Knowledge

(၉) ဂဏန်းပိုင်ရှင်တို့ အကြောင်း တစ်စေ့တစောင်း



ကိုယ်ကျင့်တရား




စိတ်နေစိတ်ထား



အချစ်ရေး




With love

Ei Mon (For Her Myanmar)

<<<Unicode>>>

တိုက်ဆိုင်လွန်းလို့ ဆွံ့အသွားတယ် 🤐🤐

အင်္ဂလိပ်တွေကတော့ ၇ နဲ့ ၉ ဂဏန်းကို ကံကောင်းစေတယ်လို့ မှတ်ယူပြီး Lucky 7 ၊ Lucky 9 ဆိုပြီး သတ်မှတ်ကြပါတယ်။ မြန်မာတွေကတော့ ၇ ၊ ၉ အပြင် ဆယ့်တစ်မီး ငြိမ်းစေတဲ့ (၁၁) ကိုလည်း အလေးပေးတတ်ကြပါတယ်။ လတစ်လ ရဲ့ ၉ ၊ ၁၈ နဲ့ ၂၇ ရက်နေ့မှာ မွေးဖွားသူတွေက ကိုးဂဏန်း ပိုင်ရှင်တွေပါ။ ဒီရက်မှာ မွေးဖွားတဲ့ ရာသီခွင်ပိုင်ရှင်တွေက မိဿရာသီဖွား၊ ဗြိ စ္ဆာရာသီ ဖွားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။

ကိုယ်ကျင့်တရား

အတိတ်ဘဝက ဗဟုသုတနဲ့ အသိပညာတွေကို ဆင့်ကဲသယ်နိုင်စွမ်း ရှိသူတွေလို့ ပြောနိုင်သလို လက်ရှိဘဝမှာ ပြန်လည်ဖြန့်ဝေမယ့်သူလည်း ဖြစ်ပါတယ်။ အပြောအဆို ၊ အရေးအသား ကောင်းမွန်လို့ ထွန်းပေါက်အောင်မြင်မှာလည်း ဖြစ်ပါတယ်။ ကိုးဂဏန်းဆိုတာက ကံအကောင်းဆုံးဖြစ်လို့ အခြားသူတွေ အားကျရာ ဖြစ်နိုင်သလို ထင်သာမြင်သာလည်း ဖြစ်နိုင်ပါတယ်။  ကိုယ်မှန်ရာအတွက် တိုက်ပွဲဝင်ဖို့ ဝန်မလေးသလို စိတ်ရှည်သည်းခံစိတ်လည်း မမွေးတတ်သူတွေပါ။ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ စိတ်ပျက် ငြူစူတတ်ကြပါတယ်။

ဉာဏ်ကောင်းပြီး စိန်ခေါ်မှုတွေကို ရှာဖွေဖို့ စိတ်အားထက်သန်တယ်။ စိတ်ဆောင်တဲ့ အရာတိုင်းကို ရုပ်က လိုက်နိုင်တယ်။ စိတ်ဝင်စားပြီဆိုရင် တက်တက်ကြွကြွ လုပ်နိုင်တယ်။

Related Article>>>၂၀၁၉ အတွက် ရာသီခွင်အလိုက် ယောင်းတို့ရဲ့ အချစ်ရေး

စိတ်နေစိတ်ထား

ဘဝက အခါးကျွေးပေမဲ့ ဒါကို အချိုအဖြစ် ပြောင်းနိုင်သူက ကိုးဂဏန်းသမားတွေပါပဲ။ သစ္စာရှိတဲ့ သူငယ်ချင်း အပေါင်းအဖော်ဖြစ်ပေမဲ့ ကိုယ့်အပေါ် သစ္စာဖောက်လာပြီဆိုရင် အချိန်မရွေး ရန်သူအဖြစ် သတ်မှတ်ဖို့ ဝန်မလေးသူပါ။

လူ့အတွင်းစိတ်ကို နက်နက်နဲနဲ နားလည်နိုင်စွမ်း ရှိသလို စိတ်ဝိဉာဉ်နဲ့ အတွေးအခေါ် နှစ်ခုလုံးကို ပေါင်းစပ်နိုင်သူတွေပါ။ ဒီလို လူမျိုးတွေက အချိန် ၊ ငွေ ၊ ခွန်အားနဲ့ ပတ်သက်လာရင် ရက်ရောတတ်ကြပါတယ်။ တရားမျှတမှုအတွက် တိုက်ယူဖို့ ဝန်မလေးသလို ကိုယ်တိုင် မတိုက်နိုင်သူတွေကိုလည်း ခွန်အားပေးပါတယ်။

အချစ်ရေး

အရမ်းလည်း ရိုမန့်တစ် ဆန်တယ်။ အရမ်းကြီး ထက်မြက်နေတော့ လက်တွဲဖော်က နောက်ကျကျန်ခဲ့တယ်။ ခံစားချက်တွေကို လွယ်လွယ်နဲ့ ရင်မဖွင့်တော့ နားလည်ရခက်တယ်။ အပြင်ပန်းက တင်းမာပေမဲ့ အတွင်းစိတ် ပျော့တယ်။ ဒါကြောင့်ပဲ ယောင်းကို နားမလည်တဲ့သူတွေက ယောင်းကို ကြောက်ကြတာပါ။

ကိုးဂဏန်းပိုင်ရှင် ယောင်းတွေ သိထားတဲ့ တခြားအချက်လေးတွေ ရှိရင်လည်း ပြောပြကြဦးနော်…

Reference: psychic-readings-guide, micheleknight.com

With love

Ei Mon (For Her Myanmar)

Ei Mon
Ei Mon
For Her Myanmar ရဲ့တက်သစ်စ ဆောင်းပါးရှင် အိမွန်ဖြစ်ပါတယ်။ စာရေးရတာ ဝါသနာ ပါပါတယ်။ ဆောင်းပါးတွေကတစ်ဆင့် စိတ်ကူးလေးတွေကို ယောင်းတို့ရဲ့ ရင်ထဲအရောက် ပို့ပေးချင်ပါတယ်။ အထူးအားသာတာကတော့ အနုပညာရှင်သတင်းတွေပဲ ဖြစ်ပါတယ်။ အိမွန်ရဲ့ လက်ရာဆောင်းပါးတွေကို အားပေးမယ်မှတ်လား…….

Leave a Reply

Your email address will not be published. Required fields are marked *