Knowledge

ထိုင်ဝမ်ငလျင်

မနေ့က ထိုင်ဝမ်မှာ ငလျင်တစ်ခု ပြင်းပြင်းထန်ထန်လှုပ်သွားပြီး ဆုံးပါးသူတွေ ပျောက်ဆုံးသူတွေ ရှိခဲ့ပါတယ်။

ယောင်းတို့ရေ ဝမ်းနည်းစရာသတင်းတစ်ခု မျှဝေပါရစေ။ မနေ့ ၂၀၁၈ ဖေဖော်ဝါရီ ၆ရက် ဒေသအချိန် ည၁၁နာရီ ၅၀မိနစ်မှာ ထိုင်ဝမ်မှာ ရစ်ခ်ျတာစကေး ၆.၄ရှိတဲ့ ငလျင်တစ်ခု Hualien ဆိုတဲ့မြို့မှာ လှုပ်သွားခဲ့ပါတယ်တဲ့။

ငလျင်ဗဟို

Hualien ဆိုတဲ့မြို့က ခရီးသွားတွေ အတော်လာတဲ့မြို့ဖြစ်ပြီး ဒေသခံ အယောက်တစ်သိန်းကျော်လဲ နေထိုင်တဲ့မြို့ပါ။ အခုတော့ နောက်ဆက်တွဲ ငလျင်တွေကြောင့် ဒေသခံတွေက နေအိမ်တွေကနေ ထွက်ခွာပြီး အယောက်၈၀၀ကျော်ဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတယ်။ အိမ်အလုံးလေးသောင်းလောက် ရေတွေပျက်ပြီး၊ ၁၆၅လုံးကတော့ မီးပါမရတော့ပါဘူး။ ဒီတင်မက လမ်းတွေတံတားတွေပါ ပိတ်ထားရပါတယ်တဲ့။

Related article >>> ကမ္ဘာအထူးဆန်းဆုံးစားသောက်ဆိုင်(၁၀)ခု

ဒီငလျင်ကြောင့် Hualien မြို့ကအဆောက်အဦးတွေ တော်တော်ပျက်စီးသွားခဲ့ပါတယ်။ အနည်းဆုံး အဆောက်အဦး ၆လုံးလောက် စောင်းရွဲ့သွားပြီး၊ လေးလုံးလောက်ကတော့ တော်တော်ပျက်စီးသွားပါတယ်။ လူနေအိမ်တွေကော၊ ရုံးခန်းတွေပါရှိတဲ့ Yunman Cuidi အဆောက်အဦးကြီးကတော့ မြင်ရတဲ့အတိုင်း တစ်ခြမ်းကိုစောင်းသွားပါတယ်။

စောင်းသွားတဲ့ တိုက်တွေ

အဲ့ဒီအဆောက်အဦးထဲမှာလို့ ယူဆရတဲ့ လူ၁၄၀ကတော့ သေသလားရှင်သလား မသိရသေးပါဘူးတဲ့ ယောင်းတို့ရယ်။ အခုထိတော့ ၄ယောက်သေဆုံးပြီး အယောက်၂၀၀ကျော် ဒဏ်ရာရထားတယ်လို့ သိထားပါတယ်။ ကယ်ဆယ်ရေးတွေကတော့ မနေ့ညကတည်းကနေ အခုထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြဆဲမှာ လူ၁၀၀ကျော်လောက်ကို အပျက်အစီးတွေကြားက ကယ်ပြီးပါပြီ။

မြင်ကြတဲ့အတိုင်း အောက်ဆုံးထပ်က ပြိုကျသွားပြီး အဲ့ထဲမှာ လူ၂ယောက် ပိတ်မိနေတယ်လို့ ယူဆရပါတယ်

ဒီငလျင်ဟာ အောက်ကပုံထဲမှာ မြင်ရတဲ့ လွန်ခဲ့တဲ့ ၂နှစ် ၂၀၁၆ ဖေဖော်ဝါရီတုန်းက Pingtung မြို့ရဲ့ အရှေ့မြောက်အရပ်မှာ လှုပ်ခဲ့တဲ့ လူအယောက် ၁၀၀ကျော်ကို သတ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲငလျင်ပါ။

:'(

Related article >>> ကမ္ဘာ့နိုင်ငံတွေနဲ့ အချိန်တိကျခြင်း

တို့ဆီမှာလဲ အခုရက်ပိုင်း ငလျင်တွေ လှုပ်နေလို့ ကျီးလန့်စာစားနေရတဲ့ ဘဝလေ။ ဒါကြောင့်မို့ သူတို့ကို ကိုယ်ချင်းစာပါတယ်။ ယောင်းတို့တွေလဲ ငလျင်နဲ့ပတ်သတ်လို့ ထုတ်ပြန်ထားတဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သေချာလိုက်ဖတ် မှတ်သားထားကြပါနော်။ အခုအသုံးမဝင်သေးပေမဲ့ နောင်တစ်ချိန်ဆိုတာ (ဖွဟဲ့ မပြောကောင်းပြောကောင်း) ကြိုမသိနိုင်ဘူးမလား။

အားလုံးပဲဘေးကင်းနိုင်ကြပါစေ။ အခုပျောက်နေတဲ့လူတွေလဲ မသေဘဲ ပြန်လွတ်လာနိုင်ပါစေလို့ အက်ဒမင်ကတော့ ဆုတောင်းနေပါတယ်။ ယောင်းတို့တွေလဲ ကူပြီး ဆုတောင်းပေးကြပါဦး။

Khine (For Her Myanmar)

Ref

BBC | Telegraph | NYTimes | CNN

 

Khine
အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *