Knowledge

ဟုန္ေပါင္း (အန္ေပါင္း) အေၾကာင္း ဘာေတြ သိထားဖို႔ လိုလဲ?

စမီးကိုလည္း ဟုန္ေပါင္း ေပးၾကပါ T.T

အနီေရာင္ စာအိတ္ေလးထဲမွာ ပိုက္ဆံေလးထည့္ၿပီး ဟုန္ေပါင္းေပးတဲ့ အေလ့အထက တရုတ္လူမ်ိဳးတို႔ရဲ႕ ဓေလ့ပါ။ ႏွစ္သစ္ကူးေန႕ေတြ ၊ မဂၤလာေဆာင္ ၊ ေမြးေန႕ ၊  ႏွစ္ပတ္လည္ အခမ္းအနားေတြမွာ ဟုန္ေပါင္းေပးေလ့ ရွိပါတယ္။ ဒီဓေလ့ရဲ႕ ေနာက္ကြယ္မွာေတာ့ လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေလးေတြ ရွိတာေပါ့ေနာ္…  ဒီစည္းမ်ဥ္းေတြကို မလိုက္နာဘူးဆိုရင္ေတာ့ နားလည္မႈ လြဲေခ်ာ္တာေတြ ရွိႏိုင္ပါတယ္လို႔…

ၿပီးေတာ့ အိမ္ေထာင္ရွိသူေတြထဲကပဲ ဟုန္ေပါင္းေတာင္းလို႔ ရတယ္ဆိုတာ ဂ်င္းထည့္တာပါေနာ္။ တကယ္ေတာ့ အလုပ္အကိုင္ရွိတဲ့ သူေတြက ေငြမရွာႏိုင္ေသးတဲ့ ညီ၊ ညီမ ၊ တူ ၊ တူမေတြ ၊ ေငြရွာဖို႕ မတတ္ႏိုင္ေတာ့တဲ့ သက္ႀကီးရြယ္အိုေတြကို ဟုန္ေပါင္း ေပးလို႔ ရပါတယ္ေနာ္… ကိုယ့္လက္ေအာက္က ဝန္ထမ္းေတြကိုလည္း ႏွစ္ကူးဟုန္ေပါင္းဆိုၿပီး ေပးလို႔ ရပါတယ္.. (ကဲ.. ဘာလုပ္ေနလဲ.. သြားေတာင္းၾကေတာ့ေလ 😛 )

ဟုန္ေပါင္းအိတ္က အနီေရာင္မဟုတ္ဘဲ အျဖဴေရာင္ ေပးလို႕ရလား?

ဟုန္ေပါင္းအိတ္ကို အနီေရာင္ ေပးရတာက အေၾကာင္းရင္း ရွိပါတယ္။ တကယ္လို႔ ဒါကို မသိဘဲ အလြယ္တကူ အျဖဴေရာင္ အိတ္နဲ႔ ပိုက္ဆံ ေပးလို႕ကေတာ့ အသုဘမွာ ကူေငြထည့္သလို သေဘာသက္ေရာက္သြားပါလိမ့္မယ္။

Related Article >>> တရုတ္နဂါးအက ဘာေၾကာင့္ကၾကတာလဲ ?

ဟုန္ေပါင္းကို ဘယ္လိုလက္ခံယူမလဲ ဆိုတာနဲ႕ ေပးႏိုင္မယ့္ ပမာဏကိုေရာ ဘယ္လို တြက္ခ်က္မွာလဲ?

ဟုန္ေပါင္းကို လက္ခံတဲ့အခါမွာလည္း လက္ႏွစ္ဖက္နဲ႔ အၿမဲယူရပါတယ္။ ဒါက ေလးစားမႈကို ျပသရာ ေရာက္ပါတယ္။ ဟုန္ေပါင္းေပးမယ္လို႕ စဥ္းစားတဲ့အခါမွာလည္း  ကိုယ္ေပးမယ့္ ေငြပမာဏကို စာရင္းေသခ်ာတြက္ၿပီးမွ ဘယ္သူ႕အတြက္ ဘယ္ေလာက္ ဆိုတာကို အိတ္နီထဲ ထည့္ေပးရမွာပါ။ ကိုယ္တတ္ႏိုင္တဲ့ ေဘာင္တစ္ခုထဲက တတ္ႏိုင္တဲ့ ပမာဏကိုပဲ ေပးသင့္ပါတယ္။

Related Article >>> ဟုန္ေပါင္း (ေခၚ) အနီေရာင္စာအိတ္ ဆိုတာ…

ဟုန္ေပါင္းေပးတဲ့သူေရွ႕မွာ အိတ္ဖြင့္ေဖာက္ၿပီး ၾကည့္လို႕ရလား?

အေရးႀကီးတာ တစ္ခုကေတာ့ ဟုန္ေပါင္းေပးတဲ့သူေရွ႕မွာ အိတ္ကို ဖြင့္မၾကည့္ရပါဘူး။ အားရပါးရ အိတ္ကို ဖြင့္ေဖာက္ၿပီး “ဟာ..ဟုန္ေပါင္းကလည္း နည္းနည္းေလး” ဆိုလို႕ကေတာ့ ဘယ္သူက ေပးခ်င္ေတာ့မလဲေနာ္ 😀  ဒါေၾကာင့္ ဟုန္ေပါင္းေပးတဲ့သူေတြေရွ႕မွာ ဘယ္ေတာ့မွ အိတ္ဖြင့္ေဖာက္ၿပီး မၾကည့္ပါနဲ႔လို႔…

ဟုန္ေပါင္းေပးတဲ့ ပမာဏက ဘယ္ေလာက္ျဖစ္ရမလဲ??

ဟုန္ေပါင္းေပးတဲ့ ပမာဏကလည္း စံုကိန္းပဲ ျဖစ္သင့္ပါတယ္။ တရုတ္ရိုးရာအရ စံုကိန္းေတြက မဂၤလာရွိတယ္လို႕ ယူဆၾကပါတယ္။ ကံေကာင္းျခင္းေတြက အစံုလိုက္ လာတတ္တယ္လို႕ ယူဆလို႕ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၅၀၀၀ ေပးမယ္လို႕ စဥ္းစားထားတယ္ဆိုရင္ေတာ့ ၆၀၀၀ ေပးလိုက္ပါ။ ဒါေပမဲ့ ၄ ဂဏန္း စံုကိန္းေတာ့ ေပးလုိ႕ မရပါဘူးေနာ္ ေယာင္းေရ။ တရုတ္ရိုးရာအရ ၄ ဂဏန္းဟာ ေသျခင္းတရား၊ ကံဆိုးျခင္းေတြနဲ႔ ဆက္စပ္ေနတာမို႔လို႔ ဆိုၾကပါတယ္။ ၈ ဂဏန္းကေတာ့ ကံေကာင္းျခင္းကို ေဆာင္ယူလာတဲ့ ဂဏန္းမို႔ ၈ပါတဲ့ ဂဏန္းေတြ ေပးရင္ေတာ့ ရပါတယ္တဲ့..

ေနာက္ဆံုးအေနနဲ႕ အေရးအႀကီးဆံုး တစ္ခ်က္ကို ေျပာခ်င္တာကေတာ့ ဟုန္ေပါင္းကို ကိုယ္ကပဲ အၿမဲယူမေနဘဲ ကိုယ့္ဘက္က ေပးႏိုင္ေအာင္လည္း ႀကိဳးစားရပါမယ္ေနာ္။ ဟုန္ေပါင္းေပးတဲ့ ဓေလ့က အစုန္အဆန္ ရွိပါတယ္။ ကိုယ္ကခ်ည္းပဲ ယူပါမ်ားမယ္ ဆိုရင္ေတာ့ မေကာင္းပါဘူးလို႔…

ကဲ… ဟုန္ေပါင္းေတြ ေတာင္းၿပီး စိုျပည္ႏိုင္ၾကပါစီကြယ္..

With love

Ei Mon (For Her Myanmar)

Reference : rojakdaily, elladechina

<<< Unicode >>>

စမီးကိုလည်း ဟုန်ပေါင်း ပေးကြပါ T.T

အနီရောင် စာအိတ်လေးထဲမှာ ပိုက်ဆံလေးထည့်ပြီး ဟုန်ပေါင်းပေးတဲ့ အလေ့အထက တရုတ်လူမျိုးတို့ရဲ့ ဓလေ့ပါ။ နှစ်သစ်ကူးနေ့တွေ ၊ မင်္ဂလာဆောင် ၊ မွေးနေ့ ၊  နှစ်ပတ်လည် အခမ်းအနားတွေမှာ ဟုန်ပေါင်းပေးလေ့ ရှိပါတယ်။ ဒီဓလေ့ရဲ့ နောက်ကွယ်မှာတော့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းလေးတွေ ရှိတာပေါ့နော်…  ဒီစည်းမျဉ်းတွေကို မလိုက်နာဘူးဆိုရင်တော့ နားလည်မှု လွဲချော်တာတွေ ရှိနိုင်ပါတယ်လို့…

ပြီးတော့ အိမ်ထောင်ရှိသူတွေထဲကပဲ ဟုန်ပေါင်းတောင်းလို့ ရတယ်ဆိုတာ ဂျင်းထည့်တာပါနော်။ တကယ်တော့ အလုပ်အကိုင်ရှိတဲ့ သူတွေက ငွေမရှာနိုင်သေးတဲ့ ညီ၊ ညီမ ၊ တူ ၊ တူမတွေ ၊ ငွေရှာဖို့ မတတ်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေကို ဟုန်ပေါင်း ပေးလို့ ရပါတယ်နော်… ကိုယ့်လက်အောက်က ဝန်ထမ်းတွေကိုလည်း နှစ်ကူးဟုန်ပေါင်းဆိုပြီး ပေးလို့ ရပါတယ်.. (ကဲ.. ဘာလုပ်နေလဲ.. သွားတောင်းကြတော့လေ 😛 )

ဟုန်ပေါင်းအိတ်က အနီရောင်မဟုတ်ဘဲ အဖြူရောင် ပေးလို့ရလား?

ဟုန်ပေါင်းအိတ်ကို အနီရောင် ပေးရတာက အကြောင်းရင်း ရှိပါတယ်။ တကယ်လို့ ဒါကို မသိဘဲ အလွယ်တကူ အဖြူရောင် အိတ်နဲ့ ပိုက်ဆံ ပေးလို့ကတော့ အသုဘမှာ ကူငွေထည့်သလို သဘောသက်ရောက်သွားပါလိမ့်မယ်။

Related Article >>> တရုတ်နဂါးအက ဘာကြောင့်ကကြတာလဲ ?

ဟုန်ပေါင်းကို ဘယ်လိုလက်ခံယူမလဲ ဆိုတာနဲ့ ပေးနိုင်မယ့် ပမာဏကိုရော ဘယ်လို တွက်ချက်မှာလဲ?

ဟုန်ပေါင်းကို လက်ခံတဲ့အခါမှာလည်း လက်နှစ်ဖက်နဲ့ အမြဲယူရပါတယ်။ ဒါက လေးစားမှုကို ပြသရာ ရောက်ပါတယ်။ ဟုန်ပေါင်းပေးမယ်လို့ စဉ်းစားတဲ့အခါမှာလည်း  ကိုယ်ပေးမယ့် ငွေပမာဏကို စာရင်းသေချာတွက်ပြီးမှ ဘယ်သူ့အတွက် ဘယ်လောက် ဆိုတာကို အိတ်နီထဲ ထည့်ပေးရမှာပါ။ ကိုယ်တတ်နိုင်တဲ့ ဘောင်တစ်ခုထဲက တတ်နိုင်တဲ့ ပမာဏကိုပဲ ပေးသင့်ပါတယ်။

Related Article >>> ဟုန်ပေါင်း (ခေါ်) အနီရောင်စာအိတ် ဆိုတာ…

ဟုန်ပေါင်းပေးတဲ့သူရှေ့မှာ အိတ်ဖွင့်ဖောက်ပြီး ကြည့်လို့ရလား?

အရေးကြီးတာ တစ်ခုကတော့ ဟုန်ပေါင်းပေးတဲ့သူရှေ့မှာ အိတ်ကို ဖွင့်မကြည့်ရပါဘူး။ အားရပါးရ အိတ်ကို ဖွင့်ဖောက်ပြီး “ဟာ..ဟုန်ပေါင်းကလည်း နည်းနည်းလေး” ဆိုလို့ကတော့ ဘယ်သူက ပေးချင်တော့မလဲနော် 😀  ဒါကြောင့် ဟုန်ပေါင်းပေးတဲ့သူတွေရှေ့မှာ ဘယ်တော့မှ အိတ်ဖွင့်ဖောက်ပြီး မကြည့်ပါနဲ့လို့…

ဟုန်ပေါင်းပေးတဲ့ ပမာဏက ဘယ်လောက်ဖြစ်ရမလဲ??

ဟုန်ပေါင်းပေးတဲ့ ပမာဏကလည်း စုံကိန်းပဲ ဖြစ်သင့်ပါတယ်။ တရုတ်ရိုးရာအရ စုံကိန်းတွေက မင်္ဂလာရှိတယ်လို့ ယူဆကြပါတယ်။ ကံကောင်းခြင်းတွေက အစုံလိုက် လာတတ်တယ်လို့ ယူဆလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၅၀၀၀ ပေးမယ်လို့ စဉ်းစားထားတယ်ဆိုရင်တော့ ၆၀၀၀ ပေးလိုက်ပါ။ ဒါပေမဲ့ ၄ ဂဏန်း စုံကိန်းတော့ ပေးလို့ မရပါဘူးနော် ယောင်းရေ။ တရုတ်ရိုးရာအရ ၄ ဂဏန်းဟာ သေခြင်းတရား၊ ကံဆိုးခြင်းတွေနဲ့ ဆက်စပ်နေတာမို့လို့ ဆိုကြပါတယ်။ ၈ ဂဏန်းကတော့ ကံကောင်းခြင်းကို ဆောင်ယူလာတဲ့ ဂဏန်းမို့ ၈ပါတဲ့ ဂဏန်းတွေ ပေးရင်တော့ ရပါတယ်တဲ့..

နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံး တစ်ချက်ကို ပြောချင်တာကတော့ ဟုန်ပေါင်းကို ကိုယ်ကပဲ အမြဲယူမနေဘဲ ကိုယ့်ဘက်က ပေးနိုင်အောင်လည်း ကြိုးစားရပါမယ်နော်။ ဟုန်ပေါင်းပေးတဲ့ ဓလေ့က အစုန်အဆန် ရှိပါတယ်။ ကိုယ်ကချည်းပဲ ယူပါများမယ် ဆိုရင်တော့ မကောင်းပါဘူးလို့…

ကဲ… ဟုန်ပေါင်းတွေ တောင်းပြီး စိုပြည်နိုင်ကြပါစီကွယ်..

With love

Ei Mon (For Her Myanmar)

Reference : rojakdaily, elladechina

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *