Knowledge

အပ္မိႈ ေန႔တိုင္း စားေနရင္ က်န္းမာေရး ထိခိုက္ႏိုင္လား

အပ္မႈိကို မ်ိဳးစုံလုပ္စားတတ္တဲ့ ေယာင္းတို႕ဖတ္ကိုဖတ္သင့္ပါတယ္ေနာ္

မာလာရွမ္းေကာတို႕ ေဟာ့ေပါ့တို႕စားရင္အၿမဲတမ္းပါတတ္တဲ့  ႐ွည္႐ွည္ သြယ္သြယ္ ပံုစံနဲ႔ ပန္းစည္းလို အစုလိုက္ အပ္မႈိေလးေတြကို သတိထားမိၾကလား  ေယာင္းတို႕ေရ…..သူ႔အရသာက  ႂကြပ္ႂကြပ္ဆတ္ဆတ္နဲ႔ အနည္းငယ္ခ်ဳိတဲ့ဖက္သြားၿပီး လတ္တေလာမွာ ေယာင္းတို႕အႀကိဳက္မ်ားေနတဲ့ မႈိတစ္မ်ိဳးပါ။ မူရင္းေပါက္ေရာက္ရာ ဂ်ပန္ႏိုင္ငံမွာေတာ့ အစိမ္း (သို႔မဟုတ္) အနည္းငယ္ ေၾကာ္ေလွာ္ၿပီးစားၾကပါတယ္။ မင္မင္တို႕နိုင္ငံမွာဆိုရင္လည္း အပ္မႈိကို ေၾကာ္စား ၊ သုပ္စား ၊ ေပါင္းစားနဲ႕ အမ်ိဳးမ်ိဳးထြင္ၿပီး စားတတ္ၾကပါတယ္။ ဒီေတာ့ ေယာင္းတို႕ေန႕စဥ္နဲ႕အမ်ွ စားသုံးျဖစ္ေနတဲ့ အပ္မိႈ အေၾကာင္း စံုစံုလင္လင္ သိရွိေစဖို႔နဲ႔ ေန႔တိုင္း စားရင္ က်န္းမာေရးအတြက္ ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြရွိလဲဆိုတာကို ဆက္လက္ေဝမ်ွေပးသြားပါမယ္ေနာ္။

အပ္မိႈမွာ အဓိကပါဝင္တဲ့ အာဟာရဓာတ္မ်ား

အပ္မိႈဟာ တျခားမိႈေတြလိုပါပဲ ကယ္လိုရီနည္းတဲ့ အသားဓာတ္နဲ႔ ကာဘြန္ဟိုက္ဒရိတ္ ဓာတ္ေတြပါဝင္တဲ့ အစားအစာတစ္မ်ိဳးပါ ေယာင္းေရ။ အေမရိကန္ စိုက္ပ်ဳိးေရးအဖြဲ႔ရဲ႕အဆိုအရ ၂.၃ ေအာင္စေလာက္ ရိွတဲ့အပ္မိႈပမာဏမွာ စြမ္းအင္ ၂၄ ကယ္လိုရီ၊ အသားဓာတ္ ၁.၇ ဂရမ္နဲ႔ ကာဘြန္ဟိုက္ဒရိတ္ ၅ ဂရမ္ ပါဝင္ပါတယ္။ အပ္မိႈေတြမွာ အဆီနဲ႔ သၾကားဓာတ္ မပါသေလာက္ပါပဲေနာ္။

ဗီတာမင္နဲ႔ သတၱဳဓာတ္မ်ား

အပ္မိႈဟာ တျခားမိႈေတြလိုပါပဲ ဗီတာမင္ဘီ အမ်ားႀကီး ပါဝင္ပါတယ္။ အထူးသျဖင့္ ႏိုင္ယာစင္ဆိုတဲ့ ဓာတ္ အဓိက ပါဝင္ပါတယ္။ အပ္မိႈအစိမ္း ၂.၃ ေအာင္စေလာက္မွာ တစ္ေန႔တာ လိုအပ္တဲ့ ႏိုင္ယာစင္ပမာဏရဲ႕ ေလးပံုတစ္ပံုေလာက္ ပါဝင္ပါတယ္။ အေမရိကန္ စိုက္ပ်ဳိးေရးအဖြဲ႔ရဲ႕အဆိုအရ သိုင္ယာမင္း၊ ပန္သိုသန္းနစ္ အက္စစ္၊ ရိြဳင္ဘိုဖလက္ဗင္နဲ႔ ေဖာ္လစ္ အက္စစ္ေတြကိုလဲ တစ္ေန႔တာ လိုအပ္တဲ့ ပမာဏရဲ႕ ဆယ္ပံု တစ္ပံုေလာက္ရႏိုင္ေသးတယ္လို႔ ဆိုပါတယ္။ အပ္မိႈေတြဟာ သတၱဳဓာတ္ ပါဝင္မႈနည္းေပမဲ့ တစ္ေန႔တာလိုအပ္တဲ့ ပိုတက္ဆီယမ္နဲ႔ ေဖာ့စေဖာရပ္စ္ ပမာဏရဲ႕ ၇ ရာခိုင္ႏႈန္းေလာက္ကို ျဖည့္ဆည္းေပးႏိုင္ပါေသးတယ္။ ဒါ့အျပင္ အပ္မိႈမွာ သံဓာတ္၊ ေကာ့ပါး၊ ဇင့္ နဲ႔ ဆီလီယမ္ဓာတ္ နည္းနည္းစီပါ ပါေသးတယ္။

အျခားဓာတ္မ်ား

အပ္မိႈရဲ႕ အာဟာရ တန္ဖိုးဟာ တျခားဓာတ္ေတြ ျဖစ္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္း (Antioxidant) လိုဟာမ်ဳိးေတြ ပါတာေၾကာင့္ ပိုၿပီးတန္ဖိုးတက္လာရပါတယ္။ ဒီတျခားဓာတ္ေတြအထဲမွာ အမွ်င္ဓာတ္ကလည္း တစ္ခု အပါအဝင္ျဖစ္ပါတယ္။ ၂.၃ ေအာင္စရိွတဲ့ အပ္မိႈ အစိမ္းဟာ တစ္ေန႔တာ လိုအပ္တဲ့ အမ်ွင္ဓာတ္ရဲ႕ ၇ ရာခိုင္ႏႈန္းကို ေထာက္ပံေပးႏိုင္ပါတယ္။ ဒါ့အျပင္ အပ္မိႈမွာ ဘီတာဂလူကန္ (Beta-glucan) ဆိုတဲ့ အမ်ွင္ဓာတ္တစ္မ်ဳိးလည္း မ်ားမ်ားစားစား ပါဝင္ၿပီး ကိုလက္စ္စထေရာဓာတ္ ေလ်ာ့ခ်ရာမွာ အေရးပါ ပါတယ္။

ဆိုးက်ဳိးေတြက ဘာေတြရွိလဲ

ဘယ္အရာမဆို တန္ေဆးလြန္ေဘးရိွႏိုင္ပါတယ္ ေယာင္းေရ။ အပ္မိႈကလည္း မိႈတစ္မ်ဳိး ျဖစ္တဲ့အတြက္ တျခားမိႈေတြလို ေမာလြယ္ပန္းလြယ္ျဖစ္ျခင္း၊ အစာမေၾကျခင္း၊ ဓာတ္မတည့္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ေခါင္းမူးျခင္းနဲ႔ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္နဲ႔ ႏို႔တိုက္စဥ္မွာ ျပႆနာၾကံဳဖူးတာမရိွေပမဲ့ ဆရာဝန္အမ်ားစုကေတာ့ မိႈကို ေ႐ွာင္ၾကဥ္ခိုင္းပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ လူဟာ ကားတစ္စီးလို ေျပာရရင္ ပို႐ႈပ္ေထြးတဲ့စက္တစ္ခုပါပဲ ။ ကားတစ္စီး ေကာင္းေကာင္းသြားႏိုင္ဖို႔ ေလာင္စာဆီ ေကာင္းေကာင္း၊ အင္ဂ်င္ဝိုင္၊ စက္အင္ဂ်င္နဲ႔ ေလလွည့္ပတ္မႈ စတာေတြ လိုအပ္သလို အပ္မိႈတခုတည္းနဲ႔ လူရဲ႕လိုအပ္ခ်က္ကို အျပည့္အဝ မျဖည့္ဆည္းေပးႏိုင္ပါဘူး။ အပ္မိႈခ်ည္းပဲ စားေနရင္ တျခားအာဟာရဓာတ္ေတြ စားသံုးဖို႔ ဗိုက္မဆန္႔ ျဖစ္သြားႏိုင္ပါတယ္။

