အလှကုန်များထဲက မနှစ်မျို့ဖွယ်အရာများ

ပျိုမေတို့ လိမ်းနေတဲ့အလှကုန်တွေထဲမှာ ဒါတွေပါတယ်ဆိုရင် ပျိုမေတို့ အန်ချင်မလားပဲ။

 

 

အလှပြင်ပစ္စည်းတွေနဲ့ ကင်းကွာတဲ့ မိန်းကလေးရယ်လို့ ခပ်ရှားရှားပါ။ ယုတ်စွအဆုံး မျက်နှာသစ်ဆေးလောက်တော့ ပျိုမေတို့ မနက်တိုင်းသုံးနေရတာပဲလေ။ ကိုယ်နဲ့ တည့်တဲ့ အဆင်ပြေတဲ့ အလှကုန်မျိုးကို ရွေးသုံးကြရာမှာ ဘာပစ္စည်းတွေများပါသလဲဆိုတာ အညွှန်းရော ဖတ်ဖူးကြပါသလား။ အဲ့ဒီပါဝင်ပစ္စည်းတွေထဲက ရှားရှားပါးပါးနဲ့ ထူးထူးဆန်းဆန်းအရာတွေ ပါဝင်နေတတ်တယ်ဆိုတာကော ပျိုမေတို့ သိပါသလား။

 

1) အချင်း

ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမွေးပြီးရင် ကျလာတဲ့အချင်းကို အလှကုန်တွေထဲမှာ သုံးပါတယ်။ အချင်းမှာပါတဲ့ အကျိအချွဲနဲ့ အာဟာရဓာတ်တွေက ကလေးလေးတစ်ယောက်ရဲ့ အသားအရေလို နူးညံ့ပြီး ချောမွေ့စေတယ်။ အရေးအကြောင်းတွေကို သက်သာစေတယ်။ ဆံပင်ကို အားဖြည့်ပေးတယ် စတဲ့ အားသာချက်တွေနဲ့ ယူဆထားလို့ အချင်းကို အသားအရေထိန်းပစ္စည်းတွေမှာ သုံးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုအကျိုးကျေးဇူးတွေ တကယ်ဖြစ်စေတာလား ဆိုတာတော့ သိပ္ပံနည်းကျ မစမ်းသပ်ရသေးပါဘူး။ ဖြစ်နိုင်လောက်တယ်ဆိုတဲ့ ယူဆချက်နဲ့သာ တီထွင်ဖန်တီးနေကြတာပါ။ လူရဲ့အချင်းကိုသာ အသုံးပြုတတ်ပါတယ်။

 

2) ဝေလငါးအန်ဖတ်

ပျို့တက်နေပြီလား ပျိုမေတို့ရေ။ ငါးကြီးအန်ဖတ်ကိုလည်း အလှကုန်ထဲ ထည့်ကြပါသတဲ့။ အထူးသဖြင့်ရေမွှေးထဲမှာ အနံ့ကို ကြာရှည်စွာ ထိန်းပေးနိုင်တဲ့ အရာအဖြစ်ထည့်သုံးကြပါတယ်။ (အန်ဖတ်နံ့လေးနဲ့ပေါ့ 😛 )

 

 

3) နွားချေးပိုးထိုးကောင်

ချေးပိုးထိုးကောင်တွေကို ချေပြီး အနီရောင်ဆိုးဆေးလုပ်လို့ရပါတယ်။ တကယ်လို့များ ပျိုမေတို့က အနီရောင်ဆံပင်လေးလိုချင်ရင်တော့ အဲ့အကောင်လေးတွေကို ရေနွေးဖျောပြီး ပြန်ဆယ်။ ချေလိုက်ရင် အနီရောင်ရပြီး ဆိုးလို့ရပါပြီ။ 😛

ဒီအနီရောင်ကိုတော့ ပါးနီ နှုတ်ခမ်းနီ ဆံပင်ဆိုးဆေးတွေနဲ့ အရောင်သုံးရတဲ့ အလှကုန်တော်တော်များများမှာ ထည့်ကြပါတယ်။

 

4) ပိုလျှံစွန့်ပစ်ဆီ

ဟင်းချက်ပြီးလို့များ ဆီတွေ ပိုနေလား ပျိုမေတို့ရေ။ အဲ့ဒီဆီတွေကို မစွန့်ပစ်ဘဲ အလှကုန်ထည့်ကြတယ်တဲ့။ ဒီဆီက ပျက်စီးနေတဲ့ အသားအရေကို တစ်ဖန်ပြန်လည် ပြုပြင်ပေးနိုင်တယ်တဲ့လေ။

 

5) နို့

ဟင် နို့က ဘာဆန်းလို့တုန်း။ ဆန်းတာပေါ့။ မိခင်နို့လေ။ 😛

ကလေးမွေးပြီးစ မိခင်တစ်ယောက်ရဲ့နို့ရည်ကိုလည်း အလှကုန်ထဲ ထည့်ကြပါတယ်။ မိခင်နို့ရည်မှာပါတဲ့ ဓာတ်တွေက အသားအရေကို ကောင်းစေတယ်ဆိုလို့ ဆပ်ပြာတွေထဲမှာ သုံးကြတယ်တဲ့။

 

6) ငှက်ချေး

အော့အော့စီစီ ။ ငှက်ချေးကိုမှ အလှကုန်လုပ်ရတယ်လို့။ ကိုယ့်မျက်နှာပေါ် ငှက်ချေးပါချရင် ဘယ်သူမှမကြိုက်ကြပါဘူး။ ငှက်ချေးမှာပါတဲ့ uric acid က မျက်နှာအတွက် အရမ်းကောင်းဆိုပဲ။ လမ်းသွားရင်ပဲ ငှက်ချေးပါချအောင် မော့လျှောက်ရမလိုလို။ Geisha မှာ မျက်နှာအတွက် ငှက်ချေးနဲ့ treatment လုပ်ရင် ဒေါ်လာ ၁၈၀ ပေးရပါတယ်။

ဈေးကြီးတယ်နော်။ ငှက်က အချေ။ 😛

 

7) မြွေဆိပ်

မြွေဆိပ်က လူကိုအန္တရာယ်ဖြစ်စေတယ်။ ဒါပေမယ့် မျက်နှာပေါ်က အရေးအကြောင်းတွေကို လျော့စေတယ်။ botox လို့ခေါ်တဲ့ အရေပြားတင်းရင်းဆေးထိုးရင် အဲ့ဒီ မြွေဆိပ်ပါတယ်။ ဒါပေမယ့် သူလည်း သိပ္ပံနည်းကျ စမ်းသပ်ချက်တွေ သိပ်မလုပ်ရသေးဘူး။

 

8) ကျွဲထီးရဲ့ သုက်ရည်

ဆံပင်လေးတွေ ပြောင်လက်ချင်လားပျိုမေတို့ရေ။ ဥရောပမှာ ရှိတဲ့ အလှပြင်ဆိုင်တွေမှာတော့ ဒီနည်းကို သုံးတယ်။ သုက်ရည်ထဲက အသားဓာတ်ဟာ ဆံပင်အတွက် အားဖြည့်ပေးပါတယ်တဲ့။

ဆံပင်ပျော့ချင်ရင် ဒါလေးကိုလည်း မမေ့နဲ့။ 😛

 

9) ကြက်ခြင်ဆီ

ကြက်ရိုးထဲမှာပါတဲ့ ခြင်ဆီကို အလှကုန်ထဲ ထည့်သုံးလေ့ရှိပါတယ်။ သကြားလို အချိုဓာတ်တစ်မျိုးပါဝင်ပြီး ထူးခြားတဲ့ အာနိသင်တွေကြောင့် အလှကုန်ထဲ ထည့်သုံးကြပါတယ်။ အဲ့ဒီထူးခြားတဲ့ အာနိသင်တွေက ဘာတွေလဲဆိုတာကို မပြောကြသလို ဘယ်သူကမှလည်း ထည့်မကြော်ငြာပါဘူးတဲ့။

 

 

10) နွားကျင်ငယ်ရည်

နွားရဲ့ကျင်ငယ်ရည်က အရမ်းမွှေးတဲ့ သစ်ခွနံ့ဖန်တီးရာမှာ သုံးပါသတဲ့။ စဉ်းစားစရာနော်။ :v

ဘော်ဒီလိုးရှင်းတို့ ရေမွှေးတို့ မိတ်ကပ်အနံ့အီအီလေးများရလို့ကတော့ နွားရဲ့ကျင်ငယ်မကင်းဘူးမှတ်။ 😛

 

ပျိုမေတို့လည်း ဖတ်ရင်းနဲ့ မျက်နှာတွေ ရှုံ့မဲ့နေလောက်ရောပေါ့။ 😛 ဒီပါဝင်ပစ္စည်းဆယ်မျိုးဟာ အလှကုန်တိုင်းမှာ မပါဝင်ပါဘူး။ ရှားပါးပြီး ဈေးကြီးတာကြောင့် ဖြစ်ပါတယ်။ ထူးခြားဆန်းပြားတဲ့ အလှကုန်ပါဝင်ပစ္စည်းများအနေနဲ့ ပျိုမေတို့သိစေဖို့ ဖော်ပြပေးခြင်းသာဖြစ်ပါတယ်။

 

Verte (For Her Myanmar)

No Comments Yet

Comments are closed