ျပင္သစ္လူမ်ိဳးေတြကို ဝမ္းနည္းေစခဲ့တဲ့ Notre Dame ဘုရားေက်ာင္း မီးေလာင္မႉ

ျမန္မာျပည္မွာ ပုဂံက အင္မတန္ေက်ာ္ၾကားတဲ့ ေရွးအေမြအႏွစ္ျဖစ္သလို ျပင္သစ္မွာေတာ့ Notre Dame ဟာ ျပင္သစ္လူမ်ိဳးေတြ သိပ္ကိုဂုဏ္ယူၾကတဲ့ သမိုင္းဝင္ေနရာတစ္ခုပါ။

ၿပီးခဲ့တဲ့ တနလၤာေန႔မွာေတာ့ ျပင္သစ္လူမ်ိဳးေတြသာမက ကမၻာကပါ အျမတ္တႏိုး တန္ဖိုးထားတဲ့ သမိုင္းဝင္အေဆာက္အဦးတစ္ခု မီးေလာင္ပ်က္စီးသြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ ၁၂ရာစုတုန္းက ေဆာက္လုပ္ခဲ့တဲ့ ျပင္သစ္ရဲ႕ အခမ္းနားဆံုး ေရွးဗိသုကာ လက္ရာ၊ Notre Dame ဘုရားေက်ာင္းအိုႀကီးပဲ ျဖစ္ပါတယ္။

ဘုရားေက်ာင္းအိုႀကီးကို မီးၿငိမ္းသတ္ဖို႔ မီးသတ္သမား၄၀၀ လႊတ္ခဲ့ေပမဲ့ ကားလမ္းပိတ္လို႔ ၾကန္႔ၾကာသြားခဲ့ပါတယ္။ မီးေလာင္မႈဟာ နာရီအေတာ္ၾကာခဲ့ၿပီး ဘုရားေက်ာင္းရဲ႕ ေပ၃၀၀ အထိ အျမင့္ရွိတဲ့ ျပာသာဒ္ပံုစံ ထိပ္ခၽြန္ဟာ ပ်က္ဆီးသြားခဲ့ရပါတယ္။ အထဲက ေရွးေဟာင္းရတနာေတြ လည္း ဆံုးရွံုးသြားလား အေကာင္းအတိုင္း က်န္ခဲ့လားဆိုတာ ခုထိ ေသခ်ာမသိရေသးပါဘူး။

ကံေကာင္းလို႔ အေဆာက္အဦတစ္ခုလံုးေတာ့ မီးမေလာင္သြားခဲ့ပါဘူး။ ဒါေပမဲ့ ဒီလိုမီးေလာင္ဆံုးရွံုးမႈေၾကာင့္ တစ္ကမၻာလံုးက ႏွေျမာတသျဖစ္ၿပီး ဝမ္းနည္းေၾကကြဲခဲ့ၾကပါတယ္။

ျမန္မာျပည္မွာ ပုဂံက အင္မတန္ေက်ာ္ၾကားတဲ့ ေရွးအေမြအႏွစ္ျဖစ္သလို ျပင္သစ္မွာေတာ့ Notre Dame ဟာ ျပင္သစ္လူမ်ိဳးေတြ သိပ္ကိုဂုဏ္ယူၾကတဲ့ သမိုင္းဝင္ေနရာတစ္ခုပါ။ Notre Dame ဘုရားေက်ာင္းရဲ႕ ထူးျခားခ်က္ကေတာ့….

သူဟာ Gothic Architecture လို႔ေခၚတဲ့ အလယ္ေခတ္တုန္းက ေပၚေပါက္ခဲ့တဲ့ ေရွးဗိသုကာပညာ ကို သံုးထားၿပီး ႏွစ္ေပါင္း ၁၈၂ ႏွစ္ၾကာမွ ေဆာက္လို႔ၿပီးခဲ့ပါတယ္။

Notre Dame ဟာ အလယ္ေခတ္က ေဆာက္ခဲ့တဲ့ သာမန္ ရိုမန္ကတ္သလစ္ဘုရားေက်ာင္းေတြနဲ႔ မတူပါဘူး။ သူဟာ ဆန္းသစ္တဲ့ ဗိသုကာဒီဇိုင္းျဖစ္တဲ့ အမိုးေပါင္းခံုးဆံုခ်က္ေတြ (rib vault), တိုင္ကေန နံရံကို ကန္ၿပီး ေဆာက္ထားတဲ့ ေထာက္တိုင္အေကြးေတြ(flying buttress)၊ ေရာင္စံု ႏွင္းဆီခင္းသဏၬာန္ ျပတင္းေပါက္အႀကီးႀကီးေတြ အျပင္ အတြင္းဘက္မွာလည္း ပန္းပုေတြ အမ်ားႀကီးနဲ႔ အလွဆင္ထားတာမို႔ နာမည္ႀကီးတဲ့ အႏုပညာလက္ရာေျမာက္ အေဆာက္အဦးတစ္ခုျဖစ္ပါလာပါတယ္။

Related article >>> သမိုင္းထဲက ကာတီယာနဲ႔ဆိုင္ယမ္(ထိုင္း)မင္းသားတို႔ ရဲ႕ ေၾကကြဲစရာအခ်စ္ဇာတ္လမ္း

Notre Dame ဘုရားေက်ာင္းဟာ ေခတ္အဆက္ဆက္ရဲ႕ သမိုင္းဝင္အျဖစ္အပ်က္ေတြကိုလည္း ၾကံဳေတြ႕ခဲ့ရပါေသးတယ္။ အဲ့ဒါေတြကေတာ့…..

-၁၈၀၄ ခုႏွစ္မွာ နပို  လီယံဟာ ျပင္သစ္အင္ပါယာရဲ႕ အရွင္သခင္အျဖစ္ ဒီဘုရားေက်ာင္းထဲမွာ နန္းတက္ပြဲက်င္းပခဲ့ပါတယ္။

-ျပင္သစ္ဘုရင္ Henry V ရဲ႕ ႏွစ္ျခင္းခံတာကို ဒီဘုရားေက်ာင္းထဲမွာ လုပ္ခဲ့သလို သားျဖစ္သူ Henry VI ရဲ႕ ထီးနန္းတက္ပြဲဟာလည္း ဒီထဲမွာပဲက်င္းပခဲ့ပါတယ္။

-တတိယျပင္သစ္ႏိုင္ငံေတာ္က သမၼတေတြရဲ႕ အသုဘကို ဒီထဲမွာပဲ က်င္းပခဲ့ပါတယ္။

-ျပင္သစ္ေတြဟာ ၁၉၄၄ခုႏွစ္မွာ နာဇီေတြလက္က လြတ္ေျမာက္ခဲ့စဥ္က ဒီဘုရားေက်ာင္းထဲမွာ ေအာင္ပြဲခံခဲ့ပါတယ္။

ဒါေၾကာင့္လည္း Notre Dameဟာ ျပင္သစ္ရဲ႕ အမ်ိဳးသားယဥ္ေက်းမႈ အေမြအႏွစ္တစ္ခုသာမက ကမၻာကပါ တန္ဖိုးထားရမယ့္ ယဥ္ေက်းမႈအေမြအႏွစ္အျဖစ္ UNESCO က သတ္မွတ္တာ ခံခဲ့ရပါတယ္။

ဒီျဖစ္ရပ္ကေန အတုယူစရာေကာင္းတာကေတာ့ ယဥ္ေက်းမႈအေမြအႏွစ္ကို တန္ဖိုးထားရေကာင္းမွန္း သိတဲ့ ျပင္သစ္လူမ်ိဳးေတြနဲ႔ အစိုးရရဲ႕ စိတ္ဓာတ္ပါပဲ။ မီးေလာင္ၿပီး ၂ရက္အၾကာမွာတင္ ျပင္သစ္လူမ်ိဳးေတြဟာ ဒီေရွးဘုရားေက်ာင္းႀကီးကို ခ်က္ခ်င္းျပန္ေဆာက္ေပးဖို႔ ေတာင္းဆိုေနၾကပါၿပီ။

ဒီအတြက္လည္း ႏိုင္ငံသားတစ္ေယာက္ခ်င္းစီက အလႉေငြေတြ ဝိုင္းဝန္းထည့္ကူၾကမွာ ျဖစ္သလို ျပင္သစ္ရဲ႕ အခ်မ္းသာဆံုး ဘီလ်ံနာမိသားစု၃စု ကလည္း ရန္ပံုေငြ သန္း၇၀၀ရေအာင္ ဝိုင္းဝန္းစုေဆာင္းေပးၾကဦးမွာပါ။ ဒါ့အျပင္ အစိုးရကိုယ္တိုင္ကလည္း ေနာက္၅ႏွစ္အတြင္း ျပန္လည္တည္ေဆာက္ျခင္းျဖစ္စဥ္ကို ၿပီးေအာင္လုပ္ေပးမွာ ျဖစ္ၿပီး နဂိုက Notre Dame ထက္ေတာင္ ပိုလွေစရမယ္လို႔ ကတိေပးခဲ့ပါတယ္။

ဒီျဖစ္ရပ္ကို ၾကည့္ျခင္းအားျဖင့္ ျပင္သစ္လူမ်ိဳးေတြရဲ႕ ထိန္းသိမ္းေစာင့္ေရွာက္လိုတဲ့စိတ္၊ ယဥ္ေက်းမႈအေမြအႏွစ္ကို အျမတ္တႏိုးတန္ဖိုးထားတဲ့ စိတ္ဟာ အတုယူစရာပါ ေယာင္းတို႔ေရ….

လက္နက္ႀကီး ထိမွန္လို႔ ပ်က္စီးသြားရွာေသာ အက္ဒ္မင္တို႔ရဲ႕ ယဥ္ေက်းမႈအေမြအႏွစ္ျဖစ္တဲ့ ေျမာက္ဦးက ဘုရားတခ်ိဳ႕လည္း ၿငိမ္းခ်မ္းပါေစ…ျပန္လည္ျပဳျပင္ႏိုင္ပါေစလို႔ ဆုေတာင္းရင္း…..

By
Mia (For Her Myanmar)
Reference links: cnn bbc buzzfeed.com

မြန်မာပြည်မှာ ပုဂံက အင်မတန်ကျော်ကြားတဲ့ ရှေးအမွေအနှစ်ဖြစ်သလို ပြင်သစ်မှာတော့ Notre Dame ဟာ ပြင်သစ်လူမျိုးတွေ သိပ်ကိုဂုဏ်ယူကြတဲ့ သမိုင်းဝင်နေရာတစ်ခုပါ။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ပြင်သစ်လူမျိုးတွေသာ မက ကမ္ဘာကပါ အမြတ်တနိုး တန်ဖိုးထားတဲ့ သမိုင်းဝင်အဆောက်အဦးတစ်ခု မီးလောင်ပျက်ဆီးသွားခဲ့ပါတယ်။ အဲ့ဒါကတော့ ၁၂ရာစုတုန်းက ဆောက်လုပ်ခဲ့တဲ့ ပြင်သစ်ရဲ့ အခမ်းနားဆုံး ရှေးဗိသုကာ လက်ရာ၊ Notre Dame ဘုရားကျောင်းအို ကြီးပဲ ဖြစ်ပါတယ်။

ဘုရားကျောင်းအိုကြီးကို မီးငြိမ်းသတ်ဖို့ မီးသတ်သမား၄၀၀ လွှတ်ခဲ့ပေမဲ့ ကားလမ်းပိတ်လို့ ကြန့်ကြာသွားခဲ့ပါတယ်။ မီးလောင်မှုဟာ နာရီအတော်ကြာခဲ့ပြီး ဘုရားကျောင်းရဲ့ ပေ၃၀၀ အထိ အမြင့်ရှိတဲ့ ပြာသာဒ်ပုံစံ ထိပ်ချွန်ဟာ ပျက်ဆီးသွားခဲ့ရပါတယ်။ အထဲက ရှေးဟောင်းရတနာတွေ လည်း ဆုံးရှုံးသွားလား အကောင်းအတိုင်း ကျန်ခဲ့လားဆိုတာ ခုထိ သေချာမသိရသေးပါဘူး။

ကံကောင်းလို့ အဆောက်အဦတစ်ခုလုံးတော့ မီးမလောင်သွားခဲ့ပါဘူး။ ဒါပေမဲ့ ဒီလိုမီးလောင်ဆုံးရှုံးမှုကြောင့် တစ်ကမ္ဘာလုံးက နှမြောတသဖြစ်ပြီး ဝမ်းနည်းကြေကွဲခဲ့ကြပါတယ်။မြန်မာပြည်မှာ ပုဂံက အင်မတန်ကျော်ကြားတဲ့ ရှေးအမွေအနှစ်ဖြစ်သလို ပြင်သစ်မှာတော့ Notre Dame ဟာ ပြင်သစ်လူမျိုးတွေ သိပ်ကိုဂုဏ်ယူကြတဲ့ သမိုင်းဝင်နေရာတစ်ခုပါ။

Notre Dame ဘုရားကျောင်းရဲ့ ထူးခြားချက်ကတော့….သူဟာ Gothic Architecture လို့ခေါ်တဲ့ အလယ်ခေတ်တုန်းက ပေါ်ပေါက်ခဲ့တဲ့ ရှေးဗိသုကာပညာ ကို သုံးထားပြီး နှစ်ပေါင်း ၁၈၂ နှစ်ကြာမှ ဆောက်လို့ပြီးခဲ့ပါတယ်။

Related article >>> သမိုင်းထဲက ကာတီယာနဲ့ဆိုင်ယမ်(ထိုင်း)မင်းသားတို့ ရဲ့ ကြေကွဲစရာအချစ်ဇာတ်လမ်းး

Notre Dame ဟာ အလယ်ခေတ်က ဆောက်ခဲ့တဲ့ သာမန် ရိုမန်ကတ်သလစ်ဘုရားကျောင်းတွေနဲ့ မတူပါဘူး။ သူဟာ ဆန်းသစ်တဲ့ ဗိသုကာဒီဇိုင်းဖြစ်တဲ့ အမိုးပေါင်းခုံးဆုံချက်တွေ (rib vault), တိုင်ကနေ နံရံကို ကန်ပြီး ဆောက်ထားတဲ့ ထောက်တိုင်အကွေးတွေ(flying buttress)၊ ရောင်စုံ နှင်းဆီခင်းသဏ္ဋာန် ပြတင်းပေါက်အကြီးကြီးတွေ အပြင် အတွင်းဘက်မှာလည်း ပန်းပုတွေ အများကြီးနဲ့ အလှဆင်ထားတာမို့ နာမည်ကြီးတဲ့ အနုပညာလက်ရာမြောက် အဆောက်အဦတစ်ခုဖြစ်ပါလာပါတယ်။

Notre Dame ဘုရားကျောင်းဟာ ခေတ်အဆက်ဆက်ရဲ့ သမိုင်းဝင်အဖြစ်အပျက်တွေကိုလည်း ကြုံတွေ့ခဲ့ရပါသေးတယ်။ အဲ့ဒါတွေကတော့…..

-၁၈၀၄ ခုနှစ်မှာ နပို  လီယံဟာ ပြင်သစ်အင်ပါယာရဲ့ အရှင်သခင်အဖြစ် ဒီဘုရားကျောင်းထဲမှာ နန်းတက်ပွဲကျင်းပခဲ့ပါတယ်။

-ပြင်သစ်ဘုရင် Henry V ရဲ့ နှစ်ခြင်းခံတာကို ဒီဘုရားကျောင်းထဲမှာ လုပ်ခဲ့သလို သားဖြစ်သူ Henry VI ရဲ့ ထီးနန်းတက်ပွဲဟာလည်း ဒီထဲမှာပဲကျင်းပခဲ့ပါတယ်။

-တတိယပြင်သစ်နိုင်ငံတော်က သမ္မတတွေရဲ့ အသုဘကို ဒီထဲမှာပဲ ကျင်းပခဲ့ပါတယ်။

-ပြင်သစ်တွေဟာ ၁၉၄၄ခုနှစ်မှာ နာဇီတွေလက်က လွတ်မြောက်ခဲ့စဉ်က ဒီဘုရားကျောင်းထဲမှာ အောင်ပွဲခံခဲ့ပါတယ်။ဒါကြောင့်လည်း Notre Dameဟာ ပြင်သစ်ရဲ့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တစ်ခုသာမက ကမ္ဘာကပါ တန်ဖိုးထားရမယ့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် UNESCO က သတ်မှတ်တာ ခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်ကနေ အတုယူစရာကောင်းတာကတော့ ယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထားရကောင်းမှန်း သိတဲ့ ပြင်သစ်လူမျိုးတွေနဲ့ အစိုးရရဲ့ စိတ်ဓာတ်ပါပဲ။မီးလောင်ပြီး ၂ရက်အကြာမှာတင် ပြင်သစ်လူမျိုးတွေဟာ ဒီရှေးဘုရားကျောင်းကြီးကို ချက်ချင်းပြန်ဆောက်ပေးဖို့ တောင်းဆိုနေကြပါပြီ။ဒီအတွက်လည်း နိုင်ငံသားတစ်ယောက်ချင်းစီက အလှူငွေတွေ ဝိုင်းဝန်းထည့်ကူကြမှာ ဖြစ်သလို ပြင်သစ်ရဲ့ အချမ်းသာဆုံး ဘီလျံနာမိသားစု၃စု ကလည်း ရန်ပုံငွေ သန်း၇၀၀ရအောင် ဝိုင်းဝန်းစုဆောင်းပေးကြဦးမှာပါ။ ဒါ့အပြင် အစိုးရကိုယ်တိုင်ကလည်း နောက်၅နှစ်အတွင်း ပြန်လည်တည်ဆောက်ခြင်းဖြစ်စဉ်ကို ပြီးအောင်လုပ်ပေးမှာ ဖြစ်ပြီး နဂိုက Notre Dame ထက်တောင် ပိုလှစေရမယ်လို့ ကတိပေးခဲ့ပါတယ်။ဒီဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် ပြင်သစ်လူမျိုးတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်လိုတဲ့စိတ်၊ ယဉ်ကျေးမှုအမွေအနှစ်ကို အမြတ်တနိုးတန်ဖိုးထားတဲ့ စိတ်ဟာ အတုယူစရာပါ ယောင်းတို့ရေ….လက်နက်ကြီး ထိမှန်လို့ ပျက်စီးသွားရှာသော အက်ဒ်မင်တို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ မြောက်ဦးက ဘုရားတချို့လည်း ငြိမ်းချမ်းပါစေ…ပြန်လည်ပြုပြင်နိုင်ပါစေလို့ ဆုတောင်းရင်း…..
By
Mia (For Her Myanmar)
Reference links: cnn bbc buzzfeed.com

No Comments Yet

Comments are closed