Laptopကို မထိခိုက္ မပ်က္စီးေစဘဲ အထာက်က် အသံုးျပဳႏုိင္မယ့္ အခ်က္ (၇)ခ်က္

Laptop ကို သံုးေတာ့သံုးတယ္.. ေသခ်ာ စနစ္တက် ထိန္းသိမ္းဖို႔က်ေတာ့ ေမ့ေနၾကတယ္မလား..

Laptop မွာရွိေနတဲ့ ဘက္တီးရီးယားေတြ၊ ဖုန္ေတြ အညစ္ေၾကးေတြကို ေတာ္ရံုမျမင္ရလို႔ သန္႔ရွင္းေရးလုပ္ဖို႔ မလိုဘူးလို႔ ေတာ္ေတာ္မ်ားမ်ားက ထင္ေနတတ္ၾကပါတယ္။ ဒါေပမဲ့ တကယ့္တကယ္က်ေတာ့ Laptopေတြကိုလည္း ေသခ်ာ ဂရုတစိုက္ ထိန္းသိမ္းဖို႔ လိုအပ္ပါတယ္။ ကိုယ္ေတြ မျမင္ရေပမဲ့ ပိုးမႊားေတြ၊ ဖုန္ေတြကေတာ့ က်ိန္းေသရွိေနမွာပဲေလ.. ဒါကို ေန႔တိုင္း ထိေတြ႕ေနတဲ့အခါမွာ ကိုယ့္က်န္းမာေရးအတြက္လည္း ဆိုးက်ိဳးေတြ အမ်ားႀကီး ျဖစ္လာေစႏုိင္ပါတယ္.. ဒါဆို ကိုယ့္ က်န္းမာေရးလည္း မထိခိုက္ေအာင္၊ Laptop လည္း မပ်က္စီးေအာင္ ဘယ္လို ထိန္းသိမ္းၾကမလဲ?

(၁) မေတာ္တဆမျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ပါ။

မေတာ္တဆဆိုလို႔ အႀကီးႀကီးေတြ ေတြးေနၿပီလား? ကိုယ္ေတြလုပ္ေနက် စားစရာေသာက္စရာေတြကို Laptop ေဘးနားထားၿပီးစားတာမ်ိဳး၊ အိမ္မွာေမြးထားတဲ့ ေၾကာင္ေလးေတြ၊ ေခြးေလးေတြက Laptop ေပၚ အိပ္တာမ်ိဳး၊ Laptop နား ကပ္ခၽြဲေနတာမ်ိဳး စသျဖင့္ေတြက မေတာ္တဆျဖစ္ေစႏိုင္တဲ့ အေၾကာင္းရင္း အႀကီးႀကီးပါပဲ.. အထူးသျဖင့္ ေသာက္စရာ ေရခြက္ေတြ၊ အေအးခြက္ေတြကို Laptop ေဘးနားထားတဲ့အခါ မေတာ္တဆ ဖိတ္စင္သြားတာမ်ိဳး ျဖစ္ရင္ Laptop ကို အနည္းနဲ႔ အမ်ားေတာ့ ထိခိုက္ေစႏုိင္တယ္ မဟုတ္လား… မေတာ္တဆျဖစ္ႏုိင္တဲ့ အေၾကာင္းရင္းေတြကို ေရွာင္လိုက္မယ္ဆိုရင္ Laptop မပ်က္စီးေအာင္ တကူးတက ထိန္းသိမ္းေနစရာ မလိုေတာ့ဘူးေပါ့..

(၂) Laptop ကို မၾကာခဏ သန္႔ရွင္းေရးလုပ္ေပးပါ။

Laptop ကို သန္႔ရွင္းေရးလုပ္ဆိုလို႔ ဆပ္ျပာေတြနဲ႔ ေဆးၿပီး ေနလွမ္းတဲ့ ဗီဒီယိုႀကီး ေျပးျမင္မိ 😛 အက္ဒ္မင္တို႔ ေတာ္ေတာ္မ်ားမ်ားက Laptop ရဲ႕ ဖန္သားျပင္ေလး သန္႔ရွင္းေနရင္ အိုေခၿပီလို႔ ထင္တတ္ၾကပါတယ္။ တကယ့္တကယ္ သန္႔ရွင္းေရးလုပ္ရမယ့္ ကီးဘုတ္ေတြ၊ ေလဝင္ေပါက္ေတြနဲ႔ Speaker ေတြကိုက်ေတာ့ ေမ့ေနတတ္ၾကပါတယ္။ အဲဒီေနရာေတြမွာမွ ဖုန္ေတြ၊ အမႈိက္ေတြ၊ ေၾကးေညွာ္ေတြက အမ်ားဆံုး ရွိေနတတ္တာပါ။ ဒါေတြက ကိုယ့္က်န္းမာေရးကိုပါ ထိခိုက္ေစႏုိင္တယ္ေလ..

Related Article;ေယာင္းမသိေသးတဲ့ Gmail ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ (၄) ခု

(၃) Laptop ကို ကားထဲမွာမထားခဲ့ပါနဲ႔

Laptop  ကို ကားထဲလို အလံုပိတ္ေနရာေတြမွာထားခဲ့တာက အႏၱရယ္ အရမ္းမ်ားပါတယ္ေနာ္။ ကိုယ္ေတြကေတာ့ မသိဘူးေလ.. ကားေပၚက ဆင္းရင္ Laptop ႀကီးသယ္သြားရမွာ ေလးတယ္ဆိုၿပီး ပစ္ထည့္ထားခဲ့တာမ်ိဳးက ခဏခဏလုပ္တာကလား :3 တကယ္ေတာ့ ေနပူထဲ ရပ္ထားခဲ့တဲ့ကား၊ အလံုပိတ္ကားေတြထဲမွာ Laptop ေတြ ထားခဲ့မိရင္ ကားထဲက အပူရွိန္ေတြ၊ Pressure (ဖိအား) ေတြက Laptop ကို ပ်က္စီးေစပါတယ္ ေယာင္းတို႔ေရ…

(၄) Laptop ကို ပါဝါပိတ္ဖို႔ မေမ့ပါနဲ႔

Laptop နဲ႔ ဇာတ္ကားၾကည့္ရင္း အိပ္ေပ်ာ္သြားတဲ့ ေယာင္းေတြ လက္ေထာင္ပါ :3 Laptop ကို သံုးၿပီးလို႔ ေနရာက ခဏထသြားရင္းျဖစ္ျဖစ္၊ တစ္ခုခုသြားလုပ္လိုက္ရင္ ျဖစ္ျဖစ္ Laptop က အလိုလို Sleep Mode on သြားတတ္ပါတယ္။ ကိုယ္ျပန္လာတဲ့အခါမွာ Laptop က ပိတ္ေနသလိုလို ဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားက  ေၾသာ္ပိတ္ၿပီးၿပီပဲဆိုၿပီး ေက်ာ္သြားတတ္ပါတယ္။ အဲ.. ေနာက္တစ္ခါ အလုပ္လုပ္မယ္ဆိုေတာ့မွ ဟာ.. မပိတ္ထားရေသးပါလားဆိုၿပီး ျဖစ္ေရာ.. တကယ္တမ္း  Sleep Mode က Laptop ကို လံုးဝ အနားေပးထားတာ မဟုတ္ေတာ့ Laptop ကို ပ်က္စီးေစတာ က်ိန္းေသပါပဲ။ အဲ့ေတာ့ Laptop ကို မသံုးေတာ့ဘူးဆိုရင္ လံုးဝ ပိတ္ထားလိုက္ပါ။

(၅) Cleanup ပံုမွန္လုပ္ပါ။

ဘာမွလည္း မသံုးဘဲနဲ႔ စက္ႀကီးက ေလးေနတယ္ဆိုတာမ်ိဳး ျဖစ္ဖူးၾကလား ေယာင္းတို႔… ဒါကို ဘယ္လို ေျဖရွင္းရမလဲဆိုရင္ windows ထဲက Search bar > Disk Cleanup > Clean up System files > Ok ေရြးေပးလိုက္ရင္ ေလးေနတဲ့ ယာယီေဒတာဖိုင္ေတြပ်က္သြားမွာပါေနာ္။ ပံုမွန္ Data ေတြ၊ Cache ေတြ ရွင္းမယ္ဆိုရင္

Windows+R > Prefetch  > Ctrl+A > Shift+Delete ,

Windows+R > Temp > Ctrl+A > Shift +Delete ,

Windows + R > %temp% > Ctrl+A > Shift + Delete,

Windows + R > Recent > Ctrl+A > Shift+Delete ဆိုတဲ့ အဆင့္ဆင့္နဲ႔ Cache ေတြကို ရွင္းေပးလို႔ ရပါတယ္။ ဒီထဲက Prefetch, Temp, %temp% နဲ႔ Recent ဆိုတာေတြကိုေတာ့ Box ထဲ ကိုယ့္ဘာသာ ရိုက္ထည့္ရမွာေပါ့ေနာ္..

Related Article;အလုပ္လုပ္တဲ့အခါ လြယ္ကူျမန္ဆန္ေစမယ့္ ကြန္ပ်ဴတာကီးဘုတ္ shortcut key မ်ား

(၆) ဘက္ထရီကို တာရွည္ခံေအာင္ ထိန္းသိမ္းပါ။

Laptop  ကို အခ်ိန္အၾကာႀကီး အားသြင္းၿပီး သံုးတာမ်ိဳး၊ ႀကိဳးတပ္လ်က္ တန္းလန္းနဲ႔ Laptop ကို သံုးေနတာမ်ိဳးဆိုရင္ ဘက္ထရီကို ထိခိုက္ေစႏိုင္ပါတယ္။ အားကုန္ခါနီးထိ သံုး၊ အားသြင္း၊ အားျပည့္ရင္ ျပန္ျဖဳတ္၊ အဲဒီလိုသံုးတာမ်ိဳးက Laptop ရဲ႕ ဘက္ထရီသက္တမ္းကို ပိုၿပီး တာရွည္ခံေစပါတယ္။ ေနာက္တစ္ခုက သံုးရင္း ဘက္ထရီအရမ္းပူလာတာမ်ိဳးကလည္း ဘက္ထရီကို ထိခိုက္ေစႏုိင္ပါေသးတယ္။ ဒီလို အျဖစ္ကို ေျဖရွင္းႏုိင္တဲ့ နည္းလမ္းကေတာ့ ႏွစ္မ်ိဳးရွိပါတယ္။ ပထမ တစ္မ်ိဳးက Laptop ဘက္ထရီ အရမ္းပူလာၿပီဆိုရင္ Laptop သံုးတာ ရပ္လိုက္တာ၊ ေနာက္တစ္မ်ိဳးကေတာ့ ေအာက္ခံ ပန္ကာ တပ္ၿပီး သံုးတာပါ။ ဒီနည္းလမ္း ၂ မ်ိဳးနဲ႔ဆိုရင္ေတာ့ ဘက္ထရီကို ထိခိုက္ႏႈန္းနည္းေစပါတယ္ ေယာင္းတို႔ေရ..

(၇) Antivirus Software ေတြ ထည့္သြင္းထားပါ။

Laptop ရဲ႕ အျပင္ဘက္က ပိုးမႊားေတြ ရွင္းၿပီးရင္ Laptop ရဲ႕ Software ေတြထဲ ဝင္လာႏုိင္တဲ့ Virus ေတြကိုလည္း ကာကြယ္ဖို႔ လိုအပ္ပါေသးတယ္။ ဒီအတြက္ အလြယ္ဆံုးနဲ႔ အရွင္းဆံုး နည္းလမ္းကေတာ့ Antivirus Software ေတြကို ထည့္ထားလိုက္တာပါပဲ။ Antivirus Software ေတြ ထည့္သြင္းထားၿပီးရင္ေတာ့ ပံုမွန္ Update လုပ္ေပးဖုိ႔ မေမ့ပါနဲ႔လို႔…

ဒီအေျခခံ အခ်က္ေလးေတြကို သိသြားၿပီး ဒီတုိင္းေလး လိုက္လုပ္မယ္ဆိုရင္ေတာ့ ေယာင္းတို႔  Laptop ေလးေတြကို သန္႔ရွင္းသပ္ရပ္ေပါ့ပါးစြာ အသံုးျပဳႏိုင္ပါၿပီရွင္… အဲ.. Laptop ကို တစ္ခ်ိန္လံုးသံုးေနတာထက္ ၁၅ မိနစ္တစ္ခါေလာက္ အေဝးတစ္ေနရာကိုၾကည့္ေပးတာက မ်က္လံုးက်န္းမာေရးအတြက္ ပိုၿပီး သင့္ေတာ္တယ္ဆိုေလးေတာ့ မေမ့လိုက္နဲ႔ေနာ္..

References : Wikihow, How Staff Works , Calling All Geeks

Phyu Thant(For Her Myanmar)

<<< Unicode >>>

Laptop ကို သုံးတော့သုံးတယ်.. သေချာ စနစ်တကျ ထိန်းသိမ်းဖို့ကျတော့ မေ့နေကြတယ်မလား..

Laptop မှာရှိနေတဲ့ ဘက်တီးရီးယားတွေ၊ ဖုန်တွေ အညစ်ကြေးတွေကို တော်ရုံမမြင်ရလို့ သန့်ရှင်းရေးလုပ်ဖို့ မလိုဘူးလို့ တော်တော်များများက ထင်နေတတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ Laptopတွေကိုလည်း သေချာ ဂရုတစိုက် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ကိုယ်တွေ မမြင်ရပေမဲ့ ပိုးမွှားတွေ၊ ဖုန်တွေကတော့ ကျိန်းသေရှိနေမှာပဲလေ.. ဒါကို နေ့တိုင်း ထိတွေ့နေတဲ့အခါမှာ ကိုယ့်ကျန်းမာရေးအတွက်လည်း ဆိုးကျိုးတွေ အများကြီး ဖြစ်လာစေနိုင်ပါတယ်.. ဒါဆို ကိုယ့် ကျန်းမာရေးလည်း မထိခိုက်အောင်၊ Laptop လည်း မပျက်စီးအောင် ဘယ်လို ထိန်းသိမ်းကြမလဲ?

(၁) မတော်တဆမဖြစ်အောင် ကြိုတင်ကာကွယ်ပါ။

မတော်တဆဆိုလို့ အကြီးကြီးတွေ တွေးနေပြီလား? ကိုယ်တွေလုပ်နေကျ စားစရာသောက်စရာတွေကို Laptop ဘေးနားထားပြီးစားတာမျိုး၊ အိမ်မှာမွေးထားတဲ့ ကြောင်လေးတွေ၊ ခွေးလေးတွေက Laptop ပေါ် အိပ်တာမျိုး၊ Laptop နား ကပ်ချွဲနေတာမျိုး စသဖြင့်တွေက မတော်တဆဖြစ်စေနိုင်တဲ့ အကြောင်းရင်း အကြီးကြီးပါပဲ.. အထူးသဖြင့် သောက်စရာ ရေခွက်တွေ၊ အအေးခွက်တွေကို Laptop ဘေးနားထားတဲ့အခါ မတော်တဆ ဖိတ်စင်သွားတာမျိုး ဖြစ်ရင် Laptop ကို အနည်းနဲ့ အများတော့ ထိခိုက်စေနိုင်တယ် မဟုတ်လား… မတော်တဆဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို ရှောင်လိုက်မယ်ဆိုရင် Laptop မပျက်စီးအောင် တကူးတက ထိန်းသိမ်းနေစရာ မလိုတော့ဘူးပေါ့..

(၂) Laptop ကို မကြာခဏ သန့်ရှင်းရေးလုပ်ပေးပါ။

Laptop ကို သန့်ရှင်းရေးလုပ်ဆိုလို့ ဆပ်ပြာတွေနဲ့ ဆေးပြီး နေလှမ်းတဲ့ ဗီဒီယိုကြီး ပြေးမြင်မိ 😛 အက်ဒ်မင်တို့ တော်တော်များများက Laptop ရဲ့ ဖန်သားပြင်လေး သန့်ရှင်းနေရင် အိုခေပြီလို့ ထင်တတ်ကြပါတယ်။ တကယ့်တကယ် သန့်ရှင်းရေးလုပ်ရမယ့် ကီးဘုတ်တွေ၊ လေဝင်ပေါက်တွေနဲ့ Speaker တွေကိုကျတော့ မေ့နေတတ်ကြပါတယ်။ အဲဒီနေရာတွေမှာမှ ဖုန်တွေ၊ အမှိုက်တွေ၊ ကြေးညှော်တွေက အများဆုံး ရှိနေတတ်တာပါ။ ဒါတွေက ကိုယ့်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လေ..

Related Article;ယောင်းမသိသေးတဲ့ Gmail ရဲ့ လျှို့ဝှက်ချက် (၄) ခု

(၃) Laptop ကို ကားထဲမှာမထားခဲ့ပါနဲ့

Laptop ကို ကားထဲလို အလုံပိတ်နေရာတွေမှာထားခဲ့တာက အန္တရယ် အရမ်းများပါတယ်နော်။ ကိုယ်တွေကတော့ မသိဘူးလေ.. ကားပေါ်က ဆင်းရင် Laptop ကြီးသယ်သွားရမှာ လေးတယ်ဆိုပြီး ပစ်ထည့်ထားခဲ့တာမျိုးက ခဏခဏလုပ်တာကလား :3 တကယ်တော့ နေပူထဲ ရပ်ထားခဲ့တဲ့ကား၊ အလုံပိတ်ကားတွေထဲမှာ Laptop တွေ ထားခဲ့မိရင် ကားထဲက အပူရှိန်တွေ၊ Pressure (ဖိအား) တွေက Laptop ကို ပျက်စီးစေပါတယ် ယောင်းတို့ရေ…

(၄) Laptop ကို ပါဝါပိတ်ဖို့ မမေ့ပါနဲ့

Laptop နဲ့ ဇာတ်ကားကြည့်ရင်း အိပ်ပျော်သွားတဲ့ ယောင်းတွေ လက်ထောင်ပါ :3 Laptop ကို သုံးပြီးလို့ နေရာက ခဏထသွားရင်းဖြစ်ဖြစ်၊ တစ်ခုခုသွားလုပ်လိုက်ရင် ဖြစ်ဖြစ် Laptop က အလိုလို Sleep Mode on သွားတတ်ပါတယ်။ ကိုယ်ပြန်လာတဲ့အခါမှာ Laptop က ပိတ်နေသလိုလို ဆိုတော့ တော်တော်များများက သြော်ပိတ်ပြီးပြီပဲဆိုပြီး ကျော်သွားတတ်ပါတယ်။ အဲ.. နောက်တစ်ခါ အလုပ်လုပ်မယ်ဆိုတော့မှ ဟာ.. မပိတ်ထားရသေးပါလားဆိုပြီး ဖြစ်ရော.. တကယ်တမ်း Sleep Mode က Laptop ကို လုံးဝ အနားပေးထားတာ မဟုတ်တော့ Laptop ကို ပျက်စီးစေတာ ကျိန်းသေပါပဲ။ အဲ့တော့ Laptop ကို မသုံးတော့ဘူးဆိုရင် လုံးဝ ပိတ်ထားလိုက်ပါ။

(၅) Cleanup ပုံမှန်လုပ်ပါ။

ဘာမှလည်း မသုံးဘဲနဲ့ စက်ကြီးက လေးနေတယ်ဆိုတာမျိုး ဖြစ်ဖူးကြလား ယောင်းတို့… ဒါကို ဘယ်လို ဖြေရှင်းရမလဲဆိုရင် windows ထဲက Search bar > Disk Cleanup > Clean up System files > Ok ရွေးပေးလိုက်ရင် လေးနေတဲ့ ယာယီဒေတာဖိုင်တွေပျက်သွားမှာပါနော်။ ပုံမှန် Data တွေ၊ Cache တွေ ရှင်းမယ်ဆိုရင်

Windows+R > Prefetch > Ctrl+A > Shift+Delete ,

Windows+R > Temp > Ctrl+A > Shift +Delete ,

Windows + R > %temp% > Ctrl+A > Shift + Delete,

Windows + R > Recent > Ctrl+A > Shift+Delete ဆိုတဲ့ အဆင့်ဆင့်နဲ့ Cache တွေကို ရှင်းပေးလို့ ရပါတယ်။ ဒီထဲက Prefetch, Temp, %temp% နဲ့ Recent ဆိုတာတွေကိုတော့ Box ထဲ ကိုယ့်ဘာသာ ရိုက်ထည့်ရမှာပေါ့နော်..

Related Article;အလုပ်လုပ်တဲ့အခါ လွယ်ကူမြန်ဆန်စေမယ့် ကွန်ပျူတာကီးဘုတ် shortcut key များ

(၆) ဘက်ထရီကို တာရှည်ခံအောင် ထိန်းသိမ်းပါ။

Laptop ကို အချိန်အကြာကြီး အားသွင်းပြီး သုံးတာမျိုး၊ ကြိုးတပ်လျက် တန်းလန်းနဲ့ Laptop ကို သုံးနေတာမျိုးဆိုရင် ဘက်ထရီကို ထိခိုက်စေနိုင်ပါတယ်။ အားကုန်ခါနီးထိ သုံး၊ အားသွင်း၊ အားပြည့်ရင် ပြန်ဖြုတ်၊ အဲဒီလိုသုံးတာမျိုးက Laptop ရဲ့ ဘက်ထရီသက်တမ်းကို ပိုပြီး တာရှည်ခံစေပါတယ်။ နောက်တစ်ခုက သုံးရင်း ဘက်ထရီအရမ်းပူလာတာမျိုးကလည်း ဘက်ထရီကို ထိခိုက်စေနိုင်ပါသေးတယ်။ ဒီလို အဖြစ်ကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကတော့ နှစ်မျိုးရှိပါတယ်။ ပထမ တစ်မျိုးက Laptop ဘက်ထရီ အရမ်းပူလာပြီဆိုရင် Laptop သုံးတာ ရပ်လိုက်တာ၊ နောက်တစ်မျိုးကတော့ အောက်ခံ ပန်ကာ တပ်ပြီး သုံးတာပါ။ ဒီနည်းလမ်း ၂ မျိုးနဲ့ဆိုရင်တော့ ဘက်ထရီကို ထိခိုက်နှုန်းနည်းစေပါတယ် ယောင်းတို့ရေ..

(၇) Antivirus Software တွေ ထည့်သွင်းထားပါ။

Laptop ရဲ့ အပြင်ဘက်က ပိုးမွှားတွေ ရှင်းပြီးရင် Laptop ရဲ့ Software တွေထဲ ဝင်လာနိုင်တဲ့ Virus တွေကိုလည်း ကာကွယ်ဖို့ လိုအပ်ပါသေးတယ်။ ဒီအတွက် အလွယ်ဆုံးနဲ့ အရှင်းဆုံး နည်းလမ်းကတော့ Antivirus Software တွေကို ထည့်ထားလိုက်တာပါပဲ။ Antivirus Software တွေ ထည့်သွင်းထားပြီးရင်တော့ ပုံမှန် Update လုပ်ပေးဖို့ မမေ့ပါနဲ့လို့…

ဒီအခြေခံ အချက်လေးတွေကို သိသွားပြီး ဒီတိုင်းလေး လိုက်လုပ်မယ်ဆိုရင်တော့ ယောင်းတို့ Laptop လေးတွေကို သန့်ရှင်းသပ်ရပ်ပေါ့ပါးစွာ အသုံးပြုနိုင်ပါပြီရှင်… အဲ.. Laptop ကို တစ်ချိန်လုံးသုံးနေတာထက် ၁၅ မိနစ်တစ်ခါလောက် အဝေးတစ်နေရာကိုကြည့်ပေးတာက မျက်လုံးကျန်းမာရေးအတွက် ပိုပြီး သင့်တော်တယ်ဆိုလေးတော့ မမေ့လိုက်နဲ့နော်..

References : Wikihow, How Staff Works , Calling All Geeks

Phyu Thant(For Her Myanmar)

No Comments Yet

Comments are closed