စာၾကမ္းပိုးေယာင္းေယာင္းေလးတို႔ရဲ႕ ဖုန္းထဲမွာ မျဖစ္မေန ရွိထားသင့္တဲ့ Application (၃) ခု

ျမန္မာလိုပဲ ဖတ္လို႔ရမွာေနာ္ 😉

စာဖတ္တာက ဝါသနာပါေတာ့ ဘယ္ေနရာေရာက္ေရာက္ စာအုပ္ေလး ထုတ္ဖတ္ခ်င္၊ ဒါေပမဲ့လည္း သယ္ရျပဳရ အဆင္မေျပတဲ့ အျဖစ္မ်ိဳးေတြ ႀကံဳေနရပါသလား? အလဲ့ အဇမ္းေတြမ်ား ေၾကာ္ျငာဆန္သြားလား 😛 ဒီလိုအျဖစ္မ်ိဳး ႀကံဳေနရတဲ့ ေယာင္းတုိ႔အတြက္ ကိုယ့္ဖုန္းထဲမွာ ဒီ App ေလး သံုးခုကို ထည့္သြင္းထားလိုုက္မယ္ဆိုရင္ ဘယ္ကိုပဲ ေရာက္ေရာက္၊ ဘယ္စာအုပ္ပဲဖတ္ခ်င္ခ်င္ အလြယ္တကူဖတ္လို႔ရႏုိင္မွာပါေနာ္… ဖုန္းနဲ႔ စာမဖတ္တတ္ဘူးဆိုတဲ့ ေယာင္းတို႔ကလြဲၿပီး တျခား စာဖတ္ဝါသနာပါတဲ့ ေယာင္းေလးေတြအတြက္ အဆင္ေျပႏုိင္မယ့္ App ေလးေတြကေတာ့…

၁။ ဝန္ဇင္း

ဝန္ဇင္း

ဝန္ဇင္း App ေလး စ ေပၚကာစက သံုးရတာ အဆင္မေျပတာေလး နည္းနည္း႐ွိခဲ့ေပမဲ့ အခုေတာ့ သံုးရတာ ေတာ္ေတာ္ေကာင္းသြားပါၿပီ။ ဖုန္းေဘလ္ထဲကေန သံုးစြဲခ ေကာက္ခံသလို၊ ဝယ္ၿပီး ေဒါင္းလုတ္ ဆြဲဖတ္ဖုိ႔ စာအုပ္အမ်ိဳးအစားကလည္း ေတာ္ေတာ္စံုေနၿပီေလ။ ဝယ္မဖတ္ခ်င္ဘူးဆိုလည္း ရေသးတယ္ေနာ္။ ေငြတစ္ရာေလာက္ နဲ႔ ငွားဖတ္လို႔ ရတဲ့ စာအုပ္ေတြအျပင္Free ဖတ္လို႔ ရတဲ့ စာအုပ္ေလးေတြပါ ဝန္ဇင္းမွာ ႐ွိပါေသးတယ္။
ဝန္ဇင္း App ကိုေတာ့ IOS နဲ႔ Android ႏွစ္မ်ိဳးလံုးသံုးလို႔ ရပါတယ္ေနာ္…

Related Article >>> ေယာင္းမသိေသးတဲ့ Gmail ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ (၄) ခု

၂။ MPT Book

MPT Books

ဒါကလည္း MPT ကေန စတာမၾကာေသးတဲ့ App တစ္ခုပါ။ သူကလည္း ဝန္ဇင္းလိုပဲ စာအုပ္ေတြကို ဝယ္ယူျခင္း၊ ငွားရမ္းျခင္းေတြ ျပဳလုပ္ႏုိင္မွာျဖစ္သလို Free ဖတ္လို႔ရတဲ့ စာအုပ္ေတြလည္း ပါပါတယ္။

ေလာေလာဆယ္မွာေတာ့ ဝန္ေဆာင္မႈက်သင့္ေငြေတြကို MPT ဖုန္းေဘလ္ကေနပဲ သံုးလုိ႔ရပါေသးတယ္။ တျခား Operator သံုးစြဲသူေတြအတြက္လည္း ႀကိဳးစားစီစဥ္ေနပါတယ္တဲ့။ လက္႐ွိမွာ MPT Books ကို Android ဖုန္းေတြပဲ သံုးလုိ႔ရေသးေပမဲ့ IOS ေတြအတြက္လည္း စီစဥ္ေနတယ္လုိ႔ သိရပါတယ္။

Related Article >>> မိုဘိုင္းဖုန္းမ်ားနဲ႔ ပ်ိဳေမတို႔ရဲ႕ အသားအေရျပႆနာ

၃။ ပုတက္

ပုတက္

အက္ဒ္မင့္လို ဘယ္ေလာက္ အသက္ႀကီးလာလာ ကာတြန္းေလးေတြ ခ်စ္တတ္တဲ့ ေယာင္းတုိ႔ဆုိရင္ေတာ့ ပုတက္ ေလးကို သေဘာက်မွာပါ။ ကေလးဘဝကတည္းက ႏွစ္သက္ခဲ့တဲ့ ကာတြန္းလက္ရာစံုအျပင္ ကာတြန္းလက္ရာအသစ္ေတြကိုလည္း ဖတ္လို႔ရႏုိင္ပါတယ္။ အရင္ကလို မန္ဘာေၾကးေပးၿပီး စာအုပ္ေတြ ဖတ္လို႔ရသလို ခုေနာက္ပိုင္းမွာေတာ့ ေၾကာ္ျငာေတြ ၾကည့္ေပး႐ံုနဲ႔ အခမဲ့ ဖတ္ရႈႏိုင္ၿပီလို႔လည္း သိရပါတယ္။

ပုတက္ App ကေတာ့ ေလာေလာဆယ္ Android ေတြ အတြက္ပဲ ႐ွိပါေသးတယ္။

App ေတြကေန ဝယ္ဖတ္တာက စာအုပ္ဝယ္တာထက္ ေဈးသက္သာတာမုိ႔ စာအုပ္ဝယ္ဖတ္ခ်င္ေပမဲ့ စာအုပ္ဖိုး သိပ္မတတ္ႏုိ္င္တာ၊ စာအုပ္ေတြ ထားဖုိ႔ ေနရာမ႐ွိတာ၊ သြားေလရာ မသယ္ႏုိင္တာစတဲ့ အခက္အခဲေတြ ႀကံဳေနရတဲ့ စာခ်စ္သူေယာင္းေလးတုိ႔အတြက္ ဒီ App ေလး ေတြ က အဆင္ေျပေစမွာပါ။

Play Store မွာ စာအုပ္ေတြ Free ဖတ္လုိ႔ရတဲ့ တျခား App ေတြ႐ွိေနပါေသးတယ္။ ဒါေပမဲ့ ဒီ App ေလးေတြမွာေတာ့ ဝန္ေဆာင္ခေပးၿပီး ဖတ္ရတာ ျဖစ္တဲ့အတြက္ စာေရးဆရာေတြလည္း အက်ိဳးခံစားခြင့္ရွိေနတာမို႔ အက္ဒ္မင္တုိ႔ ေယာင္းတုိ႔ ခ်စ္တဲ့ စာေရးဆရာေတြ အႏုပညာလက္ရာေကာင္းမ်ားစြာ ဆက္လက္ဖန္တီးႏိုင္ဖုိ႔ စာအုပ္ဝယ္ဖတ္တာျဖစ္ျဖစ္၊ ဒီလုိ ဝန္ေဆာင္ခေပးရတဲ့ App ေတြနဲ႔ ဖတ္႐ွဳတာပဲ ျဖစ္ျဖစ္ အားေပးၾကပါလို႔ အႀကံျပဳရင္း ……..

Sugar Cane (For Her Myanmar)

<<< Unicode >>>

မြန်မာလိုပဲ ဖတ်လို့ရမှာနော် 😉

စာဖတ်တာက ဝါသနာပါတော့ ဘယ်နေရာရောက်ရောက် စာအုပ်လေး ထုတ်ဖတ်ချင်၊ ဒါပေမဲ့လည်း သယ်ရပြုရ အဆင်မပြေတဲ့ အဖြစ်မျိုးတွေ ကြုံနေရပါသလား? အလဲ့ အဇမ်းတွေများ ကြော်ငြာဆန်သွားလား 😛 ဒီလိုအဖြစ်မျိုး ကြုံနေရတဲ့ ယောင်းတို့အတွက် ကိုယ့်ဖုန်းထဲမှာ ဒီ App လေး သုံးခုကို ထည့်သွင်းထားလိုက်မယ်ဆိုရင် ဘယ်ကိုပဲ ရောက်ရောက်၊ ဘယ်စာအုပ်ပဲဖတ်ချင်ချင် အလွယ်တကူဖတ်လို့ရနိုင်မှာပါနော်… ဖုန်းနဲ့ စာမဖတ်တတ်ဘူးဆိုတဲ့ ယောင်းတို့ကလွဲပြီး တခြား စာဖတ်ဝါသနာပါတဲ့ ယောင်းလေးတွေအတွက် အဆင်ပြေနိုင်မယ့် App လေးတွေကတော့…

၁။ ဝန်ဇင်း


ဝန်ဇင်း

ဝန်ဇင်း App လေး စ ပေါ်ကာစက သုံးရတာ အဆင်မပြေတာလေး နည်းနည်းရှိခဲ့ပေမဲ့ အခုတော့ သုံးရတာ တော်တော်ကောင်းသွားပါပြီ။ ဖုန်းဘေလ်ထဲကနေ သုံးစွဲခ ကောက်ခံသလို၊ ဝယ်ပြီး ဒေါင်းလုတ် ဆွဲဖတ်ဖို့ စာအုပ်အမျိုးအစားကလည်း တော်တော်စုံနေပြီလေ။ ဝယ်မဖတ်ချင်ဘူးဆိုလည်း ရသေးတယ်နော်။ ငွေတစ်ရာလောက် နဲ့ ငှားဖတ်လို့ ရတဲ့ စာအုပ်တွေအပြင်Free ဖတ်လို့ ရတဲ့ စာအုပ်လေးတွေပါ ဝန်ဇင်းမှာ ရှိပါသေးတယ်။
ဝန်ဇင်း App ကိုတော့ IOS နဲ့ Android နှစ်မျိုးလုံးသုံးလို့ ရပါတယ်နော်…

Related Article >>> ယောင်းမသိသေးတဲ့ Gmail ရဲ့ လျှို့ဝှက်ချက် (၄) ခု

၂။ MPT Book


MPT Books

ဒါကလည်း MPT ကနေ စတာမကြာသေးတဲ့ App တစ်ခုပါ။ သူကလည်း ဝန်ဇင်းလိုပဲ စာအုပ်တွေကို ဝယ်ယူခြင်း၊ ငှားရမ်းခြင်းတွေ ပြုလုပ်နိုင်မှာဖြစ်သလို Free ဖတ်လို့ရတဲ့ စာအုပ်တွေလည်း ပါပါတယ်။

လောလောဆယ်မှာတော့ ဝန်ဆောင်မှုကျသင့်ငွေတွေကို MPT ဖုန်းဘေလ်ကနေပဲ သုံးလို့ရပါသေးတယ်။ တခြား Operator သုံးစွဲသူတွေအတွက်လည်း ကြိုးစားစီစဉ်နေပါတယ်တဲ့။ လက်ရှိမှာ MPT Books ကို Android ဖုန်းတွေပဲ သုံးလို့ရသေးပေမဲ့ IOS တွေအတွက်လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

Related Article >>> မိုဘိုင်းဖုန်းများနဲ့ ပျိုမေတို့ရဲ့ အသားအရေပြဿနာ

၃။ ပုတက်


ပုတက်

အက်ဒ်မင့်လို ဘယ်လောက် အသက်ကြီးလာလာ ကာတွန်းလေးတွေ ချစ်တတ်တဲ့ ယောင်းတို့ဆိုရင်တော့ ပုတက် လေးကို သဘောကျမှာပါ။ ကလေးဘဝကတည်းက နှစ်သက်ခဲ့တဲ့ ကာတွန်းလက်ရာစုံအပြင် ကာတွန်းလက်ရာအသစ်တွေကိုလည်း ဖတ်လို့ရနိုင်ပါတယ်။ အရင်ကလို မန်ဘာကြေးပေးပြီး စာအုပ်တွေ ဖတ်လို့ရသလို ခုနောက်ပိုင်းမှာတော့ ကြော်ငြာတွေ ကြည့်ပေးရုံနဲ့ အခမဲ့ ဖတ်ရှုနိုင်ပြီလို့လည်း သိရပါတယ်။

ပုတက် App ကတော့ လောလောဆယ် Android တွေ အတွက်ပဲ ရှိပါသေးတယ်။

App တွေကနေ ဝယ်ဖတ်တာက စာအုပ်ဝယ်တာထက် ဈေးသက်သာတာမို့ စာအုပ်ဝယ်ဖတ်ချင်ပေမဲ့ စာအုပ်ဖိုး သိပ်မတတ်နိုင်တာ၊ စာအုပ်တွေ ထားဖို့ နေရာမရှိတာ၊ သွားလေရာ မသယ်နိုင်တာစတဲ့ အခက်အခဲတွေ ကြုံနေရတဲ့ စာချစ်သူယောင်းလေးတို့အတွက် ဒီ App လေး တွေ က အဆင်ပြေစေမှာပါ။

Play Store မှာ စာအုပ်တွေ Free ဖတ်လို့ရတဲ့ တခြား App တွေရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီ App လေးတွေမှာတော့ ဝန်ဆောင်ခပေးပြီး ဖတ်ရတာ ဖြစ်တဲ့အတွက် စာရေးဆရာတွေလည်း အကျိုးခံစားခွင့်ရှိနေတာမို့ အက်ဒ်မင်တို့ ယောင်းတို့ ချစ်တဲ့ စာရေးဆရာတွေ အနုပညာလက်ရာကောင်းများစွာ ဆက်လက်ဖန်တီးနိုင်ဖို့ စာအုပ်ဝယ်ဖတ်တာဖြစ်ဖြစ်၊ ဒီလို ဝန်ဆောင်ခပေးရတဲ့ App တွေနဲ့ ဖတ်ရှုတာပဲ ဖြစ်ဖြစ် အားပေးကြပါလို့ အကြံပြုရင်း ……..

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed