Knowledge Technology

၂၀၁၈ မှာ မိန်းကလေးတွေကြား ရေပန်းစားနေတဲ့ ဖုန်းမော်ဒယ်များ




၁။ Lenovo Z2 Plus


၂။ OnePlus 3




၃။ Oppo F1 Plus



၎။ LG G5



၅။ Xiaomi Redmi Note 4




၆။ iPhone SE





<<< Unicode >>>

ကဲ… ဘယ်သူ့ဖုန်းတွေနဲ့ တူလဲ?

ယောင်းတို့ရေ ဒီနေ့ခေတ်မှာ စမတ်ဖုန်းတွေက နေ့စဉ်ဘဝရဲ့ မရှိမဖြစ်ဆိုတာ သိကြတဲ့အတိုင်း ဖုန်းကုမ္ပဏီတွေကလည်း မရိုးနိုင်အောင် တစ်မျိုပြီး တစ်မျိုးကို ထုတ်နေကြတာပါ။

ဒီလို ဖုန်းမော်ဒယ်လ်တွေထဲကမှ ဒီနှစ်အတွင်း ထွက်ရှိခဲ့ပြီး မိန်းကလေးတွေကြား ရေပန်းစားနေတဲ့ဖုန်းအမျိုးအစားတွေကို ပြောပြပေးသွားမှာမို့ ယောင်းတို့နဲ့ အကြိုက်တူရဲ့လားဆိုတာ စစ်ကြည့်ကြပါဦး…

၁။ Lenovo Z2 Plus

ဒီဖုန်းအမျိုးအစားကတော့ ပေးရတဲ့ဈေးထက် ပြန်ရတဲ့ စွမ်းဆောင်ရည်တွေ သာလွန်နေတာကြောင့် မိန်းကလေးတွေအကြိုက် ဖြစ်လာတာပါ။ မျက်နှာပြင်အရွယ်အစား ၅လက်မနဲ့ ဘက္ထရီ 3500 mAh ပါဝင်တာမို့ တခြားအမျိုးအစားတူတွေထက် ပိုကြာကြာခံပါတယ်။ RAM ကလည်း 4GB တောင်ဆိုတော့ ထည့်ချင်တာထည့်.. အရမ်းမိုက်နေပြီပေါ့ ယောင်းတို့ရေ…

၂။ OnePlus 3


ဒီဖုန်းကတော့ မျက်နှာပြင် ၅.၅ လက်မအရွယ်အစားရှိပြီး 16MP ရှေ့ကင်မရာကြောင့် ဓာတ်ပုံရိုက်ဝါသနာရှင်လေးတွေအတွက် ကွက်တိပါပဲ။ ဒီဖုန်းရဲ့နာမည်ကြီးတဲ့အချက်ကတော့ ကင်မရာက အတော်လေး ရုပ်ထွက်ကောင်းနေတာပါ။

Related Article >>> မိုဘိုင်းဖုန်းများနဲ့ ပျိုမေတို့ရဲ့ အသားအရေပြဿနာ

၃။ Oppo F1 Plus


ဒီဖုန်းရဲ့အားသာချက်ကတော့ ရှေ့ကင်မရာက အတော်လေး ကောင်းနေတာပါ။ ရှေ့ကင်မရာကို 16MP တောင် ထည့်သွင်းထားပြီး ကျောဘက်ကင်မရာကိုတော့ 13MP သာ ထည့်သွင်းပေးထားတာမို့ selfie အဓိက ဖုန်းလို့တောင် ခေါ်ဝေါ်နေကြပါတယ်။

၄။ LG G5


ဒီဖုန်းအမျိုးအစားမှာတော့ သိုလှောင်မှုပမာဏ 32GB နဲ့ RAM 4GBတောင် ပါဝင်ပါတယ်။ ဒါ့အပြင် သူ့မှာပါဝင်တဲ့ 16MP နဲ့ 8MP ကင်မရာတွေက အံ့ဩဖွယ်စွမ်းဆောင်ရည်တွေကို ထုတ်လုပ်နိုင်ပါတယ်တဲ့။

၅။ Xiaomi Redmi Note 4


Xiaomi က အရည်အသွေးမြင့် စမတ်ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်နေတာမို့ နာမည်ကြီးတာကို သိကြမယ်ထင်ပါတယ်။ Redmi Note 4 က မျက်နှာပြင် ၅.၅လက်မ အရွယ်အစားရှိပြီး 4100 mAh ဘက္ထရီကို ထည့်သွင်းပေးထားပါတယ်။ RAM 4GB နဲ့ သိုလှောင်မှုပမာဏ 64GB တောင်ဆိုတော့ အရမ်းမိုက်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်လို့ကောင်းတဲ့ဖုန်းဆိုပြီး သတင်းထွက်နေပါတယ်။

Related Article >>> ယောင်းတို့ ဖုန်းထဲမှာရှိသင့်တဲ့ အက်ပလီကေးရှင်း (၅)မျိုး

၆။ iPhone SE


iPhone တွေထဲမှာ ဈေးအသင့်ဆုံးနဲ့ Feature ကောင်းကောင်းလေးတွေ ပါနေတာကို ရှာရင်တော့ SE အမျိုးအစားကို ရွေးရမှာပါ။ သူ့ရဲ့ မျက်နှာပြင်အမျိုးအစား၊ ကင်မရာစွမ်းရည်နဲ့ Processor တွေက အရမ်းအဆင်ပြေပါတယ်။ ဒါ့အပြင် အရောင်ကလည်း ၄မျိုးတောင်ပါပြီး မိန်းကလေးတွေအကြိုက် Rose Gold အရောင်လေးပါ ရရှိနိုင်မှာပါ။

ကဲ ယောင်းတို့ရေ သဘောကျတဲ့ ဖုန်းအမျိုးအစားလေးတွေကို ပြောခဲ့ပါဦး . . .

References : trendrr , gizbot

Scarlett
Scarlett
စာဖတ်ရတာ၊ စာရေးရတာကို နှစ်သက်ပြီး Sketch ဆွဲရတာကို ပျော်မွေ့တတ်သူပါ။ နည်းပညာနယ်ပယ်မှာ အမျိုးသမီးတိုင်း သိသင့်တာလေးတွေကို မျှဝေပေးချင်သူမို့ For Her Myanmar ကနေ ယောင်းတို့ဆီ အရောက်လာခဲ့ပြီနော်။

Leave a Reply

Your email address will not be published. Required fields are marked *