက္ေက်နပ္ေနလို႔ ေငြေၾကးအတြက္ ေသာကမေရာက္ခဲ့ပါဘူး။ မာဂရက္ဟာ ယေန႔အထိ က်န္းမာစြာ အသက္႐ွင္လွ်က္႐ွိၿပီး  ပန္းခ်ီကားေတြေရးဆြဲေနဆဲပါပဲ။

ဘြားဘြားမာဂရက္

ေဝၚလတာကေတာ့ သူဟာ ပန္းခ်ီဆရာအစစ္ျဖစ္တယ္လုိ႔ တစ္သက္လံုးေျပာဆုိရင္း အရက္သမားႀကီးဘဝနဲ႔ ဆင္းရဲစြာေသဆံုးခဲ့ရပါတယ္။

အင္တာဗ်ဴးေတြမွာ ဘာေၾကာင့္ သူ႔အတြက္ ပန္းခ်ီကားေတြဆြဲေပးခဲ့ရသလဲလုိ႔ ေမးျမန္းတဲ့အခါ မာဂရက္က ဒီလုိေျဖၾကားခဲ့ပါတယ္။

Related Article >>> အေျပာင္းအလဲတစ္ခုအတြက္ စကားသံေလးေတြလိုအပ္ပါတယ္

“ကၽြန္မက အိမ္မွာေနၿပီး ပန္းခ်ီဆြဲရတာကိုပဲ ႏွစ္သက္သူပါ။ အျပင္ေတြ ဘာေတြလည္း မထြက္တတ္ဘူး။ ေဝၚလတာကေတာ့ စကားကို ႐ႊန္း႐ႊန္းေဝေအာင္ ေျပာတတ္သူပါ။ ဒီေတာ့ သူက အျပင္ထြက္ၿပီး ပန္းခ်ီကားေတြ ေရာင္းေပးတယ္ေလ။ ကၽြန္မရဲ႕ ပန္းခ်ီကားေတြကို သူ႔နာမည္ခံထားတယ္ဆုိတာ ကၽြန္မသိလိုက္ေတာ့ ေဒါသထြက္ခဲ့ပါတယ္။

ဒါေပမဲ့ ေဝၚလတာက ကၽြန္မကို ေခ်ာ့လည္း ေခ်ာ့၊ ေျခာက္လည္းေျခာက္ၿပီး သူ႔အတြက္ ပန္းခ်ီကားမ်ားစြာ ဆြဲေစခဲ့ပါတယ္။ ကၽြန္မဟာ တစ္ေန႔ကို ဆယ့္ေျခာက္နာရီေလာက္ ပန္းခ်ီဆြဲခဲ့ရပါတယ္။ ေမွာင္မည္းေနတဲ့ အခန္းထဲမွာေနၿပီး အျပင္ထြက္ခြင့္ေတာင္ ကၽြန္မကိုမေပးဘဲ သူလုိသေလာက္ပန္းခ်ီေတြ ဆြဲေစခဲ့ပါတယ္။

ဒီအျဖစ္မွန္ကိုေဖာ္ထုတ္ရင္ ကၽြန္မနဲ႔ ကၽြန္မသမီး (အရင္အိမ္ေထာင္မွသမီး) ကို သတ္ပစ္မယ္လို႔ အႀကိမ္ႀကိမ္ၿခိမ္းေျခာက္ခဲ့ပါတယ္” လို႔ မာဂရက္က ဆိုပါတယ္။

သူ႔လက္ရာပန္းခ်ီေတြနဲ႔ မာဂရက္

မာဂရက္ရဲ႕ ပန္းခ်ီကားေတြမွာ ပါဝင္တာက အမ်ားအားျဖင့္ ကေလးေတြနဲ႔ မိန္းမေတြပါ။ ထူးျခားခ်က္က သူတို႔ရဲ႕မ်က္လံုးေတြက ႀကီးမားျပဴးက်ယ္ေနၾကတာပါ။ အဲဒီမ်က္လံုးေတြကတစ္ဆင့္ သူတို႔ရဲ႕ စိတ္ခံစားခ်က္ကို အတုိင္းသားျမင္ေနရတာကို လူေတြက သေဘာက်ခဲ့တာပါ။

မာဂရက္ဟာ အိမ္ေထာင္သက္ ဆယ္ႏွစ္ေက်ာ္အၾကာမွာ ေဝၚလတာနဲ႔ ကြာ႐ွင္းခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ ၿခိမ္းေျခာက္မႈေအာက္မွာ ပန္းခ်ီကားမ်ားစြာကို ဆြဲေပးခဲ့ရပါေသးတယ္။ ေနာက္ဆံုးမွာမွ အျဖစ္မွန္ကို ေျပာျပဖုိ႔ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

