အလုပ္လုပ္တဲ့အခါ လြယ္ကူျမန္ဆန္ေစမယ့္ ကြန္ပ်ဴတာကီးဘုတ္ shortcut key မ်ား

ဒါေတြ ဒီလိုသံုးလုိ႔ရတာမသိခဲ့ဘူး အခုေတာ့ စေကးေတြတက္ၿပီေလ

အလုပ္မွာ ကြန္ပ်ဴတာသံုးတဲ့အခါ ေနရာတကာ ေမာက္စ္ႀကီးတကားကားနဲ႔ တစ္ခုခ်င္းလုိက္ႏွိပ္ေနရရင္ အဆင္မေျပေတာ့ပါဘူး။ တကယ္ ကြန္ပ်ဴတာကၽြမ္းက်င္တဲ့သူဆုိတာ ကီးဘုတ္တစ္ခုတည္းနဲ႔ အဆင္ေျပၿပီး ေမာက္စ္လံုးဝသံုးစရာမလိုပါဘူးတဲ့။ ေျပာၾကတာေပါ့ 😀 မလိုအပ္ဘဲေတာ့ ေမာက္စ္ဘယ္ထည့္ထားမလဲေနာ္.. ဒါေပမဲ့ ကီးဘုတ္ကို စနစ္တက်နဲ႔ ပရိုဆန္ဆန္ သံုးတတ္ရင္ေတာ့ အရာရာက လြယ္လြယ္ေလး ျဖစ္သြားႏိုင္မွာ အေသအခ်ာပါပဲ။

အဲဒီေတာ့ အက္ဒမင္က ေယာင္းတုိ႔အလုပ္မွာ အခ်ိန္ကုန္သက္သာေအာင္ အလြယ္တကူသံုးလုိ႔ရမယ့္ Shortcut Key ေလးေတြနဲ႔ မိတ္ဆက္ေပးမယ္ေနာ္။

Ctrl (Control Key) နဲ႔ တြဲဖက္သံုးရေသာ Shortcut မ်ား

Ctrl+N (New)  

လက္ရွိသံုးေနတဲ့ Page နဲ႔ အလားတူ ေနာက္ထပ္ စာမ်က္ႏွာအသစ္ ထပ္ေခၚဖို႔ သံုးပါတယ္။ ဥပမာ Browser သံုးေနရင္း Ctrl+N ႏွိပ္လိုက္ရင္ ေနာက္ထပ္ Browser window အသစ္တစ္ခု ထပ္ေပၚလာမွာပါ။ MS Word သံုးေနရင္း ႏွိပ္လိုက္ရင္လည္း ေနာက္ထပ္ စာမ်က္ႏွာအသစ္ ထပ္ေပၚလာမွာေပါ့။

Ctrl+O (Open)

File ထဲက Open ကို သြားႏွိပ္စရာမလိုဘဲ ဒီ Shortcut သံုးလိုက္ရင္ ပြင့္လာမွာပါ။

Ctrl+A (All )

စာသား (Text) ေတြ အားလံုးကို Select လုပ္ေပး (ေရြးခ်ယ္ေပး)မွာပါ။

Ctrl+B (Bold)

Select လုပ္ထားသမွ် စာသားေတြအားလံုးကို စာလံုးအမည္း(Bold) ေျပာင္းေပးမွာပါ။

Ctrl+I (Italics)

Select လုပ္ထားသမွ် စာသားေတြအားလံုးကို စာလံုးအေစာင္း (Italics) ေျပာင္းေပးမွာပါ

Ctrl+U (Underline)

Select လုပ္ထားသမွ်စာသားေတြအားလံုးကို ေအာက္ခံမ်ဥ္း (Underlined) တားေပးမွာပါ

Ctrl+S (Save)

လက္႐ွိအလုပ္ေတြကို သိမ္းဆည္းလို႔ ရပါတယ္။

Related Article >>> ကြန္ပ်ဴတာမဝယ္ခင္ စဥ္းစားသင့္ေသာ အခ်က္မ်ား

Ctrl+C (Copy)

 Copy လုပ္လုိ႔ရပါတယ္။

Ctrl+V (Paste) 

Paste လုပ္လုိ႔ရပါတယ္။

Ctrl+X (Cut)

Select လုပ္ထားသမွ်စာသားေတြအားလံုးကို Cut လုပ္ေပးမွာပါ

Ctrl+Y (Redo)

Word ထဲမွာ အသံုးမ်ားပါတယ္။ ဥပမာ – You are so beautiful. လို႔ ေရးၿပီးတာနဲ႔ Ctrl+Y ႏွိပ္လိုက္ရင္ You are so beautiful ပဲ ျပန္ေပၚတာမ်ိဳးေပါ့။ ေနာက္ဆံုးလုပ္ထားတာကို ျပန္ထပ္ၿပီး လုပ္တာပါ။

Ctrl+Z (Undo)

ေနာက္ဆံုးလုပ္ထားတာကို အစက ျပန္လုပ္ခ်င္ရင္ သံုးလုိ႔ရပါတယ္။

Ctrl+K (Link)

 Select လုပ္ထားသမွ် စာသားေတြအားလံုးမွာ Website Link ေတြ၊ ကိုယ္ လင့္ခ္ခ်ိတ္ခ်င္တဲ့ ပံု၊ Folder၊ ဖိုင္ စသျဖင့္ ထည့္လို႔ရပါတယ္။

Ctrl+P (Print)

 Print ထုတ္ခ်င္တဲ့အခါ သံုးလို႔ရပါတယ္။

Ctrl+Home (move to start)

 Microsoft Word နဲ႔ အလားတူ Software ေတြ သံုးတဲ့အခါ မူရင္း စာမ်က္ႏွာ (သို႔) Document ရဲ႕ ထိပ္ဆံုးကိုသြားလုိ႔ရပါတယ္။ စာပိုဒ္ေတြ ဘာေတြဆိုလည္း အစကို ေရာက္သြားတာမ်ိဳးေပါ့

Ctrl+End (move to end)

 Microsoft Word နဲ႔ အလားတူ Software ေတြသံုးတဲ့အခါ စာမ်က္ႏွာ (သို႔) Document ရဲ႕ အဆံုးကိုသြားလုိ႔ရပါတယ္။ စာပိုဒ္ေတြရဲ႕ အဆံုးကိုလည္း သြားလို႔ ရပါတယ္။

Ctrl+Left arrow

 အဂၤလိပ္စာဆိုရင္ စကားလံုးတစ္လံုးစီ ျမန္မာစာဆုိရင္ စာစုတစ္စုစီ ေဘးဘယ္ဘက္ကို ေ႐ႊ႕လို႔ရပါတယ္။ (ဥပမာ I’ll be by your side မွာ side ရဲ႕ အဆံုးမွာ cursor ခ်ၿပီး ctrl+Left arrow key ကို ႏွိပ္လိုက္မယ္ဆိုရင္ side ရဲ႕ s အေရွ႕ကို cursor ျပန္ေရာက္သြားမွာပါ။ )

Ctrl+Right arrow

 အဂၤလိပ္စာဆိုရင္ စကားလံုးတစ္လံုးစီ ျမန္မာစာဆုိရင္ စာစုတစ္စုစီ ေဘးညာဘက္ကို ေ႐ႊ႕လို႔ရပါတယ္။

Ctrl+Esc (start menu)

START menu ကိုဖြင့္လုိ႔ရပါတယ္။

Related Article >>> မိုဘိုင္းဖုန္းမ်ားနဲ႔ ပ်ိဳေမတို႔ရဲ႕ အသားအေရျပႆနာ

Alt (Alter Key) နဲ႔တြဲဖက္သံုးရေသာ Shortcut မ်ား

Alt+F4 လက္႐ွိသံုးေနတဲ့ Software (သို႔) Program ကို ပိတ္လုိ႔ရပါတယ္။

Alt+F  လက္႐ွိသံုးေနတဲ့ Software (သို႔) Program ရဲ႕ File menu ကို ဖြင့္လုိ႔ရပါတယ္။

Alt+Tab လက္႐ွိသံုးေနတဲ့ Software ေတြ၊ Program ေတြ တစ္ခုကေန တစ္ခုကိုေျပာင္းလုိ႔ရပါတယ္။

အျခား Shortcut မ်ား

F2     File (သို႔) Document ရဲ႕ နာမည္ကိုေျပာင္းလုိ႔ရပါတယ္။

Home  စာေၾကာင္းရဲ႕ အစကို သြားလုိ႔ရပါတယ္။

End စာေၾကာင္းရဲ႕ အဆံုးကိုသြားလုိ႔ရပါတယ္။

Shift+Home   အစကေန လက္႐ွိေနရာအထိ Select မွတ္လုိ႔ ရပါတယ္။

Shift+End      အစကေန လက္႐ွိေနရာအထိ Select မွတ္လုိ႔ ရပါတယ္။

တကယ္ေတာ့ Shortcut Key ေတြက အမ်ားႀကီးပါပဲ။ Ctrl key ေတြဆိုလည္း A to Z အကုန္လံုးနဲ႔ တြဲၿပီး သံုးလို႔ ရပါတယ္။ Alt key ေတြလည္း ဒီလိုပါပဲ။ ဒါေတြကေတာ့ အသံုးမ်ားတဲ့ shortcut key ေတြေပါ့ေနာ္.. တကယ္လို႔ ေယာင္းတို႔ ဒီထက္မက သိခ်င္တယ္ဆိုရင္ အက္ဒ္မင္တို႔ ေနာက္ထပ္ ေနာက္ထပ္ ဆက္ၿပီး တင္ဆက္ေပးဦးမွာမို႔ ကြန္မန္႔ေလးသာ ေပးသြားၾကေနာ္.. :*

Sugar Cane (For Her Myanmar)

References : computerhope, ezcomputersolutions

<<<Unicode>>>

ဒါတွေ ဒီလိုသုံးလို့ရတာမသိခဲ့ဘူး အခုတော့ စကေးတွေတက်ပြီလေ

အလုပ်မှာ ကွန်ပျူတာသုံးတဲ့အခါ နေရာတကာ မောက်စ်ကြီးတကားကားနဲ့ တစ်ခုချင်းလိုက်နှိပ်နေရရင် အဆင်မပြေတော့ပါဘူး။ တကယ် ကွန်ပျူတာကျွမ်းကျင်တဲ့သူဆိုတာ ကီးဘုတ်တစ်ခုတည်းနဲ့ အဆင်ပြေပြီး မောက်စ်လုံးဝသုံးစရာမလိုပါဘူးတဲ့။ ပြောကြတာပေါ့ 😀 မလိုအပ်ဘဲတော့ မောက်စ်ဘယ်ထည့်ထားမလဲနော်.. ဒါပေမဲ့ ကီးဘုတ်ကို စနစ်တကျနဲ့ ပရိုဆန်ဆန် သုံးတတ်ရင်တော့ အရာရာက လွယ်လွယ်လေး ဖြစ်သွားနိုင်မှာ အသေအချာပါပဲ။

အဲဒီတော့ အက်ဒမင်က ယောင်းတို့အလုပ်မှာ အချိန်ကုန်သက်သာအောင် အလွယ်တကူသုံးလို့ရမယ့် Shortcut Key လေးတွေနဲ့ မိတ်ဆက်ပေးမယ်နော်။

Ctrl (Control Key) နဲ့ တွဲဖက်သုံးရသော Shortcut များ

Ctrl+N (New)  

လက်ရှိသုံးနေတဲ့ Page နဲ့ အလားတူ နောက်ထပ် စာမျက်နှာအသစ် ထပ်ခေါ်ဖို့ သုံးပါတယ်။ ဥပမာ Browser သုံးနေရင်း Ctrl+N နှိပ်လိုက်ရင် နောက်ထပ် Browser window အသစ်တစ်ခု ထပ်ပေါ်လာမှာပါ။ MS Word သုံးနေရင်း နှိပ်လိုက်ရင်လည်း နောက်ထပ် စာမျက်နှာအသစ် ထပ်ပေါ်လာမှာပေါ့။

Ctrl+O (Open)

File ထဲက Open ကို သွားနှိပ်စရာမလိုဘဲ ဒီ Shortcut သုံးလိုက်ရင် ပွင့်လာမှာပါ။

Ctrl+A (All )

စာသား (Text) တွေ အားလုံးကို Select လုပ်ပေး (ရွေးချယ်ပေး)မှာပါ။

Ctrl+B (Bold)

Select လုပ်ထားသမျှ စာသားတွေအားလုံးကို စာလုံးအမည်း(Bold) ပြောင်းပေးမှာပါ။

Ctrl+I (Italics)

Select လုပ်ထားသမျှ စာသားတွေအားလုံးကို စာလုံးအစောင်း (Italics) ပြောင်းပေးမှာပါ

Ctrl+U (Underline)

Select လုပ်ထားသမျှစာသားတွေအားလုံးကို အောက်ခံမျဉ်း (Underlined) တားပေးမှာပါ

Ctrl+S (Save)

လက်ရှိအလုပ်တွေကို သိမ်းဆည်းလို့ ရပါတယ်။

Related Article >>> ကွန်ပျူတာမဝယ်ခင် စဉ်းစားသင့်သော အချက်များ

Ctrl+C (Copy)

Copy လုပ်လို့ရပါတယ်။

Ctrl+V (Paste) 

Paste လုပ်လို့ရပါတယ်။

Ctrl+X (Cut)

Select လုပ်ထားသမျှစာသားတွေအားလုံးကို Cut လုပ်ပေးမှာပါ

Ctrl+Y (Redo)

Word ထဲမှာ အသုံးများပါတယ်။ ဥပမာ – You are so beautiful. လို့ ရေးပြီးတာနဲ့ Ctrl+Y နှိပ်လိုက်ရင် You are so beautiful ပဲ ပြန်ပေါ်တာမျိုးပေါ့။ နောက်ဆုံးလုပ်ထားတာကို ပြန်ထပ်ပြီး လုပ်တာပါ။

Ctrl+Z (Undo)

နောက်ဆုံးလုပ်ထားတာကို အစက ပြန်လုပ်ချင်ရင် သုံးလို့ရပါတယ်။

Ctrl+K (Link)

Select လုပ်ထားသမျှ စာသားတွေအားလုံးမှာ Website Link တွေ၊ ကိုယ် လင့်ခ်ချိတ်ချင်တဲ့ ပုံ၊ Folder၊ ဖိုင် စသဖြင့် ထည့်လို့ရပါတယ်။

Ctrl+P (Print)

Print ထုတ်ချင်တဲ့အခါ သုံးလို့ရပါတယ်။

Ctrl+Home (move to start)

Microsoft Word နဲ့ အလားတူ Software တွေ သုံးတဲ့အခါ မူရင်း စာမျက်နှာ (သို့) Document ရဲ့ ထိပ်ဆုံးကိုသွားလို့ရပါတယ်။ စာပိုဒ်တွေ ဘာတွေဆိုလည်း အစကို ရောက်သွားတာမျိုးပေါ့

Ctrl+End (move to end)

Microsoft Word နဲ့ အလားတူ Software တွေသုံးတဲ့အခါ စာမျက်နှာ (သို့) Document ရဲ့ အဆုံးကိုသွားလို့ရပါတယ်။ စာပိုဒ်တွေရဲ့ အဆုံးကိုလည်း သွားလို့ ရပါတယ်။

Ctrl+Left arrow

အင်္ဂလိပ်စာဆိုရင် စကားလုံးတစ်လုံးစီ မြန်မာစာဆိုရင် စာစုတစ်စုစီ ဘေးဘယ်ဘက်ကို ရွှေ့လို့ရပါတယ်။ (ဥပမာ I’ll be by your side မှာ side ရဲ့ အဆုံးမှာ cursor ချပြီး ctrl+Left arrow key ကို နှိပ်လိုက်မယ်ဆိုရင် side ရဲ့ s အရှေ့ကို cursor ပြန်ရောက်သွားမှာပါ။ )

Ctrl+Right arrow

အင်္ဂလိပ်စာဆိုရင် စကားလုံးတစ်လုံးစီ မြန်မာစာဆိုရင် စာစုတစ်စုစီ ဘေးညာဘက်ကို ရွှေ့လို့ရပါတယ်။

Ctrl+Esc (start menu)

START menu ကိုဖွင့်လို့ရပါတယ်။

Related Article >>> မိုဘိုင်းဖုန်းများနဲ့ ပျိုမေတို့ရဲ့ အသားအရေပြဿနာ

Alt (Alter Key) နဲ့တွဲဖက်သုံးရသော Shortcut များ

Alt+F4 လက်ရှိသုံးနေတဲ့ Software (သို့) Program ကို ပိတ်လို့ရပါတယ်။

Alt+F  လက်ရှိသုံးနေတဲ့ Software (သို့) Program ရဲ့ File menu ကို ဖွင့်လို့ရပါတယ်။

Alt+Tab လက်ရှိသုံးနေတဲ့ Software တွေ၊ Program တွေ တစ်ခုကနေ တစ်ခုကိုပြောင်းလို့ရပါတယ်။

အခြား Shortcut များ

F2     File (သို့) Document ရဲ့ နာမည်ကိုပြောင်းလို့ရပါတယ်။

Home  စာကြောင်းရဲ့ အစကို သွားလို့ရပါတယ်။

End စာကြောင်းရဲ့ အဆုံးကိုသွားလို့ရပါတယ်။

Shift+Home   အစကနေ လက်ရှိနေရာအထိ Select မှတ်လို့ ရပါတယ်။

Shift+End      အစကနေ လက်ရှိနေရာအထိ Select မှတ်လို့ ရပါတယ်။

တကယ်တော့ Shortcut Key တွေက အများကြီးပါပဲ။ Ctrl key တွေဆိုလည်း A to Z အကုန်လုံးနဲ့ တွဲပြီး သုံးလို့ ရပါတယ်။ Alt key တွေလည်း ဒီလိုပါပဲ။ ဒါတွေကတော့ အသုံးများတဲ့ shortcut key တွေပေါ့နော်.. တကယ်လို့ ယောင်းတို့ ဒီထက်မက သိချင်တယ်ဆိုရင် အက်ဒ်မင်တို့ နောက်ထပ် နောက်ထပ် ဆက်ပြီး တင်ဆက်ပေးဦးမှာမို့ ကွန်မန့်လေးသာ ပေးသွားကြနော်.. :*

Sugar Cane (For Her Myanmar)

References : computerhope, ezcomputersolutions

No Comments Yet

Comments are closed