Knowledge Technology

ဖုန်းထဲမှာ လက်လွန်ပြီး မှားဖျက်မိတဲ့ data တွေကိုဘယ်လို ပြန်ရယူနိုင်မလဲ????




စဖွင့်လိုက်ရင်တော့ အောက်နားလေးမှာလည်း ဖျက်ထားမိတဲ့ data တွေကို ရွေးချယ်လို့ရအောင် ပြထားပေးပါတယ်။

 




Auto clear ကတော့ ရက်အလိုက်ရွေးချယ်လို့ရသလို ပိတ်ထားလို့လည်းရပါတယ်။


Security ထဲကAdd Lock to App ကတော့ Password ထားပြီး Application ကိုတခြားလူတွေ ဝင်မကြည့်အောင် လုပ်လို့ရပါတယ်နော်။


ဖျက်မိထားတဲ့ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ ၊ အသံဖိုင်တွေ၊ Application တွေ အားလုံးကို ပြန်ရှာပေးမှာဖြစ်ပြီးလိုချင်တဲ့ File ကိုရွေးပြီး Recovery ပြန်လုပ်လို့ရပါတယ်။

 




 

<<<Unicode>>>

ပြာကလပ်စိန်ယောင်းတို့အတွက် ကျိန်းသေအသုံးဝင်မှာပါ  🥰🥰

ဓာတ်ပုံဆိုတာ ဘဝရဲ့အမှတ်တရအချိန်လေးတွေကို မှတ်တမ်းတင်ထားတာဖြစ်သလို အရေးကြီးအချက်အလက် သိမ်းထားတဲ့ဖိုင်တွေ ၊ အသံဖိုင်တွေကလည်း   ပြန်အစားထိုးလို့မရနိုင်တော့တာမို့ မှားဖျက်မိသွားပြီဆိုရင် အသည်းတယားယားနဲ့ ဝမ်းနည်းလို့မဆုံးဖြစ်ကျန်ခဲ့ရတာတွေ ကြုံဖူးကြတယ်ဟုတ်။  ပြန်လုပ်ယူဖို့ဆိုတာ တော်တော်မလွယ်ကူတဲ့ကိစ္စလို့ အရင်ကထင်ခဲ့ပေမဲ့  အဲ့ဒီလို ဖုန်းမှာမှားဖျက်မိတဲ့ Video တွေ၊ ဓာတ်ပုံတွေ၊ Application တွေ၊ အသံဖိုင်တွေကိုပြန်ယူလို့ရနိုင်ပါတယ်နော်။

ပြန်ယူလို့ရတဲ့ Application တွေ များစွာရှိပေမဲ့လည်း အခုပြောပြမယ့် App လေးကတော့ သုံးရတာလွယ်ကူပြီး အဆင်ပြေပါတယ်။ ဘာ app များလဲလို့ သိချင်နေကြပြီဟုတ်။ RecycleMaster ဆိုတဲ့ application လေးဖြစ်ပါတယ်။

စဖွင့်လိုက်ရင်တော့ အောက်နားလေးမှာလဲ ဖျက်ထားမိတဲ့ data တွေကို ရွေးချယ်လို့ရအောင် ပြထားပေးပါတယ်။

ပုံလေးတွေကို ထောက်လိုက်ရင်တော့ Recover နဲ့ Remove ဆိုပြီး နှစ်ခုပေါ်လာပါလိမ့်မယ်။ ယောင်းတို့ကြိုက်နှစ်သက်ရာ ရွေးချယ်လို့ရပါတယ်။

Setting ထဲမှာ ဖျက်မိတဲ့ပုံတွေကို Notification ပြအောင်ရွေးချယ်လို့ရပါတယ်။

File Types To Recycle ထဲမှာတော့ ပြန်မလိုချင်တဲ့ File တွေကို ပိတ်ထားလို့ရပါတယ်။ Auto clear ကတော့ ရက်အလိုက်ရွေးချယ်လို့ရသလို ပိတ်ထားလို့လဲရပါတယ်။

Change Language က ဘာသာစကားပြောင်းချင်ရင်ပြောင်းလို့ရပြီးတော့Security>Add Lock to App ကတော့ Password ထားပြီး Application ကိုတစ်ခြားလူတွေ ဝင်မကြည့်အောင် ပြုလုပ်လို့ရပါတယ်နော်။

Deep Recovery ကတော့ ဖျက်ထားတာအချိန်ကြာနေတဲ့ ဖိုင်တွေကိုရှာပေးနိုင်ပါတယ်။

ဖျက်မိထားတဲ့ ဓါတ်ပုံ၊ Video၊ အသံဖိုင်တွေ၊ Application တွေ အားလုံးကို ပြန်ရှာပေးမှာဖြစ်ပြီးလိုချင်တဲ့ File ကိုရွေးပြီး Recovery ပြန်လုပ်လို့ရပါတယ်။

ကြိုက်နှစ်သက်ရာ အရောင်လေးတွေ နဲ့ Theme လေးပြောင်းလို့ရပါသေးတယ်။

နည်းပညာတွေတိုးတက်လာတဲ့ခေတ်ကြီးမှာ ယောင်းတို့အနေနဲ့ မှားဖျက်မိတဲ့ data တွေကို အလွယ်တကူပြန်ယူလို့ရနိုင်ပြီဆိုတော့  ဘယ်လောက်တောင်ကျေနပ်ဖို့ကောင်းလိုက်သလဲ။ မသိသေးတဲ့ ယောင်းလေးတွေကိုပြန်မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

Phyu Thant ( For Her Myanmar)

Phyu Thant
Phyu Thant
Foodနဲ့ beauty နဲ့ပတ်သက်တာလေးတွေအဓိက စိတ်ဝင်စားအောင်ရေးပေးပါ့မယ်နော်။For Her Myanmar မှာ ယောင်းလေးတို့ မပျင်းရအောင်ရေးပေးပါ့မယ်။ 💕

Leave a Reply

Your email address will not be published. Required fields are marked *