Knowledge Tips

ချစ်သူနဲ့ မိဘ ပထမဆုံးတွေ့တဲ့အချိန်မှာ အဆင်ပြေစေဖို့ ဒီ (၅) ချက်ပဲ လိုပါတယ်။

ချစ်သူကို အိမ်နဲ့ ဘယ်လို မိတ်ဆက်ပေးရမယ်မှန်းမသိတဲ့ ယောင်းတို့ဖို့… 

ယောင်းတို့ရေ ချစ်သူကို မိဘတွေနဲ့ မိတ်ဆက်ပေးဖို့ ပြင်ဆင်နေကြပြီလား ဒါမှမဟုတ် မိတ်ဆက်ပေးချင်ပေမယ့် ဘယ်လိုမိတ်ဆက်ပေးရမလဲ မသိဖြစ်နေတယ်တို့ ဖြစ်နေတယ်ဆိုရင် အက်မင်က အကြံဥာဏ်လေးတချို့ လက်တို့ပေးချင်ပါတယ်လို့။

၁။ အချိန်ကို ဂရုပြုပါ။  

ပထမဆုံး သတိပြုရမှာ အချိန်ကာလပါ။ ချစ်တာကြိုက်တာကမှ လပိုင်းတောင် မရှိသေး မိဘနဲ့ မိတ်ဆက်ပေးချင်တာမျိုး မဖြစ်သင့်ပါဘူး။ လပိုင်းဆိုတာက သူနဲ့ကိုယ်နဲ့တောင် တစ်ယောက်အကြောင်း တစ်ယောက် သေချာ ဂဃဏနမသိသေးတဲ့အချိန်မှာ မိဘတွေနဲ့ မိတ်ဆက်ပေးတာမျိုးကျ မိဘတွေနဲ့ အမြင်မကြည်မှုကို ခံစားရပါလိမ့်မယ်။ ပြီးတော့ ချစ်စကြိုက်ခါစဆိုတာ အတွဲတိုင်း သည်းသည်းလှုပ်ဖြစ်ပြီး သူ့မှ မယူရင်မနေနိုင်ဖြစ်တတ်ကြတာ ထုံးစံပါပဲ။ ကြိုက်တာမှ လပိုင်းတောင်မရှိသေးဘူး။ မိဘကို မိတ်ဆက်ပေးမယ် ဆိုတာတော့ မဟုတ်သေးဘူးလေနော်။ ကိုယ့်ဘက်က ဘယ်လောက်သေချာသေချာပါ။  မိဘနေရာကနေ စဉ်းစားကြည့်ပါ။ သူတို့အတွက် သိပ်ပြီး လက်ခံချင်စရာ မကောင်းဘူးလေနော်။အချိန်အတိုင်းအတာတစ်ခု ရောက်ခဲ့လို့ သူရောကိုယ်ရော
တစ်ယောက်အကြောင်း တစ်ယောက်နားလည်နိုင်လောက်တဲ့ အချိန်ကာလတစ်ခုလောက်ဆို မိတ်ဆက်ပေးလို့ရပါပြီ။

Related article >>> ကွာရှင်းပြတ်စဲပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်တည်ဆောက်မလဲ?

၂။ စိတ်ဓာတ်ခွန်အားပေးပါ။

အမယ် ဘာဆိုင်လို့လဲပေါ့.. ဆိုင်ပါတယ် ယောင်းရေ… ယောင်းရဲ့ မိဘတွေနဲ့တွေ့ရတော့မယ်ဆိုရင် စိတ်လှုပ်ရှားရဆုံးဖြစ်နေမှာက ယောင်းရဲ့ချစ်သူပါ။ ဒါကြောင့် သူ့ကို စိတ်ဓာတ်ခွန်အားတွေ ပေးဖို့မမေ့ပါနဲ့။ သူ့ကို မိသားစုအကြောင်းလေးတွေ၊ သိထားသင့်တဲ့အကြောင်းလေးတွေ၊ ဘယ်အရာကိုတော့ဖြင့် မပြောသင့်ဘူး (ဥပမာ ယောင်းရဲ့အဖေက နိုင်ငံရေးဝါဒီသမားကြီးဆိုပါတော့ အဲ့အချိန် ယောင်းချစ်သူက ပါတီအကြောင်းအရာတွေအကြောင်း ပြောမယ်ဆိုရင် သဘောထားချင်းတိုက်ဆိုင်ရင် တစ်မျိုး၊ မတိုက်ဆိုင်ရင်တော့ ပြဿနာတွေဖြစ်သွားနိုင်ပါတယ် ယောင်းရေ) ဘယ်အရာကိုတော့ဖြင့်ပြောသင့်တာ ဆိုတာမျိုး ဒိုင်လျှိုလေး ပြောပြထားပါ။ ပြောရရင်တော့ မေးခွန်းကြိုပေးထား (စပေါ့ပေး) တဲ့သဘောမျိုးပေါ့လေ။ ဥပမာ အမေက မြှောက်ပင့်တာကြိုက်တယ်ဆိုပါစို့။ အန်တီက ခန့်တယ်နော်တို့ ဘာညာတို့ ပြောပေါ့။ ဒါဆိုရင်တော့ ယောက္ခမချစ်တဲ့ သားမက်ဖြစ်လာနိုင်ချေရဲ့။ ဒါမှမဟုတ်လည်း မိဘတွေကြိုက်တတ်တဲ့ လက်ဆောင်လေးဝယ်လာတာမျိုးပေါ့။

၃။ မိဘတွေကိုလည်း သူ့အကြောင်းပြောပြပါ။ 

မိဘတွေကိုလည်း ယောင်းချစ်သူအကြောင်း အနည်းငယ် ပြောပြထားပါ။ နာမည်က ဘယ်သူ၊ ဘာအလုပ်လုပ်တယ်၊ မိသားစု ဘယ်လိုစသဖြင့် အကြမ်းဖျဉ်းလေး (intro) နိဒါန်းပျိုး မိတ်ဆက်ထားပါ။ ဒါဆို သူတို့တွေ တွေ့ကြတဲ့နေ့မှာ အားလုံး ယောင်အမ်းအမ်းတွေ မဖြစ်ကြတော့ဘူးပေါ့နော်။

၎။ အဝတ်အစားကို သေသေသပ်သပ် ဝတ်လာခိုင်းပါ
အဝတ်အစားဆိုတာ လူတစ်ယောက်ရဲ့ ပထဆုံး impression (အထင်ကြီးမှု) ပါ။ မိဘနဲ့လာတွေ့ပါတယ်ဆိုမှ တီရှပ်နဲ့ ဘောင်းဘီတိုဝတ်လာတာမျိုး၊ ဆံပင်တွေ ရှည် သို့ ရှုပ်ပွနေတာမျိုးဆို အစမှာကတည်းက အမှတ်လျော့နိုင်ပါတယ်ကွယ်။ ရှပ်အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီဖြစ်ဖြစ် ပုဆိုးဖြစ်ဖြစ် သေသေသပ်သပ်လေးသာဝတ်လာခိုင်းပါ။

Related article >>> ကိုယ်ဝန်ဆောင်ယောင်းတို့အတွက် ယောဂကျင့်စဉ်များ

၅။ ကြားနေကောင်းတစ်ယောက် ဖြစ်ပါစေ
ယောင်းချစ်သူကို မိဘတွေနဲ့ ယောင်းက စ မိတ်ဆက်ပေးပါ။ (မြန်မာကားတွေထဲမှာ ပါသလိုပေါ့) မေမေ ဒါက ကို……. ဘယ်သူ ဘယ်သူပေါ့။ အစ်ကို ဒါကတော့ ညီမရဲ့ မေမေလေ ဖေဖေလေ စသဖြင့် မိတ်ဆက်ပေးပါ။ မိဘတွေရှေ့မှာ နှစ်ကိုယ်ကြားခေါ်သလိုတော့ မခေါ်မိစေနဲ့နော်။ မိဘတွေ နားကြားပျင်းကပ်ပါလိမ့်မယ်။ ပြီးတော့ မိဘတွေမျက်စိနောက်အောင် လက်ချိတ်ထားတာမျိုးတို့ ဘာတို့လဲ မလုပ်မိပါစေနဲ့။ မိတ်ဆက်ပေးပြီးသွားရင် မိဘတွေက ယောင်းချစ်သူကို မေးခွန်းတွေ တန်းစီမေးပါလိမ့်မယ်။ အဲ့ကျ ဝင်မဖြေရဘူးနော်။ ချစ်သူကိုပဲ ဖြေခိုင်းပါ။ စကားဝိုင်းအဆင်ပြေအောင် သူတို့တွေကြား အကြိုက်တူစေမယ့် အကြောင်းအရာမျိုး ပြောပါ။ ဥပမာ အဖေကလည်း မန်ယူဖန် ချစ်သူကလည်း မန်ယူဖန်ဆိုရင်တော့ အကွက်ကောင်းပြီလေ။ မန်ယူအကြောင်းသာ ခေါင်းတည်ပေးလိုက်၊ တစ်ဖက်နဲ့တစ်ဖက် လေကြောတည့်ပြီး ပဏာမသင့်နေပါလိမ့်မယ်နော်။

ကဲ အခု အက်မင်မမပြောခဲ့တဲ့ အချက်လေးတွေကို လိုက်လုပ်ကြည့်ပြီး အဖေ အမေရဲ့ အသည်းကို ရအောင် ခြွေခဲ့လိုက်ကြနော်။

Myat (For Her Myanmar )

Reference – Gen Twenty , Wikihow

Myat Moe
နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤

Leave a Reply

Your email address will not be published. Required fields are marked *