ေယာင္းမသိေသးတဲ့ Gmail ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ (၄) ခု

အမယ္.. နံပါတ္ (၂)က အဆန္းေတာ့…

ဒီေန႔ေခတ္ လူငယ္တုိင္း အီးေမးလ္ (အထူးသျဖင့္ လူသံုးမ်ားတဲ့ Gmail) သံုးတတ္ၾကပါတယ္ေနာ္။ Gmail သံုးတဲ့ ေယာင္းေတြကို Gmail မေျပာျပဘဲထားတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြ႐ွိတယ္ဆိုတာသိလားဟင္။ မသိေသးဘူးဆိုရင္ အက္ဒ္မင္ေျပာျပမွာေပါ့။ ကိုယ့္ေယာင္းေယာင္းေတြအတြက္ ဒါမ်ိဳးေတြလိုက္႐ွာၿပီး ျပန္ေဖာက္သည္ခ်ေနက် အက္ဒမင္ ပဲေလ။ ဟဲဟဲ… ကဲ စေျပာၿပီေနာ္ ….

၁။ ေနာက္ခံေျပာင္းလုိ႔ရတယ္

စိတ္ႀကိဳက္ပံုေလးေတြ ေျပာင္းလုိ႔ရတယ္ေနာ္

ဒါကေတာ့ လွ်ိဳ႕ဝွက္ခ်က္ေတာ့ ဟုတ္ပါဘူး။ ေတာ္ေတာ္မ်ားမ်ားသိၾကပါတယ္။ ဒါေပမဲ့ မသိေသးတဲ့ ေယာင္းေတြကို ေျပာျပေပးမယ္ေနာ္။ Gmail ရဲ႕ Setting ကိုသြား၊ Theme ကို ႏွိပ္ လုိက္ရင္ ပံုလန္းလန္းေလးေတြ ေပၚလာမွာေပါ့။ အဲဒီထဲက ကိုယ္ႀကိဳက္တဲ့ ပံုေလးကို ႏွိပ္ၿပီးေျပာင္းလိုက္႐ံုပဲေနာ္။

Related Article >>> အလုပ္လုပ္တဲ့အခါ လြယ္ကူျမန္ဆန္ေစမယ့္ ကြန္ပ်ဴတာကီးဘုတ္ shortcut key မ်ား

၂။ Gmail က Dot ေတြကို မသိဘူး

Gmail Address ေတြမွာ Dot လို႔ေခၚတဲ့ အစက္ေလးေတြ ( . ) ထည့္ၾကတယ္ေလ။ တကယ္တမ္းေတာ့ Gmail က အဲဒီ အစက္ေလးေတြကို မဖတ္ႏိုင္တာေၾကာင့္ စာပို႔တဲ့အခါ Address မွာ Dot ေတြ မပါဘဲ ပို႔လို႔ရပါတယ္။
ဥပမာ ေယာင္းစာပို႔မယ့္ လိပ္စာက wutyee.123@gamil.com ဆိုပါေတာ့ ။ ေယာင္းစာပို႔တဲ့အခါ dot ကိုျဖဳတ္ၿပီး ဒီလို wutyee123@gmail.com ဆိုၿပီး ပို႔လိုက္တာနဲ႔ ေရာက္ပါတယ္။ မယံုရင္ စမ္းၾကည့္ေနာ္။ အက္ဒ္မင္ေတာ့ ေသခ်ာစမ္းသပ္ၿပီးၿပီ။

၃။ ပို႔ၿပီးသားစာေတြကို ျပန္ယူလို႔ရတယ္

ျမား ျပထားတဲ့ေနရာေလးမွာ ေျပာင္းလုိ႔ရတယ္ေနာ္

တစ္ခါတေလ ကိုယ္က စာေရးၿပီး ေမးလ္ပို႔လုိက္တယ္။ send ဆိုတာကို ႏွိပ္ၿပီးကာမွ ကိုယ္က စာကို ျပန္ျပင္ခ်င္တာ၊ မပို႔ခ်င္ေတာ့တာ႐ွိတယ္ ဆုိပါစို႔။ ဒါဆုိရင္ သူ႔ဆီ ေမးလ္မေရာက္ခင္ ဆက္မပို႔ပဲ ထားလို႔ရပါတယ္။
ဒီလုိ လုပ္ဖုိ႔ဆုိရင္ Setting ထဲက Undo Send: Send cancellation period ဆိုတာကို ႏွိပ္ပါ။ အဲဒီမွာ အခ်ိန္ကို ကိုယ္လုိသေလာက္ေျပာင္းလုိ႔ရပါတယ္။ ဥပမာ – ၃၀ စကၠန္႔ဆုိတာ ႏွိပ္ထားတယ္ ဆုိပါစို႔။
ဒါဆိုရင္ ေယာင္းစာပို႔ၿပီးတိုင္း အဲဒီစာကို မပို႔ခ်င္ေတာ့ရင္ ဖ်က္လုိ႔ရေအာင္ Gmail က ၃၀ စကၠန္႔ အခ်ိန္ေပးပါတယ္။ ကိုယ္က စိတ္ေျပာင္းသြားရင္ Unsend ဆိုတာေလး ႏွိပ္လုိက္႐ံုပဲေနာ္။

Related Article >>> ကြန္ပ်ဴတာမဝယ္ခင္ စဥ္းစားသင့္ေသာ အခ်က္မ်ား

၄။ Gmail မွာ Shortcut ေတြ႐ွိပါတယ္။

ကြန္ပ်ဴတာ သံုးတဲ့အခါ အသံုးျပဳရ လြယ္ကူေအာင္လုိ႔ Shortcut ေတြ ထည့္ထားသလိုပဲ Gmail ကို Shortcut ေတြနဲ႔ သံုးလုိ႔ ရပါတယ္။ ဘာလုပ္ခ်င္ရင္ ဘယ္ Shortcut သံုးရမလဲဆိုတာ သိခ်င္ရင္ေတာ့ အလြယ္ေလးပါ။ Gmail ကို ဖြင့္ၿပီးရင္ “?” ေလး ( Shift + / ) ကို ႏွိပ္လိုက္ Gmail အတြက္ လိုအပ္တဲ့ Shortcut ေတြ က်လာလိမ့္မယ္။ အေပၚက ပံုလိုေလးေပါ့ေနာ္.. အဲဒါေလးေတြကို မွတ္ထားၿပီး သံုးလုိ႔ရပါၿပီ။

ဒါေတြကေတာ့ လူသိနည္းေသးတဲ့ Gmail ရဲ႕ အေၾကာင္းေတြပါ။ ဒါေလးေတြက အသံုးတည့္တာမုိ႔ ေယာင္းတုိ႔ေန႔စဥ္အလုပ္ေတြအတြက္ အဆင္ေျပေစမွာပါ။
ေပ်ာ္႐ႊင္ၾကပါေစ။

Sugar Cane (For Her Myanmar)

<<< Unicode >>>

အမယ်.. နံပါတ် (၂)က အဆန်းတော့…

ဒီနေ့ခေတ် လူငယ်တိုင်း အီးမေးလ် (အထူးသဖြင့် လူသုံးများတဲ့ Gmail) သုံးတတ်ကြပါတယ်နော်။ Gmail သုံးတဲ့ ယောင်းတွေကို Gmail မပြောပြဘဲထားတဲ့ လျှို့ဝှက်ချက်တွေရှိတယ်ဆိုတာသိလားဟင်။ မသိသေးဘူးဆိုရင် အက်ဒ်မင်ပြောပြမှာပေါ့။ ကိုယ့်ယောင်းယောင်းတွေအတွက် ဒါမျိုးတွေလိုက်ရှာပြီး ပြန်ဖောက်သည်ချနေကျ အက်ဒမင် ပဲလေ။ ဟဲဟဲ… ကဲ စပြောပြီနော် ….

၁။ နောက်ခံပြောင်းလို့ရတယ်


စိတ်ကြိုက်ပုံလေးတွေ ပြောင်းလို့ရတယ်နော်

ဒါကတော့ လျှို့ဝှက်ချက်တော့ ဟုတ်ပါဘူး။ တော်တော်များများသိကြပါတယ်။ ဒါပေမဲ့ မသိသေးတဲ့ ယောင်းတွေကို ပြောပြပေးမယ်နော်။ Gmail ရဲ့ Setting ကိုသွား၊ Theme ကို နှိပ် လိုက်ရင် ပုံလန်းလန်းလေးတွေ ပေါ်လာမှာပေါ့။ အဲဒီထဲက ကိုယ်ကြိုက်တဲ့ ပုံလေးကို နှိပ်ပြီးပြောင်းလိုက်ရုံပဲနော်။

Related Article >>> အလုပ်လုပ်တဲ့အခါ လွယ်ကူမြန်ဆန်စေမယ့် ကွန်ပျူတာကီးဘုတ် shortcut key များ

၂။ Gmail က Dot တွေကို မသိဘူး

Gmail Address တွေမှာ Dot လို့ခေါ်တဲ့ အစက်လေးတွေ ( . ) ထည့်ကြတယ်လေ။ တကယ်တမ်းတော့ Gmail က အဲဒီ အစက်လေးတွေကို မဖတ်နိုင်တာကြောင့် စာပို့တဲ့အခါ Address မှာ Dot တွေ မပါဘဲ ပို့လို့ရပါတယ်။
ဥပမာ ယောင်းစာပို့မယ့် လိပ်စာက wutyee.123@gamil.com ဆိုပါတော့ ။ ယောင်းစာပို့တဲ့အခါ dot ကိုဖြုတ်ပြီး ဒီလို wutyee123@gmail.com ဆိုပြီး ပို့လိုက်တာနဲ့ ရောက်ပါတယ်။ မယုံရင် စမ်းကြည့်နော်။ အက်ဒ်မင်တော့ သေချာစမ်းသပ်ပြီးပြီ။

၃။ ပို့ပြီးသားစာတွေကို ပြန်ယူလို့ရတယ်


မြား ပြထားတဲ့နေရာလေးမှာ ပြောင်းလို့ရတယ်နော်

တစ်ခါတလေ ကိုယ်က စာရေးပြီး မေးလ်ပို့လိုက်တယ်။ send ဆိုတာကို နှိပ်ပြီးကာမှ ကိုယ်က စာကို ပြန်ပြင်ချင်တာ၊ မပို့ချင်တော့တာရှိတယ် ဆိုပါစို့။ ဒါဆိုရင် သူ့ဆီ မေးလ်မရောက်ခင် ဆက်မပို့ပဲ ထားလို့ရပါတယ်။

ဒီလို လုပ်ဖို့ဆိုရင် Setting ထဲက Undo Send: Send cancellation period ဆိုတာကို နှိပ်ပါ။ အဲဒီမှာ အချိန်ကို ကိုယ်လိုသလောက်ပြောင်းလို့ရပါတယ်။ ဥပမာ – ၃၀ စက္ကန့်ဆိုတာ နှိပ်ထားတယ် ဆိုပါစို့။

ဒါဆိုရင် ယောင်းစာပို့ပြီးတိုင်း အဲဒီစာကို မပို့ချင်တော့ရင် ဖျက်လို့ရအောင် Gmail က ၃၀ စက္ကန့် အချိန်ပေးပါတယ်။ ကိုယ်က စိတ်ပြောင်းသွားရင် Unsend ဆိုတာလေး နှိပ်လိုက်ရုံပဲနော်။

Related Article >>> ကွန်ပျူတာမဝယ်ခင် စဉ်းစားသင့်သော အချက်များ

၄။ Gmail မှာ Shortcut တွေရှိပါတယ်။

ကွန်ပျူတာ သုံးတဲ့အခါ အသုံးပြုရ လွယ်ကူအောင်လို့ Shortcut တွေ ထည့်ထားသလိုပဲ Gmail ကို Shortcut တွေနဲ့ သုံးလို့ ရပါတယ်။ ဘာလုပ်ချင်ရင် ဘယ် Shortcut သုံးရမလဲဆိုတာ သိချင်ရင်တော့ အလွယ်လေးပါ။ Gmail ကို ဖွင့်ပြီးရင် “?” လေး ( Shift + / ) ကို နှိပ်လိုက် Gmail အတွက် လိုအပ်တဲ့ Shortcut တွေ ကျလာလိမ့်မယ်။ အပေါ်က ပုံလိုလေးပေါ့နော်.. အဲဒါလေးတွေကို မှတ်ထားပြီး သုံးလို့ရပါပြီ။

ဒါတွေကတော့ လူသိနည်းသေးတဲ့ Gmail ရဲ့ အကြောင်းတွေပါ။ ဒါလေးတွေက အသုံးတည့်တာမို့ ယောင်းတို့နေ့စဉ်အလုပ်တွေအတွက် အဆင်ပြေစေမှာပါ။

ပျော်ရွှင်ကြပါစေ။

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed