Beauty Knowledge

သံလြင္နဲ႕ အုန္းဆီမွာ ဘယ္ဆီက ပိုေကာင္းလဲ

မ်က္စိေရွ႕ျမင္တာကို သုံးလိုက္တာပဲမလား 🤣

ႏိုင္ငံျခားမွာေတာ့ သံလြင္ဆီနဲ႔ အုန္းဆီကို တန္ဖိုးထားၿပီး ေသခ်ာသံုးၾကတယ္ ဆိုေပမဲ့ ကိုယ္ေတြ ျမန္မာႏိုင္ငံမွာေတာ့ အုန္းဆီဆိုတာ ဆံပင္သန္ဖို႔  ၊ သံလြင္ဆီ ဆိုတာ အေၾကာျပတ္ရာ ေပ်ာက္ဖို႔ ၊ ဝိတ္က်ဖို႔ အဲ့ဒါေလာက္ပဲ သိတာရယ္ ။ ဒါဆိုရင္ ဘယ္ဆီက ႏွလံုး က်န္းမာေရးအတြက္ ပိုေကာင္းျပီး ဘယ္ဆီက ဆံသားက်န္းမာေရးအတြက္ ပိုေကာင္းတယ္ ဆိုတာရယ္ အာဟာရ အခ်ိဳးအစား နဲ႔ ေကာင္းက်ိဳး ဆိုးက်ိဳးရယ္ကို ေသခ်ာေလး ႏႈိင္းယွဥ္ၾကည့္ရေအာင္။

ကယ္လိုရီအရ ၾကည့္မယ္ဆိုရင္ သံလြင္ဆီေရာ အုုန္းဆီမွာပါ ကယ္လိုရီပမာဏ အတူတူပါပဲ။ ကြာျခားတာဆိုလို႔ ျပည့္ဝဆီပမာဏပဲ ရွိတယ္။ အုန္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္းမွာ ျပည့္ဝဆီ ၁၂ ဂရမ္ ပါဝင္ေပမဲ့ သံလြင္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းမွာေတာ့ ျပည့္ဝဆီ ၁ ဂရမ္ပဲ ပါဝင္ပါတယ္။ အေမရိကန္ႏွလံုးအဖြဲ႔အစည္းရဲ႕ ထုတ္ျပန္ခ်က္အရ ေန႕စဥ္ အဆီစားသံုးမႈ ပမာဏက ၂၅ ကေန ၃၅ ရာခိုင္ႏႈန္း ရွိသင့္ပါတယ္။ ဒါေပမဲ့ အဆီ ၂ မ်ိဳးစလံုးမွာ ျပည့္ဝဆီက ၇ ရာခိုင္ႏႈန္းထက္ မေက်ာ္သင့္ပါဘူး။ အုန္းဆီက ခႏၶာကိုယ္ လိုအပ္တာထက္ ပိုမ်ားတဲ့ ျပည့္ဝဆီကို ေပးစြမ္းၿပီး သံလြင္ဆီမွာက ေကာင္းမြန္တဲ့ အဆီေတြပိုပါပါတယ္။ ၿပီးေတာ့ သံလြင္ဆီမွာက အန္တီေအာက္ဆီဒန္႕ဓာတ္ေတြ ပိုႂကြယ္ဝတာေၾကာင့္ အေရျပားပ်က္စီးျခင္း ၊ ကင္ဆာနဲ႔ အျခားေသာေရာဂါေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

Related Article>>>သံလြင္ဆီရဲ႕မယံုနိုင္ဖြယ္ အသံုးဝင္ပံု

ကဲ….ဒါၿပီးရင္ေတာ့ သံလြင္ဆီနဲ႔ အုန္းဆီတုိ႔ရဲ႕ အက်ိဳးေက်းဇူးေတြကို ႏႈိင္းယွဥ္ၾကည့္ရေအာင္။ အရင္ဆံုး အုန္းဆီအေၾကာင္း စေျပာမယ္…

အုန္းဆီက ေျခာက္ေသြ႕တဲ့ အေရျပားကို ေခ်ာေမြ႕ေစပါတယ္။ မ်က္ႏွာ ၊ လက္နဲ႔ ေျခေထာက္ကို အုန္းဆီလိမ္းေပးမယ္ဆိုရင္ ေရဓာတ္ျဖည့္ေပးၿပီး အသားအေရ စိုေျပေစပါတယ္။ မုတ္ဆိတ္ရိတ္ ခရင္မ္အစား အုန္းဆီကို သံုးလို႔ရသလို ဆံပင္အတြက္ conditioner အျဖစ္ ေဆာင္ရြက္ေပးပါတယ္။ မိတ္ကပ္ဖ်က္ေဆး အျဖစ္လည္း သံုးလို႔ ရပါတယ္။

သံလြင္ဆီကေတာ့ အုန္းဆီထက္ပိုၿပီး ေရဓာတ္ျဖည့္ေပးပါတယ္။ ဆံပင္အံုထူသူေတြ ၊ ဆံပင္ေကာက္ထားသူေတြက အုန္းဆီထက္စာရင္ သံလြင္ဆီကိုပိုၿပီး သံုးသင့္ပါတယ္။ ဆံပင္ကို အေခြအလိပ္ေလးေတြ ေကာက္ထားသူေတြ အတြက္ကေတာ့ ေခါင္းေလွ်ာ္ၿပီးတိုင္း သံလြင္ဆီကို serum အျဖစ္ သံုးလို႔ရပါတယ္။ မုတ္ဆိတ္ရိတ္ခရင္မ္အျဖစ္ သံုးလို႔ရသလို ထိခိုက္ရွနာနဲ႔ အနာေသးေသးေလးေတြ ေပ်ာက္ေအာင္လည္း သံလြင္ဆီက ကူညီေပးပါတယ္။

Related article>>>အဆီျပန္တဲ့အသားအေရ (Oily skin) အတြက္ skincare tips and tricks ေပါင္းခ်ဳပ္

အုန္းဆီနဲ႔ သံလြင္ဆီ ၂ မ်ိဳးလံုးမွာေတာ့ ကယ္လိုရီေတြနဲ႔ ျပည့္ဝေနပါတယ္။ ႏွလံုးက်န္းမာေရးအတြက္ ေကာင္းတဲ့ဆီဆိုတာက ႏွလံုးေရာဂါေတြကို အတိုင္းအတာ တစ္ခုထိ ကာကြယ္ေပးႏိုင္တဲ့ဆီကို ဆိုလိုတာပါ။ ဒီလိုဆိုေပမဲ့ ေရာဂါခံစားေနရသူ ဆိုရင္ေတာ့ အဆီမ်ားတဲ့ အစားအစာေတြကို ေရွာင္သင့္ပါတယ္။ ဆီတစ္မ်ိဳးခ်င္းစီကေတာ့ သူ႕နည္းသူ႕ဟန္နဲ႔ ေကာင္းၾကတာခ်ည္းပါပဲ။ ဒါေပမဲ့ တကယ္တမ္း ခိုင္ခိုင္လံုလံု သက္ေသျပဖို႔ သုေတသနေတြလုပ္ျပီး ေဆာင္ရြက္ေနဆဲပါပဲ။ ဒါေၾကာင့္ ဘယ္ဆီကိုမဆို အလြန္အကၽြံ အသံုးမျပဳဘဲ ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ျပီး သံုးစြဲတာက ပိုေကာင္းပါတယ္။

ေယာင္းတို႔အိမ္မွာေရာ သံလြင္ဆီနဲ႔ အုန္းဆီ မွာ ဘယ္ဆီကို ပိုအသံုးမ်ားလဲ?

With love

Ei Mon (For Her Myanmar)

Reference: stylecraze,everydayhealth

<<<Unicode>>>

 

မျက်စိရှေ့မြင်တာကို သုံးလိုက်တာပဲမလား 🤣

နိုင်ငံခြားမှာတော့ သံလွင်ဆီနဲ့ အုန်းဆီကို တန်ဖိုးထားပြီး သေချာသုံးကြတယ် ဆိုပေမဲ့ ကိုယ်တွေ မြန်မာနိုင်ငံမှာတော့ အုန်းဆီဆိုတာ ဆံပင်သန်ဖို့  ၊ သံလွင်ဆီ ဆိုတာ အကြောပြတ်ရာ ပျောက်ဖို့ ၊ ဝိတ်ကျဖို့ အဲ့ဒါလောက်ပဲ သိတာရယ် ။ ဒါဆိုရင် ဘယ်ဆီက နှလုံး ကျန်းမာရေးအတွက် ပိုကောင်းပြီး ဘယ်ဆီက ဆံသားကျန်းမာရေးအတွက် ပိုကောင်းတယ် ဆိုတာရယ် အာဟာရ အချိုးအစား နဲ့ ကောင်းကျိုး ဆိုးကျိုးရယ်ကို သေချာလေး နှိုင်းယှဉ်ကြည့်ရအောင်။

ကယ်လိုရီအရ ကြည့်မယ်ဆိုရင် သံလွင်ဆီရော အုန်းဆီမှာပါ ကယ်လိုရီပမာဏ အတူတူပါပဲ။ ကွာခြားတာဆိုလို့ ပြည့်ဝဆီပမာဏပဲ ရှိတယ်။ အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းမှာ ပြည့်ဝဆီ ၁၂ ဂရမ် ပါဝင်ပေမဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းမှာတော့ ပြည့်ဝဆီ ၁ ဂရမ်ပဲ ပါဝင်ပါတယ်။ အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ နေ့စဉ် အဆီစားသုံးမှု ပမာဏက ၂၅ ကနေ ၃၅ ရာခိုင်နှုန်း ရှိသင့်ပါတယ်။ ဒါပေမဲ့ အဆီ ၂ မျိုးစလုံးမှာ ပြည့်ဝဆီက ၇ ရာခိုင်နှုန်းထက် မကျော်သင့်ပါဘူး။ အုန်းဆီက ခန္ဓာကိုယ် လိုအပ်တာထက် ပိုများတဲ့ ပြည့်ဝဆီကို ပေးစွမ်းပြီး သံလွင်ဆီမှာက ကောင်းမွန်တဲ့ အဆီတွေပိုပါပါတယ်။ ပြီးတော့ သံလွင်ဆီမှာက အန်တီအောက်ဆီဒန့်ဓာတ်တွေ ပိုကြွယ်ဝတာကြောင့် အရေပြားပျက်စီးခြင်း ၊ ကင်ဆာနဲ့ အခြားသောရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Related Article>>>သံလွင်ဆီရဲ့မယုံနိုင်ဖွယ် အသုံးဝင်ပုံ

ကဲ….ဒါပြီးရင်တော့ သံလွင်ဆီနဲ့ အုန်းဆီတို့ရဲ့ အကျိုးကျေးဇူးတွေကို နှိုင်းယှဉ်ကြည့်ရအောင်။ အရင်ဆုံး အုန်းဆီအကြောင်း စပြောမယ်…

အုန်းဆီက ခြောက်သွေ့တဲ့ အရေပြားကို ချောမွေ့စေပါတယ်။ မျက်နှာ ၊ လက်နဲ့ ခြေထောက်ကို အုန်းဆီလိမ်းပေးမယ်ဆိုရင် ရေဓာတ်ဖြည့်ပေးပြီး အသားအရေ စိုပြေစေပါတယ်။ မုတ်ဆိတ်ရိတ် ခရင်မ်အစား အုန်းဆီကို သုံးလို့ရသလို ဆံပင်အတွက် conditioner အဖြစ် ဆောင်ရွက်ပေးပါတယ်။ မိတ်ကပ်ဖျက်ဆေး အဖြစ်လည်း သုံးလို့ ရပါတယ်။

သံလွင်ဆီကတော့ အုန်းဆီထက်ပိုပြီး ရေဓာတ်ဖြည့်ပေးပါတယ်။ ဆံပင်အုံထူသူတွေ ၊ ဆံပင်ကောက်ထားသူတွေက အုန်းဆီထက်စာရင် သံလွင်ဆီကိုပိုပြီး သုံးသင့်ပါတယ်။ ဆံပင်ကို အခွေအလိပ်လေးတွေ ကောက်ထားသူတွေ အတွက်ကတော့ ခေါင်းလျှော်ပြီးတိုင်း သံလွင်ဆီကို serum အဖြစ် သုံးလို့ရပါတယ်။ မုတ်ဆိတ်ရိတ်ခရင်မ်အဖြစ် သုံးလို့ရသလို ထိခိုက်ရှနာနဲ့ အနာသေးသေးလေးတွေ ပျောက်အောင်လည်း သံလွင်ဆီက ကူညီပေးပါတယ်။

Related article>>>အဆီပြန်တဲ့အသားအရေ (Oily skin) အတွက် skincare tips and tricks ပေါင်းချုပ်

အုန်းဆီနဲ့ သံလွင်ဆီ ၂ မျိုးလုံးမှာတော့ ကယ်လိုရီတွေနဲ့ ပြည့်ဝနေပါတယ်။ နှလုံးကျန်းမာရေးအတွက် ကောင်းတဲ့ဆီဆိုတာက နှလုံးရောဂါတွေကို အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးနိုင်တဲ့ဆီကို ဆိုလိုတာပါ။ ဒီလိုဆိုပေမဲ့ ရောဂါခံစားနေရသူ ဆိုရင်တော့ အဆီများတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။ ဆီတစ်မျိုးချင်းစီကတော့ သူ့နည်းသူ့ဟန်နဲ့ ကောင်းကြတာချည်းပါပဲ။ ဒါပေမဲ့ တကယ်တမ်း ခိုင်ခိုင်လုံလုံ သက်သေပြဖို့ သုတေသနတွေလုပ်ပြီး ဆောင်ရွက်နေဆဲပါပဲ။ ဒါကြောင့် ဘယ်ဆီကိုမဆို အလွန်အကျွံ အသုံးမပြုဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။

ယောင်းတို့အိမ်မှာရော သံလွင်ဆီနဲ့ အုန်းဆီ မှာ ဘယ်ဆီကို ပိုအသုံးများလဲ?

With love

Ei Mon (For Her Myanmar)

Reference: stylecraze,everydayhealth

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *