Knowledge

မိုးရာသီမွာ ကမ္းေျခဘက္ကို ခရီးထြက္မယ္ဆိုရင္ ဒါေတြ ျပင္ဆင္ထားပါ။

တကယ္လို႔မ်ား မိုးတြင္းမွာ ကမ္းေျခဘက္ခရီးထြက္မယ္ဆိုၿပီး ဆံုးျဖတ္ထားရင္ေတာ့ မိုးရြာတာကို စိတ္မေကာက္ေတာ့ဘဲ ဒီေဆာင္းပါးကို အားကိုးလိုက္ပါေတာ့ ေယာင္းေရ…

မိုးရာသီဆိုတာ အလြမ္းဓာတ္ခံရွိသူေတြအတြက္ အလွတရားဆိုေပမဲ့ ခရီးသြားပိုး မေသႏုိင္တဲ့သူေတြအဖို႔ေတာ့ အတားအဆီးတစ္ခုလိုပါပဲ။ ဆယ့္ႏွစ္လရာသီလံုး ခရီးဆာေနတဲ့ ေယာင္းတစ္သိုက္အတြက္ေတာ့ မိုးတြင္းဘက္ ခရီးထြက္ဖို႔အေရး၊ ခရီးစဥ္တစ္ေလွ်ာက္ အဆင္ေျပဖို႔အေရး အသည္းအသန္အၾကံထုတ္ရပါၿပီ။ ကဲ.. ဒါဆို မိုးတြင္းမွာ ကမ္းေျခကို ခရီးသြားဖို႔ ဘာေတြ ျပင္ဆင္ထားရမလဲ?

၁။ မလိုအပ္ဘဲ မစိုးရိမ္ပါနဲ႔။

ခရီးသြားမယ့္ရက္နီးလို႔ေပ်ာ္ေနတုန္းကအေကာင္း၊ မုန္တုိင္းတိုက္မယ္၊ လႈိင္းႀကီးမယ္ဆိုတဲ့သတင္းေတြလည္းၾကားေရာ… အေပ်ာ္ေတြေျမာင္းထဲေရာက္ကုန္ေရာ။ ဒီလိုအျဖစ္မ်ိဳးမၾကံဳရေအာင္ တကယ္မွန္မမွန္စံုစမ္းပါ။ အက္ဒ္မင္တို႔သြားတုန္းက အၿမဲအဲ့ဒီ့လိုၾကံဳဖူးတယ္။ သြားမယ့္ေန႔လည္းေရာက္ေရာ ေအးေဆးပဲ။ ျဖစ္မယ္၊ မျဖစ္ဘူး မေသခ်ာေသးတဲ့ ျပႆနာအတြက္ မပူပါနဲ႔။ အဲ.. သတင္း မွန္၊ မမွန္ဆိုတာေတာ့ ေသခ်ာ စံုစမ္းေနာ္.. ခဏေနက် ဟာ.. အက္ဒ္မင္က စိတ္မပူနဲ႔ဆိုၿပီး ဘာမွ မစံုစမ္းဘဲ သြားလိုက္လို႔ တကယ့္တကယ္ မုန္တိုင္းလာရင္ ဒုကၡ…

၂။ ေရွာ့ပင္း ႀကိဳထြက္ပါ။ 

မိုးတြင္းပိုင္းခရီးထြက္တယ္ဆိုတာ တျခားရာသီေတြေလာက္မလြယ္ပါဘူး။ ခရီးထြက္ရက္နီးမွ မိုးႀကီးေလႀကီးျဖစ္ေနရင္ ဟိုဟာလည္း မဝယ္ရေသး၊ ဒါလည္း မရွိေသးနဲ႔ ကေမာက္ကမေတြ ျဖစ္လာဖို႔ ရာႏႈန္းမ်ားပါတယ္။ ဒါေၾကာင့္ ခရီးထြက္ဖို႔ က်ိန္းေသၿပီဆိုတာနဲ႔ မထြက္ခင္ ၂ပတ္ေလာက္အလိုကတည္းက ျဖည္းျဖည္းခ်င္းစီ ပစၥည္းဝယ္စုပါ။ မဝယ္ရေသးလည္း ျပႆနာမရွိပါဘူး။ဟိုေရာက္မွ တစ္ခုခုဝယ္မယ္ဆိုတဲ့အေတြးမ်ိဳး လံုးဝ မေတြးမိပါေစနဲ႔ေနာ္.. အဲဒါေတြက ေယာင္းပိုက္ဆံေတြအတြက္ အႏၱရာယ္ပါ။

Related Article >>> ျမန္မာနိုင္ငံက လူသိနည္းေနေသးတဲ့ ကမ္းေျခ (၃)ခု

၃။ ဟုိတယ္ေကာင္းေကာင္းငွားပါ။

မိုးရာသီလိုအခ်ိန္မ်ိဳးမွာ ဟိုတယ္ေတြ ေဈးသက္သာပါတယ္။ အဲ့ဒီလိုအခ်ိန္မ်ိဳးမွာ ဟိုတယ္ေကာင္းေကာင္း၊ ေရကူးကန္တြဲလ်က္နဲ႔ ငွားလိုက္မယ္ဆိုရင္ ရာသီဥတုမေကာင္းတဲ့အေျခအေနမ်ိဳးမွာေတာင္ ဟိုတယ္အခန္းထဲျဖစ္ျဖစ္၊ ေရကူးကန္ထဲျဖစ္ျဖစ္ ေနရင္း ပင္လယ္ႀကီးရဲ႕ အလွအပေတြကို ဇိမ္နဲ႔ ခံစားလို႔ရပါၿပီ။

၄။ ေရစိုခံပစၥည္းေတြ ေဆာင္ထားပါ။

ကိုယ္ကဓာတ္ပံုလွလွေလးေတြ ရုိက္ရတာ ႀကိဳက္ရင္ျဖစ္ျဖစ္၊ မိုးရြာလည္း ဟိုတယ္ထဲေအာင္းမေနႏုိင္ဘူးဆိုရင္ပဲျဖစ္ျဖစ္ ေရစိုခံဖုန္းနဲ႔ နာရီေတြ ေဆာင္ထားဖို႔ လိုပါတယ္ ေယာင္းေရ… ဟာ.. ခရီးေလးသြားဖုိ႔အတြက္ ဖုန္းကို ေရစိုခံတာ ေျပာင္းဝယ္ေနရဦးမွာလားဆိုရင္လည္း မပူပါနဲ႔ ေယာင္းေရ.. သၾကၤန္တုန္းက ေဆာင္တဲ့ ေရစိုခံအိတ္ေလးေတြ ရွိတယ္ ဟုတ္? အာေ့လးေတြ ေဆာင္သြားေနာ္.. မိတ္ကပ္ကေတာ့ အေထြအထူး ေျပာေနစရာ မလိုဘူး ဟုတ္?

၅။ နားစြင့္ပါ။

ဘယ္ေနရာပဲေရာက္ေရာက္ နားစြင့္ၿပီး သတိျပဳတာ မမွားပါဘူး။ အေရးႀကီးတဲ့ သဘာဝအႏၱရာယ္ေတြၾကံဳေတြ႔လာေတာ့မယ္ဆိုရင္ ဟိုတယ္ကျဖစ္ျဖစ္ အေၾကာင္းၾကားပါလိမ့္မယ္။ အေျခအေနမေကာင္းလို႔ အိမ္ျပန္ဖို႔ လိုအပ္လာရင္ ခ်က္ခ်င္း ျပန္ပါေနာ္.. အေပ်ာ္ေၾကာင့္ မပ်က္ပါေစနဲ႔ ေယာင္းတို႔ေရ…

Related Article >>> ကမ္းေျခမွာ အပန္းေျဖရင္း လန္းေနဖို႔ဆိုရင္

၆။ အက်ႌ အပိုသယ္ပါ။

ေတာ္ရုံတန္ရုံ ကမ္းေျခသြားတဲ့အခါ ေပါ့ေပါ့ပါးပါး ပါးပါးလႊာလႊာ အက်ႌမ်ိဳးေတြ သယ္သြားတတ္ၾကတယ္ဟုတ္? မိုးရာသီမွာဆိုရင္ေတာ့ အက်ႌခပ္ထူထူ၊ စေတာ့ကင္ေဘာင္းဘီမ်ိဳးေတြပိုထည့္သြားတာ မမွားပါဘူး ေယာင္းေရ…

၇။ အေပ်ာ္မလြန္ပါနဲ႔။

ပင္လယ္ေရ အနက္ပိုင္းထဲ သြားေဆာ့တာမ်ိဳး၊ ဟိုတယ္နဲ႔ အလွမ္းေဝးတဲ့ေနရာေတြဆီ ကၽြမ္းက်င္သူမပါဘဲ သြားတာမ်ိဳး လံုးဝ လံုးဝ မလုပ္ပါနဲ႔ ေယာင္းတို႔ေရ… ရာသီဥတုအေျခအေနကို အၿမဲမျပတ္ၾကည့္ၿပီးမွ ေပ်ာ္ပါေနာ္…

ကဲ..ဒီေလာက္ဆို ကမ္းေျခဘက္ ရြက္လြင့္ေတာ့မယ္ေယာင္းေလးေတြလည္း အၾကံေကာင္းတခ်ိဳ႕ ရသြားလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ေနာ္… တျခား အၾကံဉာဏ္ေကာင္းေလးေတြရွိရင္လည္း ကြန္မန္႔ထဲမွာ မွ်ဝေပးပါဦးလို႔။

Christina (For Her Myanmar)

<<< Unicode >>>

တကယ်လို့များ မိုးတွင်းမှာ ကမ်းခြေဘက်ခရီးထွက်မယ်ဆိုပြီး ဆုံးဖြတ်ထားရင်တော့ မိုးရွာတာကို စိတ်မကောက်တော့ဘဲ ဒီဆောင်းပါးကို အားကိုးလိုက်ပါတော့ ယောင်းရေ…

မိုးရာသီဆိုတာ အလွမ်းဓာတ်ခံရှိသူတွေအတွက် အလှတရားဆိုပေမဲ့ ခရီးသွားပိုး မသေနိုင်တဲ့သူတွေအဖို့တော့ အတားအဆီးတစ်ခုလိုပါပဲ။ ဆယ့်နှစ်လရာသီလုံး ခရီးဆာနေတဲ့ ယောင်းတစ်သိုက်အတွက်တော့ မိုးတွင်းဘက် ခရီးထွက်ဖို့အရေး၊ ခရီးစဉ်တစ်လျှောက် အဆင်ပြေဖို့အရေး အသည်းအသန်အကြံထုတ်ရပါပြီ။ ကဲ.. ဒါဆို မိုးတွင်းမှာ ကမ်းခြေကို ခရီးသွားဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ?

၁။ မလိုအပ်ဘဲ မစိုးရိမ်ပါနဲ့။

ခရီးသွားမယ့်ရက်နီးလို့ပျော်နေတုန်းကအကောင်း၊ မုန်တိုင်းတိုက်မယ်၊ လှိုင်းကြီးမယ်ဆိုတဲ့သတင်းတွေလည်းကြားရော… အပျော်တွေမြောင်းထဲရောက်ကုန်ရော။ ဒီလိုအဖြစ်မျိုးမကြုံရအောင် တကယ်မှန်မမှန်စုံစမ်းပါ။ အက်ဒ်မင်တို့သွားတုန်းက အမြဲအဲ့ဒီ့လိုကြုံဖူးတယ်။ သွားမယ့်နေ့လည်းရောက်ရော အေးဆေးပဲ။ ဖြစ်မယ်၊ မဖြစ်ဘူး မသေချာသေးတဲ့ ပြဿနာအတွက် မပူပါနဲ့။ အဲ.. သတင်း မှန်၊ မမှန်ဆိုတာတော့ သေချာ စုံစမ်းနော်.. ခဏနေကျ ဟာ.. အက်ဒ်မင်က စိတ်မပူနဲ့ဆိုပြီး ဘာမှ မစုံစမ်းဘဲ သွားလိုက်လို့ တကယ့်တကယ် မုန်တိုင်းလာရင် ဒုက္ခ…

၂။ ရှော့ပင်း ကြိုထွက်ပါ။ 

မိုးတွင်းပိုင်းခရီးထွက်တယ်ဆိုတာ တခြားရာသီတွေလောက်မလွယ်ပါဘူး။ ခရီးထွက်ရက်နီးမှ မိုးကြီးလေကြီးဖြစ်နေရင် ဟိုဟာလည်း မဝယ်ရသေး၊ ဒါလည်း မရှိသေးနဲ့ ကမောက်ကမတွေ ဖြစ်လာဖို့ ရာနှုန်းများပါတယ်။ ဒါကြောင့် ခရီးထွက်ဖို့ ကျိန်းသေပြီဆိုတာနဲ့ မထွက်ခင် ၂ပတ်လောက်အလိုကတည်းက ဖြည်းဖြည်းချင်းစီ ပစ္စည်းဝယ်စုပါ။ မဝယ်ရသေးလည်း ပြဿနာမရှိပါဘူး။ဟိုရောက်မှ တစ်ခုခုဝယ်မယ်ဆိုတဲ့အတွေးမျိုး လုံးဝ မတွေးမိပါစေနဲ့နော်.. အဲဒါတွေက ယောင်းပိုက်ဆံတွေအတွက် အန္တရာယ်ပါ။

Related Article >>> မြန်မာနိုင်ငံက လူသိနည်းနေသေးတဲ့ ကမ်းခြေ (၃)ခု

၃။ ဟိုတယ်ကောင်းကောင်းငှားပါ။

မိုးရာသီလိုအချိန်မျိုးမှာ ဟိုတယ်တွေ ဈေးသက်သာပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ဟိုတယ်ကောင်းကောင်း၊ ရေကူးကန်တွဲလျက်နဲ့ ငှားလိုက်မယ်ဆိုရင် ရာသီဥတုမကောင်းတဲ့အခြေအနေမျိုးမှာတောင် ဟိုတယ်အခန်းထဲဖြစ်ဖြစ်၊ ရေကူးကန်ထဲဖြစ်ဖြစ် နေရင်း ပင်လယ်ကြီးရဲ့ အလှအပတွေကို ဇိမ်နဲ့ ခံစားလို့ရပါပြီ။

၄။ ရေစိုခံပစ္စည်းတွေ ဆောင်ထားပါ။

ကိုယ်ကဓာတ်ပုံလှလှလေးတွေ ရိုက်ရတာ ကြိုက်ရင်ဖြစ်ဖြစ်၊ မိုးရွာလည်း ဟိုတယ်ထဲအောင်းမနေနိုင်ဘူးဆိုရင်ပဲဖြစ်ဖြစ် ရေစိုခံဖုန်းနဲ့ နာရီတွေ ဆောင်ထားဖို့ လိုပါတယ် ယောင်းရေ… ဟာ.. ခရီးလေးသွားဖို့အတွက် ဖုန်းကို ရေစိုခံတာ ပြောင်းဝယ်နေရဦးမှာလားဆိုရင်လည်း မပူပါနဲ့ ယောင်းရေ.. သြင်္ကန်တုန်းက ဆောင်တဲ့ ရေစိုခံအိတ်လေးတွေ ရှိတယ် ဟုတ်? အာေ့လးတွေ ဆောင်သွားနော်.. မိတ်ကပ်ကတော့ အထွေအထူး ပြောနေစရာ မလိုဘူး ဟုတ်?

၅။ နားစွင့်ပါ။

ဘယ်နေရာပဲရောက်ရောက် နားစွင့်ပြီး သတိပြုတာ မမှားပါဘူး။ အရေးကြီးတဲ့ သဘာဝအန္တရာယ်တွေကြုံတွေ့လာတော့မယ်ဆိုရင် ဟိုတယ်ကဖြစ်ဖြစ် အကြောင်းကြားပါလိမ့်မယ်။ အခြေအနေမကောင်းလို့ အိမ်ပြန်ဖို့ လိုအပ်လာရင် ချက်ချင်း ပြန်ပါနော်.. အပျော်ကြောင့် မပျက်ပါစေနဲ့ ယောင်းတို့ရေ…

Related Article >>> ကမ်းခြေမှာ အပန်းဖြေရင်း လန်းနေဖို့ဆိုရင်

၆။ အင်္ကျီ အပိုသယ်ပါ။

တော်ရုံတန်ရုံ ကမ်းခြေသွားတဲ့အခါ ပေါ့ပေါ့ပါးပါး ပါးပါးလွှာလွှာ အင်္ကျီမျိုးတွေ သယ်သွားတတ်ကြတယ်ဟုတ်? မိုးရာသီမှာဆိုရင်တော့ အင်္ကျီခပ်ထူထူ၊ စတော့ကင်ဘောင်းဘီမျိုးတွေပိုထည့်သွားတာ မမှားပါဘူး ယောင်းရေ…

၇။ အပျော်မလွန်ပါနဲ့။

ပင်လယ်ရေ အနက်ပိုင်းထဲ သွားဆော့တာမျိုး၊ ဟိုတယ်နဲ့ အလှမ်းဝေးတဲ့နေရာတွေဆီ ကျွမ်းကျင်သူမပါဘဲ သွားတာမျိုး လုံးဝ လုံးဝ မလုပ်ပါနဲ့ ယောင်းတို့ရေ… ရာသီဥတုအခြေအနေကို အမြဲမပြတ်ကြည့်ပြီးမှ ပျော်ပါနော်…

ကဲ..ဒီလောက်ဆို ကမ်းခြေဘက် ရွက်လွင့်တော့မယ်ယောင်းလေးတွေလည်း အကြံကောင်းတချို့ ရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်… တခြား အကြံဉာဏ်ကောင်းလေးတွေရှိရင်လည်း ကွန်မန့်ထဲမှာ မျှဝပေးပါဦးလို့။

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *