အဂၤလိပ္ကို လက္နက္ကိုင္ေတာ္လွန္ခဲ့တဲ့ အိႏၵိယ က ဂ်န္စီမိဖုရား

အဂၤလိပ္အစိုးရအတြက္ အႏၱရာယ္အႀကီးဆံုးရယ္လို႔ေတာင္ သတ္မွတ္ခံခဲ့ရသတဲ့…

ရာဇဝင္ထဲက စြမ္းေဆာင္႐ွင္ မိန္းမသားေတြအေၾကာင္း ေျပာရာမွာ ခ်န္လွပ္လို႔ မရတဲ့ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ အိႏၵိယက ဂ်န္စီမိဖုရား ပဲ ျဖစ္ပါတယ္။ သူဟာ အဂၤလိပ္ကိုလိုနီကို လက္နက္ကိုင္ တြန္းလွန္ခဲ့တဲ့ ႐ွား႐ွားပါးပါးမိန္းမသားမုိ႔ အိႏၵိယျပည္သူေတြက ယေန႔တုိင္ သတိရေနဆဲပါ။

ဂ်န္စီမိဖုရားအေၾကာင္းမေျပာခင္ အိႏၵိယျပည္ရဲ႕ သမုိင္းေၾကာင္းေနာက္ခံအခ်ိဳ႕ကို ေျပာျပပါရေစ။ ေ႐ွးေခတ္က အိႏၵိယျပည္ႀကီးမွာ မဟာရာဇာ အသီးသီးဟာ ကိုယ့္နယ္ေျမနဲ႔ ကိုယ္ အုပ္ခ်ဳပ္ေနခဲ့ၾကတာပါ။ အဂၤလိပ္ေတြဟာ လက္ဖက္ေျခာက္ နဲ႔ ဟင္းခတ္အေမႊးအႀကိဳင္ေတြ ကုန္ကူးဖို႔ အိႏၵိယျပည္ႀကီးကို ေရာက္႐ွိခဲ့ရာကေန တစ္စတစ္စ နဲ႔ ေဒသအသီးသီးက အုပ္ခ်ဳပ္ေရးပို္င္းကိုပါ စြက္ဖက္လာခဲ့ပါတယ္။

ဂ်န္စီမိဖုရားျဖစ္လာမယ့္ မာနိကာနီကာ ေမြးဖြားလာတဲ့ ၁၈၃၅ ခုႏွစ္ဝန္းက်င္မွာေတာ့ အဂၤလိပ္ေတြရဲ႕ စြက္ဖက္မႈဟာ သိသာေနခဲ့ပါၿပီ။ ဒါေပမဲ့ ဂ်န္စီျပည္ မွာေတာ့ ေတာ္ဝင္မ်ိဳးနယ္ေတြက အေျခမပ်က္ အုပ္စိုးေနဆဲေပါ့။

မာနိကာနီကာ ရဲ႕ ဖခင္ဟာ ပက္႐ွ္ဝါက တရားသူႀကီး ပုဏၰားမ်ိဳးႏြယ္ျဖစ္ပါတယ္။ မာနိကာ ဟာ ငယ္စဥ္ကတည္းက ဖခင္အလုပ္လုပ္တဲ့ တရား႐ံုးမွာ ေယာက်္ားေလးေတြနဲ႔ တန္းတူေဆာ့ကစားခဲ့ပါတယ္။ အမ်ိဳးျမင့္ျမတ္တဲ့ ပုဏၰားမိန္းကေလးေတြၾကားမွာ မာနိကာ ရဲ႕ ေနထိုင္ပံုက ထူးျခားေနပါတယ္။

သူဟာ ျမင္းစီး၊ လွံထိုး၊ ဓားသိုင္း၊ ေသနတ္ပစ္ စတဲ့ ပညာေတြကို ဝါသနာႀကီးၿပီး ကၽြမ္းက်င္ပါတယ္။ မာနိကာ အသက္ ၁၄ ေရာက္ေတာ့ အဲ့ဒီေခတ္ထံုးစံအတုိင္း သူ႔ထက္ အသက္ ၂၅ ႏွစ္ႀကီးတဲ့ ဂ်န္စီဘုရင္နဲ႔ လက္ထပ္ခဲ့ရပါတယ္။

မာနိကာဟာ မိဖုရားႀကီးျဖစ္လုိ႔ နန္းတြင္းထံုးစံအရ ေခါင္းၿမီးျခံဳ၊ မ်က္ႏွာအုပ္ထားရတာေတာင္ သူႏွစ္သက္တဲ့ အားကစားေတြကို အၿမဲေလ့က်င့္ပါတယ္။ သူ႔ရဲ႕ကိုယ္ပိုင္ အမ်ိဳးသမီးတပ္ကိုေတာင္ ဖြဲ႕စည္းထားခဲ့ပါေသးတယ္။

ဂ်န္စီ မိဖုရား ( ဘြဲ႕အမည္ လက္ခ်မီးဘိုင္) ဟာ အခ်ိန္တန္ေတာ့ သားေယာက္်ားေလး ဖြားျမင္ပါတယ္။ သားေလးဟာ ေလးလအ႐ြယ္မွာပဲ ဆံုးပါးသြားၿပီး ဘုရင္ႀကီး နာမက်န္းျဖစ္လာတာေၾကာင့္ ထီးနန္းဆက္ခံဖို႔ ေတာ္ဝင္မ်ိဳးႏြယ္ထဲက ကေလးတစ္ေယာက္ကို ေမြးစားကာ ဘုရင္တင္ေျမွာက္ခဲ့ပါတယ္။

Related Article >>> (၇) ရက္ သာ နန္းစံလိုက္ရတဲ့ ကိုရီးယားရဲ႕ ေၾကကြဲစရာ မိဖုရားတစ္ပါး

အဲ့ဒီကာလမွာ အဂၤလိပ္ေတြက မဟာရာဇာတစ္ဦးဟာ ထီးနန္းဆက္ခံသူမ႐ွိဘဲ ကြယ္လြန္ခဲ့ရင္ အဲ့ဒီေဒသဟာ အဂၤလိပ္အစိုးရရဲ႕ လက္ေအာက္ကို အလိုအေလွ်ာက္က်ေရာက္ရမယ့္ ဥပေဒတစ္ခု ျပ႒န္းထားတာပါ။ အဂၤလိပ္အရာ႐ွိေတြက ေမြးစားသားေတာ္ ဘုရင္ငယ္ ရဲ႕ ထီးနန္းဆက္ခံခြင့္ကို ျငင္းဆုိခဲ့ၿပီး ဂ်န္စီျပည္နယ္ကို အဂၤလိပ္လက္ေအာက္ အတင္းသြပ္သြင္းလုိက္ပါတယ္။

ဒီလိုျဖစ္ေနဆဲ ၁၈၅၇ ခုႏွစ္၊ အဂၤလိပ္စစ္တပ္ထဲမွာ တပ္တြင္းသူပုန္ထမႈႀကီး ေပၚေပါက္လာတာေၾကာင့္ အဂၤလိပ္အစိုးရက ဂ်န္စီအေရးကို အေရးမစိုက္ႏိုင္ေတာ့ပါဘူး။ ဒါကို အခြင့္ေကာင္းယူၿပီး လက္ခ်မီးဘိုင္ဟာ ဂ်န္စီျပည္ကို အုပ္ခ်ဳပ္ခဲ့ပါတယ္။ အဂၤလိပ္ေတြ လာခဲ့ရင္ တြန္းလွန္ႏုိင္ဖုိ႔ လူသူလက္နက္အင္အားကို အသင့္ျပင္ဆင္ခဲ့ပါတယ္။

သူပုန္ထမႈကို ႏွိမ္နင္းၿပီးတာနဲ႔ အဂၤလိပ္ေတြဟာ ဂ်န္စီျပည္ကို လာတိုက္ပါေတာ့တယ္။ အဂၤလိပ္တပ္သား ၁၅၀၀ ေက်ာ္ နဲ႔ ဂ်န္စီတပ္သား ၂၀၀၀၀ ေက်ာ္ တို႔ တုိက္ခုိက္ရတာျဖစ္ေပမဲ့ တုိက္ရည္ခုိက္ရည္ နဲ႔ ေလ့က်င့္မႈသာတဲ့ အဂၤလိပ္တပ္က အသာစီးရခဲ့ပါတယ္။ စစ္ပြဲဟာ ေလးရက္ၾကာတုိက္ခဲ့ရၿပီး ဂ်န္စီျပည္သားေတြ ႐ံႈးနိမ့္ခဲ့ပါတယ္။

Related Article >>> သမိုင္းထဲက ကာတီယာနဲ႔ဆိုင္ယမ္(ထိုင္း)မင္းသားတို႔ ရဲ႕ ေၾကကြဲစရာအခ်စ္ဇာတ္လမ္း

စစ္႐ံႈးခဲ့လို႔ လက္ခ်မီးဘုိင္ဟာ သားေတာ္ဘုရင္ကို ေက်ာပိုးကာ ျမင္းစီးၿပီး ေနာက္လိုက္ငယ္သားအခ်ိဳ႕နဲ႔ လြတ္ေအာင္ေျပးႏိုင္ခဲ့ၿပီး အ႐ံႈးမေပးတတ္တဲ့ စိတ္ဓာတ္ေၾကာင့္ သူဟာ အဂၤလိပ္ကို ေနာက္ထပ္ရင္ဆုိင္ဖို႔ ျပင္ဆင္ပါတယ္။

လက္ခ်မီးဘုိင္ နဲ႔ အျခား မဟာရာဇာေတြ စုစည္းထားတဲ့ တပ္ဟာ အဂၤလိပ္ပိုင္ Gwalior ၿမိဳကို အရသိမ္းႏုိင္ခဲ့ေပမဲ့ အဂၤလိပ္ေတြက အဲဒီၿမိဳ႕ကို ထပ္မံလာေရာက္တိုက္ခုိက္ပါေတာ့တယ္။

လက္ခ်္မီးဘုိင္ရဲ႕ တပ္ နဲ႔ အဂၤလိပ္တပ္တို႔ရဲ႕ တုိက္ပြဲမွာ လက္ခ်မီးဘိုင္ဟာ ေယာက်္ားအဝတ္အစား ဝတ္ဆင္ကာ တုိက္ခုိက္ခဲ့ၿပီး အႀကီးအက်ယ္ဒဏ္ရာရခဲ့ပါတယ္။ သားငယ္ကို စိတ္ခ်ရသူေတြဆီအပ္ၿပီး လက္ခ်မီးဘုိင္ဟာ သူေသရင္ အဂၤလိပ္ေတြ သူ႔ခႏၶာကိုယ္ကုိ မရေအာင္ မီး႐ိႈ႕ျပာခ်ဖို႔ မွာခဲ့ပါတယ္။

လက္ခ်္မီးဘိုင္ ကြယ္လြန္တဲ့အေၾကာင္းၾကားေတာ့ ရန္သူ အဂၤလိပ္စစ္ဗိုလ္ႀကီးေတြက သူဟာ ထက္ျမက္လွပသူ၊ အိႏၵိယေခါင္းေဆာင္ေတြၾကားထဲမွာ အဂၤလိပ္ေတြအတြက္ အႏၱရာယ္အႀကီးဆံုးသူ လုိ႔ မွတ္ခ်က္ေပး ခ်ီးမြမ္းခဲ့ၾကပါတယ္။

ယေန႔ထိတုိင္ အိႏၵိယျပည္သူေတြရဲ႕ ခ်စ္ခင္မႈကို ရ႐ွိေနဆဲ လက္ခ်မီးဘိုင္ ေခၚ ဂ်န္စီ မိဖုရား ရဲ႕ ထူးခၽြန္ထက္ျမက္မႈေတြကို ေယာင္းတို႔ အတုယူႏိုင္ဖို႔ မွ်ေဝလုိက္ပါတယ္ေနာ္။

Sugar Cane (For Her Myanmar)

References: wikipedia, historyofroyalwomen, britannica

<<< Unicode >>>

အင်္ဂလိပ်အစိုးရအတွက် အန္တရာယ်အကြီးဆုံးရယ်လို့တောင် သတ်မှတ်ခံခဲ့ရသတဲ့…

ရာဇဝင်ထဲက စွမ်းဆောင်ရှင် မိန်းမသားတွေအကြောင်း ပြောရာမှာ ချန်လှပ်လို့ မရတဲ့ အမျိုးသမီးတစ်ယောက်ကတော့ အိန္ဒိယက ဂျန်စီမိဖုရား ပဲ ဖြစ်ပါတယ်။ သူဟာ အင်္ဂလိပ်ကိုလိုနီကို လက်နက်ကိုင် တွန်းလှန်ခဲ့တဲ့ ရှားရှားပါးပါးမိန်းမသားမို့ အိန္ဒိယပြည်သူတွေက ယနေ့တိုင် သတိရနေဆဲပါ။

ဂျန်စီမိဖုရားအကြောင်းမပြောခင် အိန္ဒိယပြည်ရဲ့ သမိုင်းကြောင်းနောက်ခံအချို့ကို ပြောပြပါရစေ။ ရှေးခေတ်က အိန္ဒိယပြည်ကြီးမှာ မဟာရာဇာ အသီးသီးဟာ ကိုယ့်နယ်မြေနဲ့ ကိုယ် အုပ်ချုပ်နေခဲ့ကြတာပါ။ အင်္ဂလိပ်တွေဟာ လက်ဖက်ခြောက် နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ကုန်ကူးဖို့ အိန္ဒိယပြည်ကြီးကို ရောက်ရှိခဲ့ရာကနေ တစ်စတစ်စ နဲ့ ဒေသအသီးသီးက အုပ်ချုပ်ရေးပိုင်းကိုပါ စွက်ဖက်လာခဲ့ပါတယ်။

ဂျန်စီမိဖုရားဖြစ်လာမယ့် မာနိကာနီကာ မွေးဖွားလာတဲ့ ၁၈၃၅ ခုနှစ်ဝန်းကျင်မှာတော့ အင်္ဂလိပ်တွေရဲ့ စွက်ဖက်မှုဟာ သိသာနေခဲ့ပါပြီ။ ဒါပေမဲ့ ဂျန်စီပြည် မှာတော့ တော်ဝင်မျိုးနယ်တွေက အခြေမပျက် အုပ်စိုးနေဆဲပေါ့။

မာနိကာနီကာ ရဲ့ ဖခင်ဟာ ပက်ရှ်ဝါက တရားသူကြီး ပုဏ္ဏားမျိုးနွယ်ဖြစ်ပါတယ်။ မာနိကာ ဟာ ငယ်စဉ်ကတည်းက ဖခင်အလုပ်လုပ်တဲ့ တရားရုံးမှာ ယောကျ်ားလေးတွေနဲ့ တန်းတူဆော့ကစားခဲ့ပါတယ်။ အမျိုးမြင့်မြတ်တဲ့ ပုဏ္ဏားမိန်းကလေးတွေကြားမှာ မာနိကာ ရဲ့ နေထိုင်ပုံက ထူးခြားနေပါတယ်။

သူဟာ မြင်းစီး၊ လှံထိုး၊ ဓားသိုင်း၊ သေနတ်ပစ် စတဲ့ ပညာတွေကို ဝါသနာကြီးပြီး ကျွမ်းကျင်ပါတယ်။ မာနိကာ အသက် ၁၄ ရောက်တော့ အဲ့ဒီခေတ်ထုံးစံအတိုင်း သူ့ထက် အသက် ၂၅ နှစ်ကြီးတဲ့ ဂျန်စီဘုရင်နဲ့ လက်ထပ်ခဲ့ရပါတယ်။

မာနိကာဟာ မိဖုရားကြီးဖြစ်လို့ နန်းတွင်းထုံးစံအရ ခေါင်းမြီးခြုံ၊ မျက်နှာအုပ်ထားရတာတောင် သူနှစ်သက်တဲ့ အားကစားတွေကို အမြဲလေ့ကျင့်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင် အမျိုးသမီးတပ်ကိုတောင် ဖွဲ့စည်းထားခဲ့ပါသေးတယ်။

ဂျန်စီ မိဖုရား ( ဘွဲ့အမည် လက်ချမီးဘိုင်) ဟာ အချိန်တန်တော့ သားယောက်ျားလေး ဖွားမြင်ပါတယ်။ သားလေးဟာ လေးလအရွယ်မှာပဲ ဆုံးပါးသွားပြီး ဘုရင်ကြီး နာမကျန်းဖြစ်လာတာကြောင့် ထီးနန်းဆက်ခံဖို့ တော်ဝင်မျိုးနွယ်ထဲက ကလေးတစ်ယောက်ကို မွေးစားကာ ဘုရင်တင်မြှောက်ခဲ့ပါတယ်။

Related Article >>> (၇) ရက် သာ နန်းစံလိုက်ရတဲ့ ကိုရီးယားရဲ့ ကြေကွဲစရာ မိဖုရားတစ်ပါး

အဲ့ဒီကာလမှာ အင်္ဂလိပ်တွေက မဟာရာဇာတစ်ဦးဟာ ထီးနန်းဆက်ခံသူမရှိဘဲ ကွယ်လွန်ခဲ့ရင် အဲ့ဒီဒေသဟာ အင်္ဂလိပ်အစိုးရရဲ့ လက်အောက်ကို အလိုအလျှောက်ကျရောက်ရမယ့် ဥပဒေတစ်ခု ပြဋ္ဌန်းထားတာပါ။ အင်္ဂလိပ်အရာရှိတွေက မွေးစားသားတော် ဘုရင်ငယ် ရဲ့ ထီးနန်းဆက်ခံခွင့်ကို ငြင်းဆိုခဲ့ပြီး ဂျန်စီပြည်နယ်ကို အင်္ဂလိပ်လက်အောက် အတင်းသွပ်သွင်းလိုက်ပါတယ်။

ဒီလိုဖြစ်နေဆဲ ၁၈၅၇ ခုနှစ်၊ အင်္ဂလိပ်စစ်တပ်ထဲမှာ တပ်တွင်းသူပုန်ထမှုကြီး ပေါ်ပေါက်လာတာကြောင့် အင်္ဂလိပ်အစိုးရက ဂျန်စီအရေးကို အရေးမစိုက်နိုင်တော့ပါဘူး။ ဒါကို အခွင့်ကောင်းယူပြီး လက်ချမီးဘိုင်ဟာ ဂျန်စီပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။ အင်္ဂလိပ်တွေ လာခဲ့ရင် တွန်းလှန်နိုင်ဖို့ လူသူလက်နက်အင်အားကို အသင့်ပြင်ဆင်ခဲ့ပါတယ်။

သူပုန်ထမှုကို နှိမ်နင်းပြီးတာနဲ့ အင်္ဂလိပ်တွေဟာ ဂျန်စီပြည်ကို လာတိုက်ပါတော့တယ်။ အင်္ဂလိပ်တပ်သား ၁၅၀၀ ကျော် နဲ့ ဂျန်စီတပ်သား ၂၀၀၀၀ ကျော် တို့ တိုက်ခိုက်ရတာဖြစ်ပေမဲ့ တိုက်ရည်ခိုက်ရည် နဲ့ လေ့ကျင့်မှုသာတဲ့ အင်္ဂလိပ်တပ်က အသာစီးရခဲ့ပါတယ်။ စစ်ပွဲဟာ လေးရက်ကြာတိုက်ခဲ့ရပြီး ဂျန်စီပြည်သားတွေ ရှုံးနိမ့်ခဲ့ပါတယ်။

Related Article >>> သမိုင်းထဲက ကာတီယာနဲ့ဆိုင်ယမ်(ထိုင်း)မင်းသားတို့ ရဲ့ ကြေကွဲစရာအချစ်ဇာတ်လမ်း

စစ်ရှုံးခဲ့လို့ လက်ချမီးဘိုင်ဟာ သားတော်ဘုရင်ကို ကျောပိုးကာ မြင်းစီးပြီး နောက်လိုက်ငယ်သားအချို့နဲ့ လွတ်အောင်ပြေးနိုင်ခဲ့ပြီး အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကြောင့် သူဟာ အင်္ဂလိပ်ကို နောက်ထပ်ရင်ဆိုင်ဖို့ ပြင်ဆင်ပါတယ်။

လက်ချမီးဘိုင် နဲ့ အခြား မဟာရာဇာတွေ စုစည်းထားတဲ့ တပ်ဟာ အင်္ဂလိပ်ပိုင် Gwalior မြိုကို အရသိမ်းနိုင်ခဲ့ပေမဲ့ အင်္ဂလိပ်တွေက အဲဒီမြို့ကို ထပ်မံလာရောက်တိုက်ခိုက်ပါတော့တယ်။

လက်ချ်မီးဘိုင်ရဲ့ တပ် နဲ့ အင်္ဂလိပ်တပ်တို့ရဲ့ တိုက်ပွဲမှာ လက်ချမီးဘိုင်ဟာ ယောကျ်ားအဝတ်အစား ဝတ်ဆင်ကာ တိုက်ခိုက်ခဲ့ပြီး အကြီးအကျယ်ဒဏ်ရာရခဲ့ပါတယ်။ သားငယ်ကို စိတ်ချရသူတွေဆီအပ်ပြီး လက်ချမီးဘိုင်ဟာ သူသေရင် အင်္ဂလိပ်တွေ သူ့ခန္ဓာကိုယ်ကို မရအောင် မီးရှို့ပြာချဖို့ မှာခဲ့ပါတယ်။

လက်ချ်မီးဘိုင် ကွယ်လွန်တဲ့အကြောင်းကြားတော့ ရန်သူ အင်္ဂလိပ်စစ်ဗိုလ်ကြီးတွေက သူဟာ ထက်မြက်လှပသူ၊ အိန္ဒိယခေါင်းဆောင်တွေကြားထဲမှာ အင်္ဂလိပ်တွေအတွက် အန္တရာယ်အကြီးဆုံးသူ လို့ မှတ်ချက်ပေး ချီးမွမ်းခဲ့ကြပါတယ်။

ယနေ့ထိတိုင် အိန္ဒိယပြည်သူတွေရဲ့ ချစ်ခင်မှုကို ရရှိနေဆဲ လက်ချမီးဘိုင် ခေါ် ဂျန်စီ မိဖုရား ရဲ့ ထူးချွန်ထက်မြက်မှုတွေကို ယောင်းတို့ အတုယူနိုင်ဖို့ မျှဝေလိုက်ပါတယ်နော်။

Sugar Cane (For Her Myanmar)

References: wikipedia, historyofroyalwomen, britannica

 

No Comments Yet

Comments are closed