ေယာင္းတို႕အေနနဲ႕ ေန႔တိုင္း အပ္မိႈခ်ည္းပဲ စားေနမယ္ဆိုရင္ ၾကာလာတာနဲ႕ ၿငီးေငြ႔စရာ ျဖစ္လာမွာပါ။ အဓိကကေတာ့ အပ္မိႈက ေကာင္းက်ဳိးေတြမ်ားေပမဲ့ အသိနဲ႔ သတိထားၿပီး စားသံုးဖို႔လိုအပ္တာေၾကာင့္ သတိနဲ႔ ယွဥ္ၿပီး စားေကာင္းတိုင္း မစားဖို႔ သတိေပးလိုက္ရပါတယ္ ေယာင္းေရ။

ဘာသာျပန္ေရးသားသူ- ေဒါက္တာ ေကာင္းစံလင္း (က်န္းက်န္းမာမာ by Alinker)

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္

<<<<Unicode>>>

အပ်မှိုကို မျိုးစုံလုပ်စားတတ်တဲ့ ယောင်းတို့ဖတ်ကိုဖတ်သင့်ပါတယ်နော်

မာလာရှမ်းကောတို့ ဟော့ပေါ့တို့စားရင်အမြဲတမ်းပါတတ်တဲ့  ရှည်ရှည် သွယ်သွယ် ပုံစံနဲ့ ပန်းစည်းလို အစုလိုက် အပ်မှိုလေးတွေကို သတိထားမိကြလား  ယောင်းတို့ရေ…..သူ့အရသာက  ကြွပ်ကြွပ်ဆတ်ဆတ်နဲ့ အနည်းငယ်ချိုတဲ့ဖက်သွားပြီး လတ်တလောမှာ ယောင်းတို့အကြိုက်များနေတဲ့ မှိုတစ်မျိုးပါ။ မူရင်းပေါက်ရောက်ရာ ဂျပန်နိုင်ငံမှာတော့ အစိမ်း (သို့မဟုတ်) အနည်းငယ် ကြော်လှော်ပြီးစားကြပါတယ်။ မင်မင်တို့နိုင်ငံမှာဆိုရင်လည်း အပ်မှိုကို ကြော်စား ၊ သုပ်စား ၊ ပေါင်းစားနဲ့ အမျိုးမျိုးထွင်ပြီး စားတတ်ကြပါတယ်။ ဒီတော့ ယောင်းတို့နေ့စဉ်နဲ့အမျှ စားသုံးဖြစ်နေတဲ့ အပ်မှို အကြောင်း စုံစုံလင်လင် သိရှိစေဖို့နဲ့ နေ့တိုင်း စားရင် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲဆိုတာကို ဆက်လက်ဝေမျှပေးသွားပါမယ်နော်။

အပ်မှိုမှာ အဓိကပါဝင်တဲ့ အာဟာရဓာတ်များ

အပ်မှိုဟာ တခြားမှိုတွေလိုပါပဲ ကယ်လိုရီနည်းတဲ့ အသားဓာတ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ဓာတ်တွေပါဝင်တဲ့ အစားအစာတစ်မျိုးပါ ယောင်းရေ။ အမေရိကန် စိုက်ပျိုးရေးအဖွဲ့ရဲ့အဆိုအရ ၂.၃ အောင်စလောက် ရှိတဲ့အပ်မှိုပမာဏမှာ စွမ်းအင် ၂၄ ကယ်လိုရီ၊ အသားဓာတ် ၁.၇ ဂရမ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ၅ ဂရမ် ပါဝင်ပါတယ်။ အပ်မှိုတွေမှာ အဆီနဲ့ သကြားဓာတ် မပါသလောက်ပါပဲနော်။

ဗီတာမင်နဲ့ သတ္တုဓာတ်များ

အပ်မှိုဟာ တခြားမှိုတွေလိုပါပဲ ဗီတာမင်ဘီ အများကြီး ပါဝင်ပါတယ်။ အထူးသဖြင့် နိုင်ယာစင်ဆိုတဲ့ ဓာတ် အဓိက ပါဝင်ပါတယ်။ အပ်မှိုအစိမ်း ၂.၃ အောင်စလောက်မှာ တစ်နေ့တာ လိုအပ်တဲ့ နိုင်ယာစင်ပမာဏရဲ့ လေးပုံတစ်ပုံလောက် ပါဝင်ပါတယ်။ အမေရိကန် စိုက်ပျိုးရေးအဖွဲ့ရဲ့အဆိုအရ သိုင်ယာမင်း၊ ပန်သိုသန်းနစ် အက်စစ်၊ ရွိုင်ဘိုဖလက်ဗင်နဲ့ ဖော်လစ် အက်စစ်တွေကိုလဲ တစ်နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ ဆယ်ပုံ တစ်ပုံလောက်ရနိုင်သေးတယ်လို့ ဆိုပါတယ်။ အပ်မှိုတွေဟာ သတ္တုဓာတ် ပါဝင်မှုနည်းပေမဲ့ တစ်နေ့တာလိုအပ်တဲ့ ပိုတက်ဆီယမ်နဲ့ ဖော့စဖောရပ်စ် ပမာဏရဲ့ ၇ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်းပေးနိုင်ပါသေးတယ်။ ဒါ့အပြင် အပ်မှိုမှာ သံဓာတ်၊ ကော့ပါး၊ ဇင့် နဲ့ ဆီလီယမ်ဓာတ် နည်းနည်းစီပါပါ သေးတယ်။

အခြားဓာတ်များ

အပ်မှိုရဲ့ အာဟာရ တန်ဖိုးဟာ တခြားဓာတ်တွေ ဖြစ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) လိုဟာမျိုးတွေ ပါတာကြောင့် ပိုပြီးတန်ဖိုးတက်လာရပါတယ်။ ဒီတခြားဓာတ်တွေအထဲမှာ အမျှင်ဓာတ်ကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ၂.၃ အောင်စရှိတဲ့ အပ်မှို အစိမ်းဟာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၇ ရာခိုင်နှုန်းကို ထောက်ပံပေးနိုင်ပါတယ်။ ဒါ့အပြင် အပ်မှိုမှာ ဘီတာဂလူကန် (Beta-glucan) ဆိုတဲ့ အမျှင်ဓာတ်တစ်မျိုးလည်း များများစားစား ပါဝင်ပြီး ကိုလက်စ်စထရောဓာတ် လျော့ချရာမှာ အရေးပါ ပါတယ်။

ဆိုးကျိုးတွေက ဘာတွေရှိလဲ

ဘယ်အရာမဆို တန်ဆေးလွန်ဘေးရှိနိုင်ပါတယ် ယောင်းရေ။ အပ်မှိုကလည်း မှိုတစ်မျိုး ဖြစ်တဲ့အတွက် တခြားမှိုတွေလို မောလွယ်ပန်းလွယ်ဖြစ်ခြင်း၊ အစာမကြေခြင်း၊ ဓာတ်မတည့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ နို့တိုက်စဉ်မှာ ပြဿနာကြုံဖူးတာမရှိပေမဲ့ ဆရာဝန်အများစုကတော့ မှိုကို ရှောင်ကြဉ်ခိုင်းပါတယ်။

နာက်တစ်ချက်ကတော့ လူဟာ ကားတစ်စီးလို ပြောရရင် ပိုရှုပ်ထွေးတဲ့စက်တစ်ခုပါပဲ ။ ကားတစ်စီး ကောင်းကောင်းသွားနိုင်ဖို့ လောင်စာဆီ ကောင်းကောင်း၊ အင်ဂျင်ဝိုင်၊ စက်အင်ဂျင်နဲ့ လေလှည့်ပတ်မှု စတာတွေ လိုအပ်သလို အပ်မှိုတစ်ခုတည်းနဲ့ လူရဲ့ လိုအပ်ချက်ကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်ပါဘူး။ အပ်မှိုချည်းပဲ စားနေရင် တခြားအာဟာရဓာတ်တွေ စားသုံးဖို့ ဗိုက်မဆန့် ဖြစ်သွားနိုင်ပါတယ်။

ယောင်းတို့အနေနဲ့ နေ့တိုင်း အပ်မှိုချည်းပဲ စားနေမယ်ဆိုရင် ကြာလာတာနဲ့ ငြီးငွေ့စရာ ဖြစ်လာမှာပါ။ အဓိကကတော့ အပ်မှိုက ကောင်းကျိုးတွေများပေမဲ့ အသိနဲ့ သတိထားပြီး စားသုံးဖို့လိုအပ်တာကြောင့် သတိနဲ့ ယှဉ်ပြီး စားကောင်းတိုင်း မစားဖို့ သတိပေးလိုက်ရပါတယ် ယောင်းရေ။

ဘာသာပြန်ရေးသားသူ- ဒေါက်တာ ကောင်းစံလင်း (ကျန်းကျန်းမာမာ by Alinker)

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်

 

Leave a Reply

Your email address will not be published. Required fields are marked *