အခုေခတ္ အမ်ိဳးသမီးေတြအေနနဲ႔ မာဂရက္ေခါင္းငံု႔ခံရတာကို နားမလည္ႏုိင္ျဖစ္ခ်င္ျဖစ္မွာပါ။ တကယ္ေတာ့ မာဂရက္တို႔ေခတ္က အမ်ိဳးသမီးေတြဟာ အႏွိမ္ခံရဆဲ၊ လင္ေယာက်္ားရဲ႕ ဆံုးျဖတ္သမွ်ကို နာခံရဆဲ ကာလေတြပါ။

ဒီအစဥ္အလာေတြ၊ အမွီအခိုမ႐ွိဘဲ မရပ္တည္ရဲတဲ့ စိတ္ေတြေၾကာင့္ အမ်ိဳးသမီးမ်ားစြာဟာ အႏိုင္က်င့္မႈေတြကို ေခါင္းငံု႔ခံခဲ့ၾကရပါတယ္။ မာဂရက္ကေတာ့ ေနာက္ဆံုးမွာ သတၱိ႐ွိစြာ ႐ုန္းထြက္ႏိုင္ခဲ့ပါတယ္။ မာဂရက္ရဲ႕ ဒီဇာတ္ေၾကာင္းကိုေတာ့ Big Eyes ဆိုၿပီး ႐ုပ္႐ွင္ျပန္လည္ ရိုက္ကူးခဲ့ၿပီး ဒီရုပ္ရွင္ကလည္း ေအာင္ျမင္ခဲ့ပါတယ္။

ေယာင္းတုိ႔လည္း အမွီခိုကင္းၿပီး ရဲဝံ့တဲ့ အမ်ိဳးသမီးငယ္ေလးေတြျဖစ္ၾကပါေစေနာ္။

Sugar Cane (For Her Myanmar)

References: peopletheguardian

<<< Unicode >>>

ဒီအမှုဟာ အမျိုးသမီးထုနဲ့ သက်ဆိုင်တယ်ဆိုလည်း မမှားပါဘူး

၁၉၈၆ ခုနှစ်က အမေရိကန် ပြည်ထောင်စုမှာ အများစိတ်ဝင်စားရတဲ့ အမှုတစ်ခုပေါ့ ယောင်းတို့ရေ… အမှုက မဆန်းသလိုလိုနဲ့ ဆန်းတဲ့အမှုပါ။ မဆန်းတာကတော့ တစ်ခုလပ် အမျိုးသမီးတစ်ဦးက သူ့ရဲ့ ခင်ပွန်းဟောင်းကို အသရေဖျက်မှုနဲ့ တရားစွဲတာပါ။

အစွဲခံရသူက နာမည်ကျော် ရောင်းအားကောင်း ပန်းချီဆရာတစ်ဦးဖြစ်တဲ့အတွက် ဒီအမှုကို လူတွေစိတ်ဝင်စားခဲ့ကြပါတယ်။ ဆန်းတဲ့ အချက်ကတော့ အသရေဖျက်ခံရတယ်လို့ စွပ်စွဲတဲ့အမျိုးသမီးက ထူးခြားတဲ့ အကြောင်းအရာတစ်ခုကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ၁၉၇၀ ခုနှစ်က ရေဒီယိုအစီအစဉ်တစ်ခုမှာ ကြေညာခဲ့တာကြောင့်ပါ။

ဒီအမျိုးသမီးပြောခဲ့တာကတော့ သူ့ခင်ပွန်းရဲ့ နာမည်ကျော် ပန်းချီတွေအားလုံးကို သူက ဆွဲပေးခဲ့ပါသတဲ့။ သူ့ခင်ပွန်းကတော့ ပန်းချီကားတစ်ချပ်တောင် ဟုတ်တိပတ်တိမရေးဆွဲခဲ့ပဲ သူ့ဇနီးဆွဲသမျှပန်းချီကားတိုင်းကို သူ့အမည်ခံခဲ့ပြီး ကျော်ကြားလာခဲ့သူလို့ ဆိုပါတယ်။

ဒီလို ထုတ်ဖော်ပြောကြားခဲ့ပြီးကတည်းက လူအများစိတ်ဝင်စားခဲ့ကြပေမဲ့ ဘယ်သူ့ဘက်က မှန်လဲ မှားလဲဆိုတာ မသိခဲ့ရပါဘူး။ အစွပ်စွဲခံရသူ နာမည်ကျော် ပန်းချီဆရာ ဝေါ်လတာကတော့ ဒါကို လုံးဝငြင်းဆိုခဲ့ပါတယ်။

Related Article >>> ဟောလိဝုဒ်ကို တုန်လှုပ်စေခဲ့တဲ့ အမျိုးသမီးသတင်းထောက်နှစ်ဦး Jodi Kantor and Megan Twohey

တစ်ချိန်က ဝေါ်လတာ နဲ့ မာဂရက်

စွပ်စွဲသူ ဇနီးဟောင်း မာဂရက်က အမှန်အမှားကို လူတွေသိစေဖို့ ပန်းချီအတူဆွဲပြီး ဆုံးဖြတ်မယ်လို့ စိန်ခေါ်ခဲ့တာကိုလည်း ဝေါ်လတာက မသိချင်ယောင်ဆောင်နေခဲ့ပါတယ်။ ဒါတင်မက မာဂရက်ကို ထိခိုက်စေမယ့် စကားတွေကို မီဒီယာတွေက တစ်ဆင့်ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် မာဂရက်က သူ့ကို အသရေဖျက်မှုနဲ့ တရားစွဲလိုက်တာပါ။ သုံးပတ်ခွဲကြာလောက် ဒီအမှုကို တရားခွင်မှာ စစ်ဆေးပြီးချိန်မှာတော့ တရားသူကြီးက ဒီလို စီစဉ်ခဲ့ပါတယ်။ အဲဒါကတော့ တရားခွင်ထဲက ပရိသတ်တွေရှေ့မှာ နှစ်ယောက်သားပန်းချီဆွဲပြရမှာပါ။ ဒီလို ဆွဲထားတဲ့ ပန်းချီကားကိုကြည့်ပြီး အရှုံးအနိုင်ဆုံးဖြတ်မယ်လို့ တရားသူကြီးက ဆိုခဲ့ပါတယ်။

ဒီအခါ မာဂရက်က ပြုံးရွှင်စွာ ပန်းချီဆွဲပြခဲ့ပေမဲ့ ဝေါ်လတာကတော့ သူ လက်နာနေလို့ မဆွဲနိုင်ကြောင်း ဆင်ခြေပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တရားသူကြီးက မာဂရက်ကို အမှုအနိုင်ပေးခဲ့ပြီး ဝေါ်လတာက နစ်နာကြေး သုံးသန်းပေးဖို့ အမိန့်ချခဲ့ပါတယ်။

တကယ်တမ်းမှာတော့ မာဂရက်ဟာ နစ်နာကြေးတစ်ပြားတစ်ချပ်မှ မရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝေါ်လတာက ပန်းချီကားတွေကနေ ရရှိတဲ့ အကျိုးအမြတ်အားလုံးကို သုံးဖြုန်းလိုက်တာမို့ ဘာမှမကျန်တော့လို့ပါ။

ဘာပဲဖြစ်ဖြစ် သူ့ရဲ့ နာမည်ကို ဆယ်လိုက်နိုင်တာကို မာဂရက်ကျေနပ်နေလို့ ငွေကြေးအတွက် သောကမရောက်ခဲ့ပါဘူး။ မာဂရက်ဟာ ယနေ့အထိ ကျန်းမာစွာ အသက်ရှင်လျှက်ရှိပြီး  ပန်းချီကားတွေရေးဆွဲနေဆဲပါပဲ။

ဘွားဘွားမာဂရက်

ဝေါ်လတာကတော့ သူဟာ ပန်းချီဆရာအစစ်ဖြစ်တယ်လို့ တစ်သက်လုံးပြောဆိုရင်း အရက်သမားကြီးဘဝနဲ့ ဆင်းရဲစွာသေဆုံးခဲ့ရပါတယ်။

အင်တာဗျူးတွေမှာ ဘာကြောင့် သူ့အတွက် ပန်းချီကားတွေဆွဲပေးခဲ့ရသလဲလို့ မေးမြန်းတဲ့အခါ မာဂရက်က ဒီလိုဖြေကြားခဲ့ပါတယ်။

Related Article >>> အပြောင်းအလဲတစ်ခုအတွက် စကားသံလေးတွေလိုအပ်ပါတယ်

“ကျွန်မက အိမ်မှာနေပြီး ပန်းချီဆွဲရတာကိုပဲ နှစ်သက်သူပါ။ အပြင်တွေ ဘာတွေလည်း မထွက်တတ်ဘူး။ ဝေါ်လတာကတော့ စကားကို ရွှန်းရွှန်းဝေအောင် ပြောတတ်သူပါ။ ဒီတော့ သူက အပြင်ထွက်ပြီး ပန်းချီကားတွေ ရောင်းပေးတယ်လေ။ ကျွန်မရဲ့ ပန်းချီကားတွေကို သူ့နာမည်ခံထားတယ်ဆိုတာ ကျွန်မသိလိုက်တော့ ဒေါသထွက်ခဲ့ပါတယ်။

ဒါပေမဲ့ ဝေါ်လတာက ကျွန်မကို ချော့လည်း ချော့၊ ခြောက်လည်းခြောက်ပြီး သူ့အတွက် ပန်းချီကားများစွာ ဆွဲစေခဲ့ပါတယ်။ ကျွန်မဟာ တစ်နေ့ကို ဆယ့်ခြောက်နာရီလောက် ပန်းချီဆွဲခဲ့ရပါတယ်။ မှောင်မည်းနေတဲ့ အခန်းထဲမှာနေပြီး အပြင်ထွက်ခွင့်တောင် ကျွန်မကိုမပေးဘဲ သူလိုသလောက်ပန်းချီတွေ ဆွဲစေခဲ့ပါတယ်။

ဒီအဖြစ်မှန်ကိုဖော်ထုတ်ရင် ကျွန်မနဲ့ ကျွန်မသမီး (အရင်အိမ်ထောင်မှသမီး) ကို သတ်ပစ်မယ်လို့ အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပါတယ်” လို့ မာဂရက်က ဆိုပါတယ်။

သူ့လက်ရာပန်းချီတွေနဲ့ မာဂရက်

မာဂရက်ရဲ့ ပန်းချီကားတွေမှာ ပါဝင်တာက အများအားဖြင့် ကလေးတွေနဲ့ မိန်းမတွေပါ။ ထူးခြားချက်က သူတို့ရဲ့မျက်လုံးတွေက ကြီးမားပြူးကျယ်နေကြတာပါ။ အဲဒီမျက်လုံးတွေကတစ်ဆင့် သူတို့ရဲ့ စိတ်ခံစားချက်ကို အတိုင်းသားမြင်နေရတာကို လူတွေက သဘောကျခဲ့တာပါ။

မာဂရက်ဟာ အိမ်ထောင်သက် ဆယ်နှစ်ကျော်အကြာမှာ ဝေါ်လတာနဲ့ ကွာရှင်းခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ခြိမ်းခြောက်မှုအောက်မှာ ပန်းချီကားများစွာကို ဆွဲပေးခဲ့ရပါသေးတယ်။ နောက်ဆုံးမှာမှ အဖြစ်မှန်ကို ပြောပြဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အခုခေတ် အမျိုးသမီးတွေအနေနဲ့ မာဂရက်ခေါင်းငုံ့ခံရတာကို နားမလည်နိုင်ဖြစ်ချင်ဖြစ်မှာပါ။ တကယ်တော့ မာဂရက်တို့ခေတ်က အမျိုးသမီးတွေဟာ အနှိမ်ခံရဆဲ၊ လင်ယောကျ်ားရဲ့ ဆုံးဖြတ်သမျှကို နာခံရဆဲ ကာလတွေပါ။

ဒီအစဉ်အလာတွေ၊ အမှီအခိုမရှိဘဲ မရပ်တည်ရဲတဲ့ စိတ်တွေကြောင့် အမျိုးသမီးများစွာဟာ အနိုင်ကျင့်မှုတွေကို ခေါင်းငုံ့ခံခဲ့ကြရပါတယ်။ မာဂရက်ကတော့ နောက်ဆုံးမှာ သတ္တိရှိစွာ ရုန်းထွက်နိုင်ခဲ့ပါတယ်။ မာဂရက်ရဲ့ ဒီဇာတ်ကြောင်းကိုတော့ Big Eyes ဆိုပြီး ရုပ်ရှင်ပြန်လည် ရိုက်ကူးခဲ့ပြီး ဒီရုပ်ရှင်ကလည်း အောင်မြင်ခဲ့ပါတယ်။

ယောင်းတို့လည်း အမှီခိုကင်းပြီး ရဲဝံ့တဲ့ အမျိုးသမီးငယ်လေးတွေဖြစ်ကြပါစေနော်။

Sugar Cane (For Her Myanmar)

References:peopletheguardian

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *