Health Technology

ဓမၼတာလာေတာ့မယ့္ အခ်ိန္ကို ႀကိဳတင္အသိေပးမယ့္ Application (၅)ခု

ဓမၼတာလာမယ့္ရက္ကို ျပကၡဒိန္မွာ မွတ္ထားတာက ဒိတ္ေအာက္ေနပါၿပီေနာ္ 🤭

ေယာင္းတို႔ေရ… တစ္လတစ္ခါ မိန္းကေလးတိုင္း ၾကံဳေတြ႔ေနရတဲ့ ရာသီစက္ဝန္းရက္ကို သတိမထားမိလိုက္ဘဲ ေမ့ေနတာမ်ိဳးေတြ ၾကံဳေတြ႕ဖူးၾကတယ္ဟုတ္။  လစဥ္သံုးပစၥည္းကို အၿမဲေဆာင္ထားတတ္ရင္ ကိစၥမရွိေပမဲ့ မေဆာင္ထားတတ္တဲ့သူမ်ိဳးဆို ေတာ္ေတာ္ေလးကို အခက္ၾကံဳရတဲ့ အခိုက္အတန္႔ပါပဲ… အေရးႀကီးတဲ့ ပြဲလမ္းသဘင္ေတြနဲ႔ အပန္းေျဖခရီးသြားေနတဲ့ အခ်ိန္မ်ိဳးမွာမ်ား  ဒီရက္နဲ႔တိုက္ဆိုင္ေနရင္ ကသိကေအာက္ေတြ ျဖစ္ကုန္ပါေရာ.. ဒီေတာ့ မင္မင္ကေန ရာသီစက္ဝန္းရက္ကို ေမ့ေနတတ္တဲ့ ေယာင္းတို႔အတြက္  ဓမၼတာလာမယ့္အခ်ိန္ကို ႀကိဳေျပာျပေပးႏိုင္မယ့္ အရမ္းကိုအသံုးဝင္တဲ့ Application ေလးေတြကို ေဝမွ်ေပးသြားမယ္ေနာ္….

(၁) Period Tracker Lite

ဒီ Application ကေတာ့ ရိုးရွင္းၿပီး ခ်စ္စရာေကာင္းတဲ့ Application ေလးပါ။ သူက ရက္ေတြတြက္ေပးမယ့္အျပင္ ဓမၼတာလာခ်ိန္မွာ ခံစားရတာေတြကိုပါ မွတ္ထားလို႔ရပါတယ္။ ဒါ့အျပင္ ဗိုက္ေအာင့္တာေတြ၊ ဝက္ျခံထြက္တာေတြ စတာေတြကိုလည္း မွတ္ထားလို႔ရပါတယ္။

(၂) Clue

Clue ကေတာ့ အေကာင္းဆံုး ဓမၼတာသတိေပးတဲ့ Application ေလးပါ။ သူက လိင္ဆက္ဆံသင့္တဲ့ရက္ေတြ၊ ခံစားမႈေတြ၊ ဓမၼတာလာနႈန္းေတြ စတာေတြကိုပါ မွတ္ေပးပါတယ္။ ဓမၼတာလာမယ့္ ရက္ကိုႀကိဳၿပီး သတိေပးခ်က္ ပို႔ေပးတဲ့အျပင္ ေနာက္က်ေနရင္လည္း သတိေပးစာ လွမ္းပို႔ေပးပါတယ္။

related article >>> “ဓမၼတာလာတယ္ဆိုတာ လူတိုင္းမွာ မျဖစ္ဘဲ အမ်ိဳးသမီးေတြမွာမွ ျဖစ္တာမို႔ ဒါကို ဂုဏ္ယူသင့္တယ္” လို႔ ဆိုလာတဲ့ ပန္းကေလးရဲ႕ ပဲ့ကိုင္ရွင္ “Henriette Ceyrac”

(၃) Eve Tracker App

ခ်စ္စရာေကာင္းတဲ့ ပံုေလးေတြနဲ႔ ဓမၼတာလာမယ့္ရက္ကို စက္ဝိုင္းပံုေလးနဲ႔ ျပထားၿပီး လာမယ့္ရက္ကို အလည္မွာ ျပထားေပးပါတယ္။ စိတ္ခံစားခ်က္ေတြကို မွတ္ေပးထားတဲ့ ပံုစံေလးေတြကလည္း ခ်စ္စရာ အရမ္းေကာင္းပါတယ္။ အေမးအေျဖေလးေတြလဲရွိေတာ့ မသိတာေတြကို ဝင္ဖတ္လို႔ရတာေပါ့ေနာ္။

(၄) Flo Period & Ovulation

Flo ရဲ႕ထူးျခားခ်က္ေလးက application ကို lock လုပ္ထားလို႔ရပါတယ္။ သူငယ္ခ်င္းေတြ၊ လက္ကျမင္းတတ္သူေတြ ရန္ကေန ကာကြယ္လို႔ရတာေပါ့ေနာ္။ ေရေသာက္တဲ့့ အခ်ိန္ေတြ၊ အိပ္ခ်ိန္ေတြ၊ အေလးခ်ိန္ေတြကိုပါ မွတ္ထားလို႔ရပါတယ္။ ဓမၼတာလာမယ့္ရက္ တြက္တာလည္း မွန္တဲ့အတြက္ ေယာင္းတို႔အတြက္ အဆင္ေျပေစမွာပါေနာ္။

Related Article >>> ရာသီဥတု အေျပာင္းအလဲက ဓမၼတာ စက္ဝန္းေပၚ သက္ေရာက္မႈရွိလား?

(၅) Period Diary

ဒီ Application ေလးကေတာ့ စိတ္ခံစားမႈ အမ်ိဳး ၂၀ ေက်ာ္ေတာင္ ေရြးခ်ယ္လို႔ရပါတယ္။ ခ်စ္စရာေကာင္းတဲ့ ပန္းပံုစံေလးနဲ႔ အလယ္မွာ ဓမၼတာလာမယ့္ရက္ကို ေဖာ္ျပထားေပးပါတယ္။ စာတိုေလးေတြေရာ၊ ဓမၼတာလာၿပီးခဲ့တဲ့ရက္ေတြကိုပါ ျပသေပးပါတယ္။

ကဲေယာင္းတို႕ေရ … တစ္လတစ္ခါ ပံုမွန္တစ္ပတ္လည္လာေနက် ရာသီစက္ဝန္းကို ႀကိဳသိရေတာ့ ေယာင္းတို႔သြားစရာ လာစရာေန႔ရက္ေတြကို ႀကိဳေရွာင္လို႔ရတာေပါ့ေနာ္.. ေနာက္ထပ္လည္း ေယာင္းတို႔အတြက္ အက်ိဳးရွိေစမယ့္ အေၾကာင္းအရာေတြကို For Her Myanmar ကေန တင္ဆက္ေပးဦးမွာမို႔ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္….

Phyu Thant(For Her Myanmar)

Reference Link>>>cosmopolitan,health24

<<< Unicode >>>

ဓမ္မတာလာမယ့်ရက်ကို ပြက္ခဒိန်မှာ မှတ်ထားတာက ဒိတ်အောက်နေပါပြီနော် 🤭

ယောင်းတို့ရေ… တစ်လတစ်ခါ မိန်းကလေးတိုင်း ကြုံတွေ့နေရတဲ့ ရာသီစက်ဝန်းရက်ကို သတိမထားမိလိုက်ဘဲ မေ့နေတာမျိုးတွေ ကြုံတွေ့ဖူးကြတယ်ဟုတ်။  လစဉ်သုံးပစ္စည်းကို အမြဲဆောင်ထားတတ်ရင် ကိစ္စမရှိပေမဲ့ မဆောင်ထားတတ်တဲ့သူမျိုးဆို တော်တော်လေးကို အခက်ကြုံရတဲ့ အခိုက်အတန့်ပါပဲ… အရေးကြီးတဲ့ ပွဲလမ်းသဘင်တွေနဲ့ အပန်းဖြေခရီးသွားနေတဲ့ အချိန်မျိုးမှာများ  ဒီရက်နဲ့တိုက်ဆိုင်နေရင် ကသိကအောက်တွေ ဖြစ်ကုန်ပါရော.. ဒီတော့ မင်မင်ကနေ ရာသီစက်ဝန်းရက်ကို မေ့နေတတ်တဲ့ ယောင်းတို့အတွက်  ဓမ္မတာလာမယ့်အချိန်ကို ကြိုပြောပြပေးနိုင်မယ့် အရမ်းကိုအသုံးဝင်တဲ့ Application လေးတွေကို ဝေမျှပေးသွားမယ်နော်….

(၁) Period Tracker Lite

ဒီ Application ကတော့ ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ Application လေးပါ။ သူက ရက်တွေတွက်ပေးမယ့်အပြင် ဓမ္မတာလာချိန်မှာ ခံစားရတာတွေကိုပါ မှတ်ထားလို့ရပါတယ်။ ဒါ့အပြင် ဗိုက်အောင့်တာတွေ၊ ဝက်ခြံထွက်တာတွေ စတာတွေကိုလည်း မှတ်ထားလို့ရပါတယ်။

(၂) Clue

Clue ကတော့ အကောင်းဆုံး ဓမ္မတာသတိပေးတဲ့ Application လေးပါ။ သူက လိင်ဆက်ဆံသင့်တဲ့ရက်တွေ၊ ခံစားမှုတွေ၊ ဓမ္မတာလာနှုန်းတွေ စတာတွေကိုပါ မှတ်ပေးပါတယ်။ ဓမ္မတာလာမယ့် ရက်ကိုကြိုပြီး သတိပေးချက် ပို့ပေးတဲ့အပြင် နောက်ကျနေရင်လည်း သတိပေးစာ လှမ်းပို့ပေးပါတယ်။

related article >>> “ဓမ္မတာလာတယ်ဆိုတာ လူတိုင်းမှာ မဖြစ်ဘဲ အမျိုးသမီးတွေမှာမှ ဖြစ်တာမို့ ဒါကို ဂုဏ်ယူသင့်တယ်” လို့ ဆိုလာတဲ့ ပန်းကလေးရဲ့ ပဲ့ကိုင်ရှင် “Henriette Ceyrac”

(၃) Eve Tracker App

ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့ ဓမ္မတာလာမယ့်ရက်ကို စက်ဝိုင်းပုံလေးနဲ့ ပြထားပြီး လာမယ့်ရက်ကို အလည်မှာ ပြထားပေးပါတယ်။ စိတ်ခံစားချက်တွေကို မှတ်ပေးထားတဲ့ ပုံစံလေးတွေကလည်း ချစ်စရာ အရမ်းကောင်းပါတယ်။ အမေးအဖြေလေးတွေလဲရှိတော့ မသိတာတွေကို ဝင်ဖတ်လို့ရတာပေါ့နော်။

(၄) Flo Period & Ovulation

Flo ရဲ့ထူးခြားချက်လေးက application ကို lock လုပ်ထားလို့ရပါတယ်။ သူငယ်ချင်းတွေ၊ လက်ကမြင်းတတ်သူတွေ ရန်ကနေ ကာကွယ်လို့ရတာပေါ့နော်။ ရေသောက်တဲ့ အချိန်တွေ၊ အိပ်ချိန်တွေ၊ အလေးချိန်တွေကိုပါ မှတ်ထားလို့ရပါတယ်။ ဓမ္မတာလာမယ့်ရက် တွက်တာလည်း မှန်တဲ့အတွက် ယောင်းတို့အတွက် အဆင်ပြေစေမှာပါနော်။

Related Article >>> ရာသီဥတု အပြောင်းအလဲက ဓမ္မတာ စက်ဝန်းပေါ် သက်ရောက်မှုရှိလား?

(၅) Period Diary

ဒီ Application လေးကတော့ စိတ်ခံစားမှု အမျိုး ၂၀ ကျော်တောင် ရွေးချယ်လို့ရပါတယ်။ ချစ်စရာကောင်းတဲ့ ပန်းပုံစံလေးနဲ့ အလယ်မှာ ဓမ္မတာလာမယ့်ရက်ကို ဖော်ပြထားပေးပါတယ်။ စာတိုလေးတွေရော၊ ဓမ္မတာလာပြီးခဲ့တဲ့ရက်တွေကိုပါ ပြသပေးပါတယ်။

ကဲယောင်းတို့ရေ … တစ်လတစ်ခါ ပုံမှန်တစ်ပတ်လည်လာနေကျ ရာသီစက်ဝန်းကို ကြိုသိရတော့ ယောင်းတို့သွားစရာ လာစရာနေ့ရက်တွေကို ကြိုရှောင်လို့ရတာပေါ့နော်.. နောက်ထပ်လည်း ယောင်းတို့အတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေကို For Her Myanmar ကနေ တင်ဆက်ပေးဦးမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်….

Phyu Thant(For Her Myanmar)

Reference Link>>>cosmopolitan,health24

Phyu Thant
Phyu Thant
Foodနဲ႔ beauty နဲ့ပတ္သက္တာေလးေတြအဓိက စိတ္ဝင္စားေအာင္ေရးေပးပါ့မယ္ေနာ္။For Her Myanmar မွာ ေယာင္းေလးတို႔ မပ်င္းရေအာင္ေရးေပးပါ့မယ္။ 💕

Leave a Reply

Your email address will not be published. Required fields are marked *