အံ့ၾသေလာက္တဲ့ Messenger ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ (၅) ခု

တကယ္ကို အသံုးဝင္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြပါ

ျမန္မာျပည္မွာ Facebook တြင္က်ယ္လာတာနဲ႔အမွ် messenger ကလည္း မ႐ွိမျဖစ္အေရးပါလာပါတယ္။ လူငယ္ေတြအတြက္ သူငယ္ခ်င္းေတြ၊ ခ်စ္သူရည္းစားေတြနဲ႔ ေျပာဆုိဆက္ဆံတာကအစ အေဝးေရာက္ေနတဲ့မိသားစုဝင္ေတြကို ရင္းႏွီးမႈမျပတ္ေအာင္ လုပ္ေဆာင္ေပးပါတယ္။ ဒါတင္မက အလုပ္ကိစၥ အေရးႀကီးဆက္သြယ္မႈေတြကို Messenger ကေန ဆက္သြယ္လုိ႔ ရေသးတာမို႔ တကယ္ကို အသံုးဝင္တယ္လို႔ ဆိုေတာင္ မမွားပါဘူးေနာ္…

ဒီေတာ့ Messenger နဲ႔ ပတ္သက္ၿပီးလူသိနည္းေသးတဲ့ အသံုးဝင္ပံုေလးေတြကို အက္ဒ္မင္က ေျပာျပေပးပါ့မယ္။ ဘာေတြလဲ ဆိုေတာ့ ….

၁။ messenger.com

Facebook ကို ကြန္ပ်ဴတာနဲ႔ သံုးတဲ့အခါ ေထာင့္မွာေပၚလာတဲ့ Chat Box နဲ႔ သံုးတာ ဒါမွမဟုတ္ messenger ဆိုတဲ့ button ကို ႏွိပ္ၿပီးသံုးတာမ်ိဳးလုပ္တတ္ၾကပါတယ္။ လူသိနည္းတာတစ္ခုက Messenger.com ကေန သပ္သပ္သံုးလုိ႔ရတယ္ဆုိတာကိုပါ။

Messenger.com ကို သပ္သပ္ဖြင့္ၿပီးသံုးေတာ့ Screen အျပည့္ စိတ္တိုင္းက်သံုးလို႔ရသလို Facebook ကိုလည္း သီးသန္႔ သံုးလို႔ ရႏိုင္ပါၿပီ။

Related Article >>> ေယာင္းမသိေသးတဲ့ Gmail ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ (၄) ခု

၂။ Messenger ကို သပ္သပ္ Sign Up လုပ္လုိ႔ရပါတယ္

အလုပ္အတြက္ကလည္း Messenger ကို မျဖစ္မေနလိုအပ္တယ္။ Facebook ကေနလည္း ခဏေလာက္ လြတ္ေျမာက္ေအာင္ ထြက္ေျပးခ်င္တယ္ဆိုတာမ်ိဳး ျဖစ္ေနၿပီလား…  ဒါဆုိရင္ ဒီ Facebook အေကာင့္ကို ခဏ ပစ္ထားလိုက္ၿပီး messenger အေကာင့္သပ္သပ္ဖြင့္လို႔ရပါတယ္ေနာ္။

Messenger မွာ ကိုယ့္ဖုန္းနံပါတ္နဲ႔ အေကာင့္ဖြင့္ၿပီး ကိုယ္ရင္းႏွီးတဲ့ သူေတြေလာက္ကိုပဲ ဖုန္းနံပါတ္ကေန တစ္ဆင့္add ၿပီး ဆက္သြယ္လုိ႔ရပါတယ္။

၃။ Messenger Lite

Messenger Lite ကေတာ့ အင္တာနက္လိုင္း အားနည္းတဲ့အခါမွာ သံုးဖို႔အရမ္းအဆင္ေျပပါတယ္။ ေပါ့ေပါ့ပါးပါးဖန္တီးထားတဲ့ App ျဖစ္တာမုိ႔ လိုင္းမေကာင္းရင္လည္း ဆက္သြယ္လုိ႔ရပါတယ္။

သူက My day တို႔၊ Games တုိ႔၊ bot တို႔ ေတာ့ သံုးလုိ႔မရဘူးေပါ့။ ဒါေပမဲ့ အေရးေပၚအေျခအေနေတြမွာ ဆက္သြယ္လို႔ရေအာင္ ဖုန္းထဲမွာ ထည့္ထားသင့္ပါတယ္ေနာ္။

Related Article >>> အလုပ္လုပ္တဲ့အခါ လြယ္ကူျမန္ဆန္ေစမယ့္ ကြန္ပ်ဴတာကီးဘုတ္ shortcut key မ်ား

၄။ Scan Code

ဆိုပါစို႔ တစ္ေနရာရာမွာ လူတစ္ေယာက္ေယာက္နဲ႔ ဆံုတယ္။ သူ႔ကို messenger ကေနဆက္သြယ္ခ်င္တယ္ Facebook မွာေတာ့ Friend မျဖစ္ခ်င္ဘူးဆုိပါေတာ့။

ဒါဆုိရင္ သူ႔ကို Messenger ရဲ႕ Scan Code ကေန ဆက္သြယ္လုိ႔ရပါတယ္။ ဘယ္လုိလုပ္ရမလဲဆိုေတာ့ ..

 

Messenger  ထိပ္က Profile ကို  ႏွိပ္ၿပီးဝင္လုိက္ပါ။

ဒီလုိေလးေပၚလာရင္ ဝိုင္းျပထားတဲ့ ေနရာေလးကို ႏွိပ္လုိက္ေနာ္။

ဒါဆိုရင္ ဒီလုိေလးေပၚလာပါလိမ့္မယ္။ Scan Code ဆိုရင္ သူ႔ရဲ႕ Code ကို ဖတ္တာ။ My Code ဆိုရင္ေတာ့ ကိုယ့္ Code ကို ဖြင့္လုိ႔ရပါတယ္။

၅။ Voice Message ေတြကို Download ဆြဲလို႔ ရပါတယ္။

Messenger က Voice message ေတြကို သိမ္းထားခ်င္တယ္။ ဒါေပမဲ့ Forward ပဲ လုပ္လို႔ ရေနတယ္။ ေဒါင္းလုတ္ဆြဲမရဘူးလို႔မ်ားစိတ္ညစ္ေနလား.. မပူပါနဲ႔… သူ႕ကိုလည္း ေဒါင္းလုတ္ဆြဲလို႔ ရပါတယ္။ ဆြဲမယ္ဆိုရင္ေတာ့ အရင္ဆံုး Browser မွာ Facebook ကို ဖြင့္ရမွာပါ။

အရင္ဆံုး https://www.facebook.com မွာ ကိုယ့္အေကာင့္ကို Log In ဝင္ပါ။ ၿပီးေတာ့ www ေနရာမွာ m ကို အစားသြင္းၿပီး https://m.facebook.com ကို ဝင္လိုက္ပါ။ ဒါဆို Facebook ကိုမွ ေနာက္ထပ္ ပံုစံတစ္မ်ိဳးနဲ႔ ေပၚလာပါလိမ့္မယ္။ အဲဒီမွာ Message ကို သြားၿပီး ကိုယ္လိုခ်င္တဲ့ Voice Message ကို ရွာပါ။ ၿပီးေတာ့ Voice Message ေဘးနားက အစက္ (၃) စက္ကို ႏွိပ္လိုက္ပါ။ အဲ့လိုဆို Download ဆိုတာေလး ေပၚလာၿပီး ေဒါင္းလုတ္ဆြဲလို႔ ရပါၿပီေနာ္…

 

ဒီေလာက္ဆုိရင္ေတာ့ Messenger နဲ႔ ပတ္သက္တဲ့ လွိ်ဳ႕ဝွက္ခ်က္ေတြကို ေတာ္ေတာ္ သိသြားေလာက္ပါၿပီေနာ္။ ေျပာျပခဲ့သမွ်အခ်က္တုိင္းက ေယာင္းတုိ႔အတြက္ အသံုးဝင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။

Sugar Cane (For Her Myanmar)

<<< Unicode >>>

တကယ်ကို အသုံးဝင်တဲ့ လျှို့ဝှက်ချက်တွေပါ

မြန်မာပြည်မှာ Facebook တွင်ကျယ်လာတာနဲ့အမျှ messenger ကလည်း မရှိမဖြစ်အရေးပါလာပါတယ်။ လူငယ်တွေအတွက် သူငယ်ချင်းတွေ၊ ချစ်သူရည်းစားတွေနဲ့ ပြောဆိုဆက်ဆံတာကအစ အဝေးရောက်နေတဲ့မိသားစုဝင်တွေကို ရင်းနှီးမှုမပြတ်အောင် လုပ်ဆောင်ပေးပါတယ်။ ဒါတင်မက အလုပ်ကိစ္စ အရေးကြီးဆက်သွယ်မှုတွေကို Messenger ကနေ ဆက်သွယ်လို့ ရသေးတာမို့ တကယ်ကို အသုံးဝင်တယ်လို့ ဆိုတောင် မမှားပါဘူးနော်…

ဒီတော့ Messenger နဲ့ ပတ်သက်ပြီးလူသိနည်းသေးတဲ့ အသုံးဝင်ပုံလေးတွေကို အက်ဒ်မင်က ပြောပြပေးပါ့မယ်။ ဘာတွေလဲ ဆိုတော့ ….

၁။ messenger.com

Facebook ကို ကွန်ပျူတာနဲ့ သုံးတဲ့အခါ ထောင့်မှာပေါ်လာတဲ့ Chat Box နဲ့ သုံးတာ ဒါမှမဟုတ် messenger ဆိုတဲ့ button ကို နှိပ်ပြီးသုံးတာမျိုးလုပ်တတ်ကြပါတယ်။ လူသိနည်းတာတစ်ခုက Messenger.com ကနေ သပ်သပ်သုံးလို့ရတယ်ဆိုတာကိုပါ။

Messenger.com ကို သပ်သပ်ဖွင့်ပြီးသုံးတော့ Screen အပြည့် စိတ်တိုင်းကျသုံးလို့ရသလို Facebook ကိုလည်း သီးသန့် သုံးလို့ ရနိုင်ပါပြီ။

Related Article >>> ယောင်းမသိသေးတဲ့ Gmail ရဲ့ လျှို့ဝှက်ချက် (၄) ခု

၂။ Messenger ကို သပ်သပ် Sign Up လုပ်လို့ရပါတယ်။

အလုပ်အတွက်ကလည်း Messenger ကို မဖြစ်မနေလိုအပ်တယ်။ Facebook ကနေလည်း ခဏလောက် လွတ်မြောက်အောင် ထွက်ပြေးချင်တယ်ဆိုတာမျိုး ဖြစ်နေပြီလား…  ဒါဆိုရင် ဒီ Facebook အကောင့်ကို ခဏ ပစ်ထားလိုက်ပြီး messenger အကောင့်သပ်သပ်ဖွင့်လို့ရပါတယ်နော်။

Messenger မှာ ကိုယ့်ဖုန်းနံပါတ်နဲ့ အကောင့်ဖွင့်ပြီး ကိုယ်ရင်းနှီးတဲ့ သူတွေလောက်ကိုပဲ ဖုန်းနံပါတ်ကနေ တစ်ဆင့်add ပြီး ဆက်သွယ်လို့ရပါတယ်။

၃။ Messenger Lite

Messenger Lite ကတော့ အင်တာနက်လိုင်း အားနည်းတဲ့အခါမှာ သုံးဖို့အရမ်းအဆင်ပြေပါတယ်။ ပေါ့ပေါ့ပါးပါးဖန်တီးထားတဲ့ App ဖြစ်တာမို့ လိုင်းမကောင်းရင်လည်း ဆက်သွယ်လို့ရပါတယ်။

သူက My day တို့၊ Games တို့၊ bot တို့ တော့ သုံးလို့မရဘူးပေါ့။ ဒါပေမဲ့ အရေးပေါ်အခြေအနေတွေမှာ ဆက်သွယ်လို့ရအောင် ဖုန်းထဲမှာ ထည့်ထားသင့်ပါတယ်နော်။

Related Article >>> အလုပ်လုပ်တဲ့အခါ လွယ်ကူမြန်ဆန်စေမယ့် ကွန်ပျူတာကီးဘုတ် shortcut key များ

၄။ Scan Code

ဆိုပါစို့ တစ်နေရာရာမှာ လူတစ်ယောက်ယောက်နဲ့ ဆုံတယ်။ သူ့ကို messenger ကနေဆက်သွယ်ချင်တယ် Facebook မှာတော့ Friend မဖြစ်ချင်ဘူးဆိုပါတော့။

ဒါဆိုရင် သူ့ကို Messenger ရဲ့ Scan Code ကနေ ဆက်သွယ်လို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ ..

Messenger  ထိပ်က Profile ကို  နှိပ်ပြီးဝင်လိုက်ပါ။

ဒီလိုလေးပေါ်လာရင် ဝိုင်းပြထားတဲ့ နေရာလေးကို နှိပ်လိုက်နော်။

ဒါဆိုရင် ဒီလိုလေးပေါ်လာပါလိမ့်မယ်။ Scan Code ဆိုရင် သူ့ရဲ့ Code ကို ဖတ်တာ။ My Code ဆိုရင်တော့ ကိုယ့် Code ကို ဖွင့်လို့ရပါတယ်။

၅။ Voice Message တွေကို Download ဆွဲလို့ ရပါတယ်။

Messenger က Voice message တွေကို သိမ်းထားချင်တယ်။ ဒါပေမဲ့ Forward ပဲ လုပ်လို့ ရနေတယ်။ ဒေါင်းလုတ်ဆွဲမရဘူးလို့များစိတ်ညစ်နေလား.. မပူပါနဲ့… သူ့ကိုလည်း ဒေါင်းလုတ်ဆွဲလို့ ရပါတယ်။ ဆွဲမယ်ဆိုရင်တော့ အရင်ဆုံး Browser မှာ Facebook ကို ဖွင့်ရမှာပါ။

အရင်ဆုံး https://www.facebook.com မှာ ကိုယ့်အကောင့်ကို Log In ဝင်ပါ။ ပြီးတော့ www နေရာမှာ m ကို အစားသွင်းပြီး https://m.facebook.com ကို ဝင်လိုက်ပါ။ ဒါဆို Facebook ကိုမှ နောက်ထပ် ပုံစံတစ်မျိုးနဲ့ ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ Message ကို သွားပြီး ကိုယ်လိုချင်တဲ့ Voice Message ကို ရှာပါ။ ပြီးတော့ Voice Message ဘေးနားက အစက် (၃) စက်ကို နှိပ်လိုက်ပါ။ အဲ့လိုဆို Download ဆိုတာလေး ပေါ်လာပြီး ဒေါင်းလုတ်ဆွဲလို့ ရပါပြီနော်…

 

ဒီလောက်ဆိုရင်တော့ Messenger နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို တော်တော် သိသွားလောက်ပါပြီနော်။ ပြောပြခဲ့သမျှအချက်တိုင်းက ယောင်းတို့အတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed