တစ္ကိုယ္တည္းေနျခင္း အႏုပညာ

တစ္ေယာက္တည္း ေနေတာ့ အထီးမက်န္ဘူးလား ေမးလာတဲ့အခါ… ဒီလို ေကာင္းက်ိဳးေတြလည္း ရႏိုင္တယ္ဆိုတာ ေျပာျပလိုက္ပါ… 

ေန႔စဥ္ဘဝစိတ္မြန္းၾကပ္မႈေတြၾကာင့္တစ္ေယာက္တည္းတစ္ေနရာရာကို ထြက္ေျပးခ်င္တဲ့စိတ္မ်ိဳးေပါက္ဖူးၾကမွာပါ။ အဲ့ဒီအခ်ိန္ လူတုိင္းလိုလို ေတြးမိတာက တစ္ေယာက္တည္း ေနရရင္ သိပ္ေကာင္းမွာပဲ ဆိုတာမ်ိဳးပါ။ တစ္ကိုယ္တည္းေနျခင္းဆိုတာ introvert ၊ extrovert ဆိုတဲ့ကိုယ္ရည္ကုိယ္ေသြးေတြနဲ႔ ဆက္စပ္မႈရွိပါတယ္။ မ်ားေသာအားျဖင့္ introvert ေတြက တစ္ကိုယ္တည္းေနရတာမ်ိဳးမွာ extrovert ေတြထက္ပိုၿပီး အသားက်ေနတာမ်ိဳးကိုေတာ့ ေတြ႔ရမွာပါ။

တစ္ကိုယ္တည္းေနျခင္းအားျဖင့္ အထီးက်န္ဆန္လိမ့္မယ္လို႔ ေယာင္းတုိ႔ေတြးထင္မိေကာင္း ေတြးထင္မိပါလိမ့္မယ္။ ဒါေပမဲ့ အထီးက်န္ဆန္တဲ့ လူတစ္ေယာက္က ေဘးမွာ ဘယ္ေလာက္ပဲ အေဖာ္ေပါင္းမ်ားစြာရွိရွိ အထီးက်န္ဆန္စၿမဲပါပဲ။ မယံုရင္ ကိုယ့္သူငယ္ခ်င္းေတြထဲက အထီးက်န္ဆန္ေနတယ္ဆိုတဲ့ သူေတြကိုေမးၾကည့္ပါ။ ဒါဆို လူအမ်ားႀကီးနဲ႔ ေနတာေတာင္ အထီးက်န္ေနရင္ တစ္ကိုယ္တည္း ဘယ္လိုေနၾကမလဲ? ဘယ္လို အက်ိဳးေက်းဇူးေတြ ရႏုိင္မွာလဲ? သိခ်င္ရင္ ဆက္ဖတ္ၾကည့္လိုက္ဦးေနာ္။

၁။ ကိုယ့္ကိုယ္ကိုယ္ နားလည္ေပးလာႏုိင္တယ္။

တျခားသူတစ္ေယာက္ကို နားလည္ေပးရတာက ကိုယ့္ကိုယ္ကိုယ္ နားလည္ေပးရတာထက္ ပိုလြယ္ကူပါတယ္။ တစ္ခါတေလ ကိုယ့္ကိုယ္ကိုယ္ အသံုးမက်ဘူးလို႔ ခံစားလြန္းေနရရင္ တစ္ေယာက္တည္း ေနလိုက္ပါ။ ကိုယ့္အတြက္ အခ်ိန္ေပးလိုက္ပါ။ ကိုယ့္မွာရွိတဲ့ အားနည္းခ်က္၊ အားသာခ်က္ေတြကို သံုးသပ္လာမိပါလိမ့္မယ္။

၂။ ေလာကႀကီးအေၾကာင္း သိလာတယ္။

သစၥာေဖာက္ခံရတာ၊ အပစ္ပယ္ခံရတာမ်ားသြားၿပီး လူေတြကို ေၾကာက္လာတဲ့အခါ တစ္ကိုယ္တည္း ေနၾကည့္ပါ။ ေယာင္းတုိ႔ ေၾကာက္ေနတဲ့ အရာက တကယ္ေတာ့ ရုိးရိုးသာမန္ပဲဆိုတာ သေဘာေပါက္လာလိမ့္မယ္။ ကိုယ့္ကိုယ္ကိုယ္ခ်စ္ၿပီး ကိုယ့္ကိုယ္ကိုယ္ပဲ ယံုၾကည္တတ္လာလိမ့္မယ္။

Related Article >>> တစ္ကိုယ္တည္းဘဝက ေနတတ္ရင္ တကယ္ကို ေပ်ာ္စရာပါ။

၃။ ယံုၾကည္မႈ ျပည့္ဝလာတယ္။

ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈမရွိဘူးထင္ေနရင္ တစ္ကိုယ္တည္း ဘဝကို ခဏတာ ျဖတ္သန္းၾကည့္ပါ။ တစ္ကိုယ္တည္း ခရီးထြက္တာမ်ိဳး၊ တစ္ကိုယ္တည္း ပေရာဂ်က္တစ္ခုခု ကိုင္လိုက္တာမ်ိဳးေပါ့။ ဒီနည္းကေတာ့ အနည္းနဲ႔အမ်ား ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈကို ျမွင့္တင္ေပးမွာပါ။

၄။ အသည္း မကြဲတတ္ေတာ့ဘူး။

အသည္းဆိုတာေတာ့ လူတုိင္းကြဲဖူးၾကစၿမဲပါ။ အခ်စ္ေၾကာင့္နာက်င္မႈခံစားရတဲ့အခါ ေပါက္တတ္ကရေတြေလွ်ာက္ေတြး၊ ေလွ်ာက္မလုပ္ဘဲ တစ္ေယာက္တည္း တိတ္တိတ္ဆိတ္ဆိတ္ေလး ေနၾကည့္လိုက္ပါ။ ဘယ္လိုနည္းနဲ႔မဆိုေပါ့။ ကိုယ္ႀကိဳက္တာကိုယ္စားေနၿပီး၊ ကိုယ္ႀကိဳက္တဲ့ရုပ္ရွင္ၾကည့္ေနတာမ်ိဳးေပါ့။ အသည္းကြဲျခင္းရဲ႕ အဓိကေသာ့ခ်က္ကိုနားလည္လာရင္ အသည္းဆိုတာ ထပ္ကြဲမွာမဟုတ္ေတာ့ပါဘူး ေယာင္းေရ။

Related Article >>> တစ္ကိုယ္တည္း ေနသားက်ေနတဲ့ ေကာင္မေလးတစ္ေယာက္ကို ခ်စ္မိတဲ့အခါ

၅။ တီထြင္ၾကံဆႏုိင္စြမ္း ပိုရွိလာမယ္။ 

တိတ္ဆိတ္တဲ့ သူတစ္ေယာက္က အစြမ္းအစပိုႀကီးတယ္ ဆုိသလိုေပါ့။ ပတ္ဝန္းက်င္က ဟုိရွႈပ္ရွႈပ္ယွက္ယွက္၊ ဒီရႈပ္ရႈပ္ယွက္ယွက္ေတြမရွိတဲ့အခါ အာရုံစူးစုိက္ႏုိင္စြမ္း ပိုရွိလာတာေၾကာင့္ တီထြင္ၾကံဆမႈအပိုင္းမွာလည္း သူမ်ားထက္ ပိုသာလာတတ္ပါတယ္။

တစ္ကိုယ္တည္း ေနရျခင္းမွာ အက်ိဳးေတြက အမ်ားသားရယ္ေနာ္… ေနာက္ၿပီး တစ္ေယာက္တည္း ေနတယ္ဆိုတာ လူေတြနဲ႔သာ ခပ္ခြာခြာ ေနခိုင္းတာပါ.. အရာရာအားလံုးနဲ႔ အဆက္ျဖတ္ၿပီး ေနခိုင္းတာ မဟုတ္ပါဘူး။ ကိုယ္က တိရစာၦန္ေလးေတြ ခ်စ္တတ္တယ္ဆိုရင္ သူတို႔ေလးေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေဆာ့ေပါ့.. ဒါဆို တစ္ကိုယ္တည္း ေနရတာ ပိုၿပီး လြယ္ကူလာပါလိမ့္မယ္။

တစ္ကိုယ္တည္း ေနထိုင္ျခင္း အႏုပညာနဲ႔ အခက္အခဲေတြကို ေက်ာ္လႊားႏုိင္ၾကပါေစ ေယာင္းတို႔ေရ…

Christina (For Her Myanmar)

<<< Unicode >>>

တစ်ယောက်တည်း နေတော့ အထီးမကျန်ဘူးလား မေးလာတဲ့အခါ… ဒီလို ကောင်းကျိုးတွေလည်း ရနိုင်တယ်ဆိုတာ ပြောပြလိုက်ပါ… 

နေ့စဉ်ဘဝစိတ်မွန်းကြပ်မှုတွေကြာင့်တစ်ယောက်တည်းတစ်နေရာရာကို ထွက်ပြေးချင်တဲ့စိတ်မျိုးပေါက်ဖူးကြမှာပါ။ အဲ့ဒီအချိန် လူတိုင်းလိုလို တွေးမိတာက တစ်ယောက်တည်း နေရရင် သိပ်ကောင်းမှာပဲ ဆိုတာမျိုးပါ။ တစ်ကိုယ်တည်းနေခြင်းဆိုတာ introvert ၊ extrovert ဆိုတဲ့ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ များသောအားဖြင့် introvert တွေက တစ်ကိုယ်တည်းနေရတာမျိုးမှာ extrovert တွေထက်ပိုပြီး အသားကျနေတာမျိုးကိုတော့ တွေ့ရမှာပါ။

တစ်ကိုယ်တည်းနေခြင်းအားဖြင့် အထီးကျန်ဆန်လိမ့်မယ်လို့ ယောင်းတို့တွေးထင်မိကောင်း တွေးထင်မိပါလိမ့်မယ်။ ဒါပေမဲ့ အထီးကျန်ဆန်တဲ့ လူတစ်ယောက်က ဘေးမှာ ဘယ်လောက်ပဲ အဖော်ပေါင်းများစွာရှိရှိ အထီးကျန်ဆန်စမြဲပါပဲ။ မယုံရင် ကိုယ့်သူငယ်ချင်းတွေထဲက အထီးကျန်ဆန်နေတယ်ဆိုတဲ့ သူတွေကိုမေးကြည့်ပါ။ ဒါဆို လူအများကြီးနဲ့ နေတာတောင် အထီးကျန်နေရင် တစ်ကိုယ်တည်း ဘယ်လိုနေကြမလဲ? ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မှာလဲ? သိချင်ရင် ဆက်ဖတ်ကြည့်လိုက်ဦးနော်။

၁။ ကိုယ့်ကိုယ်ကိုယ် နားလည်ပေးလာနိုင်တယ်။

တခြားသူတစ်ယောက်ကို နားလည်ပေးရတာက ကိုယ့်ကိုယ်ကိုယ် နားလည်ပေးရတာထက် ပိုလွယ်ကူပါတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ခံစားလွန်းနေရရင် တစ်ယောက်တည်း နေလိုက်ပါ။ ကိုယ့်အတွက် အချိန်ပေးလိုက်ပါ။ ကိုယ့်မှာရှိတဲ့ အားနည်းချက်၊ အားသာချက်တွေကို သုံးသပ်လာမိပါလိမ့်မယ်။

၂။ လောကကြီးအကြောင်း သိလာတယ်။

သစ္စာဖောက်ခံရတာ၊ အပစ်ပယ်ခံရတာများသွားပြီး လူတွေကို ကြောက်လာတဲ့အခါ တစ်ကိုယ်တည်း နေကြည့်ပါ။ ယောင်းတို့ ကြောက်နေတဲ့ အရာက တကယ်တော့ ရိုးရိုးသာမန်ပဲဆိုတာ သဘောပေါက်လာလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်တတ်လာလိမ့်မယ်။

Related Article >>> တစ်ကိုယ်တည်းဘဝက နေတတ်ရင် တကယ်ကို ပျော်စရာပါ။

၃။ ယုံကြည်မှု ပြည့်ဝလာတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးထင်နေရင် တစ်ကိုယ်တည်း ဘဝကို ခဏတာ ဖြတ်သန်းကြည့်ပါ။ တစ်ကိုယ်တည်း ခရီးထွက်တာမျိုး၊ တစ်ကိုယ်တည်း ပရောဂျက်တစ်ခုခု ကိုင်လိုက်တာမျိုးပေါ့။ ဒီနည်းကတော့ အနည်းနဲ့အများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်ပေးမှာပါ။

၄။ အသည်း မကွဲတတ်တော့ဘူး။

အသည်းဆိုတာတော့ လူတိုင်းကွဲဖူးကြစမြဲပါ။ အချစ်ကြောင့်နာကျင်မှုခံစားရတဲ့အခါ ပေါက်တတ်ကရတွေလျှောက်တွေး၊ လျှောက်မလုပ်ဘဲ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်လေး နေကြည့်လိုက်ပါ။ ဘယ်လိုနည်းနဲ့မဆိုပေါ့။ ကိုယ်ကြိုက်တာကိုယ်စားနေပြီး၊ ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကြည့်နေတာမျိုးပေါ့။ အသည်းကွဲခြင်းရဲ့ အဓိကသော့ချက်ကိုနားလည်လာရင် အသည်းဆိုတာ ထပ်ကွဲမှာမဟုတ်တော့ပါဘူး ယောင်းရေ။

Related Article >>> တစ်ကိုယ်တည်း နေသားကျနေတဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိတဲ့အခါ

၅။ တီထွင်ကြံဆနိုင်စွမ်း ပိုရှိလာမယ်။ 

တိတ်ဆိတ်တဲ့ သူတစ်ယောက်က အစွမ်းအစပိုကြီးတယ် ဆိုသလိုပေါ့။ ပတ်ဝန်းကျင်က ဟိုရှှုပ်ရှှုပ်ယှက်ယှက်၊ ဒီရှုပ်ရှုပ်ယှက်ယှက်တွေမရှိတဲ့အခါ အာရုံစူးစိုက်နိုင်စွမ်း ပိုရှိလာတာကြောင့် တီထွင်ကြံဆမှုအပိုင်းမှာလည်း သူများထက် ပိုသာလာတတ်ပါတယ်။

တစ်ကိုယ်တည်း နေရခြင်းမှာ အကျိုးတွေက အများသားရယ်နော်… နောက်ပြီး တစ်ယောက်တည်း နေတယ်ဆိုတာ လူတွေနဲ့သာ ခပ်ခွာခွာ နေခိုင်းတာပါ.. အရာရာအားလုံးနဲ့ အဆက်ဖြတ်ပြီး နေခိုင်းတာ မဟုတ်ပါဘူး။ ကိုယ်က တိရစ္ဆာန်လေးတွေ ချစ်တတ်တယ်ဆိုရင် သူတို့လေးတွေနဲ့ ပျော်ပျော်ပါးပါးဆော့ပေါ့.. ဒါဆို တစ်ကိုယ်တည်း နေရတာ ပိုပြီး လွယ်ကူလာပါလိမ့်မယ်။

တစ်ကိုယ်တည်း နေထိုင်ခြင်း အနုပညာနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ကြပါစေ ယောင်းတို့ရေ…

Christina (For Her Myanmar)

No Comments Yet

Comments are closed