Technology

သႀကၤန္မွာေရေဆာ့ရင္း ဖုန္းထဲေရဝင္သြားတဲ့အခါ ပ်က္စီးမႈနည္းေအာင္ဘယ္လိုလုပ္ရမလဲ

သႀကၤန္လည္းၿပီးဖုန္းလည္းပ်က္မျဖစ္ရေလေအာင္ 🙄 🙄 

ေရစိုေနတဲ့ဖုန္းေတြကို ပ်က္စီးမႈအနည္းဆံုးျဖစ္ေအာင္ အေရးေပၚျပဳလုပ္နည္းေလးေတြကို ျဖဴသန္႔ေျပာျပေပးခ်င္ပါတယ္။ အေရးေပၚနည္းေတြထဲမွာ မွားယြင္းတဲ့အယူဆမ်ားလည္း ရွိပါတယ္။ ေရစိုထားတဲ့ဖုန္းေတြကို ဆန္အိုးထဲထည့္တာက မွားယြင္းေနပါတယ္ဆိုတာ ေယာင္းတို႔ မထင္ထားဘူးမလား။ ဆန္အိုးထဲက ဆန္အမႈန္ေလးေတြ၊ ဆန္အကြဲစေလးေတြက ဖုန္းထဲဝင္သြားရင္ ဒုကၡေပးတတ္ပါတယ္ေနာ္။ ၿပီးေတာ့ ေရစိုတဲ့ဖုန္းကို ဆံပင္အေျခာက္ခံစက္လိုမ်ိဳးနဲ႔ေရေျခာက္ေအာင္မႈတ္တာေတြ မလုပ္သင့္ပါဘူး ။ ဘာေၾကာင့္လဲဆိုေတာ့ ေရေတြက ေရေငြ႕ပ်ံၿပီး ဖုန္းအတြင္းပိုင္းမွာ ကပ္က်န္ေနတတ္ပါတယ္။ ဒါေၾကာင့္ဖုန္းေရဝင္သြားလို႔ ဆိုင္သြားမျပခင္ အေရးေပၚပ်က္စီးမႈနည္းေအာင္ျပဳလုပ္နည္းေလးေတြကို ေဝမွ်ေပးခ်င္ပါတယ္။

(၁)ဖုန္းပါဝါပိတ္လို္က္ပါ။

ေရစိုသြားတာသိသိခ်င္း ဖုန္းကိုခ်က္ခ်င္းပိတ္သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဖုန္းအတြင္းပိုင္းက ဖုန္းမ်က္နွာျပင္ပိတ္ထားေပမဲ့လည္း အထဲက စက္ပစၥည္းေတြက အလုပ္လုပ္ေနလို႔ပါ။ ဖုန္းပါဝါပိတ္လို႔မရတဲ့ အခ်ိန္ဆိုရင္ေတာ့ ဒီတိုင္းထားလိုက္ပါ၊ ပါဝါမလာလို႔ဆိုၿပီး ခဏခဏဖြင့္တာေတြကိုမလုပ္သင့္ပါဘူး။ ဒီလိုလုပ္လိုက္ရင္ ဖုန္းအထဲက ေရစိုထားတာေတြက ပိုၿပီးပ်က္စီးေစႏိုင္လို႔ပါ။

Related Article>>> ဖုန္းဝယ္တဲ့အခါ မျဖစ္မေန စစ္ၾကည့္သင့္တဲ့ အခ်က္(၄)ခ်က္

(၂)ဘက္ထရီ ၊ ဖုန္းဆင္းကဒ္ေတြ ျဖဳတ္ထားပါ။

ဖုန္းဆင္းကဒ္ေတြ မပ်က္စီးေအာင္ ျဖဳတ္ထားဖို႔လည္း မေမ့ပါနဲ႔။ ဆင္းကဒ္ထည့္တဲ့ ငုတ္ေလးေတြက ဆင္းကဒ္တို႔၊ SD ကဒ္တို႔မျဖဳတ္ဘဲထားလိုက္လို႔ ေရေငြ႔ေတြက်န္ခဲ့ရင္ ဖုန္းတင္မကဘူး ေယာင္းတို႔ရဲ႕ ဆင္းကဒ္ေတြပါ ပ်က္စီးမွာစိုးလို႔ပါေနာ္။

(၃)ေရေတြကိုတတ္နိုင္သေလာက္သုတ္ေပးပါ။

ေရထဲက်သြားလို႔ပဲျဖစ္ျဖစ္၊ သျကၤန္တြင္းမွာေရစိုသြားလို႔ပဲျဖစ္ျဖစ္ ဖုန္းေရဝင္ၿပီဆိုတာနဲ႔ တစ္သွ်ဴး၊ေျခာက္ေသြ႔ေနတဲ့ အဝတ္စတာေတြနဲ႔ တတ္နိုင္သေလာက္သုတ္ေပးပါေနာ္။ ဖုန္းကိုေထာင္ထားတဲ့ အေနထားနဲ႔ေရေတြကိုသုတ္ေပးလိုက္ရင္ ဖုန္းထဲကိုေရဝင္တာ သက္သာေစလို႔ ဖုန္းအတြင္းပိုင္း ပ်က္စီးမႈနည္းပါးေစမွာပါေနာ္။

(၄)ေရေငြ႔စုပ္တဲ့ Silica gel အထုပ္ေလးေတြထဲထည့္ထားပါ။

Silica Gel အထုပ္ေလးေတြကေတာ့ ေဝးေဝးမွာရွာစရာမလိုပါဘူး ။ ေယာင္းတို႔ဝယ္ေနတဲ့ အက်ႌေတြ ၊ ဖိနပ္ဘူးေတြနဲ႔ တခ်ိဳ႕မုန္႔ထုပ္ေတြမွာပါပါတယ္။ အဲ့ Silica Gel ေလးေတြနဲ႔ အေျခာက္ခံတဲ့နည္းက ေရစိုေနတဲ႔ဖုန္းေလးေတြအတြက္ စိတ္အခ်ရဆံုးနည္းလမ္းေလးပါ။ ေရစိုေနတဲ့ဖုန္းကို Silica ေတြထည့္ထားတဲ့ အလံုပိတ္အိတ္(သို႔မဟုတ္)ဘူးထဲကို ၁ရက္ေလာက္ထည့္ေပးလိုက္ရင္ အထဲက ေရေငြ႕ေတြေျခာက္ေသြ႕ေစနိုင္ပါတယ္။ ဖုန္းေျခာက္သြားေပမဲ့လည္း Phone Service ကိုသြားျပသင့္ပါတယ္ေနာ္။

 

Related Article>>> ဖုန္းထဲမွာ လက္လြန္ၿပီး မွားဖ်က္မိတဲ့ data ေတြကိုဘယ္လို ျပန္ရယူနိုင္မလဲ????

(၅) ဖုန္း Service သြားျပပါ။

အေပၚမွာေျပာျပထားတဲ့နည္းလမ္းေလးေတြက ဖုန္းေရစိုသြားတဲ့ အခ်ိန္မွာ Service သြားဖို႔ အဆင္မေျပတဲ့အခ်ိန္၊ ဆိုင္မရွိတဲ့ ေနရာေဒသေတြေရာက္တဲ့အခါ အေရးေပၚျပဳလုပ္သင့္တာေလးေတြေျပာျပထားတာပါ။ ဖုန္း Service ကို ကြ်မ္းက်င္တဲ့ ဆိုင္မွာျပၿပီးမွသာ ဖုန္းကိုဆက္သံုးသင့္ပါတယ္။ ေရေျခာက္သြားေပမဲ့လည္း ေရေငြ႔ေတြက်န္ေနတာကို မသိဘဲ ဖုန္းကိုသံုးမိလိုက္ရင္ပိုၿပီးေတာ့ေတာင္ ပ်က္စီးေစတာေၾကာင့္ပါ။

အေကာင္းဆုံးကေတာ့ ေရရွိတဲ့ေနရာေတြ၊ သျကၤန္ေရပက္ကစားတဲ့ေနရာေတြကို သြားမယ္ဆိုရင္ ေရစိုခံအိတ္ေတြနဲ႔ဖုန္းကိုအကြယ္ေပးသင့္ပါတယ္။ ၿပီးေတာ့ ဖုန္းမွာရွိတဲ့ ဘက္တီးရီးယားေတြက သန္႔စင္ခန္းထဲက ဘက္တီးရီးယားေတြထက္မ်ားတယ္လို ျဖဴသန္႔တစ္ခါကေျပာျပထားသလိုပဲ ဖုန္းေတြကို သန္႔ရွင္းေရးလုပ္ေပးဖို႔လည္းမေမ့ပါနဲ႔ေနာ္။

Reference Link>>> Experimac , Finance

Phyu Thant (For Her Myanmar)

<<<Unicode>>>

 

သြင်္ကန်လည်းပြီးဖုန်းလည်းပျက်မဖြစ်ရလေအောင် 🙄 🙄 

ရေစိုနေတဲ့ဖုန်းတွေကို ပျက်စီးမှုအနည်းဆုံးဖြစ်အောင် အရေးပေါ်ပြုလုပ်နည်းလေးတွေကို ဖြူသန့်ပြောပြပေးချင်ပါတယ်။ အရေးပေါ်နည်းတွေထဲမှာ မှားယွင်းတဲ့အယူဆများလည်း ရှိပါတယ်။ ရေစိုထားတဲ့ဖုန်းတွေကို ဆန်အိုးထဲထည့်တာက မှားယွင်းနေပါတယ်ဆိုတာ ယောင်းတို့ မထင်ထားဘူးမလား။ ဆန်အိုးထဲက ဆန်အမှုန်လေးတွေ၊ ဆန်အကွဲစလေးတွေက ဖုန်းထဲဝင်သွားရင် ဒုက္ခပေးတတ်ပါတယ်နော်။ ပြီးတော့ ရေစိုတဲ့ဖုန်းကို ဆံပင်အခြောက်ခံစက်လိုမျိုးနဲ့ရေခြောက်အောင်မှုတ်တာတွေ မလုပ်သင့်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ ရေတွေက ရေငွေ့ပျံပြီး ဖုန်းအတွင်းပိုင်းမှာ ကပ်ကျန်နေတတ်ပါတယ်။ ဒါကြောင့်ဖုန်းရေဝင်သွားလို့ ဆိုင်သွားမပြခင် အရေးပေါ်ပျက်စီးမှုနည်းအောင်ပြုလုပ်နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

(၁)ဖုန်းပါဝါပိတ်လိုက်ပါ။

ရေစိုသွားတာသိသိချင်း ဖုန်းကိုချက်ခြင်းပိတ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းအတွင်းပိုင်းက ဖုန်းမျက်နှာပြင်ပိတ်ထားပေမဲ့လည်း အထဲက စက်ပစ္စည်းတွေက အလုပ်လုပ်နေလို့ပါ။ ဖုန်းပါဝါပိတ်လို့မရတဲ့ အချိန်ဆိုရင်တော့ ဒီတိုင်းထားလိုက်ပါ၊ ပါဝါမလာလို့ဆိုပြီး ခဏခဏဖွင့်တာတွေကိုမလုပ်သင့်ပါဘူး။ ဒီလိုလုပ်လိုက်ရင် ဖုန်းအထဲက ရေစိုထားတာတွေက ပိုပြီးပျက်စီးစေနိုင်လို့ပါ။

Related Article>>> ဖုန်းဝယ်တဲ့အခါ မဖြစ်မနေ စစ်ကြည့်သင့်တဲ့ အချက်(၄)ချက်

(၂)ဘက်ထရီ ၊ ဖုန်းဆင်းကဒ်တွေ ဖြုတ်ထားပါ။

ဖုန်းဆင်းကဒ်တွေ မပျက်စီးအောင် ဖြုတ်ထားဖို့လည်း မမေ့ပါနဲ့။ ဆင်းကဒ်ထည့်တဲ့ ငုတ်လေးတွေက ဆင်းကဒ်တို့၊ SD ကဒ်တို့မဖြုတ်ဘဲထားလိုက်လို့ ရေငွေ့တွေကျန်ခဲ့ရင် ဖုန်းတင်မကဘူး ယောင်းတို့ရဲ့ ဆင်းကဒ်တွေပါ ပျက်စီးမှာစိုးလို့ပါနော်။

(၃)ရေတွေကိုတတ်နိုင်သလောက်သုတ်ပေးပါ။

ရေထဲကျသွားလို့ပဲဖြစ်ဖြစ်၊ သြင်္ကန်တွင်းမှာရေစိုသွားလို့ပဲဖြစ်ဖြစ် ဖုန်းရေဝင်ပြီဆိုတာနဲ့ တစ်သျှူး၊ခြောက်သွေ့နေတဲ့ အဝတ်စတာတွေနဲ့ တတ်နိုင်သလောက်သုတ်ပေးပါနော်။ ဖုန်းကိုထောင်ထားတဲ့ အနေထားနဲ့ရေတွေကိုသုတ်ပေးလိုက်ရင် ဖုန်းထဲကိုရေဝင်တာ သက်သာစေလို့ ဖုန်းအတွင်းပိုင်း ပျက်စီးမှုနည်းပါးစေမှာပါနော်။

(၄)ရေငွေ့စုပ်တဲ့ Silica gel အထုပ်လေးတွေထဲထည့်ထားပါ။

Silica Gel အထုပ်လေးတွေကတော့ ဝေးဝေးမှာရှာစရာမလိုပါဘူး ။ ယောင်းတို့ဝယ်နေတဲ့ အင်္ကျီတွေ ၊ ဖိနပ်ဘူးတွေနဲ့ တချို့မုန့်ထုပ်တွေမှာပါပါတယ်။ အဲ့ Silica Gel လေးတွေနဲ့ အခြောက်ခံတဲ့နည်းက ရေစိုနေတဲ့ဖုန်းလေးတွေအတွက် စိတ်အချရဆုံးနည်းလမ်းလေးပါ။ ရေစိုနေတဲ့ဖုန်းကို Silica တွေထည့်ထားတဲ့ အလုံပိတ်အိတ်(သို့မဟုတ်)ဘူးထဲကို ၁ရက်လောက်ထည့်ပေးလိုက်ရင် အထဲက ရေငွေ့တွေခြောက်သွေ့စေနိုင်ပါတယ်။ ဖုန်းခြောက်သွားပေမဲ့လည်း Phone Service ကိုသွားပြသင့်ပါတယ်နော်။

Related Article>>> ဖုန်းထဲမှာ လက်လွန်ပြီး မှားဖျက်မိတဲ့ data တွေကိုဘယ်လို ပြန်ရယူနိုင်မလဲ????

(၅) ဖုန်း Service သွားပြပါ။

အပေါ်မှာပြောပြထားတဲ့နည်းလမ်းလေးတွေက ဖုန်းရေစိုသွားတဲ့ အချိန်မှာ Service သွားဖို့ အဆင်မပြေတဲ့အချိန်၊ ဆိုင်မရှိတဲ့ နေရာဒေသတွေရောက်တဲ့အခါ အရေးပေါ်ပြုလုပ်သင့်တာလေးတွေပြောပြထားတာပါ။ ဖုန်း Service ကို ကျွမ်းကျင်တဲ့ ဆိုင်မှာပြပြီးမှသာ ဖုန်းကိုဆက်သုံးသင့်ပါတယ်။ ရေခြောက်သွားပေမဲ့လည်း ရေငွေ့တွေကျန်နေတာကို မသိဘဲ ဖုန်းကိုသုံးမိလိုက်ရင်ပိုပြီးတော့တောင် ပျက်စီးစေတာကြောင့်ပါ။

အကောင်းဆုံးကတော့ ရေရှိတဲ့နေရာတွေ၊ သြင်္ကန်ရေပက်ကစားတဲ့နေရာတွေကို သွားမယ်ဆိုရင် ရေစိုခံအိတ်တွေနဲ့ဖုန်းကိုအကွယ်ပေးသင့်ပါတယ်။ ပြီးတော့ ဖုန်းမှာရှိတဲ့ ဘက်တီးရီးယားတွေက သန့်စင်ခန်းထဲက ဘက်တီးရီးယားတွေထက်များတယ်လို ဖြူသန့်တစ်ခါကပြောပြထားသလိုပဲ ဖုန်းတွေကို သန့်ရှင်းရေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်။

Reference Link>>> Experimac , Finance

Phyu Thant (For Her Myanmar)

 

Phyu Thant
Phyu Thant
Foodနဲ႔ beauty နဲ့ပတ္သက္တာေလးေတြအဓိက စိတ္ဝင္စားေအာင္ေရးေပးပါ့မယ္ေနာ္။For Her Myanmar မွာ ေယာင္းေလးတို႔ မပ်င္းရေအာင္ေရးေပးပါ့မယ္။ 💕

Leave a Reply

Your email address will not be published. Required fields are marked *