ဇနီးသည္မီးဖြားတဲ့အခါ ခင္ပြန္းအေနနဲ႔ ဘယ္လိုခြင့္ခံစားခြင့္ေတြ ရရွိနိုင္လဲ?

အႁမႊာေမြးခ်င္စိတ္ပါ ေပါက္သြားမယ္ေနာ္

ေယာက်ာ္းေဖာင္စီး မိန္းမမီးေနဆိုတဲ့စကားအတိုင္းပါပဲ ေယာင္းေရ…အမ်ိဳးသားေတြအတြက္ ေရလမ္းခရီးသြားလာေနခ်ိန္က အသက္အႏၱရယ္မ်ားသလို ေယာင္းတို႔အတြက္ကေတာ့ မီးဖြားခ်ိန္ကအသက္အႏၱရာယ္ကို စေတးရတဲ့ အေရးႀကီးဆုံးအခ်ိန္ပါပဲ။

ပုံမွန္အခ်ိန္ေတြမွာ တစ္ကိုယ္ေရတစ္ကာယရပ္တည္နိုင္ေပမဲ့ မီးဖြားခ်ိန္ေတြမွာေတာ့ ေဟာ္မုန္းအေျပာင္းအလဲေတြ ရွိတာေၾကာင့္ ေယာင္းတို႕စိတ္ထဲေၾကာက္စိတ္ေတြ ၊ အားငယ္စိတ္ေတြနဲ႕ ေယာင္းတို႕ခင္ပြန္းေတြကို အနားမွာရွိေစခ်င္မွာ မင္မင္ကိုယ္ခ်င္းစာမိပါတယ္။ မီးဖြားခ်ိန္မွာ ေယာက်ာ္းကအလုပ္ခြင့္မရရင္ ဒုကၡပါပဲဆိုၿပီး စိုးရိမ္ပူပန္ရတာေတြလည္း ရွိေကာင္းရွိနိုင္ပါတယ္။

ဒီေတာ့ မင္မင္ကေန ေယာင္းတို႕စိုးရိမ္ပူပန္မႈေတြကို ေလ်ွာ့ခ်ေပးဖို႕အတြက္ ကိုယ္ဝန္ေဆာင္ခင္ပြန္းေတြရရွိနိုင္တဲ့ ခြင့္ေတြနဲ႕ မီးဖြားစရိတ္အက်ိဳးခံစားခြင့္ေတြ အေၾကာင္း ေဝမ်ွေပးခ်င္ပါတယ္ေယာင္းေရ… ေယာင္းတို႔ကို မွ်ေဝေပးခ်င္လြန္းလို႔ အက္ဒ္မင္က ပေရာ္ဖက္ရွင္နယ္လ္ HR မမထူးသန္႔စင္ကို ကိုယ္တိုင္ သြားေမးေပးလာတာေနာ္..

ေယာင္းတို႕ခင္ပြန္းသည္ေတြရရွိနိုင္တဲ့ ခြင့္အမ်ိဳးအစား(၂)မ်ိဳးရွိပါတယ္ေယာင္းေရ…

ပထမ တစ္ခုကေတာ့ ေယာင္းေရာ ေယာင္းအမ်ိဳးသားပါ လူမႈဖူလုံေရးအာမခံကို အနည္းဆုံး(၆)လ ေပးသြင္းထားမယ္ဆိုရင္  ေယာင္းအမ်ိဳးသားအေနနဲ႕ ကေလးျပဳစုေစာင့္ေရွာက္ခြင့္(၁၅)ရက္ ရရွိမွာျဖစ္ပါတယ္။ ခြင့္ရရွိတဲ့(၁၅)ရက္အတြက္ကိုလည္း မီးဖြားျခင္းနဲ႔ ဆိုင္တဲ့ အက်ိဳးခံစားခြင့္ဆိုၿပီး တစ္ႏွစ္အတြင္း အမ်ိဳးသားရဲ႕ ပ်မ္းမ်ွလုပ္ခလစာ (၇၀)ရာခိုင္နႈန္းကို ထပ္ေဆာင္းရရွိနိုင္မွာျဖစ္ပါတယ္။ တစ္ခုသတိထားရမွာက ေယာင္းအမ်ိဳးသားက လက္ရွိကုမၸဏီမွာ အနည္းဆုံး တစ္နွစ္ လုပ္ကိုင္ဖူးရမွာ ျဖစ္ပါတယ္။

Related Article >>> ကိုယ္ဝန္ေဆာင္ေယာင္းတုိ႕အတြက္ ေယာဂက်င့္စဥ္မ်ား

ေယာင္းတို႕က လူမႈဖူလုံေရးအာမခံ အနည္းဆုံး(၆)လ ေပးသြင္းထားျခင္းမရွိဘူးဆိုရင္ေတာ့ မီးဖြားခြင့္(၁၅)ရက္ရရွိေပမဲ့ မီးဖြားစရိတ္ေတြေတာ့ အျပည့္ခံစားခြင့္ရရွိနိုင္မွာမဟုတ္ပါဘူး။ အာမခံေၾကးသြင္းထားသူေတြရဲ႕မီးဖြားစရိတ္ တစ္ဝက္ကိုသာ ခံစားခြင့္ရရွိနိုင္မွာပါေယာင္းေရ.. ဒီအမ်ိဳးအစားမွာလည္း ေယာင္းတို႕အမ်ိဳးသားက လက္ရွိကုမၸဏီမွာ အနည္းဆုံးတစ္နွစ္လုပ္ကိုင္ဖူးရမွာ ျဖစ္ပါတယ္။

မီးဖြားစရိတ္ေတြကိုေတာ့ ေယာင္းတို႕ရင္ေသြးတစ္ေယာက္ေမြးဖြားရင္ အေပၚကေဖာ္ျပထားတဲ့ အတိုင္း ရရွိနိုင္မွာျဖစ္ေပမဲ့ ေယာင္းတုိ႕က အႁမႊာေလးေမြးမယ္ဆိုရင္ေတာ့ ရရွိနိုင္မယ့္မီးဖြားစရိတ္ရဲ႕ နွစ္ဆထိ တိုးျမွင့္ခံစားနိုင္မွာျဖစ္ပါတယ္(အႁမႊာေလးရေအာင္သာ ေမြးပစ္ေယာင္းေရ )

ကေလးရဲ႕ က်န္းမာေရးအေပၚ သက္ေရာက္ႏိုင္တဲ့ မိဘေတြရဲ႕ အက်င့္ဆိုးမ်ား

ေယာင္းတို႕ေရ ဘယ္လိုအခြင့္အေရးေတြရနိုင္လဲ သိၿပီးၿပီဆိုေတာ့ ေဘဘီေလးေတြကို စိတ္ေအးလက္ေအး ေမြးဖြားလို႔ရၿပီေပါ့ေနာ္။ ေယာင္းတို႔ အမ်ိဳးသားေတြကလည္း ေယာင္းတို႕ေဘးမွာေစာင့္ေရွာက္ေပးနိုင္မွာမို႕ ေယာင္းတို႔ အားငယ္စရာမလိုဘဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ က်န္းက်န္းမာမာနဲ႕ ေမြးဖြားနိုင္ပါေစေနာ္။

DiDi (For Her Myanmar)

<<< Unicode >>>

အမြွှာမွေးချင်စိတ်ပါ ပေါက်သွားမယ်နော်

ယောကျာ်းဖောင်စီး မိန်းမမီးနေဆိုတဲ့စကားအတိုင်းပါပဲ ယောင်းရေ…အမျိုးသားတွေအတွက် ရေလမ်းခရီးသွားလာနေချိန်က အသက်အန္တရယ်များသလို ယောင်းတို့အတွက်ကတော့ မီးဖွားချိန်ကအသက်အန္တရာယ်ကို စတေးရတဲ့ အရေးကြီးဆုံးအချိန်ပါပဲ။ ပုံမှန်အချိန်တွေမှာ တစ်ကိုယ်ရေတစ်ကာယရပ်တည်နိုင်ပေမဲ့ မီးဖွားချိန်တွေမှာတော့ ဟော်မုန်းအပြောင်းအလဲတွေ ရှိတာကြောင့် ယောင်းတို့စိတ်ထဲကြောက်စိတ်တွေ ၊ အားငယ်စိတ်တွေနဲ့ ယောင်းတို့ခင်ပွန်းတွေကို အနားမှာရှိစေချင်မှာ မင်မင်ကိုယ်ချင်းစာမိပါတယ်။ မီးဖွားချိန်မှာ ယောကျာ်းကအလုပ်ခွင့်မရရင် ဒုက္ခပါပဲဆိုပြီး စိုးရိမ်ပူပန်ရတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

ဒီတော့ မင်မင်ကနေ ယောင်းတို့စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးဖို့အတွက် ကိုယ်ဝန်ဆောင်ခင်ပွန်းတွေရရှိနိုင်တဲ့ ခွင့်တွေနဲ့ မီးဖွားစရိတ်အကျိုးခံစားခွင့်တွေ အကြောင်း ဝေမျှပေးချင်ပါတယ်ယောင်းရေ… ယောင်းတို့ကို မျှဝေပေးချင်လွန်းလို့ အက်ဒ်မင်က ပရော်ဖက်ရှင်နယ်လ် HR မမထူးသန့်စင်ကို ကိုယ်တိုင် သွားမေးပေးလာတာနော်.. ယောင်းတို့ခင်ပွန်းသည်တွေရရှိနိုင်တဲ့ ခွင့်အမျိုးအစား(၂)မျိုးရှိပါတယ်ယောင်းရေ…

ပထမ တစ်ခုကတော့ ယောင်းရော ယောင်းအမျိုးသားပါ လူမှုဖူလုံရေးအာမခံကို အနည်းဆုံး(၆)လ ပေးသွင်းထားမယ်ဆိုရင် ယောင်းအမျိုးသားအနေနဲ့ ကလေးပြုစုစောင့်ရှောက်ခွင့်(၁၅)ရက် ရရှိမှာဖြစ်ပါတယ်။ ခွင့်ရရှိတဲ့(၁၅)ရက်အတွက်ကိုလည်း မီးဖွားခြင်းနဲ့ ဆိုင်တဲ့ အကျိုးခံစားခွင့်ဆိုပြီး တစ်နှစ်အတွင်း အမျိုးသားရဲ့ ပျမ်းမျှလုပ်ခလစာ (၇၀)ရာခိုင်နှုန်းကို ထပ်ဆောင်းရရှိနိုင်မှာဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက ယောင်းအမျိုးသားက လက်ရှိကုမ္ပဏီမှာ အနည်းဆုံး တစ်နှစ် လုပ်ကိုင်ဖူးရမှာ ဖြစ်ပါတယ်။

Related Article >>> ကိုယ်ဝန်ဆောင်ယောင်းတို့အတွက် ယောဂကျင့်စဉ်များ

ယောင်းတို့က လူမှုဖူလုံရေးအာမခံ အနည်းဆုံး(၆)လ ပေးသွင်းထားခြင်းမရှိဘူးဆိုရင်တော့ မီးဖွားခွင့်(၁၅)ရက်ရရှိပေမဲ့ မီးဖွားစရိတ်တွေတော့ အပြည့်ခံစားခွင့်ရရှိနိုင်မှာမဟုတ်ပါဘူး။ အာမခံကြေးသွင်းထားသူတွေရဲ့မီးဖွားစရိတ် တစ်ဝက်ကိုသာ ခံစားခွင့်ရရှိနိုင်မှာပါယောင်းရေ.. ဒီအမျိုးအစားမှာလည်း ယောင်းတို့အမျိုးသားက လက်ရှိကုမ္ပဏီမှာ အနည်းဆုံးတစ်နှစ်လုပ်ကိုင်ဖူးရမှာ ဖြစ်ပါတယ်။

မီးဖွားစရိတ်တွေကိုတော့ ယောင်းတို့ရင်သွေးတစ်ယောက်မွေးဖွားရင် အပေါ်ကဖော်ပြထားတဲ့ အတိုင်း ရရှိနိုင်မှာဖြစ်ပေမဲ့ ယောင်းတို့က အမြွှာလေးမွေးမယ်ဆိုရင်တော့ ရရှိနိုင်မယ့်မီးဖွားစရိတ်ရဲ့ နှစ်ဆထိ တိုးမြှင့်ခံစားနိုင်မှာဖြစ်ပါတယ် (အမြွှာလေး ရအောင်သာ မွေးပစ်ယောင်းရေ )

ကလေးရဲ့ ကျန်းမာရေးအပေါ် သက်ရောက်နိုင်တဲ့ မိဘတွေရဲ့ အကျင့်ဆိုးများယောင်းတို့ရေ ဘယ်လိုအခွင့်အရေးတွေရနိုင်လဲ သိပြီးပြီဆိုတော့ ဘေဘီလေးတွေကို စိတ်အေးလက်အေး မွေးဖွားလို့ရပြီပေါ့နော်။ ယောင်းတို့ အမျိုးသားတွေကလည်း ယောင်းတို့ ဘေးမှာ စောင့်ရှောက်ပေးနိုင်မှာမို့ ယောင်းတို့ အားငယ်စရာမလိုဘဲ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ပါစေနော်။

DiDi (For Her Myanmar)

No Comments Yet

Comments are closed