Technology

ဖုန္းဘက္ထရီက ဘာလို႔ ခဏခဏ ကုန္ေနရတာလဲ?

ဒီထဲက တစ္ခ်က္မဟုတ္ တစ္ခ်က္ေတာ့ ၿငိကို ၿငိမွာ.. က်ိန္းေသတယ္!!! 

စာအုပ္ ဖတ္လို႔ေကာင္းတုန္း ရွိေသး.. ဖုန္းအားက ကုန္သြားျပန္ၿပီ!!! FB သံုးလို႔ေကာင္းတုန္းရွိေသး… ဖုန္းအားက ကုန္သြားျပန္ၿပီ !! ဗီဒီယို ၾကည့္ေကာင္းတုန္း ရွိေသးတယ္… ဖုန္းအား ကုန္ျပန္ၿပီ!! ေဟာ.. ဂိမ္းေဆာ့ရင္း တန္းလန္း အားကုန္သြားျပန္ၿပီ ဆိုေတာ့ကာ… ဘာေၾကာင့္မ်ား ဖုန္းအားေတြက ဒီေလာက္ ကုန္ကုန္ ေနရတာလဲ?

၁) ဖုန္းကို တစ္ညလံုး အားသြင္းထားလို႔။ 

တခ်ိဳ႕ဖုန္းေတြမွာ ဖုန္းအားျပည့္ရင္ အားသြင္းထားတာကို အလိုအေလ်ာက္ ျဖတ္ေပးတဲ့ စနစ္ပါဝင္ပါတယ္။ တခ်ိဳ႕ဖုန္းေတြမွာေတာ့ မပါဘူးေပါ့ေလ… အဲဒီစနစ္ မပါဝင္တဲ့ ဖုန္းေတြက ဘက္ထရီ ၁၀၀ ရာခိုင္ႏႈန္း ျပည့္သြားၿပီးတာေတာင္ ထပ္အလုပ္လုပ္ရတဲ့အတြက္ လိုတာထက္ ဖုန္းကို ပိုပင္ပန္းေစၿပီး ဘက္ထရီကို ပ်က္စီးေစပါတယ္။ ဖုန္းဘက္ထရီ ယိုယြင္းလာတဲ့အခါမွာ ဖုန္းအားခဏခဏ ကုန္တာက မဆန္းေတာ့တဲ့ ကိစၥတစ္ခုပါ။

၂) မလိုတဲ့ Background App ေတြ အမ်ားႀကီး ဖြင့္ထားလို႔။ 

မလိုအပ္တဲ့ App ေတြ အမ်ားႀကီးစာအတြက္ အလုပ္လုပ္ေနရျခင္းက ဖုန္းဘက္ထရီကို ခဏခ်င္း အားကုန္ေစႏုိင္ပါတယ္။ ဒီအတြက္ ဖုန္း Setting ထဲ device maintenance > battery > always sleeping app > add app ထဲဝင္ၿပီး သိပ္မသံုးျဖစ္တဲ့ Application ေတြကို ပိတ္ထားလို႔ရပါတယ္။

အဲဒီလုိ လုပ္လိုက္ရင္ေတာ့ ပိတ္ထားတဲ့ Application ေတြရဲ႕ Notification ေတြကေတာ့ တက္လာေတာ့မွာ မဟုတ္ပါဘူး။ ဒါေပမဲ့ ဖုန္းက ကိုယ္ တကယ္ လိုအပ္တဲ့ Application ေတြ အတြက္ပဲ အလုပ္လုပ္ရေတာ့ ဖုန္းဘက္ထရီကုန္တာ ပိုသက္သာေစပါတယ္။

Related Article >>> ေယာင္းတို႔ ဖုန္းထဲမွာရွိသင့္တဲ့ အက္ပလီေကးရွင္း (၅)မ်ိဳး

၃) Home screen widgets ေတြနဲ႔ Live wallpaper ေတြေၾကာင့္။ 

ဖုန္း home screen widgets နဲ႔ live wallpaper ေတြက ဘက္ထရီ ပိုကုန္ေစပါတယ္။ Live wallpaper ေတြက လွတယ္ဆိုတာ မွန္ေပမဲ့ သူက animation ဆိုတဲ့အတိုင္း လႈပ္ေနေတာ့ ဖုန္းဘက္ထရီကို သာမန္wallpaper ေတြထက္ ပိုၿပီးကုန္ေစတာ အသိသာႀကီးပါ။ Home Screen မွာလည္း widgets ေတြ အမ်ားႀကီးမထားဘဲ လိုသေလာက္ပဲ ထားတာက အေကာင္းဆံုးပါပဲ။

ပြဲအေၾကာင္း အေသးစိတ္သိလိုပါက >>> http://bit.ly/2WK7oFQ

၄) ဖုန္းမ်က္နွာျပင္အလင္းကိုေလ်ာ့ထားပါ။

လင္းေလ ကုန္ေလပါရွင္… ဖုန္းမ်က္ႏွာျပင္အလင္းေရာင္ကို ပံုမွန္အလင္းေရာင္ေလာက္ပဲ ထားေပးပါ။ အရမ္းလင္းေအာင္ထားတာက ဖုန္းဘက္ထရီအားကို ကုန္ေစသလို မ်က္စိအားကိုလည္း ကုန္ေစပါတယ္ေနာ္… အလင္းစူးလြန္းတာက ေယာင္းရဲ႕ မ်က္လံုးကို ထိခိုက္ေစႏုိင္မွာ က်ိန္းေသပါပဲ။ ဒါေၾကာင့္ Automatic Brightness ကို ပိတ္ၿပီး အလင္းကို ေလွ်ာ့ထားတာက ဖုန္းဘက္ထရီကုန္တာ အမ်ားႀကီး သက္သာေစမွာပါ။

Related Article >>> Facebook ကို အႏၱရာယ္ကင္းကင္း အသံုးျပဳႏုိင္ေအာင္ Security ျမွင့္ၿပီး သံုးၾကမယ္။

၅) ဖုန္းဘက္ထရီအား ကုန္တဲ့ထိ သံုးတာ။ 

ဖုန္းအားကို အကုန္ကုန္ေအာင္သံုးတာက ဖုန္းဘက္ထရီကို အရမ္းထိခိုက္ေစပါတယ္။ ဒါနဲ႔ပဲ ဖုန္းအားေတြ ခဏခဏ ကုန္၊ ကုန္တာလည္း အားလံုးဝ မက်န္ေတာ့တဲ့ထိ ထား၊ အဲဒါနဲ႔တင္ ဂ်ာေအး သူ႕အေမရိုက္ေတာ့တာပါပဲ။

ျဖစ္သင့္တာက ဖုန္းကို အားကုန္တဲ့ထိ မထားဘဲ အလြန္ဆံုး ၁၅% ထိပဲထားပါ။ အႏၱရာယ္အကင္းဆံုးကေတာ့ ၄၀% ေက်ာ္ေက်ာ္ေလာက္ ထားထားတာပါပဲ။ ၁၅% ေအာက္ေတာ့ လံုးဝ မက်ေစနဲ႔ေနာ္…

၆) ဖုန္းအားသြင္းရင္းနဲ႔ ဖုန္းသံုးတာ။ 

ေဟး.. ဒါလုပ္ေနက်မလား 😛 ဖုန္းသံုးေနတုန္း အားကုန္သြားရင္ အားသြင္းႀကိဳးတန္းလန္းႀကီးနဲ႔ ဖုန္းဆက္သံုးေနတတ္တဲ့ ခ်ိမတို႔ ရွိတ္လက္ပါအူး.. :3 တကယ္ေတာ့ ဒီလို အားသြင္းရင္းျဖစ္ေစ၊ Power Bank နဲ႔ တြဲၿပီးျဖစ္ေစ အားသြင္းရင္း ဂိမ္းေဆာ့တာမ်ိဳး၊ ဖုန္းသံုးေနတာမ်ိဳးက ဖုန္းဘက္ထရီကို အေတာ္ႀကီး ထိခိုက္ေစႏိုင္တာပါ။ အဲဒီမွာပဲ ဖုန္းအား ခဏခဏကုန္တဲ့ ဇာတ္လမ္းက စေတာ့တာပါပဲ။

ဒီလို အားသြင္းရင္း ဖုန္းဆက္သံုးတာက ေယာင္းတို႔အတြက္လည္း အႏၱရာယ္မ်ားတယ္ေနာ္။ ဖုန္းဘက္ထရီ ေဖာင္းၿပီး အပူလြန္ကဲလာတဲ့အခါ ေပါက္ကြဲတာေတြ ျဖစ္ႏုိင္လို႔ ဖုန္းအားကုန္သြားတယ္ဆိုရင္ ဖုန္းသံုးတာရပ္ၿပီး ဖုန္းအားသြင္းလိုက္ပါ။

အေပၚက အခ်က္ေတြထဲကဘယ္နွစ္ခ်က္ေတာင္ လုပ္မိေနၿပီလဲ ေယာင္းေလးတို႔။ ခုဆိုရင္ေတာ့ ေယာင္းတို႔ရဲ႕ ဖုန္းဘက္ထရီေတြ ၾကာၾကာခံေအာင္ ဘယ္လို သံုးရမလဲဆိုတာ ေသခ်ာသိသြားေလာက္ၿပီ ထင္တယ္ေနာ္… အဆင္ေျပၾကပါေစ ေယာင္းတို႔ေရ…

References : pcmag ,zdnet

Phyu Thant (For Her Myanmar)

<<< Unicode >>>

ဒီထဲက တစ်ချက်မဟုတ် တစ်ချက်တော့ ငြိကို ငြိမှာ.. ကျိန်းသေတယ်!!! 

စာအုပ် ဖတ်လို့ကောင်းတုန်း ရှိသေး.. ဖုန်းအားက ကုန်သွားပြန်ပြီ!!! FB သုံးလို့ကောင်းတုန်းရှိသေး… ဖုန်းအားက ကုန်သွားပြန်ပြီ !! ဗီဒီယို ကြည့်ကောင်းတုန်း ရှိသေးတယ်… ဖုန်းအား ကုန်ပြန်ပြီ!! ဟော.. ဂိမ်းဆော့ရင်း တန်းလန်း အားကုန်သွားပြန်ပြီ ဆိုတော့ကာ… ဘာကြောင့်များ ဖုန်းအားတွေက ဒီလောက် ကုန်ကုန် နေရတာလဲ?

၁) ဖုန်းကို တစ်ညလုံး အားသွင်းထားလို့။ 

တချို့ဖုန်းတွေမှာ ဖုန်းအားပြည့်ရင် အားသွင်းထားတာကို အလိုအလျောက် ဖြတ်ပေးတဲ့ စနစ်ပါဝင်ပါတယ်။ တချို့ဖုန်းတွေမှာတော့ မပါဘူးပေါ့လေ… အဲဒီစနစ် မပါဝင်တဲ့ ဖုန်းတွေက ဘက်ထရီ ၁၀၀ ရာခိုင်နှုန်း ပြည့်သွားပြီးတာတောင် ထပ်အလုပ်လုပ်ရတဲ့အတွက် လိုတာထက် ဖုန်းကို ပိုပင်ပန်းစေပြီး ဘက်ထရီကို ပျက်စီးစေပါတယ်။ ဖုန်းဘက်ထရီ ယိုယွင်းလာတဲ့အခါမှာ ဖုန်းအားခဏခဏ ကုန်တာက မဆန်းတော့တဲ့ ကိစ္စတစ်ခုပါ။

၂) မလိုတဲ့ Background App တွေ အများကြီး ဖွင့်ထားလို့။ 

မလိုအပ်တဲ့ App တွေ အများကြီးစာအတွက် အလုပ်လုပ်နေရခြင်းက ဖုန်းဘက်ထရီကို ခဏချင်း အားကုန်စေနိုင်ပါတယ်။ ဒီအတွက် ဖုန်း Setting ထဲ device maintenance > battery > always sleeping app > add app ထဲဝင်ပြီး သိပ်မသုံးဖြစ်တဲ့ Application တွေကို ပိတ်ထားလို့ရပါတယ်။

အဲဒီလို လုပ်လိုက်ရင်တော့ ပိတ်ထားတဲ့ Application တွေရဲ့ Notification တွေကတော့ တက်လာတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖုန်းက ကိုယ် တကယ် လိုအပ်တဲ့ Application တွေ အတွက်ပဲ အလုပ်လုပ်ရတော့ ဖုန်းဘက်ထရီကုန်တာ ပိုသက်သာစေပါတယ်။

Related Article >>> ယောင်းတို့ ဖုန်းထဲမှာရှိသင့်တဲ့ အက်ပလီကေးရှင်း (၅)မျိုး

၃) Home screen widgets တွေနဲ့ Live wallpaper တွေကြောင့်။ 

ဖုန်း home screen widgets နဲ့ live wallpaper တွေက ဘက်ထရီ ပိုကုန်စေပါတယ်။ Live wallpaper တွေက လှတယ်ဆိုတာ မှန်ပေမဲ့ သူက animation ဆိုတဲ့အတိုင်း လှုပ်နေတော့ ဖုန်းဘက်ထရီကို သာမန်wallpaper တွေထက် ပိုပြီးကုန်စေတာ အသိသာကြီးပါ။ Home Screen မှာလည်း widgets တွေ အများကြီးမထားဘဲ လိုသလောက်ပဲ ထားတာက အကောင်းဆုံးပါပဲ။

ပွဲအကြောင်း အသေးစိတ်သိလိုပါက >>> http://bit.ly/2WK7oFQ

၄) ဖုန်းမျက်နှာပြင်အလင်းကိုလျော့ထားပါ။

လင်းလေ ကုန်လေပါရှင်… ဖုန်းမျက်နှာပြင်အလင်းရောင်ကို ပုံမှန်အလင်းရောင်လောက်ပဲ ထားပေးပါ။ အရမ်းလင်းအောင်ထားတာက ဖုန်းဘက်ထရီအားကို ကုန်စေသလို မျက်စိအားကိုလည်း ကုန်စေပါတယ်နော်… အလင်းစူးလွန်းတာက ယောင်းရဲ့ မျက်လုံးကို ထိခိုက်စေနိုင်မှာ ကျိန်းသေပါပဲ။ ဒါကြောင့် Automatic Brightness ကို ပိတ်ပြီး အလင်းကို လျှော့ထားတာက ဖုန်းဘက်ထရီကုန်တာ အများကြီး သက်သာစေမှာပါ။

Related Article >>> Facebook ကို အန္တရာယ်ကင်းကင်း အသုံးပြုနိုင်အောင် Security မြှင့်ပြီး သုံးကြမယ်။

၅) ဖုန်းဘက်ထရီအား ကုန်တဲ့ထိ သုံးတာ။ 

ဖုန်းအားကို အကုန်ကုန်အောင်သုံးတာက ဖုန်းဘက်ထရီကို အရမ်းထိခိုက်စေပါတယ်။ ဒါနဲ့ပဲ ဖုန်းအားတွေ ခဏခဏ ကုန်၊ ကုန်တာလည်း အားလုံးဝ မကျန်တော့တဲ့ထိ ထား၊ အဲဒါနဲ့တင် ဂျာအေး သူ့အမေရိုက်တော့တာပါပဲ။

ဖြစ်သင့်တာက ဖုန်းကို အားကုန်တဲ့ထိ မထားဘဲ အလွန်ဆုံး ၁၅% ထိပဲထားပါ။ အန္တရာယ်အကင်းဆုံးကတော့ ၄၀% ကျော်ကျော်လောက် ထားထားတာပါပဲ။ ၁၅% အောက်တော့ လုံးဝ မကျစေနဲ့နော်…

၆) ဖုန်းအားသွင်းရင်းနဲ့ ဖုန်းသုံးတာ။ 

ဟေး.. ဒါလုပ်နေကျမလား 😛 ဖုန်းသုံးနေတုန်း အားကုန်သွားရင် အားသွင်းကြိုးတန်းလန်းကြီးနဲ့ ဖုန်းဆက်သုံးနေတတ်တဲ့ ချိမတို့ ရှိတ်လက်ပါအူး.. :3 တကယ်တော့ ဒီလို အားသွင်းရင်းဖြစ်စေ၊ Power Bank နဲ့ တွဲပြီးဖြစ်စေ အားသွင်းရင်း ဂိမ်းဆော့တာမျိုး၊ ဖုန်းသုံးနေတာမျိုးက ဖုန်းဘက်ထရီကို အတော်ကြီး ထိခိုက်စေနိုင်တာပါ။ အဲဒီမှာပဲ ဖုန်းအား ခဏခဏကုန်တဲ့ ဇာတ်လမ်းက စတော့တာပါပဲ။

ဒီလို အားသွင်းရင်း ဖုန်းဆက်သုံးတာက ယောင်းတို့အတွက်လည်း အန္တရာယ်များတယ်နော်။ ဖုန်းဘက်ထရီ ဖောင်းပြီး အပူလွန်ကဲလာတဲ့အခါ ပေါက်ကွဲတာတွေ ဖြစ်နိုင်လို့ ဖုန်းအားကုန်သွားတယ်ဆိုရင် ဖုန်းသုံးတာရပ်ပြီး ဖုန်းအားသွင်းလိုက်ပါ။

အပေါ်က အချက်တွေထဲကဘယ်နှစ်ချက်တောင် လုပ်မိနေပြီလဲ ယောင်းလေးတို့။ ခုဆိုရင်တော့ ယောင်းတို့ရဲ့ ဖုန်းဘက်ထရီတွေ ကြာကြာခံအောင် ဘယ်လို သုံးရမလဲဆိုတာ သေချာသိသွားလောက်ပြီ ထင်တယ်နော်… အဆင်ပြေကြပါစေ ယောင်းတို့ရေ…

References : pcmag ,zdnet

Phyu Thant (For Her Myanmar)

Phyu Thant
Phyu Thant
Foodနဲ႔ beauty နဲ့ပတ္သက္တာေလးေတြအဓိက စိတ္ဝင္စားေအာင္ေရးေပးပါ့မယ္ေနာ္။For Her Myanmar မွာ ေယာင္းေလးတို႔ မပ်င္းရေအာင္ေရးေပးပါ့မယ္။ 💕

Leave a Reply

Your email address will not be published. Required fields are marked *